မောဟမျဉ်းပြိုင်နှစ်ကြောင်း၏ ရာဇဝင် (၈ – ဇာတ်သိမ်း)

“ဝတီ..ငါးဘာသာပါတယ်…”

 

ဝမ်းမသာနိုင်သေး။ လိုရင်းကို မေးရသေးသည်။

 

“ဟို..ကျန်တဲ့သူတွေရော..ဘယ်နှစ်ဘာသာ ပါကြလဲဟင်…”

“စည်သူတို့တွေလည်း ပါကြတယ်..စည်သူက လေးဘာသာ…မြင့်မိုရ်က နှစ်ဘာသာ…ကျန်တာတွေလည်း ပါကြပါတယ်..”

“မဟုတ်ဘူးလေ…ဟို..နှင်းဆီကော ဘယ်နှစ်လုံးပါလဲ..”

 

မတတ်နိုင်တော့။ သိချင်သည်ကို တိုက်ရိုက်သာ မေးလိုက်တော့သည်။

 

“နှင်းဆီက လေးဘာသာ..”

 

“ဟေးးးးးးးးးးးးး”

စိတ်ထဲက အော်လိုက်ခြင်း ဖြစ်ပါသည်။ ချက်ချင်းပင် အမေ့ဆီပြေးသွားပြီး ခပ်တိုးတိုးပြောလိုက်သည်။

 

“အမေ..အမေ..သမီး ငါးလုံးပါတယ်သိလား..နှင်းဆီက လေးလုံးပဲပါတယ်…ဟိဟိ..ပျော်လိုက်တာ..သမီး နိုင်ပြီသိလား…”

“ဟဲ့..တိုးတိုး..တိုးတိုး..သူများကြားသွားရင် မကောင်းဘူး…သေချာလို့လား သမီးရယ်…မျက်စိနဲ့တွေ့မှ ယုံကြတာပေါ့…”

“ဘဘ ကိုယ်တိုင်ပြောတာ..ဘဘနဲ့တွေ့တာ..ဟုတ်မှာပါ အမေရဲ့..”

“အောင်စာရင်းထွက်တဲ့အထိ စောင့်ပါဦး သမီးရယ်..”

 

ဇဝေဇဝါစိတ်များ ဖြစ်သွားပြန်သည်။ ထိုအချိန်တွင် တွေ့လိုက်ရသည်က ဝဏ္ဏ နှင့် စည်သူ။

 

“ဟဲ့..စည်သူ..နင် လေးဘာသာဆို..”

“အေး..ကြားတာပဲ..နင်က ငါးဘာသာဆို..”

“အေး..ငါလည်း ကြားတာပဲ..သိပ်မယုံသေးလို့…ဘာမပါတာလဲ မသိဘူး..နင် ကျောင်းထဲဝင်ကြည့်ပေးပါလား..ဟို..ခြံစည်းရိုးပေါ်က ကျော်သွားလို့ရတယ်…”

“အေး..အေး..”

 

ခဏကြာတော့ စည်သူ ပြန်ခုန်ဆင်းလာသည်။

 

“ဟဲ့..နင် ငါးလုံးဆိုတာ ဟုတ်တယ်..ငါလည်း လေးလုံးတဲ့..”

“ဟုတ်လား..သေချာလို့လား..ငါက ဘာမပါတာတဲ့လဲ..”

“အဲဒါတော့ မသိဘူး..အတန်းပိုင်ဆရာမကိုယ်တိုင်ပြောလိုက်တာ..ငါကြည့်ခဲ့တာတော့ မဟုတ်ဘူး.. အထဲမှာက ကပ်ပြီးသွားပြီ..မိုးလင်းမှ ကျောင်းတံခါးဖွင့်မယ်တဲ့..စာရွက်တွေပြဲမှာစိုးလို့တဲ့..”

 

..

