အ သော က ကျောက် စာ ပါ – မှတ် သား စ ရာ

aye.kkOctober 9, 20121min17813

အ သော က ကျောက် စာ တော် စာ အုပ် ပါ ။ မှတ် သား လိုက် နာ သင့် အပ် လှ သော အ ချက် အ လက် အ ချို ့အား ။ မ ဖတ် မိ ရ သေး သူ တို ့အ တွက် ၊ ပြန် လည် ကူး ယူ ဖော် ပြ အပ် ပါ သည် ။

ကောင်း ကျိုး ရ ကြောင်း အ င်္ဂါ – (၅) ပါး။ (အ သော က ကျောက် စာ – p .101)

၁ ။ အ ကျိုး ကို နား လည် နိုင် လောက် သော တ ရား ဩ ဝါ ဒ ။

၂ ။ အ ကျိုး ကို သိ မြင် အောင် ဆင် ခြင် တတ် သော ဉာဏ် ။

၃။ အ ကျိုး ကို ထင် မြင် အောင် ဆုံး မ သော ဆ ရာ ၏ ဩ ဝါ ဒ ကို လိုက် နာ ခြင်း ။

၄ ။ သံ သ ရာ ဘေး ၊ မင်း စိုး ဘေး တို ့မှ ကြောက် ရွံ ့တတ် သော သံ ဝေ ဂ ဉာဏ် ။

၅ ။ အ ကျိုး ရ ရောက် ခွင့် လုံ လောက် အောင် စိုက် ထုတ် သော လုံ ့လ ဝီ ရိ ယ ။

ဒ ယာ ၊ ဒါ န ၊ သ စ္စ ၊ သော စေ ယျ – (၄) မျိုး။ (အ သော က ကျောက် စာ – P.103)

၁ ။ သ တ္တ ဝါ တို ့အား သ နား ကြင် နာ ကိုယ် ချင်း စာ ခြင်း ။ (သ နား ခြင်း)

၂ ။ စွန် ့ကြဲ ပေး ကမ်း လှူ ဒါန်း ခြင်း ။ (လှူ ဒါန်း ခြင်း)

၃ ။ ကိုယ် ၊ နှုတ် ၊ စိတ် သုံး ပါး ကို တ ရား အ တိုင်း ဖြေင့် မတ် တည့် မှန် ခြင်း ။ (ဖြောင့် မှန် ခြင်း)

၄ ။ ဤ သို ့သော ကောင်း မှု များ ကို အ သစ် အ သစ် ဖြစ် ပွါး စေ ခြင်း ဖြစ် ၏ ။ (စင် ကြယ် ခြင်း)

ပ စ္စ က္ခ တ မ လွန် ဘ ဝ ဆုံး တိုင် ကောင်း မွန် သော မ င်္ဂ လာ ကြီး – (၈) ပါး။ (အ သော က ကျောက် စာ တော် စာ အုပ် ပါ -p.64)

၁ ။ သ တ္တ ဝါ အား လုံး ကို မေ တ္တာ ထား ခြင်း ။

၂ ။ လူ သား အား လုံး အား သည်း ညည်း ခံ ခြင်း ။

၃။ သူ ငယ် ချင်း တို ့အား မ ထေ မဲ့ မြင် မ ပြု ခြင်း ။

၄ ။ မိတ် ဆွေ တို ့အား မ ပြစ် မှား ခြင်း ။

၅ ။ အ ရွယ် တူ မ ယား ကောင်း ကို ရ ခြင်း ။

၆ ။ မင်း ခ စား တို ့အ ရည် အ ချင်း ကို သိ မြင် ပြီး ချီး မြှောက် တတ် သော မင်း ကို ရ ရှိ မှီ ဝဲ ခြင်း ။

ရ ။ နတ် ရွာ လား ကြောင်း ဒါ န ပြု လုပ် ရ ခြင်း ။

၈ ။ နောက် ဆုံး ၌ အ ကျင့် စင် ကြယ် သော ရ ဟ န္တာ တို ့ရ အပ် သော အ ရိ ယ သ စ္စာ ကို ရ ရောက် ခြင်း ။

