မီဒီယာလောကသား ၊သတင်းသမားလေး

silver heroOctober 8, 20121min794

မီဒီယာလွတ်လပ်ခွင့်ပေးလိုက်ပြီဆိုတဲ့သတင်းကြားတော့နားဝမှာဂွမ်းဆီထိသလိုတအိအိနဲ့အရသာရှိခဲ့ပါတယ်။၄၈နှစ်အတွင်းသ

တင်းလောကအလယ်မှာအလင်းသဲ့သဲ့ကိုဆုပ်ကိုင်ပြီးအမှောင်လမ်းမှာစမ်းတဝါးဝါးလျှောက်

လှမ်းလာခဲ့ကြတဲ့မီဒီယာလောကသားနောင်တော်ကြီးများ၊ဆရာသမားတွေအတွက်တော့မျှော်လင့်ချက်ရောင်

ချည်သန်းပြီးယုံကြည်ချက်တွေအပြည့်နဲ့ပေါ့။စတုတ္တမဏ္ဍိုင်ဆိုတဲ့မီဒီယာလောကမှာသတင်းထောက်(သို့)ပြည်တွင်းသတင်း

ဂျာနယ်အတွက်သတင်းရှာဖွေသူတွေကအမှန်တကယ်တော့ပြည်သူလူထုအတွက်ပွင့်လင်းမြင်သာမှုကိုတတ်နိုင်တဲ့သတင်းပညာ

နဲ့ဖော်ပြပေးတဲ့လူထုအကျိုးပြုပေးသူတွေဖြစ်ပါတယ်။အရပ်ထဲမှာတော့အချို့အမြင်မရှင်းသေးတဲ့သူတွေကပြောကြတယ်သတင်းထောက်

ဆိုတာအလုပ်အကိုင်မယ်မယ်ရရမရှိသူတွေစိတ်ဝင်စား

ကြတဲ့အလုပ်တဲ့။.ပြောချင်ရာပြောခွင့်ရှိပါတယ်။ဒါပေမယ့်ငွေကြေးပြည့်စုံသူတွေသာထူထောင်လုပ်ကိုင်နိုင်တဲ့ပရဟိတလုပ်ငန်းမျိုး

ကိုငွေကြေးမပြည့်စုံတဲ့မီဒီယာလောကသားသတင်းသမားတွေလည်းလုပ်နိုင်ကြပါတယ်။ပြည်သူလူထုရဲ့လိုအပ်ချက်၊ခံစားချက်မှန်သမျှ

ကိုပြည်တွင်းသတင်းဂျာနယ်များကတဆင့်ဖော်ပြပေးနေတာကလည်းပရဟိတလုပ်ငန်းတစ်မျိုးပါပဲ။ပြည်သူလူထုအတွက်အသိဉာဏ်

ပညာ၊ဗဟုသုတ၊နိုင်ငံတကာသတင်း၊ရသစာပေ

ဆောင်းပါးတွေကိုအချိန်နဲ့တပြေးညီဖော်ပြပေးနေခြင်းဖြင့်တိုင်းပြည်အကျိုးပြု၊ပြည်သူ့အကျိုးပြုနေတာလည်းမီဒီယာ

ဖြစ်ပါတယ်။သို့ပေမယ့်ပြောစရာတစ်ခုရှိနေပါတယ်။မီဒီယာလောက သတင်းသမားတွေကိုအမြင်ချို့တဲ့စွာကြည့်နေကြသူတွေလည်းရှိနေပါတယ်။ဒီမိုကရေစီခေတ်ဆီသို့ဟန်ချက်ညီညီပြောင်းလဲနေပေမယ့်

၊စည်းချက်တွင်မပါနောက်သို့သာအာရုံကျနေသောသူများသည်ခြမျက်နှာဖုံး၊အဂတိအပြုံး၊အမုန်းမျက်လုံးများနဲ့

သာမီဒီယာလောကသားသတင်းသမားတို့အပေါ်ကြည့်ရှုနေတတ်တယ်။“မီဒီယာသမားတွေကြောက်ဖို့ကောင်းတယ်၊ကောင်းတာလုပ်

တဲ့လှုပ်ရှားမှုတွေကျတော့သတင်းအဖြစ်မရေးချင်ကြဘူး ၊မကောင်းတဲ့အဆိုးမြင်တာတွေကျတော့အပ်ကျတာကအစရေးသားချင်ကြတယ်”