 

“လာပါ..အမေရယ်..ပြန်ရအောင်..သေချာပါတယ်…တစ်ကိုယ်လုံးလည်း စိုရွှဲနေပြီ..အဖွားနဲ့အဖေ့ကို ပြန်ပြောရအောင်…မိုးလင်းမှ တစ်ခါလာကြည့်ကြတာပေါ့…”

 

ထိုနေ့ကတော့ ဝတီ့ဘဝတွင် အပျော်ဆုံးနေ့ ဖြစ်ခဲ့ပါသည်။ တစ်မြို့လုံးတွင် တစ်ဦးတည်းသော ငါးဘာသာဂုဏ်ထူးရှင်ဖြစ်ခဲ့သည့်အပြင် အနှစ်နှစ်အလလက ရာဇဝင်ကြွေးကို ဆပ်ခွင့်ရခဲ့သည့်အတွက်ပင်ဖြစ်သည်။ နှင်းဆီတို့အိမ်ကတော့ တိတ်ဆိတ်လွန်းလှပေသည်။ ဝတီကတော့ အနည်းငယ်အားနာစိတ်ဖြင့် နှင်းဆီအိမ်ရှေ့ကပင် မဖြတ်ဖြစ်ခဲ့။

 

နောက်ပိုင်းတွင် နှင်းဆီ၏ သတင်းကို လုံးဝမကြားရတော့ပေ။ ဆုပေးပွဲများတွင်လည်း မတွေ့ရ။ မြို့ထဲတွင်လည်း မတွေ့ရ။ နှင်းဆီသာမက နှင်းဆီ၏ မိသားစုနှင့်ပင် မျက်နှာချင်း မဆိုင်ဖြစ်ခဲ့ပေ။

 

တက္ကသိုလ်တွေတက်ကြသည့်အခါ နှင်းဆီ၏ ကျောင်းသတင်းကို ကြားမိ၏။ သတင်းကြားရုံကလွဲ၍ အဆက်အသွယ်များ ပြတ်တောက်ခဲ့ကြသည်။

 

“ဟဲ့..ဝတီ..နှင်းဆီနဲ့တွေ့သေးလား…”

“မတွေ့ပါဘူးဟာ…နင်တို့သိတဲ့အတိုင်းပဲ..သူနဲ့ငါကတော့ သေခန်းပြတ်ပဲ ဖြစ်တော့မယ်ထင်တယ်…သူကလည်း ငါခေါ်မှ ခေါ်မှာ..ငါကလည်း သူခေါ်မှခေါ်မှာ..ဘယ်သူကမှလည်း စခေါ်ဖို့ စိတ်ကူးမရှိဘူး…ဒီတစ်သက်တော့ ဒီလိုပဲ ဖြစ်တော့မှာပါ…”

“နင်တို့ကလည်းနော်…ဒီလောက်ချစ်ခဲ့ကြတာကို… အခုလို ဖြစ်သွားတာ ငါဖြင့် စိတ်တောင်မကောင်းဘူး..”

 

သီရိက ပြောလာတော့ ဝတီလည်း သတိရသွားသည်။ ဝတီကတော့ နိုင်ခဲ့သူမို့ ဘာမှမဖြစ်တော့သော်လည်း နှင်းဆီဘက်ကတော့ နာကျည်းနေမည်ထင်သည်။

 

 

အချိန်တွေကား တရွေ့ရွေ့နှင့် ကုန်ဆုံးသွားသည်။ နှင်းဆီကိုလည်း တစ်ခါတစ်လေ သတိရသည်မှ လွဲ၍ မည်သည့်အဆက်အသွယ်မျှမရ။ ကျောင်းပြီးသွားသည်ကိုတော့ သိရသည်။

 

တစ်ခုသောနေ့တွင် ဝတီနှင့် တက္ကသိုလ်အတူတူတက်ခဲ့သော မေသူက မေးလာခဲ့သည်။

 

“ဟဲ့..နင်တို့မြို့က နှင်းဆီမေဆိုတာကို သိလား..”

“သိတာပေါ့..ငါ့အချစ်တော်လေ..နင့်ကို ပြောဖူးတယ်မို့လား..”

“အေး..ငါထင်တော့ထင်တယ်…နင်ပြောတဲ့တစ်ယောက် ဖြစ်မယ်လို့.. ငါနဲ့ အတူတူ MBA တစ်ခန်းတည်းသိလား… ငါ့တက္ကသိုလ်ကို ပြောပြတော့ ဝတီခင့်ကို သိလားလို့ မေးတယ်…ငါလည်း တစ်ခန်းတည်းသူငယ်ချင်းလို့ ပြောလိုက်တယ်…”

“ဟုတ်လား..ဒါတဆို နင်နဲ့ အတူတူပေါ့..သူက နည်းနည်း ကလေးဆန်တယ်သိလား… ခင်ဖို့တော့ ကောင်းမှာပါ…ပြောင်းလဲလောက်ပြီလည်း ထင်ပါတယ်..”

“အေး..နင့်ကိုတော့ မေးတယ်သိလား..”

