မန်းဂေဇက်ချစ်သူများစာပေဆုအောက်တိုဘာအတွက်ကို မနေ့က တိုးတိုးတိတ်တိတ် ကြိတ်ရွေးပြီး စောစောစီးစီး ပဲ အဖြေထွက်လာတယ် ။  နောက် ပိုစ့်တွေကိုလဲမရွေးတော့ဘူးတဲ့  ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ ပိုစ့် က အရမ်းကောင်းနေလို့ ပြိုင်ဘက်မရှိဘဲစောစောစီးစီးကြိုပေးထားတာဆိုပြီး ဖုန်းဆက်အကြောင်းကြားလာပါတယ်။    နောက်ပြီးရွာထဲကနာမည်အလိုလိုကြီးပြီးသား ပုဂိုလ်ကြော် တွေလဲ သူ့ဘာသာသူတိုးတိုးတိတ်တိတ် အဲဒီပွဲကိုတက်ရောက်လာပါတယ်။ ပွဲကိုတော့ အမြင့်ဆုံးဖြစ်အောင်ပြုလုပ်မယ်ဆိုပြီး sakura tower အထပ်နှစ်ဆယ်က sky bristo မှာလုပ်ပါတယ် ရန်ကုန်မှာတော့ သူထက်မြင့်တဲ့ဆိုင်မရှိတော့လို့ အဲဒီမှာပဲလုပ်စေချင်တယ်ဆိုပြီး သူကြီးကိုတိုင်က လှမ်းပြီးတောင်းဆိုထားတာပါ။

ပွဲစပြီဆိုတာနဲ့ အကဲဖြတ်ဒိုင်အဖွဲများဖြစ်ကြတဲ့

ဦးဦး ပါလေရာ၊ ကိုဘလက်ချော၊ မပဒုမ္မာ၊ ကိုကြီးမိုက်၊ ကိုပေါက်(မန်း)၊ မမ၊ ဝေဝေ၊ ကိုထူးဆန်း၊
အရီးခင်လတ်၊ Fatty Cat နဲ့ Shwe Tike Soe တို့က

ကျွန်တော်ရဲ့ ဘယ်လိုအရေးအသားတွေကြောင့် ဘယ်လိုပေးဖို့ဆုံးဖြတ်လိုက်တယ်ဆိုတာ အာဇဝန်း ရွှင်ရွှင်နဲ့ပြောကြပါတယ်။ ဆုကိုတော့ ဒီတစ်ခေါက် သူကြီးကဟိုကနေ့ ပို့ပေးလိုက်တာတဲ့ တန်ဖိုးအရမ်းကြီးလို့ custom မတွေ့အောင်ခိုးပြီးသယ်လာရတယ်ဆိုပြီး ကျွန်တော့်ကိုလက်ဆွဲသေတ်တာ အနက်လေးတစ်ခုကို ကိုကြောင်ကြီးက လာပေးပါတယ် သူတို့လဲဘာမှန်းမသိဘူးတဲ့ တစ်ချက်လောက်အားလုံးမြင်အောင်ဖွင့်ပြဘာလို့ ဆိုတယ် အဲဒါနဲ့ ကျွန်တော်လဲ အားရဝမ်းသာပေါ့ဗျာ သူကြီးဟိုကနေခက်ခက်ခဲခဲနဲ့ ပို့လိုက်ရတဲ့ဆုဆိုပြီး အားလုံးကိုကြည့်ပေတော့ဆိုပြီး သူတို့ဖက်လှည့်ပြီး ဖွင့်ပြလိုက်ပါရော။

ဟာ………..ဟင်…………ဟို……အားလုံးမျက်လုံးပြူးသွားတယ် ပြေးပြီ အကုန်ထွက်ပြေးကြပြီ ဘာဒွေဖြစ်ကုန်တာလဲဟ ကိုကြောင်ကြီးဆို သူ့ကိုလုံးကြီးနဲ့ Elevator ကနေမဆင်းပဲ လှေကားကနေဆင်းပြေးသွားတာမြန်မှမြန် မျက်စိတမှိတ်အတွင်းအောက်ရောက်သွားပြီ

ဦးဦး ပါလေရာ၊ ကိုဘလက်ချော၊ မပဒုမ္မာ၊ ကိုကြီးမိုက်၊ ကိုပေါက်(မန်း)၊ မမ၊ ဝေဝေ၊ ကိုထူးဆန်း၊
အရီးခင်လတ်၊  နဲ့ Shwe Tike Soe    တို့ကိုအောက်ကနေပြီး သူ့ ကိုယ်လုံးကြီးပေါ်ခုန်ချလိုက်ဆိုပြီး ဝမ်းလျားမှောက်ပေးတယ်။

