တွဲဖက်စားသောက်ခြင်း၊ သုံးစွဲခြင်း မပြုသင့်သော အရာများ။

ခင္ခOctober 9, 20121min72248

တွဲဖက်စားသောက်ခြင်း၊ သုံးစွဲခြင်း မပြုသင့်သော အရာများ။

 

အရင်တစ်ပတ်က ကျောက်ပန်းတောင်းဘက်မှာ သနပ်ခါးလိမ်းပြီး သနပ်ခါးပေတဲ့လက်နဲ့ ကလေးကို ပန်းသီးကျွေးမိတော့ ကလေးသေဆုံးသွားတယ်၊ အဲဒါကို ဖခင်ဖြစ်သူက မယုံလို့ ပန်းသီးနဲ့သနပ်ခါး ရောပြီးစားလိုက်တော့ ဖခင်လည်း သေဆုံးတယ်လို့ ဖေ့ဘုတ်မှာပျံလွင်နေခဲ့တဲ့ သတင်းကို သိကြပြီးဖြစ်မှာပါ။

အဲဒါကြောင့် ခင်ခ ဖေ့ဘုတ်ထဲကို အသိမိတ်ဆွေတစ်ယောက် share ပေးထားတဲ့ တွဲဖက်မစားသင့်သော ၊ မသုံးစွဲသင့်သော အရာများကို ပို့ပေးထားတာရှိလို့ လိုက်ရှာပြီး ရွာသူားများ ဖတ်ရအောင်ပြန် Share ပေးမိ တာပါ။ ဖတ်ပြီးတဲ့သူများရှိပြီးဖြစ်နိုင်သလို မဖတ်ရသေးတဲ့သူများလည်း ဖတ်ရအောင်ပါဗျာ။ ဟုတ်မဟုတ်တော့ မသိပေမယ့် ဗဟုသုတ အတွက်ပါဗျာ။

က
ကကတစ် နှင့် ကြာဟင်း

ကုန်းကျေး နှင့် ပုစွန်
ကန့်ချုပ်နီ နှင့် သေရည်သေရက်အမျိုးမျိုး
ကျွဲခေါင်းသီး နှင့် အချဉ်အမျိုးမျိုး(သံပုရာသီး)
ကျွဲခေါင်းသီးနှင့် လက်ဖက်
ကြေးခွက် နှင့် အချဉ်အမျိုးမျိုး
ကုန်းငှက်သား နှင့် ကြက်ဆူဆီ
ကန်စွန်းမြစ် နှင့် နှမ်းမှုန် ့
ကြာစွယ် နှင့် ဝက်သား
ကြက်ဆူဆီ နှင့် ခါသား
ကြက်ဆူသီး နှင့် ငှက်သား
ကောက်ညှင်း နှင့် ရေငန်သီး
ကတိုး နှင့် သရက်သီး
ကြံတင်လဲ နှင့် နှမ်းမှုန် ့ဆုပ်
ကင်းပုံရွက်/သီး နှင့် နှမ်းဆီ
ကင်းပိတ်ရွက် နှင့် နှမ်းဖတ်ချဉ်နှမ်းဆီ
ကြာပဒုမ္မာစေ့ နှင့် ငှက်တော်သား
ကျောက်ဖရုံ နှင့် အိုးမဲ
ကြောင်လျှာသီး နှင့် ငါးသေတ္တာ
ကြောင်လျှာသီး နှင့် ကြက်သား
ကျေးသား နှင့်ဘူးသီး
ကျွဲသား နှင့် ကြာစွယ်ကြာဥ
ကြက်သွန်ဖြူ နှင့် နိူ ့ရည်
ကြံ့သား နှင့် ငါးခူ ငါးဒန်
ကြက်သား နှင့် အင်ဖူး
ကြက်ဟင်းခါးသီး နှင့် မှို
ကြက်ဟင်းခါးသီး နှင့် ကြက်သား
ကိုင်းဥ နှင့် ပုဇွန်ချဉ်
ကြက်ဥ နှင့် ခံသီးး
ကြက်ဥ နှင့် တမာရွက် တမာဖူး


ချင်း နှင် ့သဘောင်္သီး သဘောင်္ပွင် ့
ချောကလက် နှင် ့စောင်းလျား ချောကလက် နှင် ့ပဲမြစ်
ချိုချဉ် နှင် ့ပဲငါးပိ
ချဉ်ဆီ နှင် ့ထောပတ်
ခရမ်းပိမ် ့သီး နှင် ့နိူ ့ရည်
ခရု နှင် ့အမဲသား
ခိုသား နှင် ့ချင်းစိမ်း
ခိုသားနှင် ့ခြေလေးချောင်းသား
ခိုသား နှင် ့မုန်ညင်းဆီ
ခံသီးနှင် ့ငရုတ်ကောင်း
ခံသီးနှင် ့နို ့ရည်
ချီးသီး နှင့် နို ့ရည်
ခံသီးနှင် ့ပီလောပီနံဥ
ချိုချဉ်သကြားလုံး နှင် ့စိမ်းစားဥ
ခါးနာပျောက်ဆေး ဖီနိုင်ဗျူတာဇုန် ကိုအစာခံမရှိဘဲ မသောက်ရ၊


ဂွေးရွက် နှင် နို ့ရည်
ဂွေးသီး နှုင် ့အာတာလွတ်ဥ
ဂွေးသီးနှင် ့နို ့အေးချောင်း
ဂွေးသီးနှင ့်ပီလောပီနံဥ
ဂျယ်လီ နှင့် ကော်ဖီ


ငရုပ်ကောင်း နှင့် ခံသီး
ငွေ နှင် ့ရှိန်းခို
ငါးချက်သောအိုး နှင် ့ပိတ်ချင်းရွက်
ငါးဆီ နှင် ့ပိတ်ချင်းရွက်
ငှက်ပျောသီး နှင် မှို
ငါးရံ ့သား နှင် ့ပွေးသား
ငုံးသား နှင် ့စောင်းလျား
ငုံးသား နင် ့ခိုသား
ငှက် သား နှင် ့ကြက်ဆူဆီ
ငါးပူတင်းဥများ
ငှက်ပျောသီး စားပြီရေအေးသောက်ခြင်း

စတော်ဘယ်ရီ နှင် ့သီးသီး
စားတော်ပဲ နှင့် သီးသီး
စိန် နှင် ့သံပုရာသီး
စိမ်းစားဥ နှင် ့ချောကလက်
စိမ်းစားဥ နှင် ့ ရေခဲချောင်း
စပါးကြီးမြွေသား နှင် ့ကြောင်လျှာသီး
စောင်းလျားသီး နှင့် ခိုသား
စောင်းလျားသီး နှင့် ရှောက်သီး

ဆေးခြောက် နင် ့နနွင်းရည်
ဆီ နှင် ့ဆီခဲစပ်တူ
ဆင်သမနွယ်ရွက် နှင် ့ နို ့ရည်
ဆောင်မေခါးရွက် နှင် ့နို ့ရည်
ဆိတ်ဖူး နှင့် ငှက်ပျောဖူး
ဆိတ်သား နှင် ့ ကျွဲသား
ဆတ်သားနှင် ့ ဆူးပန်းရွက်
ဆတ်သား နှင် ့နို ့ရည်
ဆိတ်နို ့နှင် ့ဆူးပန်းရွက်
ဆပ်ပြာ နှင် ့အုန်းရည်
ဆပ်ပြာနှင် ့အချဉ်မျိုး
ဆိတ်နို ့ဆိတ်သား နှင် ့ငါးကြီးဆီ
 

ဇောင်းလျားသီး နှင် ့ပီလောပီနံဥ
ဇာဒင်း(Zadine) နှင် ့အရက်

ဉာဏ်ရွက် နှင် ့သေရက် အမျိုးမျိုး

တလည်းသီး နှင် ့နို ့ရည်
တလည်းသီးနှင် ့ပဲကြီး
တောပဲရိုင်း နှင် ့နို ့
တောင်ပိန္နဲ သီး နှင် ့နို ့ရည်
တေဇောဘမ်းနှင့် ခါချဉ်ကောင်ကိုက်သည်ကိုမလိမ်းရ၊

ထနောင်းရွက် နှင် ့ မန်ကျည်းသီးမှည် ့
ထုံး နှင် ့မြင်းသား
ထန်းလျက် နှင် ့နလင်ကျော်
ထန်းလျက် နှင် ့ သပြေသီး
ထန်းရည်ချို နှင် ့ ဝက်သား
ထန်းသီး နှင့် နို ့မျိုး ချဉ်
ထန်းလျက် နှင် ့သပြေသီး
ထောပတ်နှင် ့ ကြေးခွက်
ထောပတ် နှင် ့ဆီခဲအမျိုးမျိုး
ထုံးရေတို ့တွင် ဖြစ်သောငါး လိပ်အစရှိသည် နှင် ့နို့ရည်
ထန်းရည်ကိုငှက် ပျောသီး စားပြီး သောက်ခြင်း
ထန်းသီးကိုငှက်ပျော သီးစားပြီး စားခြင်း