 

ကံတရားကား ဆန်းကြယ်လှပေသည်။ ဝတီနှင့် အလုပ်တစ်ဌာနတည်းတွင် ဘေးချင်းကပ်လုပ်နေသော သူငယ်ချင်းဝဏ္ဏက အံဩစွာပြောလာခဲ့သည်။

 

“ဝတီ…ဒီမှာ လာကြည့်စမ်း… နှင်းဆီမေ တဲ့.. ငါ့ကို facebook မှာ add ထားတယ်… နာမည်တူ မရှိလောက်ဘူးတော့ ထင်တာပဲ…”

“အဲ..ဟုတ်ပါ့..ဟုတ်လောက်တယ်ဟဲ့..နေဦး..ညနေကျရင် ငါ အင်တာနက်ဆိုင် သွားကြည့်လိုက်မယ်…အခုက မေးလ်ထဲကဆိုတော့ ဖွင့်လို့မရဘူးမို့လား…. ငါတို့စက်တွေ facebook မှ မရတာ…”

 

ဟုတ်ပါသည်။ ဝဏ္ဏ နှင့် facebook တွင် သူငယ်ချင်းဖြစ်နေသူသည် ဝတီ၏ နှင်းဆီ ဖြစ်ပါသည်။ ချီတုံချတုံဖြင့် နောက်ဆုံးတွင် ဝတီလည်း friend request ပို့ခဲ့လိုက်သည်။

 

နောက်နေ့တွင်တော့ ဝတီ၏ request ကို နှင်းဆီက လက်ခံထားခဲ့သည်။ ရင်လည်းခုန်ပြီး ပျော်လည်းပျော်နေခဲ့သည်။ ထို့နောက် ဒုတိယအဆင့်အနေဖြင့် ဝတီတို့ ကျောင်းသားဘဝက တစ်ခန်းလုံးစုရိုက်ထားသော ပုံတွင် နှင်းဆီကို tag လုပ်ပေးလိုက်သည်။

 

မကြာမီ နှင်းဆီထံမှ message ကို လက်ခံရရှိခဲ့သည်။

 

“သူငယ်ချင်း…ဓာတ်ပုံကို tag လုပ်ပေးတာ ကျေးဇူးနော်…နင်နေကောင်းလား…ဘာတွေ လုပ်နေလဲ…အဆင်ပြေလား..ကျန်းမာရေးကို ဂရုစိုက်နော် သူငယ်ချင်း..တာ့တာ”

 

ဝတီတစ်ယောက် ပျော်လိုက်သည့်ဖြစ်ခြင်း။ ဝမ်းသာစွာနှင့် ဝဏ္ဏကို ပြောမိတော့ ဝဏ္ဏ၏ ကောင်းချီးပေးသံကို ကြားရသည်။

 

“ကြည့်လို့ကို မရတော့ဘူး..မုန်းတော့လည်း သူတို့..ချစ်တော့လည်း သူတို့..မသိရင် အနှစ်နှစ်အလလ ကွဲနေတဲ့ ရည်းစားဟောင်းနဲ့ ပြန်ဆက်နေတာ ကျနေတာပဲ..”

“ဘာဖြစ်လဲဟ..ရည်းစားဟောင်းထက်တောင် ပိုချစ်သေးတယ်…. နင်မနာလိုမဖြစ်နဲ့..”

“အေးပါ..ချစ် ချစ်..ဘယ်အချက် ဘာသံတွေ ပြန်ကြားရဦးမလဲ မသိဘူး…”

“ဘာသံမှ မကြားရဘူး…ငါတို့က တည်ငြိမ်သွားပြီ နော..ငါ ပြန်ရေးလိုက်ဦးမယ်..”

 

“နှင်းဆီရေ..နင့်စာကိုရတာ ငါတော်တော်ပျော်မိတယ်..နင်ရော နေကောင်းရဲ့လား..ငါလည်း အဆင်ပြေပါတယ်…ငါကလေ နင် ငါ့ကို မုန်းနေမယ် ထင်တာ..မတွေ့တာလည်း အရမ်းကြာပြီနော်…မပြန်ဖြစ်ဘူးလား..ကောင်းသောနေ့ပါ သူငယ်ချင်း”

 

“ဘာလို့ မုန်းရမှာလဲ ဝတီရယ်..ငါတို့လည်း အသက်တွေကြီးလာပြီပဲ..ကလေးဘဝက ဆိုးခဲ့တာတွေပါ…နင့်အကြောင်းကို မေသူ့ဆီမှာ အမြဲမေးဖြစ်တယ်…ငါတို့ အားရင် တွေ့ကြမယ်လေ..ငါ့ဖုန်းနံပါတ်ယူထားလိုက်နော်..”