ဟ…..ဘာတွေဖြစ်ကုန်တာလဲ ပြေးတဲ့သူကပြေးခုန်ချတဲ့သူတွေကခုန်ချနဲ့ဆိုတော့ ကျွန်တော်ခေါင်းစားသွားတယ် ကျွန်တော်ဆုရတဲ့ လက်ဆွဲ သေတာ အနက်ကလေးကိုကျွန်တော်ဘက်ကိုလှည့်ကြည်ု့လို်က်တယ် အော်..ဆုတံဆိပ် ဒိုင်းလေးပါ …..အမ်…သေချာထပ်ကြည့်လိုက်တယ် အလယ်မှာကျွန်တော့်နာမည်နဲ့စာတန်းတစ်ခု SAKURA TOWER တာဝါအား အသေခံ ဗုံးခွဲသွားသော Thu Wai အား မန်းဂေဇက် အဖွင့်ဝင်များကိုယ်စား ထာဝစဉ်လေးစားလျှက် တဲ့။

အား…………….သေပြီ…..သေချာကြည့်လိုက်တော့ ပေါက်ဖို့တစ်မိနစ်တောင်မလိုတော့တဲ့ချိန်ကိုက်ဗုံးကို  အလယ်မှာ ထားပြီး ဘေးမှာ လက်ပစ်ဗုံးအလုံးသုံးဆယ်နဲ့ စီထားတာ ကျွန်တော်က ဆုတံဆိပ်မှတ်နေတာ သွားပြီ။။။။။ ကျွန်တော် ထိုးကြွေးခံလိုက်ရတာ။ ကျွန်တော် လွှင့်ပစ်လိုက်တယ် ကြောက်အားလန့်အားနဲ့ပြတင်းပေါက်ကနေ အောက်မှာ ကိုကြောင်ဝတုတ် ဝမ်းလျားမှောက်ပေးထားတဲ့ကိုယ်ပေါ်ကိုခုန်ချလိုက်တယ်။ အထပ်နှစ်ဆယ်ပေါ်ကခုန်ချရတာ World trade Center ပေါ်က ခုန်ချလိုက်ရသလိုပါပဲ အသည်းအေးလိုက်တာ။ အောက်မှာ ကိုကြောင်ဝတုတ်ရဲ့ ကိုယ်လုံးအကြီးကြီးကိုမြင်နေရပြီ။  ဟာ……သွားပြီ သူ့ကိုလဲ ကားတစ်စီးက ပွတ်ဆွဲသွားတာ သူနေရာရွေ့သွားပြီ…ဟာ..ငါသေတော့မှာပါလား အောက်မှာ ပလက်ဖောင်း စောင်းနဲ့ မျက်နှာနဲ့ကတည့်တည့်ကြီးဖြစ်နေပြီ  ကျွန်တော်မျက်စိမှိတ်ထားလိုက်ပြီး ကိုယ့်ကိုယ်ကို သရဏံဂုံတင်ထားလိုက်ပါတယ်။

ဟဲ့ဘယ်လိုဖြစ်နေတာလဲ  ကျွန်တော်မိန်းမထအော်တဲ့အသံ ကျွန်တော့်ဘေးလာကပ်အိပ်နေတဲ့ တယ်ရီယာ ချီဇူး ခွေးလေးကိုလဲ ကျွန်တော် လွှင့်ပစ်လိုက်တာ ဒေါင့်မှာခွေခွေလေး တအီအီနဲ့အော်လို့     ခြင်ထောင်ကြိုးတွေလဲပြတ်ပြီး ကျွန်တော်လဲ ကုတင်အောက်မှာခွေခွေလေး မိန်းမက အော်ပါလေရော ဟဲ့ဘာတွေဖြစ်နေလို့ ဒီလောက်ကုတင်အကျယ်ကြီးပေါ်ကပြုတ်ကျရတာလဲ  ဆိုပြီးပြောတာပေါ့ ကျွန်တော်ရေတစ်ခွက်အရင်ထသောက်လိုက်တယ် အိမ်မက်ထဲမှာ မိန်းမကို ကားအကြီးကြီးကဝင်တိုက်တာ ယောက်ျားက ဒိုင်ဗင်ပစ်ပြီးတွန်းထုတ်လိုက်လို့ဟ မိန်းမမျက်နှာမှာ နည်းနည်းပြုံးယောင်သန်းသွားတယ် ကဲကဲ အိပ်ပျော်အောင်ပြန်အိပ်လိုက်ယောက်ျား မိန်းမကျောကုန်းလေးပွတ်ပေးမယ်

ဟူးအခုမှပဲ သက်ပြင်းချနိုင်တော့တယ် အော်ငါလဲ အိမ်မက်ထဲမှာတောင်မန်းဂေဇက်ကို မက်နေတယ်လို့တွေးရင်းပြန်အိပ်လိုက်တော့တယ်။

 

 

About ဦးသု

ဦး သု has written 58 post in this Website..

ယောင် 60 ဒါပေမယ့် တစ်ခါတစ်လေ 6 ကဇောက်ထိုးဖြစ်သွားတယ်