ဒန် ့သလွန်ရွက် နှင့် နို ့ရည်
ဒန် ့သလွန်သီး နှင့် ကလောဥ
ဒိန်ချဉ် နှင် ့ထန်းသီးမု န် ့
ဒုတ္တာ နှင် ့အချဉ် မျိုး ၂
ဒူးရင်းသီး နှင့်ရှိန်းခို ့
ဒေါင်းသား နှင့်နို ့ချဉ်
ဒေါင်းသား နှင် ့ပီလောပီနံ

နလင်ကြော် နှင် ့ထန်းလျက်
နလင်ကြော် နှင် ့အချဉ်
နို ့ခဲပျက် နှင ့်ပဲဒလက်
နို ့မျိုး နှင် ့ဆား
နို ့မျိုး ချဉ် နှင် ့ပီလောပီနံဥ
နို ့စိမ်း နှင် ့အချဉ်မျိုး
နို ့ရည် နင ့်စောင်းလျားသီး
နို ့ရည် နှင ့်ကုလားပဲ
နို့အေးချောင်း နှင် ့သခွားသီး
နို ့အေးချောင်း နှင့် ဘူးသီး
နှမ်းမှုန် ့ဆုပ် နှင့် တလည်းသီး

ပတဲကော နှင် ့သံပုရာသီး
ပဒုမ္မာကြာရွက်နု နှင် ့ပျားရည်
ပဲကြီး နှင် ့မုန် လာ
ပဲဒလက်စေ ့နှင် ့ ဆူးပန်း
ပဲလင်းမြွေသီး နှင် ့လင်းမြွေသား
ပဲဒလက်စေ့ နင် ့ဆိတ်သား
ပဲစိမ်းစားဥ နှင် ့ချိုချဉ်အမျိုးမျိုး
ပိန္နဲသီးနှင့်ပျားရည်
ပီလောပီနံ နှင် ့ပျားရည်
ပီလောပီနံ နှင့် ပေအူ
ပေရည် နှင် ့ ငှက်သား
ပျားရည် နှင် ့သင်္ကန်းဖွယ် ငှက်သား
ပျားရည် နှင် ့မိုးရည်
ပျားရည် နှင် ့ကင်းပိတ်ရွက်
ပျားရည် နှင် ့ရှားစောင်း
ပျားရည် နှင် ့ပိတ်ချင်းရွက်
ပုန်းရည် နှင် ့ဗျိုင်းအောက်သား
ပြောင်းသား နှင့်နို ့ရည်
ပိုင်ရီတွန် (Piriton) နှင့်အရက်

ဖရဲသီး နှင် ့နို ့မျိုး
ဖရဲသီး နှင့် ဘဲဥ
ဖရုံ သီးနှင် ့နို့မျိုး
ဖားသားနှင ့်မှို
ဖွတ်သား နှင် ့ကြက်ဆူဆီ
ဖောင်စီးဂဏန်း နှင ့်မှို
ဖန်ခါးသီး နှင် ့ပုဒမ္မာကြာရွက်
ဖန်ခါးသီး နှင် ့ပီလောပီနံဥ

ဗုံလုံသီး နှင် ့ပီလောပီနံ
ဗျိုင်းသား နှင ့်ဝက်ဆီ
ဗျိုင်းအောက်သား နှင် ့ဝက်ဆီ
ဗျိုင်းနှမ်းနှင် သေရည်

ရေငန်သီး နှင့် လက်ဖက်
ရှားစောင်းချဉ် နှင် ့အမဲသား
ရှားစောင်း နှင် ့ကုလားဗရာကြော်
ရှောက်သီး နှင့် စောင်းလျားသီး
ရှောက်သီး နှင့် ပီလောပီနံေ
ရှောက်သီး နှင့် ပဲစိမ်းစားဥ
ရှောက်သီး နှင့် ခိုသား
ရှောက်သီး နှင် ့နို့ရည်
 

လိမ်းဆေးပရုတ်ဆီ နှင ့်ကရင်နီကောင်ကိုက်သည့် နေရာကို မလိမ်းပါနှင် ့

ဝက်သားချဉ် နှင့် မဲနယ်အိုး
ဝက်သား နှင့် ဒိန်ချဉ်
ဝက်သား နှင့် နွားနို ့
ဝမ်းဘဲဥ နှင် ့ဖရဲသီး
ဝမ်းဘဲဥ နှင့် ပေသီးပေရည်
ဝါစေ့/ဝါဆီ နှင့် သမင်သား
ဝါးမျှစ် နှင့် အင်ဥ

သမုန်းမြစ် နှင် ့အချဉ်ချက်သောအိုး
သမုန်းရွက် နှင့် ငါးချက်သောအိုး
သကြားပြာ နှင့် ပျားရည်
သမင်သား နှင့် ဝါရွက်
သပြေသီး နှင့် ပီလောပီနံ
သံပရာသီး နှင့် ပီလောပီနံ
သံပရာသီး နှင့် နို ့ရည်
သံပရာသီး နှင့် စိမ်းစားဥ
သားငါးအဆီ နှင့် ထောပတ်
သားငါးတို၏အဆီ နှင့် ချဉ်ဆီ
သားမျိုးဟင်း နှင့် နှမ်းမှုန် ့
သေရက်မျိုး နှင့် သမုန်း ဧကရာဧ်
သေရည်သေရက် နှင့် နှမ်းမှုန် ့ဆုပ်
သေရက်မျိုး နှင့် ပိတ်ချင်းရွက်
သေရည် နှင့် ဗျိုင်းအောက်သား

ဘူးသီး နှင ့်ကြက်တူရွေးသား
ဘာစပရိုဆေးပြား နှင် ့သံပရာသီး
ဘာမီတွန်ဆေးပြား နှင ့်ထန်းလျက်ခဲ
ဘာမီတွန် နှင် ့တစ်ဖီအစိမ်းရောင် ကတ်
ဘီလုံးငှက် သား နှင ့်ကြက်ဆူဆီ
ဘာစပရိုဆေးပြားကို အစာခံမရှိဘဲမသောက်ရ၊

မဲနယ်အိုး နှင် ့သားငါး
မဲဇလီဖူးရွက် နှင် ့လက်ဖက်သုပ်
မိချောင်းသား နှင့်နနွင်း
မန်ကျည်းသီး နှင ့်နို ရည်
မင်းကွတ်သီး နှင့် သကြား
မတ်ပဲ နှင် ့တင်လဲ
မတ်ပဲ နှင် ့မုန်လာ
မုန်ညှင်းဆီ နှင့် သင်္ကန်းဖွက်ငှက်
မုန်လာမြစ် နှုင် ့ပျားရည်
မုန်လာ နှုင့် မတ်ပဲ
မှို နှင် ့ရှားစောင်း
မြေပဲဆန် နှင့် ကြက်ဟင်းခါးသီး
မြေဇာဥ နှင့် သစ်ကြားသီး
မျောက်တည်သီး နှင့် နို့ရည်
မြွေသား နှင့် ငါးရံသား
မြန်မာလျက်ဆား နှင် ့ သွားတိုက်ဆေး
မြင်းခွာရွက် နှင့် သခွားသီး
မက်ထရိုနီဒါဇော(meronidazole)နှင် ့အရက်

ယုန်သား နှင့်မှို
ယင်နားစားများကို မစားပါနှင့်

ရာဘာချဉ် နှင့် ဆိတ်သား
ရှာလကာချဉ် နှင် ့ပီလောပီနံ
ရိုးနီပီလောပီနံ နှင် ့အချဉ်မျိုး
ရေခဲသုပ် နှင် ့ချင်းသုပ်

သေရည်သေရက် နှင့် နို ့အမျိုး၂
သစ်ကြားသီး နှင် ့ဝက်မြေဇာဥ
သည်းခြေ နှင် ့သားဟင်းမျိုး

ဟင်းငန်ရွက် နှင် ့နှမ်းဖတ်
ဟစ်တမင်း (histamine) နှင် ့အရက်

အင်ဥ နှင် ့ ပြောင်းဆန်
အမဲသားချဉ် နှင့် မဲနယ်အိုး
အရက် နှင် ့ဘိန်း
အရက် နှင် ့ဘာမိတွန်
အချဉ်မျိုး နှင့် နို ့မျိုး
အိမ်ဆီးချို နှင့် နို့ရည်
အုန်းသီး နှင ့်နိုရည်
အုန်းရည် နှင့် ပျားရည်
အုံတုံဆံ နှင့် ကလောဥ