 

သည်လိုနှင့် ဖုန်းနံပါတ်တွေ လဲကြရင်း..gtalk account တွေ ပေးကြရင်းဖြင့် ဝတီတို့နှစ်ယောက် စကားတွေပြောဖြစ်ခဲ့ကြသည်။ သူငယ်ချင်းမေသူ၏ ကောင်းမှုဖြင့် သုံးယောက်သား ဆုံဖြစ်ကြသည်။ ကလေးဘဝက အကြောင်းတွေပြန်ပြောကြ၊ သူ့သတင်းကိုယ့်သတင်းတွေပြောကြဖြင့် သူငယ်ချင်းနှစ်ယောက် ပြန်ခေါ်ခဲ့ကြသည်။ ယခုတော့ ကိုယ့်ဘဝနှင့်ကိုယ်၊ ကိုယ့်ရုန်းကန်မှုနှင့်ကိုယ်၊ အလုပ်အကိုင်ကိုယ်စီနှင့် သီးခြားဘဝတစ်ခုစီတွင် ပျော်မွေ့နေလျက်။

 

ဝတီ၏ ဘဝတွင်တော့ နှင်းဆီသည် အရေးပါသော အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့သည်မှာ ငြင်း၍မရချေ။ ထိုနည်းအတူ နှင်းဆီ၏ ဘဝတွင်လည်း ဝတီအကြောင်းကို ချန်ထားခဲ့၍မရချေ။ ကလေးဘဝက အာဃာတများသည် ယခုအချိန်တွင်တော့ အမှတ်တရများအဖြစ်သာ ကျန်ရစ်ခဲ့တော့သည်။ နှင်းဆီ နှင့် ဝတီဟူသော မိန်းကလေးနှစ်ယောက် ရပ်တည်ခဲ့သော မောဟမျဉ်းပြိုင်နှစ်ကြောင်းသည် ပြန်လည်ပေါင်းစည်းရန် မဖြစ်နိုင်သော်လည်း ယခုအချိန်တွင်တော့ မောဟများကုန်ဆုံးပြီး တည်ငြိမ်သော ဘဝမျဉ်းပြိုင်များအဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်ပေတော့သည်။  ။

34 comments

  • ကဲ..ဇာတ်သိမ်းပိုင်း တင်ပေးလိုက်ပါပြီရှင့်..ဇာတ်သိမ်းမှာ အကုန်လုံးကို ဖတ်ပြီး မန့်မည်ဆိုသူများ မန့်လို့ရပြီဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်ရှင့်.. ၂ ကျပ်ပေးတော်မူကြပါကုန်.. (နောက်ထှာနော်..)
    အစအဆုံးစောင့်ပြီး ဖတ်ပေးကြပါသော… ပြီးမှအကုန်လုံးကို ဖတ်မည်ဆိုသော ရွာသူရွာသားအပေါင်းကို လုံမလေးမှ ကျေးဇူးအထူးပင် တင်ရှိပါတယ်ရှင့်.. :mrgreen:

  • ဂျူဂျူး

    October 8, 2012 at 4:50 pm

    အဆုံးထိ အားပေးသွားပါတယ်လို့ လုံမရေ…

  • ဦး ကျောက်ခဲ

    October 8, 2012 at 5:17 pm

    လုံမလေးရေ

    တော်သေးတာပေါ့ အာဃာတ တွေနဲ့ ဇတ်လမ်းပြတ်မသွားလို့!
    လောကမှာ အကောင်းဆုံး ယှဉ်ပြိုင်မှုက “မနေ့က ကိုယ်” နဲ့ “ဒီနေ့ ကိုယ်” လို့ ယူဆမိပါကြောင်း……

  • Shwe Ei

    October 8, 2012 at 5:24 pm

    ဇာတ်လမ်းအရှည်ကြီးကို စိတ်ဝင်စားအောင်ရေးနိုင်လို့ ချိီးကျူးပါတယ် လုံမရေ။
    အားပေးနေပါမယ် :hee:

  • may flowers

    October 8, 2012 at 6:05 pm

    ကဲ……..ပြီးပြီဆိုတော့ အစကနေပြန်ဖတ်မယ် ..ဖတ်ပြီးမှ ပြန်လာမန့်မယ်နော်..:hee:

  • မောင်ပေ

    October 8, 2012 at 7:24 pm

    အခုမှပဲရှင်းတော့တယ်
    ငါးဘာသာဂုဏ်ထူးရှင် မွန်လေးက ဒေါက်တာမလေးပေါ့ကွယ်
    မောင်ပေ့ရဲ ့ဟိုက်ပါလဗ် အနေအထားလေးကို အမြန်ဆုံးကုသပေးပါနော
    ဟီဟိ

  • padonmar

    October 8, 2012 at 8:08 pm

    လုံမလေးရေ
    ကောင်းလိုက်တဲ့ ဇာတ်သိမ်းလေးပါလား။
    Happy Ending လေးကို ခေတ်နဲ့ အညီ FB နဲ့ သိမ်းပေးထားတာ ချီးကျူးပါတယ်ကွယ်။

  • weiwei

    October 8, 2012 at 8:36 pm

    အစကနေ အဆုံးအထိ အားပေးသွားပါတယ် …
    နှင်းဆီလိုသူငယ်ချင်းတစ်ယောက်ရှိခဲ့တာ ကံကောင်းတယ်လို့ ပြောနိုင်ပါတယ် … အပြိုင်အဆိုင်ရှိမှ တိုးတက်တာ ….

  • ကိုခင်ခ

    October 8, 2012 at 8:40 pm

    လုံမလေးရေ အခုတော့ ပြီးပါပြီပေါ့၊ ခင်ခတစ်ယောက်လည်း အလုပ်ရပြီ facebook မှာ ဝတီ နဲ့ နှင်းဆီ ရှာပြီး friend request ပို့လိုက်မယ်ဗျာ။

  • ကထူးဆန်း

    October 8, 2012 at 9:33 pm

    တော် သေးတယ် .. ချစ်ချစ် မလုကြလို့ .. :kwi:

  • surmi

    October 8, 2012 at 10:30 pm

    ဒီလောက်အရှည်ကြီးကို ပိုင်ပိုင်နိုင်နို်င်ရေးသွားတဲ့ မွန်မွန်ရဲ ့ဖန်တီးနို်င်စွမ်းကို လေးလေးစားစားချီးကျူးပါတယ် ။
    လူ့သဘာဝ ၊ လူ့ စရိုက်ကိုဖေါ်ပြတဲ့ ဇတ်အိမ်ဖြစ်တာရယ် ….လက်ရှိ ခေတ်ကာလ ကျောင်းသူ ကျောင်းသား
    တွေနဲ့ ကျောင်းတွေရဲ ့ အခြေအနေကို ထင်ဟတ်စေခဲ့လို့ ဖတ်သူကိုအကျိုး ပြုစေခဲ့တာအမှန်ပါ ။
    လက်ရာကောင်းလှတဲ့ ပို့စ်တစ်ပုဒ်အဖြစ် မှတ်တန်းတင်ကျန်ရစ်ခဲ့မှာပါ ။

  • pooch

    October 8, 2012 at 10:40 pm

    မွန်မွန်ရေ ရင့်ကျက်လာတဲ့ အရွယ်မှာ ပြေလည်မှုရသွားတယ် ဆိုတော့ ဝမ်းသာစရာပေါ့။

    ကျမကတော့ ကျောင်းသက်တလျှောက်( နှစ် ၂ဝ နီးပါး) ခင်မင်စွာ ပေါင်းသင်းလာတဲ့ အေးတူပူမျှ သူငယ်ချင်းကို ရင့်ကျက်လာတဲ့ အရွယ်ရောက်မှ ဆုံးရှုံးခဲ့ရတယ်။ တွေးမိတိုင်း ခုထိစိတ်မကောင်းဖြစ်နေတုန်းပဲ။ 🙁

  • Fall Guy

    October 9, 2012 at 1:12 am

    နောက်ဆုံးတော့လည်း မင်းသမီးဘဲနိုင်သွားတာဘဲ….။ နှင်းဆီလေး သနားစရာ…………….။

  • အရီးခင်လတ်

    October 9, 2012 at 3:37 am

    တောက်လျှောက် အားပေးလာပါတယ် သမီးရေ။
    Happy Ending မို့ အင်မတန် ကြည်နူး သွားပါတယ်။
    ကိုယ့်ငယ်ဘဝ ကိုတောင် လွမ်းသွားတယ်။
    ဒါထက် အဲဒါ မွန်မွန် ရဲ့ ဇာတ်လမ်းလား။
    အရီး ပြန် အစ် အလှည့်။ :harr:

  • kai

    October 9, 2012 at 3:54 am

    ဇာတ်သိမ်း Version 2,3,4 တွေ… ရေးစေလိုပါတယ်ဗျို့…
    Downer ending, Tragic ending, Inconclusive ending, Disturbing ending, Anticlimactic ending, Bad ending လေးတွေနဲ့ပေါ့..