ဆို၍မျက်စိထဲမှာကြက်ခြေ

ခတ်အမြင် ၊အတွေးထဲမှာကြက်ခြေခတ်အတွေးနဲ့ပေါ့။အဲဒီ့မှာတင်အမြင်ကွဲလွဲကုန်ပြီပေါ့။ကျွန်တော်တို့နိုင်ငံတော်ကြီးကအမှောင်ခွင်း ၊အလင်းဆောင်တဲ့ဒီမိုကရေစီခေတ်ကိုဦးတည်နေပြီ။ရောင်ခြည်တွေယှက်ဖြာပြီးသာယာတဲ့လူ့ဘောင်ကိုဟန်

ချက်ညီတဲ့ခြေလှမ်းတွေနဲ့လျှောက်နေကြပြီလေ။ဒီလိုအချိန်မှာကောင်းတာတွေဦးတည်လုပ်ရမှာက(people

Servant)ပြည်သူ့ဝန်ထမ်းတွေရဲ့တာဝန်နဲ့ဝတ္တရားဖြစ်ပါတယ်။မျှတအောင်တွေး၊မျှတအောင်ရေး ၊ မျှတတဲ့သတင်းမျိုးတွေပြည်သူကိုအသိပေးမယ်။မကောင်းမှုတွေ ၊မသင့်တော်တာတွေ့ရင်ပြုပြင်ထိန်းကျောင်းတဲ့အနေနဲ့ရေးသားဖော်ပြပါမယ်။စတာတွေသည်နိုင်ငံတော်ကိုသိ

တတ်စွာဖြင့်မီဒီယာစတုတု္တမဏ္ဍိုင်တာဝန်ထမ်းဆောင်မှုဖြစ်ပါတယ်။unity ဂျာနယ်အတွဲ(၁  ) ၊အမှတ်စဉ်( ၂၄ ) စက်တင်ဘာ(၈) ၊၂၀၁၂ ၊စနေနေ့၊

စာမျက်နှာ(  B)မှာdvbသတင်းထောက်ကိုပုဒ်မ(၃)မျိုုးတပ်ပြီးတရားစွဲဆိုထားတဲ့သတင်းကိုဖတ်ခဲ့ရတယ်။မီဒီယာလွတ်လပ်ခွင့်

ပေးထားပေမယ့်သတင်းရေးသားသူသတင်းသမားတွေကကိုယ်ရေးတဲ့သတင်းကိုယ်တာဝန်ယူရတယ်။တစ်စုံ

တစ်ခုမှားရင်တရားစွဲခံရပြီ။freelance   reporter ဆိုတာဂျာနယ်စာမျက်နှာမှာသတင်းတစ်ပုဒ်ပါမှစာမူခနှစ်ထောင် ၊သုံးထောင်ရတဲ့သတင်းသမားဘဝ၊ပြည်သူကိုပွင့်လင်းမြင်သာမှုပေးချင်လို့အရဲစွန့်ပြီးသတင်းရှာဖွေတဲ့သူတွေပါ်။စာပေဆိုတာလူ့လောကကို

ကောင်းကျိုးပြုနေတဲ့အနုပညာယန္တရားကြီးတစ်ခုပါ။လူထုနဲ့စာပေ ၊စာပေနဲ့လူထုခွဲခြားလို့မရတဲ့လောကဖြစ်စဉ်တစ်ခုပါ။ရေးသားသူတွေကလည်းအကျိုးပြုချင်တဲ့သဘောနဲ့ရေးသားကြပါတယ်။ဗဟုသုတရစေချင်တဲ့စိတ်၊ အသိအလင်းပေးချင်တဲ့စိတ်နဲ့ဆောင်းပါး၊သတင်းဆောင်းပါးတွေရေးကြပါတယ်။ပြည်သူကိုအသိဉာဏ်ကြွယ်ဝစေတဲ့အကျိုးပြုစာပေတွေဖြစ်ပါတယ်။

သို့သော်အချို့သောသူတွေမှာတင်ပါးကသွေးစုနာကို၊က

လောင်ချွန်နဲ့ထိုးခံရသလိုဆတ်ဆတ်ခါနာတတ်ကြလေရဲ့။လူနည်းစုမှာသာဖြစ်တာကြောင့်ရေးသားသူများမှာမည်သို့မျှမတတ်နိုင်ပါ။