ဥသျှစ်သီး နှင့် ပျားရည်
ဥဒေါင် းသား နှင့် ကြက်ဆူဆီ
ဥမျိုး နှင့် ကြက်ဆူဆီ
ဥသျှစ်သီး နှင့် ကင်းပိတ်ရွက်
ဩဇာသီး နှင့် ပျားရည်

 

အထက်ဖော်ပြပါတွေကတော့ တွဲဖက်စားခြင်း၊ သုံးစွဲခြင်းဆို မူးဝေခြင်း အော့အန်ခြင်း အဆိပ်ဖြစ်ခြင်းစတဲ့ အန္တရာယ်ဖြစ်စေတတ်တာပါ။

တွဲဖက်စားလျှင်သေစေနိင်သောအစားအစာများ

 

အမဲသား + ခရု = သေ
ဂွေးသီး + အာတာလွတ် = သေ
နို့ဆီ + ကိုးပါးဆေး = သေ
တညင်းသီး + ရှိန်းခို = သေ
အုန်းနို့ခေါက်ဆွဲ + ပက်ပစီ = သေ
ကိုင်းဥ + ပုစွန်ချဉ် = သေ
နွားနို့ + အချဉ်အမျိုးအမျိုး = သေ
သိုးသား + စောင်းလျားသီး = သေ
ကျွှဲခေါင်းသီး + သံပုရာသီး = သေ
နွားနို့ + မှို = သေ
မှို + ဖားသား = သေ
မှို + လယ်ကဏန်း = သေ
ဝက်သား + ထန်းရည်ချို =သေ
ဝက်သား + ဗျိုင်းသား = သေ
ဝက်သား + ကြာရိုးကြာစွယ် =သေ
ပျားရည် + ဩဇာသီး =သေ
ပျားရည် + အုန်းသီး =သေ
ပျားရည် + ဥသျှစ်သီး =သေ
ခိုသား + ချင်း =သေ
ခိုသား + ဖရုံသီး =သေ
ကြောင်လျှာသီး + ငါးသေတ္တာ =သေ
ကြောင်လျှာသီး + ပဲဒလက် =သေ
ကြောင်လျှာသီး + စပါးကြီးမြွေ =သေ
ပီလောပီနံ + ပဲကြားလှော် =သေ
ပီလောပီနံ + မျှစ်ချဉ် =သေ
ပီလောပီနံ + ဒေါင်းသား =သေ
ပီလောပီနံ + အချဉ်အမျိုးမျိူး =သေ
နို့အေးချောင်း + ဂွေးသီး = သေ
ချောကလက် + စောင်းလျားသီး =သေ
ချောကလက် + ပဲမြစ် =သေ
ရှောက်သီး + နွားနို့၊ နို့ရည် =သေ
ထန်းလျက် + နလင်ကျော် =သေ
ထန်းလျက် + ၂ရ ပါးဆေး =သေ
ကျွဲကောသီးး + သံပုရာသီး =သေ
သပြေသီး + ထန်းလျက် =သေ
ငှက်ပျောသီး + ထန်းသီး =သေ

ချင်း + သဘောင်္သီး = သေ
ကြက်ဆူသီး + ငှက်သား = သေ
မင်းကွတ်သီး + သကြား = သေ မှို + တညင်းသီး = သေ
မိုင်လို + ပဲမြစ် = သေ
ရေခဲမုန့် + ချင်းသုပ် = သေ
ကျေးသား + ဘူးသီး = သေ
မှို + ယုန်သား = သေ
လက်ဖက် + ကျွဲခေါင်းသီး = သေ

 

 

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ကိုခင်ခ။

48 comments

  • Khaing Khaing

    October 9, 2012 at 9:47 am

    ဦးခင်ခရေ … အတော်ပါပဲ … အဲဒါလေးတွေကို သိချင်လို့ ဝယ်မယ်လို့စဉ်းစားထားတာ အခုလို မျက်စိရှေ့ ကိုအရောက်ရေးပေးတဲ့သူရှိတော့ ပိုက်ဆံလည်းမကုန် အချိန်လည်းမကုန်ပဲ လိုချင်တာလည်းရသွားတာပေ့ါ … ကျေးဇူးပါပဲနော် share ပေးလို့…

    • Khaing Khaing

      October 9, 2012 at 9:48 am

      စာလေးကျန်သွားလို့ … ချင်းဆိုတာ ဂျင်းကို ပြောတာလားမသိဘူး ?….

      • ကိုခင်ခ

        October 9, 2012 at 11:49 am

        မခိုင်ရေ ချင်း = ဂျင်း ပါ။

  • Thu Wai

    October 9, 2012 at 9:52 am

    ကြက်သားနဲ့ ကြက်ဟင်ခါးသီးကတော့ ခဏခဏ တွဲစားဖူးတယ် ဒါပေမယ့် အခုထိ ဘဝတစ်ပါး ကို stay permit နဲ့ သွားဖို့တော့ဗီဇာမကျသေးဘူး

    • Moe Z

      October 9, 2012 at 12:27 pm

      ဟုတ်တယ် အဲဒီနှစ်မျိုးတွဲစားဖူးတယ်
      သူများတွေရောချက်တာတောင်မြင်ဖူးတယ်
      အခုထိတော့ ဘာမှမဖြစ်သေးဘူး 🙄

      ဦးဦးခင်ခရေ မကြားဖူးတဲ့ စားစရာတွေတော်တော်များတယ်ရှင့်
      ဗဟုသုတတွေ ပြန်ရှယ်ပေးတဲ့အတွက် ကျေးဇူးပါနော် ..

  • လယ်ထွန်Z

    October 9, 2012 at 10:25 am

    အောက်ဘက်က တွဲဖက်မစားသင့်တဲ့ အစာတွေ အတွက်
    ဗဟုသုတပေးတဲ့အတွက် ကျေးကျေးပါ ကိုခင်ခ ရေ…

    တခုလေးဗျာ ..

    သနပ်ခါးလိမ်းပြီး သနပ်ခါးပေတဲ့လက်နဲ့ ကလေးကို ပန်းသီးကျွေးမိတော့ ကလေးသေဆုံးသွားတယ်၊ အဲဒါကို ဖခင်ဖြစ်သူက မယုံလို့ ပန်းသီးနဲ့သနပ်ခါး ရောပြီးစားလိုက်တော့ ဖခင်လည်း သေဆုံးတယ်လို့ ဖေ့ဘုတ်မှာပျံလွင်နေခဲ့တဲ့ သတင်းကို သိကြပြီးဖြစ်မှာပါ။

    ဟော သည့်ကိစ္စရယ် …။
    HOAX ဖြစ်မှာ ကျိန်းသေသလောက် ရှိတယ်ဗျို့ …
    အဲ့ဒါလေး အမှတ် မမှားစေချင်လို့ပါ..။
    သမ္မာကျမ်းစာကတော့ ပန်းသီးဆိုတာ လူသားသမိုင်း အစ ကလို့ ဆိုတယ်..
    ဒါဆို သနပ်ခါး က မြန်မာ့ သမိုင်း တောက်လျောက် ပါဝင်တဲ့ သတို့သမီးပေါ့ …

    သည်နှစ်မျိုးစလုံး ဆိုင်ရာ သမိုင်းကြောင်းမှာ ဘာနဲ့ တွဲမစားရဘူးတို့ …
    ဘယ်လို စားရင် သေတယ်တို့ ….အဆိပ်သင့်တဲ့ နာမည်ပျက် မရှိခဲ့စဖူး ..မကြားဖူးဖူးတဲ့
    အရာ၂ခု မဟုတ်လားဗျာ ..အဲ … အဲ့လို အရာ ၂ခု တွဲစားတော့မှ ..
    တိုက်တိုက်လေးရယ်မှ ဆိုင်ဆိုင် (Social Media ခေတ် ရောက်တော့မှ)
    သေသတဲ့လား ..။

    အနှီသတင်းကို လူတကာ ရှဲကြလို့ . ဖတ်ရ မြင်ရရဲ့ဗျာ …
    သတင်း တစ်ပုဒ် လို သတင်းဓာတ်ပုံ စာသား အကြောင်းအရာ တွေ့ဆုံ မေးမြန်းမှု
    စတာတွေ တခုမှ မတွေ့ရဘဲ သနပ်ခါးတုံးနဲ့ ကျောက်ပြင် ပုံရယ် ပန်းသီးပုံရယ်ကိုပဲ
    ပြသ ထားရှိတာကို မြင်မိကြောင်းပါ…။
    ဆိုတော့ Hoax ဖြစ်ကြောင်း ပိုသေချာတယ်လို့ ပြောချင်ပါရဲ့…။