    ကိုယ်တိုင်ရဲ့.. ကိုယ်တိုင်ရေးပုံပြင်မဟုတ်ဖူးဆိုရင်ပေါ့လေ..။ :kwi:

  • လယ်ထွန်Z

    October 9, 2012 at 6:46 am

    ဝတီနဲ့ နှင်းဇီ တို့
    ဖားသက်ပြင်း ဆိုတဲ့ အမျိုးကောင်းသားလေးကို
    လုကြတဲ့ ဇာတ် မောဟမြင်းပြိုင် ထူးပွိုင့်ဇီးဒိုး ဆိုပီး ရေးပါအုံးလို့
    တောင်းဆိုပါရဇီ ဗျား …

    :kwi:

    :harr:

  • jullies cezer

    October 9, 2012 at 9:40 am

    စလယ်ဆုံး အားပေးသွားပါတယ်နော်…..

  • Shwe Tike Soe

    October 9, 2012 at 10:16 am

    သများပြောသားပဲ ဝတီ ငါးလုံးပါဆို………..
    အဲဒီလို ဝတီနဲ.နှင်းဆီ ပြန်လည်ဆုံတွေကြပြီး မောဟမျဉ်းပြိုင်နှစ်ကြောင်း ရာဇဝင် ပြန်လည်စတင်ပြန်တော့… သူတို.နှစ်ယောက် ပြိုင်စရာ တစ်ခုပေါ်လာပြန်ပါတယ်.. အဲဒါကတော့ ဂဇတ်ရွာ ထဲက ပုပုချောချောကောင်လေး တစ်ယောက်ကို အပြိုင် ပိုးစိုးပက်စက် ကြိုက်ကြ လုကြ တဲ့ အကြောင်း……………………….. ခွီးခွီးခွီး…… :kwi: :hee:

  • Mon Kit

    October 9, 2012 at 10:28 am

    လှပတဲ့ ဇာတ်သိမ်းလေးပါဘဲ…
    ခုတော့လည်း မောဟမျဉ်းပြိုင် ကနေ ဘဝမျဉ်းပြိုင် အနေနဲ့ ဆက်လက် တည်ရှိနေပါတယ်တဲ့…
    စ. လည်.. ဆုံး အာပေးသွားတယ်နော်….. 🙂

  • Khaing Khaing

    October 9, 2012 at 10:47 am

    ဇာတ်သိမ်းလေးကို အားပေးပြီး ကျေနပ်သွားပါတယ် … အရေးအသားလေးကတော့ ကောင်းမှကောင်း ညီမမွန်မွန်ကတော့ …. အံချာတုံးနဲ့များကွာပ …

    ဒါနဲ့စကားအတင်းစပ် လယ်ထွန်Zဆိုတဲ့ လူချီးနဲ့ ငပုတိုက်ကို ယောင်လို့တောင် အပြိုင်အဆိုင်ဇာတ်လမ်းထဲ ထည့်မရေးမိစေနဲ့ သဗွတ်အူထက်ဆိုး သွားမယ် …. ငပုမ နတ်ပန်သကပန်သုတ်ကြီး … ခစ်ခစ်

  • @ဂျူဂျူး-
    အဆုံးထိအားပေးတာ ကျေးဇူးပါနော်…

    @လေးကျောက်-
    အခုချိန်မှာတော့ မနေ့ကကိုယ် နဲ့ ဒီနေ့ကိုယ် ဘယ်သူ အပျင်းပိုထူလဲ ဖြစ်နေတယ်… :mrgreen:
    ဟုတ်..မှတ်ထားလိုက်ပါတယ်ရှင့်..