မီဒီယာဖွံ့ဖြိုးမှုအားနည်းတဲ့ဒေသကလူတွေဆိုသတင်းသမားကိုကြောက်စရာကောင်းတဲ့သူတွေအဖြစ်ပြည်သူများမှလည်းမြင်တတ်ကြတယ်။

မီဒီယာလောကသားသတင်းသမားကျွန်တော်ကြုံခဲ့ရသောအ

ဖြစ်ကိုအနည်းငယ်တင်ပြပါမယ်။နယ်မြို့လေးမှာရုံးတစ်ရုံးရှေ့၌ပြသနာဖြေရှင်းပြီးရုံးထဲကပြန်ထွက်လာတဲ့ကျေး

လက်နေပြည်သူတစ်ဦး ၊ ၎င်း၏ပါးစပ်ကပြောနေတာသူ့ဘက်ကမှန်ရဲ့သားနဲ့ခံခဲ့ရတယ်ဆိုပြီးကျယ်လောင်စွာပြောနေလေရဲ့။ကျွန်တော်ကလည်းသတင်း

ယူဖို့စောင့်နေသူဆိုတော့အသံဖမ်းစက်လေးကိုဖွင့်“ကျွန်တော်က—ဂျာနယ်ကသတင်း

ထောက်ပါ၊အကိုဘက်ကမှန်တယ်ဆိုရင်ဂျာနယ်မှာသတင်းရေးပြီးပြည်သူအများသိအောင်ဖော်ပြပေးမယ်၊အင်

တာဗျူးလေးလုပ်ရအောင်”ဆိုတော့ထိုသူကရုတ်တရက်ပြောင်းလဲသွားသောမျက်နှာအမူအရာဖြင့်“ဟား———–မလုပ်နဲ့၊မလုပ်ပါနဲ့ဆရာ၊ဟင့်အင်း——ဟင့်အင်း”ဆိုပြီးခေါင်းတခါခါ ၊လည်တခါခါဖြင့်အဝေးကိုထွက်သွားလေရဲ့ထိုသူရဲ့မျက်နှာမှာတော့အကြောက်တရားနှင့်နှုတ်ဆိတ်စွာနေချင်တဲ့ရုပ်လုံးကိုဖော်ပြနေပါတယ်။အမုန်းမျက်လုံးများ ၊အကြောက်တရားဖုံးလွှမ်းပြီးဆွံ့အ၊နှုတ်ဆိတ်ခြင်းတွေဘယ်အချိန်အထိမီဒီယာလောကသတင်းသမားတွေဆီကိုကျရောက်နေအုံးမှာလဲဟုမေးခွန်းထုတ်ချင်မိ

တယ်။သည်အဖြစ်အပျက်များကိုခြုံငုံစဉ်းစားရင်းဖြင့်ကျွန်တော့ရဲ့တူငယ်တစ်ယောက်ကိုဓါတ်ဆားရေတိုက်တာသွားသတိရမိတယ်။တောက၊

နေမကောင်းဖြစ်လို့ဆေးခန်းပြဖို့မြို့

တက်လာတဲ့(၅)နှစ်အရွယ်တူငယ်လေးကိုဆရာဝန်ကဓါတ်ဆားရေတိုက်ဖို့ညွှန်ကြားပါတယ်။ကလေး၏အမေက

ရေသန့်ဗူးထဲဓါတ်ဆားထုပ်ဖောက်ထည့်ပြီးဖျော်ပါတယ်။ပြီးတော့ကလေးကိုပိုက်နဲ့စုပ်ပြီးသောက်ခိုင်းပါတယ်။က

လေးကခေါင်းခါတယ်၊မသောက်ချင်ဘူးပေါ့။ကြားထဲကနေပြီးမနေနိုင် မထိုင်နိုင်လူတတ်ဝင်လုပ်မိပါတယ် “လာက

လေး၊ဦးလေးတိုက်မယ်”ဆိုပြီးဓါတ်ဆားထည့်ဖျော်ထားတဲ့ရေသန့်ဘူးထဲကရေကိုဖန်ခွပ်ထဲပြောင်းထည့်ပြီးတိုက်တယ်။ကလေးကတစ်ငုံ ၊နှစ်ငုံ သောက်ပြီးခေါင်းခါတယ်“လေးလေးရေကငန်ကျိကျိနဲ့”လို့ပြောတယ်။ကျွန်တော်လည်းသူသောက်ရင်ပြီးရောဆိုပြီးလိမ္မော်ဖျော်ရည်