    တကယ်လို့ ဒါဟာ သတင်းအမှန်ပါ လို့ ဆိုခဲ့ရင်တော့ …
    ၁။ ကျောက်မှုန့်တွေ သိပ်ထွက်လွန်းတဲ့ ကျောက်ပြင် ရယ်…။
    ၂။ သုံးတဲ့ရေ ရယ် .. က အကြောင်းရင်း ဖြစ်မယ် ထင်မိကြောင်းပါ။

    အိုဘယ့် သနပ်ခါးနဲ့ ပန်းသီး ..။

    P.S သနပ်ခါး သည် စားစရာမဟုတ်ပေ။

  • ဦး ကျောက်ခဲ

    October 9, 2012 at 10:50 am

    ကိုခင်ခ ရေ

    အပေါ်က စာရင်းထဲက တွဲမစားသင့်တာတချို့ ခဏခဏ စားမိပါတယ်၊
    သေနေ့ဘဲ မစေ့ သေးလို့လား၊ အသီးအရွက်တွေရဲ့ ရသ ဩဇာ ကွာလို့လား မသိ၊
    ဘာမှတော့မဖြစ်သေးဘူး!

    ဒါပေမဲ့၊ အသက်ဉဏ်စောင့် ….. ကြည့်ရှောင်မှ!
    ကျေးဇူးတင်ပါတယ် ခင်ဗျာ။

  • Tin Tin

    October 9, 2012 at 11:16 am

    ကိုခင်ခရေ… တွဲဖက်မစားသင့်တာတွေကို ပြောပြပေးလို့ကျေးဇူးပါနော်….

  • ကိုခင်ခ

    October 9, 2012 at 11:54 am

    တစ်ခု သတိရလို ပြောထားချင်လို့ပါ။
    တွဲဖက်မစားနဲ့ ဆိုပေမယ့် စားရင်ဘာဖြစ်မလဲ? ဘာလို့မတည့်တာလဲ? ဘာ နဲ့ ဘာ နဲ့ကောတည့်သလား? တွဲဖက်စားမိပါတယ် ဘာမှမဖြစ်ပါလား? စတဲ့လား မေးခွန်တွေအတွက် ကွန်မန့်ပြန်ကြားရန် အစီအစဉ်မရှိပါ၊
    ဘာလို့လဲဆိုတော့ အခု Share သလောက်ဘဲ ကျွန်တော်လည်းသိလိုပါခင်ဗျ၊ ဗဟုသုတအဖြင့်သာ သိစေချင်လို့ တင်လိုက်ကြောင်းပါဗျာ။

  • ကြည်ဆောင်း

    October 9, 2012 at 11:57 am

    Print ထုတ်လိုက်တာ(11)ရွက်တောင်..
    ဘာဖြစ်လဲ အန္တရာယ်ကင်းဖို့ဘဲလေနော်..
    ကျေးဇူးပါကိုခင်ခရေ…

  • jullies cezer

    October 9, 2012 at 12:53 pm

    ကျေးဇူးပါ ကိုခင်ခရေ

  • manawphyulay

    October 9, 2012 at 1:05 pm

    ဒါတွေအကုန် ယူပြီး ပရင့်ထုတ်ပြီး ထမင်းစားခန်းမှာ ချိတ်ထားသင့်တယ်လို့ မနောယူဆလို့ ယူသွားပြီနော် ဦးဦးခင်ခ..

  • may flowers

    October 9, 2012 at 1:27 pm

    ကြိုတင်ကာကွယ်ပြီး အစားအစာကြောင့် ဒုက္ခမရောက်ရလေအောင် သိထားသင့်တာမို့

    ကူးယူထားလိုက်ပါပြီ..ကိုခင်ခရေ………ကျေးဇူးပါ။

  • Crystalline

    October 9, 2012 at 2:49 pm

    မသိသေးတာတွေတော်တော်ပါတာတွေ့တယ်. စက်ထဲကူးထားပါတယ်.. ကျမလည်း ကြက်သားဟင်းနဲ့ ကြက်ဟင်းခါးသီးကြော်လေးနည်းနည်း ကို မကြိုက်ပဲနဲ့သူများကြော်ထားတာကောင်းတယ်ဆိုပြီးမြည်းကြည့် တာ သေလုမျောပါးခံလိုက်ရဘူးတယ်. ဗိုက်တွေထဲပူတာများမခံနိုင်ဘူး. သင်္ဘောသီးနဲ့ဂျင်းဆိုလို့..တလောတုန်းက နယ်ဖက်ကမိဘမဲ့ဘော်ဒါတစ်ခုမှာ ငါးဒန်နဲ့သင်္ဘောသီးချက်တာစားပြီး ကလေးတွေအကုန်ဝမ်းသွားပြီးဆေးရုံရောက်ကြတယ်. ဆေးရုံက ဓါတ်ခွဲတော့ဟင်းကြောင့်မဟုတ်ဘူးလို့တော့ပြောပါတယ်တဲ့. ဒါပေမယ့်ဟင်းထဲ ဂျင်းထည့်မိသလားမသိ ??

  • လောလောဆယ်တော့ သမီးကြိုက်တာတွေနဲ့ မတည့်တာတွေကို မှတ်သွားတယ်နော်… 🙂

    နောက်ပြီး မှိုနဲ့ နို့နဲ့ မတည့်ဘူးလို့လည်း ဖတ်ဖူးတယ်…

    • ကိုခင်ခ

      October 10, 2012 at 10:03 am

      လုံမလေးရေ နွားနို + မှို = သေ လို့တော့ရေးထားတဲ့ထဲပါ ပါ၏ ခင်ဗျ။

  • ကြောင်ဝတုတ်

    October 9, 2012 at 3:17 pm

    ဒီစာရင်းလေး ပြုစုပေးတဲ့ကိုခင်ခကို ကျေးဇူးအထူးပါ…

    ဒီနေရာမှာ မှတ်မှတ်ရရ ရယ်စရာလေးတစ်ခုပြောချင်ပါတယ်…
    လွန်ခဲ့တဲ့ (၅)နှစ်လောက်က အိမ်မှာလက်ရေးလေးနဲ့ ရေးထားတဲ့မတည့်တဲ့အစားအစာတွေစာရင်းကို တွေ့ပါတယ်…
    ခေါင်းစဉ်လေးက ” ရောမစားရသောအစားအစာများတဲ့…”

    ကျွန်တော်လဲ ခေါင်းစဉ်လေးကိုကြည့်ပြီး အထူးစိတ်ဝင်စားသွားပါတယ်…
    ကျွန်တော်ဖတ်လိုက်တာက “ရောမ စားရသော အစားအစာများ” တဲ့….
    ရောမခေတ်တုန်းက ဘာအစာတွေစားကြလဲဆို စိတ်ဝင်တစားဖတ်လိုက်တော့ ပထမဆုံးတွေ့တာက
    မှိုနဲ့ ဖားသားတဲ့… စိတ်ထဲမှာ ရောမတွေ ဖားသားကို မှိုနဲ့ရောချက်စားကြတယ်ထင်တယ်ပေါ့…
    ဆက်ဖတ်တော့မှ မင်းကွတ်သီးနဲ့ သကြားတွေ့တော့မှ မဟုတ်သေးပါဘူးဆို ခေါင်းစဉ်ပြန်ဖတ်တော့မှ
    ကိုယ့်အလွဲကိုတွေ့တော့တယ်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • ကိုခင်ခ

      October 9, 2012 at 3:37 pm

      အော် တော်သေးလို့ ခေါင်းစဉ်ကို တွဲဖက်စားသောက်ခြင်း၊ သုံးစွဲခြင်း မပြုသင့်သော အရာများ။ လို့
      တပ်ထားမိလို့ပေါ့။ ရောမစားရသောအစားအစာများ လို့စဉ်စားသေးတယ်၊ တစ်ချို့က စားစရာမဟုတ်ဘဲ အခြားအရာတွေပါနေလို့ အဲဒီလိုမရေးမိလိုက်တာ။ ရေးများ ရေးမိလို့တော့ ကိုကြောင်ဝတုတ် လက်ချက် အောက်မှာ ခင်ခ တော့ ပြားမပေါ့ဗျာ။

  • kai

    October 9, 2012 at 3:30 pm

    ပြောစရာတွေ အများကြီးပဲ..
    တိုတိုပြောရရင်.. ရန်ကုန်မှာ.. အဲဒီလိုပိုစတာတွေ ပုံနှိပ်စက်မှာတင်..ပုံနှိပ်.. ရောင်စားတဲ့အလုပ်လုပ်တဲ့ သူငယ်ချင်းတယောက်ရှိခဲ့ဖူးတယ်..။ ကြာတော့ကြာပါပြီ..။
    သူက.. အဲလို မတည့်တာတည့်တာ.. ဘာမှန်းမသိ.. စိတ်ကူးပေါက်တာ.. ဂရပ်ဖစ်ဒီဇိုင်နာကို.. ထည့်ရေးခိုင်းနေတာ ကြားဖူးတယ်..။
    နောက်တခုက..
    ဘိုးမင်းဂေါင်.. ဘိုးဘိုးအောင်.. သက်တော်ဘယ်နှထောင် ဘုန်းကြီးစသဖြင့်ပေါ့..
    အဲဒါလည်း.. စိတ်ကူးပေါက်တဲ့ အသက်ရိုက်ထည့်.. ဒီဇိုင်းလုပ်တဲ့ကောင်လေးကို.. မီးတွေ.. အရိပ်တွေထည့်.. ဘုန်းကြီးကို.. ပါးနားရေတွန့်ခိုင်း.. ပြီးရင်.. ပိုစတာထုတ်တာပဲ..