    @အန်တီအိ-
    အားပေးနေတယ်ဆိုလု့ိ ဝမ်းသာရပါတယ်ရှင့်…

    @မမေ-
    သေချာပြန်လာခဲ့နော်…ဒီက စောင့်နေသူ..အိုး..စောင့်နေသူ.. :kwi:

    @ကပေ-
    ဒေါက်တာမဖြစ်ပါဘူးရှင်..အဲဒီနှစ်က ဆေးမှတ်တွေ တအားမြင့်တာ.. လိုက်လို့ကို မမီဘူး… 🙁

    @အန်တီပဒုမ္မာ-
    အောင်စာရင်းထွက်တဲ့နေ့က ငိုချင်တယ်ဆိုတာ ပြောပြဦးနော်…

    @မမဝေ-
    သူ့ကြောင့်ပဲ ကြိုးစားဖြစ်ခဲ့တယ်ပေါ့နော်..

    @လေးလေးခ-
    အဝေးကြီးမရှာနဲ့..ဝတီ့ရဲ့ friend list ထဲမှာ နှင်းဆီ ရှိတယ်… 🙂

    @စီဂျေကြီး-
    ချစ်ချစ် တော့ မလုပါဘူး.. နှင်းဆီက ချောတယ်.. ဝတီ ရှုံးလိမ့်မယ်.. :kwi:

    @ကိုဆာမိ-
    ကွန်မန့်ကိုဖတ်ပြီး တကယ်ကို အားတက်မိပါတယ်ရှင်-

    @မပုချ် (မိပုနဲ့ မှားမှာစိုးလို့ ခွဲခေါ်တာ)
    ဘယ်လိုဖြစ်သွားတာပါလိမ့်..သိချင်လိုက်တာ.. 🙄

    @Fall Guy-
    တကယ်တမ်းတော့ လွဲမှားတဲ့မိဘအုပ်ထိန်းမှုအောက်က နှင်းဆီဘဝက ပိုသနားဖို့ ကောင်းပါတယ်…

    @အရီး-
    ဟီး…သမီးက ခရီယေးတစ် သိပ်မကောင်းဘူး အရီးရဲ့.. :mrgreen:

    @သဂျီး-
    ဖတ်ပြီးတော့ ပိုဖျားချင်သွားတယ်.. (နေမကောင်းချင်ပါဘူးဆိုမှ)…
    အရီးကို ပြောထားတဲ့ အတိုင်းပဲ… 😛

    @မိဂီ-
    နှစ်ယောက်စလုံးက ရဲတိုက် မကြိုက်ဘူးတဲ့.. ဟိဟိ

    @jullies cezer-
    အားပေးတာ ကျေးဇူးတင်ပါတယ်ရှင့်…

    @တိုက်တိုက်-
    နှင်းဆီကို စာဖတ်ဝါသနာပါအောင် စည်းရုံးပြီး ရွာထဲကိုအရင်ဝင်ခိုင်းလိုက်ဦးမယ်..ပြီးတော့မှ အဲ့ဇာတ်လမ်းကို စကြတာပေါ့….

    @မမွန်ကစ်-
    အစကနေ အဆုံးအထိ အားပေးလာတဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ် အစ်မ…

    @မမခိုင် (မူပိုင်ရှင်မကြီး)
    ခုတော့ စိတ်ကောက်ပြေပြီပေါ့..
    သိတယ် မမ..သိတယ်… ပြီးရင် အတင်းဆက်ပြောမယ်နော်.. ဟိဟိ

  • amatmin

    October 9, 2012 at 1:54 pm

    မြန်မာပီပီပဲ ပြန်တည့်အဆင်ပြေသွားတဲ့ ဇာတ်သိမ်းလေးကို ကြိုက်ပါကြောင်း..
    ဝတီ့ဘက်ကနေ တိတ်တိတ်လေး အားပေးနေတာ.
    နိုင်သွားမှပဲ ဟင်း ချနိုင်တယ်.. 🙂
    သဂျီးပြောတဲ့ ဗားရှင်းအသစ် ထပ်မျှော်နေပါ့မယ် နော် 😛

  • Ma Ei

    October 9, 2012 at 3:21 pm

    ဇာတ်သိမ်းလေးကောင်းပါတယ်…
    ဒီငါးလုံးတောင်ထွက်တာဆိုတော့
    ဝတီ လုံမလေးတော်လိုက်တာ…
    ပညာရေး အောင်မြင်သူမို့ ဘဝမှာလဲ
    အောင်မြင်မှုတွေရမှာပါ…
    အားပေးပါတယ်နော်…