ကိုဖန်ခွပ်ထဲကဓါတ်ဆားဖျော်ရည်နဲ့ရောဖျော်ပြီးကလေးကိုတိုက်လိုက်တယ်။အရောင်

ပြောင်းသွားတော့ကလေးကသောက်ချင်စိတ်ဖြစ်ပြီးယူသောက်တယ်။ဒါပေမယ့်တစ်ငုံ ၊နှစ်ငုံသောက်ပြီးခေါင်းခါပြန်တယ်။“လေးလေးဖျော်ရည်ကငန်ကျိကျိ”တဲ့၊သူ့ရှေ့မှာဖျော်တာတွေ့ပြီးမသောက်

ချင်လို့ဂျီကျတာဖြစ်မယ်။ကျွန်တော်ကလေးကိုtrickသုံးရတော့မယ်။“လေးလေးအသစ်ဖျော်ပေးမယ်”ဆိုပြီးမီးဖို

ချောင်ထဲဝင်ဖန်ခွပ်ထဲကဖျော်ရည်ကိုကြွေခွပ်ထဲကိုပြောင်းထည့်လိမ္မော်ရည်များများလေးရောပြီးအသစ်ဖျော်လာတဲ့ပုံစံနဲ့တိုက်လိုက်တယ်။သူက ကလေး ၊ကျွန်တော်ကလူကြီး တိုက်တဲ့ခွပ်ပါပြောင်းထားတော့သူသောက်မှာပါ။ကလေးကတစ်ငုံ ၊နှစ်ငုံသောက်ပြီးခေါင်းခါပြန်တယ်“လေးလေးဖျော်ရည်ကငန်ကျိကျိ”ပါဘဲတဲ့။ကျွန်တော်ကြုံတွေ့ရသော သတင်းသမားကြောက်တဲ့ပြည်သူ ရယ်၊

လွတ်လပ်ခွင့်ပေးထားတဲ့မီဒီယာရယ်

အမုန်းမျက်လုံးများနဲ့ကြည့်နေတဲ့သတွေရယ်ကြားထဲမှာ၊သတင်းသမားပေါက်စကျွန်တော့်အဖြစ်ဟာ။တောကငါးနှစ်သားအရွယ်တူငယ်လေး

ကိုဓါတ်ဆားဖျော်ရည်တိုက်ရသလိုမီဒီယာလောကအတွက်အရောင်တွေပြောင်းလဲလာပေမယ့်ကျွန်တော့အတွက်တော့ငန်ကျျိကျိနဲ့သာခံစားမိသလိုရှိနေပါတော့တယ်။

သွန်းနေဝန်း(အိမ်မဲ)

4 comments

  • P chogyi

    October 9, 2012 at 3:37 pm

    သတင်းဖြစ်ပါစေ၊ အတင်းမဖြစ်ပါစေနဲ့
    ပြည်သူ့အကျိုးဖြစ်ပါစေ၊ ကိုယ်ကျိုးမဖြစ်ပါစေနဲ့
    တရားတော်တစ်ခုတွင် မှတ်သားဖူးပါတယ်။
    ကြားပြီး၊ ပြန်ပြောသင့်သောစကား
    ကြားပြီး၊ မှတ်သားသင့်သောစကား
    ကြားပြီး၊ ပြန်မပြောသင့်သောစကားဟု ဖြစ်ပါတယ်။
    ဝေဖန်ပိုင်းခြားနိုင်ပါစေလို့ ဆနပြုပါတယ်။