    ဆိုတော့..
    နယ်က..အချပ်ရေ..သိန်းချီဝယ်ပါတယ်..။ အဲဒီတုံးက.. မဂိုလမ်းနဲ့.. ဗိုလ်ချုပ်လမ်းထောင့်နားကဆိုင်တွေမှာ.. စီးပွားဖြစ်ရောင်းကြဝယ်ကြပေါ့…။
    နည်းနည်းနောနော ဈေးကွက်မှ မဟုတ်တာနော..။ :kwi:
    =
    ဆိုတော့..

    ဖရဲသီး နှင် ့နို ့မျိုး
    ဖရဲသီး နှင့် ဘဲဥ

    တွဲလည်းစားဖူးတယ်..။ ဘာမှလည်းမဖြစ်ပါ..။
    တခုတော့ ရှိတယ်..။
    ဖရဲသီးနဲ့.. အိုက်စကရင်း.. . ခွက်ထဲထည့်..ဇွန်းနဲ့ခလောက်ကြည့်တာ.. စားချင်စရာတော့ မကောင်း..
    (ခဏတင်လုပ်စား လိုက်တာ.. )

    သနပ်ခါးနဲ့ပန်းသီးလည်း.. အချိန်နည်းနည်းရ လုပ်စားကြည့်မည်ဖြစ်ပါကြောင်း..
    နောက်ရက်ကွန်မန့်မတက်လာရင်.. ကျုပ်သေရှာပြီး.. မှတ်ကြဖို့.. အကြောင်း… :kwi:
    အဲ..အဲ.. သနပ်ခါးအနှစ်(ရန်ကုန်ကမှာထားတာ) နဲ့.. ပန်းသီးဖျော်ရည်.. ပဲလောလောဆယ် ရှိတဲ့အကြောင်း.. :kwi:

    ဘာပဲဖြစ်ဖြစ်..
    တွဲဖက်မစားသင့်တဲ့ အစာတွေ အတွက်ဗဟုသုတပေးတဲ့အတွက်တော့ ကျေးကျေးပါ ကိုခင်ခခင်ဗျားလို့…

    • ကိုခင်ခ

      October 9, 2012 at 3:42 pm

      သူကြီးရေ အလုပ်များ မအားရင်တောင် နောက်ရက်ကွန်မန့်တစ်ခုတော့ မှီရာပိုစ့်မှာရေးနော် မရေးမိလို့ ကတော့ သိုလော သိုလော နဲ့ ဖြစ်တော့ မယ်ဗျ။ ကြည့်လည်းလုပ်ပါအုံးဗျ။

      • kai

        October 9, 2012 at 10:58 pm

        သေသွားပြီ သဘောထားလိုက်ပါကွယ်..။
        ဘာထူးလည်း..။ အခုလိုအင်တာနက်ကနေ.. စာရေးကြ..ပြောကြတာကို.. လွန်ခဲ့တဲ့နှစ် ၁၀ဝလောက်ကလူတွေ သွားပြောရင်.. သရဲတစ္ဆေ..နတ်လို့ ပြောကြမှာပဲ..

        ဆိုတော့..
        အခုမှ မိတ်ဆွေတွေပိုရနေတယ်.။ :kwi:
        ဘိုးဘိုးအောင်.. ဇော်ဂျီအပါအဝင်နတ်တွေ..နတ်တွေများ.. ။
        ၃ရမင်း..၃ရယောက်လောက်မှတ်နေတာ..။

        အပြင်/အတွင်း..ဘေးတိုက်နဲ့.. ပေါင်းမနည်းဘူး..

        တမလွန်မှာ မန်းဂဇက်အတွက် မင်န်ဘာရှာပြီး ပြန်ခဲ့မယ်..။

        • pooch

          October 10, 2012 at 12:47 am

          စားပြီးပြီ သနပ်ခါးနဲ့ ပန်းသီး မသေသေးဘူး ခုတော့ ။
          နောက်ရက်တော့ မသိဘူး။ :mgreen:

          ဖြစ်ပုံက ဒီလို မူစယ်က သူငယ်ချင်း က ပန်းသီး တွေ လက်ဆောင်လာပေးတယ်။ ကျွတ်တုန်းစားဆိုတာနဲ့ အမေက ခွဲပြီး အသင့်စားလို့ရအောင် စားပွဲပေါ် တင်ပြီး ထားထားတယ်။ အန်တီလေးက နေ့တိုင်း သနပ်ခါးမြစ်သွေးသောက်တယ် ။

          အပူကင်းအောင် လေကောင်းအောင် ဆိုပြီး ခပ်ငယ်ငယ်ထဲက သောက်ကျင့်ရှိလို့ သောက်တယ်။ သူက ဆားလေးမှုန်မှုန်ထည့်သောက်မယ် ဆိုပြီး စားပွဲပေါ် သနပ်ခါးမြစ်သွေးပြီးသား ဇွန်းလေး လာတင်တယ်။ ကိုယ်က ပန်းသီးစိတ်ကို ယူတဲ့အချိန် သူ့ဇွန်းထဲ ကျသွားပါလေရော။

          အဲ့တော့လည်း ဘာဖြစ်လည်း အောက်ကျတာမှ မဟုတ်တာပဲ ဆိုပြီး ပါးစပ်ထဲ ပြန်ထည့်တယ်။ ခါးသက်သက် ချိုချို ကျွတ်ကျွတ်လေး။ 😀

    • ကြောင်ဝတုတ်

      October 9, 2012 at 4:51 pm

      သူကြီးရေ…
      ပန်းသီးမွှေးမွှေးလေးနဲ့ သနပ်ခါးအနှစ်လေးအပြင် ပိုပြီးအနံ့လေးပြည့်စုံသွားအောင် ကရမက်ဖြစ်ဖြစ်… နံသာဖြူလေးဖြစ်ဖြစ် ရောထည့်ပြီးသောက်လိုက်နော်…ဟိဟိ

      သို့ပေသည့် မန်းဂေဇက်ရဲ့ အက်ဒမင် ယူဇာနိမ်းနဲ့ ပတ်စဝေါ့ကိုတော့ ကျွန်တော့ဆီပို့ထားခဲ့ပါနော်…
      ဘာပဲဖြစ်ဖြစ် သူကြီးကို ပြန်တမ်းဖတ်ပေးပါ့မယ်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

    • ဦးဦးပါလေရာ

      October 9, 2012 at 8:14 pm

      သူကြီးကိုတော့ မတားတော့ပါဘူး…
      အဲဒါလေးမစမ်းခင် ဆုပေးပွဲမှာ မဲဖေါက်ဖို့လက်ဆောင်လေးများ ကြိုပို့ထားလို့ပဲ.. :harr:

    • (ဖရဲသီး နှင် ့နို ့မျိုး
      ဖရဲသီး နှင့် ဘဲဥ)

      အဲဒါတွေက အပြင်မှာရောစားရင် မသေဘူး။
      ဗိုက်ထဲမှာရောသွားမှ ဓါတ်ပြုပြီး အမြုပ်တွေထ အစာအိမ်ပြည့်ကျပ်ပြီးသေတာပြောတယ်။
      ကြားဘူးတာပြောတာ ။
      ဟုတ်မဟုတ်တော့ မသိဘူး၊
      သေချာချင်ရင်တော့ ဖရဲသီးစားပြီး နို့ ဒါမှမဟုတ် ဘဲဥစားကြည့်ပေါ့။
      ရလဒ်ကလေးတော့ ရသလောက်ရေးပေးခဲ့ဦးနော်။
      ဟုတ်မဟုတ်သိရအောင်