  • Crystalline

    October 9, 2012 at 5:25 pm

    စ-ဆုံးအားပေးသွားတယ်နော်..ကိုယ်ပိုင်ဖြစ်ရပ်မှန်ဆိုရင်တော့ အဆင်ပြေနေတာမကြာသေးတဲ့သူငယ်ချင်း သူ့အကြောင်းဖော်ကောင်လုပ်ပါတယ်ဆိုပြီးပြန်တင်းသွားမလားမသိ… :kwi:

    • ရှူး..တိုးတိုး… တူက ဒီရွာကို လုံးဝမတိဘူး.. စာလည်း မဖတ်ဘူး..:P
      ဒါ့ဂျောင့်…ဒါ့ဂျောင့်… :kwi:

      • လယ်ထွန်Z

        October 9, 2012 at 5:58 pm

        ချောဒယ် ရှို. မိတ်ချက်ပေးပါလားကွယ်.
        သများ ရင်ဒွေ ခုန်လွန်းလို့ဘာ.
        အမ်ဘီအေ တက်တယ်ရှိုဒေါ့. တအား ချိတ်ဝင်ဇားတယ်ကွယ်.

        အိုဘယ့် မခင်နှင်းဇီ လေးရယ်.

  • MaMa

    October 10, 2012 at 7:38 am

    အရင်အပိုင်းတွေဖတ်တုန်းက ခံစားချက်နဲ့ ဇာတ်သိမ်းကို ဖတ်လိုက်ရတဲ့ ခံစားချက်က လုံးဝကို ကွဲပြားသွားတယ်။
    ရုပ်ရှင်ကြည့်ခဲပေမယ့် တရုတ်ဇာတ်ကားတွေမှာ ဒါရိုက်တာက ဇာတ်သိမ်းကို ပိုင်တယ်။
    သူပေးချင်တာကို ထိမိအောင် ပေးနိုင်တယ်။
    ကိုရီးယားဇာတ်လမ်းတွေကတော့ ကြည့်ပျော်ရှု့ပျော်လို့ပဲ မြင်မိတယ်။
    ဇာတ်သိမ်းကျရင် ဝေဝါးသွားသလိုပဲ။
    ဇာတ်သိမ်းမပိုင်တာကို သဘောမကျဘူး။
    လုံမလေးကတော့ တရုတ်ဒါရိုက်တာကြီးတွေလိုပဲ။
    ကောင်းလိုက်တဲ့ ending လေး။ :hee:

    • လုံမတို့ရဲ့ဌာနမှူး အန်တီမမရေ..
      ကွန်မန့်လေးအတွက် ကျေးဇူးပါနော်.. ဆက်ကြိုးစားပါမယ်လို့…

  • aemoshu

    October 12, 2012 at 12:48 am

    လုံမလေးရေ နောက်ကျမှဖတ်ဖြစ်လို့ ဆော်တီးပါ အဲ ဆောရီး ပါနော်။
    ဆွဲဆောင်မှုရှိအောင်ရေးနိုင်လို့ အရမ်းကိုချီးကျူးမိပါရဲ့။ တို့များအဲ့လို ရေတတ်ချင်လိုက်တာ။

    အပြိုင်အဆိုင်ရှိမှတိုးတတ်မယ်ဆိုပေမယ့် ပူတော့ပူလောင်တယ် လုံမ …
    ဘဝမျဉ်းပြိုင်ဆိုတာထက် ကိုယ့်လမ်းကိုယ်ဦးတည်သွားနေတဲ့ မျဉ်းလေးတွေဆိုရင်တော့ ပိုပြီးစိတ်အေးချမ်းမလားပဲ … ကိုယ့်အထင်ကိုယ်ပြောတာပါလေ …

    ဒါထက် သဂျီးအဆိုကိုထောက်ခံပါတယ် .. နောက်ထပ် ဗားရှင်းလေးလည်းဖတ်ချင်သား … ဟီး ..

  • တကယ်တော့ ဘဝဟာ happy ending မဟုတ်ခဲ့ဘူး.. ending ပြီးမှ ဘဝက စတာ. ရှင်လျက်နဲ့ ဘဝသေအောင် လုပ်ခဲ့တဲ့ သူ့မိဘတွေကိုပဲ အပြစ်တင်ရမလား မသိတော့ဘူး.. ကိုယ့်အပေါ် မကောင်းမှန်း သိနေတာတောင် ရင်ထဲမှာ တကယ်မချိဘူး..

Leave a Reply