  • silver hero

    October 9, 2012 at 10:45 pm

    p chogyi သတင်းကောင်းတစ်ခုဖြစ်ဖို့ကအချက်(၇)ချက်နဲ့ကိုက်ညီရင်သတင်းကောင်းတစ်ပုဒ်
    ဖြစ်ပါတယ်။၁။ပြောင်းလဲမှု
    ၂။အကျိုးတရား
    ၃။အချိန်မှီဖြစ်ခြင်း
    ၄။ထင်ပေါ်ခြင်း၊ထင်ရှားခြင်း
    ၅။အမှန်တရားဖြစ်ခြင်း
    ၆။နီးစပ်မှုရှိခြင်း
    ၇။အကျိုးသက်ရောက်မှုစတဲ့အချက်နဲ့ကိုက်ညီရင်သတင်းကောင်းတစ်ပုဒ်ဖြစ်ပြီး
    ရေးခွင့်ရှိပါပြီ။သတင်းသမားမှာသူ့သီအိုရီနဲ့သူရှိပါတယ်။ထမင်းကောင်း၊ဟင်းကောင်းစား
    ချင်ရင်ချက်နည်းလည်းသိရပါတယ်။ဆိုင်ကဝယ်စားရင်စားလို့တော့ရမယ်အမြဲဆိုရင်ခံတွင်း
    မတွေ့နိုင်ပါဘူး။စေတနာထားဆန္ဒပြုတာကျေးဇူးတင်ပါတယ်။မှတ်သားဖူးတဲ့တရားတော်
    ရဲ့အကိုးအကားကိုပါထည့်ရေးပေးရင်နာဖူးထပ်မံဆိုတဲ့အတိုင်းကျနော်ပါမှတ်သားလိုက်နာနိုင်မှာပါ။

  • kai

    October 10, 2012 at 5:00 am

    ဘာမှတော့ မဆိုင်ပါဘူး..
    ဘုရားများဘာဟောထားသလည်း လိုက်ရှာရင်း.. တွေ့တာတင်ပေးလိုက်တာ…
    မီဒီယာသမားအတွက်တော့ မဟုတ်.. :kwi:

    “စကား (၆) ခွန်း ၊ လူ၌ထွန်း ၊ (၄) ခွန်းကိုရှောင် ၊ (၂) ခွန်းဆောင်”၊

    (၁) ဟုတ်မှန်ခြင်းမရှိ ၊ အကျိုးလည်းမရှိ ၊ အပြောခံရသူလည်း မကြိုက်တာက တစ်ခု။
    (၂) ဟုတ်မှန်ခြင်းမရှိ ၊ အကျိုးလည်းမရှိ ၊ အပြောခံသူကတော့ ကြိုက်တာက တစ်ခု။
    (၃) ဟုတ်မှန်တယ် ၊ ဒါပေမယ့် အကျိုးမရှိ ၊ အပြောခံရသူလည်း မကြိုက်တာက တစ်ခု။
    (၄) ဟုတ်မှန်တယ် ၊ ဒါပေမယ့် အကျိုးမရှိ ၊ အပြောခံရသူကတော့ ကြိုက်တယ်က တစ်ခု။
    (၅) ဟုတ်မှန်တယ် ၊ အကျိုးလည်း ရှိတယ် ၊ အပြောခံရသူကလည်း ကြိုက်တယ်က တစ်ခု။
    (၆) ဟုတ်မှန်တယ် ၊ အကျိုးလည်း ရှိတယ် ၊ အပြောခံရသူကတော့ မကြိုက်ပြန်ဘူး က တစ်ခု။

  • Mလုလင်

    October 10, 2012 at 8:27 am

    အကုန်လုံး တော့မဆိုလို ပါဘူး။ ကျုပ် ရဲ့အမှတ်တရ ကတော့ အရေးကြီးတဲ့အချိန်မှာ ယာဉ်တိုက်မှု ဖြစ်ခဲ့ဘူးတယ် (ကျုပ်မဟေသီ)။ မိသားစု တွေ အပူမီး တောက်ပြီး အဲ့ဒီ့ နေရာကို လိုက်သွားကြတယ်။ အမှန်က ဘာမှ လဲ ထူးတာမဟုတ်ဘူး .. ကားချင်း တိုက် တယ် မှားတဲ့သူက လျှော်ပေး လိုက် .. ပြီးတဲ့ ဟာကို … လူတစ်ယောက် က ရှုဒေါင့် စုံက ဓာတ်ပုံတွေ လိုက်ရိုက်နေတယ် ….. သူ့ကို ခင်ဗျား ဘာတုန်း လို့ လဲ မေးရော . သတင်းထောက် ကွ .. ဘာကွ .. ညာကွ နဲ့ ကက်ကတ်လန် နေတာ ပဲ …

Leave a Reply