  • ဦးဦးပါလေရာ

    October 9, 2012 at 8:22 pm

    တွဲဖက်မစားသောက်သင့်ဘူးဆိုရာမှာ
    တွဲစားတိုင်း သေမယ်လို့တော့မဟုတ်ပါဘူး..။
    တချို့အစာအတွဲတွေက ပါဝင်တဲ့ဓါတုပစ္စည်းချင်းမတည့်တာ
    တချို့အစာအတွဲတွေက အပူ/အအေး ဓါတ်သဘာဝချင်းမတည့်တာ
    တချို့အစာအတွဲတွေက ဆန်းသဘော/ ကက်ကင်းသဘော/ စသည်ဖြင့် ဝေဒနည်းအရ မတည့်တာ
    တချို့အစာအတွဲတွေက (ဒုက္ခမပေးတောင်) မလိုလားအပ်တဲ့ အကျိုးတွေရတတ်လို့ မတည့်ဘူး ဆိုရတာဖြစ်ပါတယ်။
    အဲ.. အဲ… အဲလိုကြားဖူးကြောင်း ကိုခင်ခရဲ့ ပိုစ့်လေးကို အားဖြည့်ဆွေးနွေးရပါတယ်ဗျာ…။
    😛

  • အနော်က အရင်တုန်းက
    ဖရဲသီး နဲ့ ဘဲဥ လောက်ပဲ
    တွဲဖက် မစားသင့်တာကို သိထားတာ ..
    ခု ဦးခင်ခကြီး ရေးပြလိုက်မှ လား .. လား .. အားဂျီးပဲဟ .. ဆိုပြီး .. ဖြစ်တွားရပါလယ် ..
    ခုလို ရေးပြတဲ့ ဦးခင်ခကြီးကို ကျေးဇူးပါ ဆိုတဲ့အကြောင်း ….

  • candle .

    October 9, 2012 at 9:11 pm

    ကိုခင်ခ ရေ..
    သိသင့်တဲ့ဗဟုသုတလေးတွေ..
    ပိုက်ဆံမကုန်ဘဲရတဲ့အတွက်ကျေးဇူးပါ..
    ထမင်းစားခန်းလေးထဲမှာ ကပ်ထားဖို ့
    ထုံးစံအတိုင်း ကော်ပီယူသွားပြီနော်..

  • kai

    October 9, 2012 at 11:04 pm

    ဆိုတော့…
    အင်တာနက်ကနေ.. အမြန်ကုထုံးလေးနှိုက်ယူပြီး.. တင်ပေးလိုက်တယ်..
    အိမ်မှာကပ်ထားကြစေလိုကြောင်း…

    First Aid & Emergencies
    Food Poisoning Treatment

    1. Control Nausea and Vomiting

    Avoid solid foods until vomiting ends. Then eat light, bland foods, such as saltine crackers, bananas, rice, or bread.
    Sipping soda may help prevent vomiting.
    Don’t eat fried, greasy, spicy, or sweet foods.
    Don’t take anti-nausea or anti-diarrhea medication without asking your doctor. They may make some kinds of diarrhea worse. Your doctor may give you anti-nausea medication if you are at risk of being dehydrated.

    2. Prevent Dehydration

    Drink clear fluids, starting with small sips and gradually drinking more.
    If vomiting and diarrhea last more than 24 hours, drink an oral rehydration solution.

    3. When to Call a Doctor

    Call a doctor immediately for diarrhea:

    That lasts more than 3 days
    That happens after you eat seafood or mushrooms
    Accompanied by a fever
    With blood or dark stools
    With prolonged vomiting that prevents keeping liquids down
    With signs of severe dehydration, such as dry mouth, decreased urination, dizziness, fatigue, or increased heart rate or breathing rate.
    ==========
    အင်တာနက်ထဲက တွဲမစားသင့်ဘူးပြောထားတာတွေ..

    Pork + water chestnuts = a stomach ache
    Beef + chestnuts = vomiting
    Lamb meat + watermelon = a decreased vigor for life
    Dog meat + green beans = poisonous to the body
    Rabbit meat + celery = loss of hair
    Chicken + celery = a decreased vigor for life
    Goose meat + chicken eggs = a decreased vigor for life
    Turtle meat + amaranth (a nutritional herb) = poisonous to the body
    Carp + liquorice (not the candy) = poisonous to the body
    Crab + persimmon fruit = diarrhea
    Chicken eggs + saccharin = poisonous to the body, potentially fatal
    Brown sugar + preserved eggs = poisonous to the body
    White wine (白酒) + persimmon = chest pains
    Onions + honey = damaged vision
    Radish + fungus = dermatits (a skin disease)
    Bean curd + honey = makes you deaf
    Potatoes + bananas = (I can’t figure the translation for this one…sorry. Anyone willing to try it out and let me know its effects?)
    Bananas + sweet potato = a bloated belly
    Peanuts + cucumbers = harmful to the body
    Sweet potatoes + persimmon = lithiasis (formation of stones, such as the kidney stone)
    http://www.farwestchina.com/2009/06/crazy-chinese-health-notice-answers.html

    Remember Not to Eat These Foods Together with Eggs
    http://health.ezinemark.com/remember-not-to-eat-these-foods-together-with-eggs-7d34eb7fd7dc.html

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    October 10, 2012 at 2:19 am

    သင်တို့သည်အထက်ပါအစားအစာများကိုစားပီးကြွသွားပါက
    ဂေဇက်နှင့်သင်တို့ဘာမှမဆိုင် သင်တို့လိုရာကိုသွားနိုင်ဘီ
    ပုံ
    ကျန်ရစ်သူများ :harr:
    တစ်ခုကိုတစ်ခုအပြန်အလှန်အညမညပစ္စယောမှဖြစ်တာလားပြောတတ်ဘူး
    သတ္တဝါတိုင်းရဲ့ အသွေးသားဖွဲ့စည်းပုံက တူမှမတူတာ
    ( ဖြစ်တတ်တယ် ) ဒီလိုဆိုနိုင်မလားဘဲ
    ဆိုလိုတာက အချို့ကဟိုဟာနဲ့တဲ့ဒယ် ဒီဟာနဲ့တဲ့ဒယ် အဲ.. ဟိုဟာနဲ့ ဟိုဥစ္စာနဲ့ကျတော့မတည့်ပျံဘူး
    ဟိုဒင်းနဲ့ ဟိုဒါကျတော့ တည့်တဲ့အခါတည့်တယ် မတည့်တဲ့အခါမတည့်ဘူး
    သူ့ဖါသာတည့်တဲ့အခါကျတော့လည်း တန်းးးးးးးးးးးနေတာဘဲ
    ဒီလိုလေ
    တည့်တဲ့ဟာနဲ့တည့်တယ် မတည့်တဲ့ဟာနဲ့မတည့်ဘူး
    တည့်ခြင်တည့်မယ် မတည့်ခြင်မတည့်ဘူး
    နည်းနည်းဆိုတည့်တယ် များများဆိုမတည့်ဘူး
    အနေတော်ဆိုတည့်တယ် အနေမတော်ရင်မတည့်ဘူး
    စာရင်းချုပ်လိုက်တော့ တည့်တဲ့လူနဲ့တည့်တယ် မတည့်တဲ့လူနဲ့မတည့်ဘူးဟယ်
    ( ငါးကတစ်နဲ့ ကြာဟင်း ) လို့ဆိုထားတယ်
    ( ကြုံလို့ပါ ငါးဆိုတာကိုမွန်လို ( က ) လို့ခေါ်တယ် ကရင်လို ( ည ) လို့ခေါ်တယ် )
    ကြာပင်ဆိုတာက ဘယ်လိုကြာအမျိုးအစားကိုပြောလည်း သိဘူး
    အမှန်က ကြာပင်နဲ့ ငါးကို ချဉ်ဟင်းချက်စားနေကြတာဘဲ
    ( Bananas + sweet potato )
    ( Potatoes + bananas ) ((I can’t figure the translation for this one…sorry. Anyone willing to
    try it out and let me know its effects?) တေဂျင်းဂျိုးရဲ့မတည့်ဘူးဆိုရင် ကိုယ့်ဖါသာစမ်းကြည့်ဘာလား 👿
    ဒဘိုင်းလောက်ရရင် ရဒဲ့ဒဘိုင်းနဲ့ အဲ့ဒါတွေကို အမြည်းလုပ်ပြမယ် :mrgreen:

  • အရီးခင်လတ်

    October 10, 2012 at 2:37 am

    ရေးးးးးးးးးးးးးးးးး
    ဒါမှ တို့ သူကြီးကွ။
    ရွာ မှာ မန်ဘာ တိုးရေး အတွက် ဖြတ်လမ်း နည်းသုံးတော့မယ်ပေါ့လေ။ ဉာဏ်သွားပုံများ။
    သူကြီးနာမည်ကို စိန်စီပေးဦးမှာ။

    တမလွန် က မန်ဘာ နဲ့ လက်ရှိမန်ဘာ Post တင်ဖို့ အရေအတွက် ဘယ်သူများ မလဲ စာရင်းပြုဖို့ မျှော်နေပါ၏။
    လက်ရှိ မန်ဘာတွေ လက်သွေးထားကြဟေ့နော်။ :kwi:

    ကိုခင်ခ ရှင့်
    စေတနာနဲ့ တင်ပေးထား တဲ့ အတွက် ကျေးဇူးပါ။
    တစ်ချို့ အတွဲ တွေကတော့ မဟုတ်ဘူးထင်တာပါဘဲ။
    ဒါပေသည့် သိထားတော့ ဆင်ခြင်လို့ ရတာပေါ့။
    အဲလို တွဲမစားရ လို့လဲ သေမှာမှ မဟုတ်တာ။
    ရှောင်လို့ ရပါတယ်။

    မတော်လို့ စားမိလဲ Research လုပ်ပြီးဖြစ်တာပေါ့။
    မှတ်တမ်းလေးတော့ ပို့ပေးသွားကြဦး။ :harr:

  • မောင်ပေ

    October 10, 2012 at 2:45 am

    လေးခ ရေ လောလောဆယ်တော့
    ကုလားမနဲ့ဝက်သား လို့ မန့်ခဲ့တယ်
    ပြန်လာမန့်ဦးမယ်

    • kai

      October 10, 2012 at 3:13 am

      ဟိန္ဒူကုလားမက.. ဝက်သားမှဝက်သားတဲ့..။
      မြန်မာတွေပြောပြောနေတဲ့.. “အသီးမှာသရက်.. အသားမှာဝက်” ဆိုတာ.. မူရင်း..ဟိန္ဒူကခင်ဗျ..။
      သူတို့နဲ့မတည့်တာက.. အမဲသား..

      ဆိုတော့…
      ဘာသာရေးထိခိုက်သလိုဖြစ်ပါရင်… တောင်းပန်ကြောင်း.. :harr:

  • နေဝန်းနီ

    October 10, 2012 at 9:32 am

    ကိုခရေ….။ တွဲဘက်မစားသင့်တဲ့ အစာက တစ်ခြားတော့ မဟုတ်ပါဘူးဗျာ…။ လက်ဘက်နဲ့ အချိုမှုန့်တော့ တွဲမစားနဲ့ဗျို့…။ တစ်ရက်က ကျွန်တော့ဆိုင်မှာ လက်ဘက် ရောင်ဖို့ ချိန်ပါတယ်…။ လက်အိတ်ပါပါဘူး …။ လက်နဲ့ပဲ ကိုင်ပြီး ချိန်ရပါတယ်…။ အဲဒါပြီးတော့ စိနက လာတဲ့ အချိန်မှုန့် ထပ်ချိန်ရပါတယ်…။ ခါတိုင်းတော့ ဇွန်းနဲ့ ခပ်ပါတယ်…။ အဲဒိနေ့ကတော့ ဇွန်းက မအားတာနဲ့ စောစောကလက်ဘက်ကိုင်ထားတဲ့လက်နဲ့ပဲ အတိုးအလျော့လုပ်မိပါတယ်…။ ခဏနေတော့ ကျွန်တော့လက်ချောင်းတွေ မဲနေပါရောလား…။ အမေကပြောတော့ လက်ဘက်က ဆိုးဆေးနဲ့ အချို့မှုန့် မတည့်လို့ရှိမှာပေါ့တဲ့…။ ဆပ်ပြာမှုန့်နဲ့သုံးခါလောက်ဆေးတာတောင်မပြောင်ချင်သေးဘူး…။ ကျွန်တော်တို့ ဘုမသိဘမသိနဲ့ လက်ဘက်နဲ့ အချိုမှုန့် နယ်ပြီးစားလာကြတာကြာလှပါပကော………. အဲဒိလို စားလို့ ဝမ်းထဲကကလီစာတွေ ဘယ်လောက်များမဲနေပြီမသိ…………… လတ်တစ်လော ဘာမှမဖြစ်သေးပေမဲ့ ဘယ်အချိန်မှာ ဘာဖြစ်လာမယ်မသိ………….. ကျွန်တော်တော့ လက်ဘက်သုပ်ဆိုရင် ကြောက် ကြောက်ပဲ………

  • ကိုခင်ခ

    October 10, 2012 at 10:00 am

    ဝင်ရောက်ဆွေးနွေး ပြောဆို၊ဖြည့်ဆည်း ကွန်မန့်ပေးကြကုန်သော သူကြီးနှင့် ရွာသူားများကို ခင်ခ မှ ကျေးဇူးအထူးပင်တင်ပါကြောင်းခင်ဗျ၊ တကယ်တွဲစားမိ သုံးစွဲမိရင် ဘေးဖြစ်စေမှာလား သေမှာလား ဆိုတာတော့ စားတဲ့အချိန် ကိုယ်ခံအားကောင်းခြင်းလုံလောက်မှု့ရှိခြင်း၊ မရှိခြင်း၊ အရွယ်အနေအထား၊ တွဲစားတဲ့ပမာဏ၊ အဲဒီတွဲစားခြင်းနှင့် အတူ အခြား ပူးပေါင်းစားတဲ့အရာ အဲလိုတွေလည်း အများကြီးစပ် ဆပ်လိမ့်မယ်ထင်ပါတယ်၊ တကယ်တည့် မတည့်ကတော့ ကျွန်တော်လည်း သေချာလေ့လာ ဖတ်ထား တာမျိုးမရှိလို့ အတိအကျမပြောတတ်ပါဗျ၊ ဘာဘဲဖြစ်ဖြစ် ဗဟုသုတ အဖြစ်လေးဖတ်ထားသင့်တယ် ထင်လို့စုစည်းပြီးတင်ခဲ့တာပါခင်ဗျ၊ ကျွန်တော်တစ်ခုဘဲပြောနိုင်တာရှိပါတယ် သေချိန်တန်ရင်တော့
    သေမှာပါဘဲလို့၊ ဘယ်လိုသေကြမယ်တာ သေချာမပြောနိုင်တာပါလို့။
    ကျေးဇူးတင်ခြင်းနှင့်အတူ ခင်မင်လျှက်-
    ကိုခင်ခ။

  • mayjuly

    October 10, 2012 at 12:16 pm

    ဖရဲသီးနဲ့ ဘဲဥ တွဲစားချင်သူများအတွက် .. :hee:
    ဖရဲသီး ကို ထက်ခြမ်းခွဲပြီး ဘဲဥ ခေါက်ထည့်လိုက်ပါ..
    အမြှုပ်လေးတွေထလာပါလိမ့်မယ်..
    အဲဒီ အမြှုပ်လေးတွေ ငြိမ်သွားပြီဆိုလျှင် စားကြည့်ပါ ….
    ဘာမှမဖြစ်ဘူးဆိုရင် ဘာမှ မဖြစ်လို့ပေါ့နော် … :kwi:

  • kokothandar

    October 10, 2012 at 12:50 pm

    ကောင်းပါလေ့ ကောင်းပါလေ့။ ဆွဲကြိုးချစရာ မလိုတော့ဘူး။ သေချင်ရင် မတည့်တဲ့ထဲက ကိုယ်စားချင်တာ လေးရွေးပြီးစား သေဖို့အိပ်ယာလေးကို သပ်သပ်ရပ်ရပ်လေး ပြင်နဲ့အသက်ထွက်သွားရင် ယောက်ျားလေး ဆိုရင် နတ်သမီးလေးတွေ တစ်ဖက် လေးငါးရာ မိန်းကလေးဆိုရင် သိကြားမင်းရဲ့ မိဖုရားခေါင် ကြီး ဖြစ်လောက် ပါရဲ့လေး။

  • Ma Ei

    October 10, 2012 at 12:51 pm

    သေချိန်တန်ရင် သေမှာတော့ သေချာတာပေါ့နော်…
    အချိန်မတန်ခင် အသက် ဉာဏ်စောင့် ဆိုသလို
    သတိထားသင့်တာလေးထားရမှာပေါ့လေ…
    စာထဲပါတာ အကုန်တော့လဲ ဟုတ်ဟန်မတူဘူး…
    ဒါပေမဲ့ ယုံလိုက်ပါမယ်လေ…
    :hee:

  • surmi

    October 10, 2012 at 1:09 pm

    သနပ်ခါးဆိုတာလေး နဲနဲပြောဦးမယ်
    မနေ ့က ကွန်မန် ့ရေးမရလို ့
    ဒီလိုပါ သနပ်ခါးလို ့ဆိုရာမှာ သနပ်ခါးနဲ ့အလွန်တူတဲ ့ အပင်များစွာ
    ရောနှောပေါက်နေတတ်ပါတယ် ။သွေးလိမ်းရင်တူပါတယ်
    အနံ ့သာကွဲတာပါ ။ဒါကလည်း တော်ယုံလူမသိနိုင်ပါဘူး
    ဒီတော ့ သနပ်ခါးကြောင့်လို ့ပြောရင်တော ့မမှန်နိုင်ပဲ သနပ်ခါးနဲ ့
    တူသောအပင်ရဲ ့အဆိပ်ကြောင့် ဆိုရင် မပြောတတ်ပါ ဗျာ

  • ကိုခင်ခ

    October 10, 2012 at 1:42 pm

    နေဝန်းနီရေ လက်ဘက်နဲ့ အချိုမှုန့် ကတော့ သုံးစွဲခဲ့ကြပါတယ်၊ ဆိုးဆေးပါလို့ဖြစ်မယ်ထင်တာဘဲနော်။

  • ကိုခင်ခ

    October 10, 2012 at 1:43 pm

    ကိုဆာမိရေ သနပ်ခါးနဲ့ပန်းသီး မတည့်ဘူး အဆိပ်သင့်တယ်လို့တော့ အထက်မှာဖော်ပြထားတဲ့ထဲ၌ စာရင်းထဲမှာတော့ မပါသလို၊ လိုက်မေးမြန်းစုံစမ်းတော့လည်း သေချာတဲ့အဖြေမရဘူးဗျ၊ ဖေ့ဘုတ်မှပျံနေလို့ အခုလို မတွဲဖက်ရအရာတွေ စုဆောင်းဖော်ပေးလိုက်တာလေ။ ကိုဆာမိပြောသလို ဖြစ်ပျက်စဉ်က သနပ်ခါး အစစ်လားဆိုတာလည်း တွေးစရာပါ။

    kokothandar ရေ တစ်ခုအကြံပေးမလို့ စားပြီးတဲ့နေရာနဲ့ အိပ်ယာနဲ့ ကအလှမ်းဝေးခဲ့ရင် အိပ်ယာပေါ် မရောက်မှီမှဖြစ်သွားမှဖြင့်၊ ဒိလိုလုပ်ပါလား အိပ်ယာပေါ်မှာဘဲ စားပြီးအိပ်နေလိုက်ရင် ပိုမကောင်းဘူးလား။

    မအိရေ စာထဲမှာပါတဲ့အားလုံးတော့ ဟုတ်မဟုတ်မပြောတတ်ပါ ကျွန်တော်လည်းသေချာမသိလို့
    ရေးထားတဲ့အတိုင်း ကယ်ရီလုပ်ပေးလိုက်တာ၊ ဦးပါလေရာ ဖြည့်ပြီးမန့်ထာလေးလို ထင်ပါတယ်၊
    သေချိန်တန်သေမှာပါ ဆိုတာက ကျွန်တော်နောက်ပြီးရေးထားမိတာပါ ခင်ဗျ စိတ်ဆိုးတော် မမူပါနဲ့ဗျ။

    မေဂျူလိုင်ရေ ကျွန်တော်အသက်က စပယ်ယာမပါလို့ မစမ်းတော့ဘူးနော်။

  • R Ga

    October 10, 2012 at 2:52 pm

    ကျွန်တော်တို့ ဂေဇက် အရက်သမား သမဂ္ဂဝင် များ ရှောင်နိုင် ရှားနိုင်လို့ ဒါလေးတွေကို ရွေးချယ်မှတ်သားသွားပါတယ် လေးခ ရေ..။

    ကန့်ချုပ်နီ နှင့် သေရည်သေရက်အမျိုးမျိုး
    ဇာဒင်း(Zadine) နှင် ့အရက်
    ဉာဏ်ရွက် နှင် ့သေရက် အမျိုးမျိုး
    ပိုင်ရီတွန် (Piriton) နှင့်အရက်
    ထန်းရည်ကိုငှက် ပျောသီး စားပြီး သောက်ခြင်း
    ထန်းရည်ချို နှင် ့ ဝက်သား
    ဗျိုင်းနှမ်းနှင် သေရည်
    သေရည်သေရက် နှင့် နို ့အမျိုး၂
    သေရက်မျိုး နှင့် သမုန်း ဧကရာဧ်
    သေရည်သေရက် နှင့် နှမ်းမှုန် ့ဆုပ်
    သေရက်မျိုး နှင့် ပိတ်ချင်းရွက်
    သေရည် နှင့် ဗျိုင်းအောက်သား
    ဟစ်တမင်း (histamine) နှင် ့အရက်
    အရက် နှင် ့ဘိန်း
    အရက် နှင် ့ဘာမိတွန်
    မက်ထရိုနီဒါဇော(meronidazole)နှင် ့အရက်

  • မိုချို

    October 10, 2012 at 2:53 pm

    ကိုခင်ခရဲ့ တွဲမစားသင့် တဲ့ ထဲက တချို့ ကို တွဲ စား ဖူး သလို သဂျီး ရဲ့ အင်တာနက်ထဲက အတွဲ တစ်ချို့ လည်း စား ဖူး ပါတယ်။ ဘာတွေ ဖြစ်ခဲ့ လဲ လို့ သတိမထား မိပါဘူး။ ကိုယ့် ဘာသာ ကိုယ် အခန့် မသင့် လည်း ခေါင်း မူး၊ ခေါင်း ကိုက်၊ ဗိုက်နာ၊ ဗိုက်အောင့် က ဖြစ်တတ်တော့ ဘာတွေ စား မိလို့ ဘာ ဖြစ်တယ် လို့ တခါမှ မဆန်း စစ် မိပါ။
    စားနေကြ မဟုတ်တဲ့ အစာ ကို စ စား မိရင် တော့ သတိထား ပြီးတခြား အဆိပ် အတောက် ဖြစ်နိုင် တဲ့ ဟာတွေ မစားပဲ နေဖြစ်ပါတယ်။ ဥပမာ ပြောရရင် မှတ်မှတ် ရရ ဒီ ရောက် စ ဆယ်လမွန် ခါး ကို စပြီး စား တဲ့ နေ့ က ဒညင်း သီးတွေ ပြုတ်ပြီးတော့ မှ တဲ့ ပါ့ မလား ဆို ပြီး မစား ပဲ ထား လိုက် ပါတယ်။ နောက် ပိုင်း မကြာ ခဏ စား ဖြစ် သွားတော့ ရဲ သွား ပြီး သတိတောင် မထား မိတော့ ပါဘူး။ အစား တစ်လုတ် အတွက် ရတက် မပွေ ရအောင် ကိုယ့် ကို ကိုယ် သတိ လေး ထား သွား ရင်တော့ အကောင်း ပေါ့။

    • ကိုခင်ခ

      October 10, 2012 at 3:22 pm

      မောင် R Ga တို့ စုစည်းချက်ကတော့ ကောင်းသဗျို့။

      မိုချို ရေ သတိဆိုတာတော့ ပိုတယ်မရှိဘူးပေါ့ဗျာ။

  • mayjuly

    October 10, 2012 at 4:34 pm

    ပန်းသီးနဲ့ သနပ်ခါး မတည့်ဘူးဆိုတာကတော့ ..
    ခုနပဲ အစ်မ တစ်ယောက်ကပြောပါတယ်..
    သနပ်ခါး မစစ်ရင် .. ဖြစ်တတ်တာပါတဲ့ ..
    သနပ်ခါး အတု (သစ်ပုလွေ) သား က အဆိပ်ရှိတဲ့ အပင်ဆိုတော့ ..
    ပန်းသီးနဲ့ မတည့်တာ ဖြစ်နိုင်ပါတယ် ဆိုပဲ …

  • စိန်ဗိုက်ဗိုက်

    October 10, 2012 at 4:45 pm

    သဂျီးရေ
    အမြှ အမြှ အမြှ
    :harr:

  • သေရင်သေ သေရင်မြေကြီးပါကွယ်
    ရွှေထီးကိုလဲမောင်မမျှော်မှန်းတယ် လို့ယူဆသူများ မှန်မမှန်သိရအောင်အများအကျိုးကိုမျျော်ကိုးပြီး
    စမ်းစားကြည့်သင့်ပါကြောင်း

Leave a Reply