(ဒ သ နိ ပါတ် မ ဟာ မ င်္ဂ လ ဇတ် – အ သော က ကျောက် စါ တော် စါ အုပ် မှ ၊ ဗ ဟု သု တ အ ဖြစ် သိ ရှိ မှတ် သား နိုင် ပါ ရန် ။ ပြန် လည် ကူး ယူ မျှ ဝေ ခြင်း သာ ဖြစ် ပါ သည် )

13 comments

  • Thu Wai

    October 9, 2012 at 3:21 pm

    မှတ်သားသွားပါတယ်

  • aye.kk

    October 9, 2012 at 7:44 pm

    Thu Wai
    ပထမဆုံးကွန်မန်းအတွက်ကျေးဇူးတင်မိပါတယ်။

  • အမအေး ခင်ဗျာ ..
    ဖတ်ရှု မှတ်သားသွားပါတယ် …
    ဒါနဲ့ ..
    အောက်ဆုံးက မင်္ဂလာကြီး (၈) ပါးထဲက ..
    နံပါတ် (၅) အချက်မှာ ..
    အရွယ်တူ မယားကောင်းကို ရခြင်း .. ဆိုတာ မင်္ဂလာလို့ ဆိုထားသဗျ ..
    (အဲ့အချက်ကို နမူနာယူလို့ အနော်လည်း သက်တူရွယ်တူ တစ်ယောက်လောက်ဖြင့် ရှာအုံးမှ ..)
    :kwi:

    • aye.kk

      October 10, 2012 at 6:47 pm

      အံစာတုံးရေ။
      အရွယ်တူသာရှာယူပါ။
      အရွယ်တူမှနားလည်မှုတွေတူညီနိုင်မှာဆိုတော့
      အကောင်းဆုံးပါဘဲကွယ်။။။

  • pooch

    October 10, 2012 at 1:35 am

    အန်တီအေးရေ အာသောကမင်းအကြောင်း စိတ်ဝင်စားလို့ စာအုပ်တချို့ ဖတ်ဖူးသလို သူ့အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်လည်း ကြည့်ဖူးတယ်။ သူလှူခဲ့တဲ့ အလှူတွေလည်း စိတ်ဝင်စားတယ်။

    ရုပ်ရှင်ထဲက အာသောက ဘုရင်အဖြစ်သရုပ်ဆောင်တဲ့ ရှရွတ်ခန်းကလည်း စစ်ဘုရင်တယောက်ရဲ့ ရဲရင့်တဲ့ ခန့်ငြားတဲ့ ဟန်ပန်မျိုး ရှိတာမို့ သိပ်သဘောကျတယ်။

    ဒါပေမဲ့ ဂယာက ပြန်လာတဲ့ အသိက ယူလာပေးတဲ့ အာသောကဘုရင်ရဲ့ ပန်းချီဆန်ဆန် ဓာတ်ပုံကို မြင်မှ စိတ်ထဲ အတော်လေသွားတယ်။ အစစ်ဟုတ်မဟုတ်မသေချာဘူးဆိုပေမဲ့ စိတ်ထဲ တမျိုးဖြစ်သွားတယ်။

    ပုံက နှုတ်ခမ်းမွှေး အကောက်နဲ့ ကိုယ်လုံး ဝဝလေး ထိုင်နေတာ :mrgreen:

    • MaMa

      October 10, 2012 at 11:05 am

      ဗုဒ္ဓဂါယာသွားတုန်းက အာသောကမင်းကြီးပုံဆိုပြီး ဘုန်းကြီးကျောင်းမှာ ဓာတ်ပုံတစ်ပုံ တွေ့ဖူးလိုက်တယ်။
      ကြည့်ရတာ သိပ်ဝပုံမရပါဘူး။
      မယ်ပုပြောသလို နှုတ်ခမ်းမွှေးအကောက်နဲ့ပဲ။
      စိတ်ထင်တော့ စော်ဘွားကြီးလိုလို ခန့်ခန့်ညားညားပုံပါ။

      • pooch

        October 10, 2012 at 3:13 pm

        ကြည့်ရတာ ပုံတွေ ပွားရင်း ကွန့်ရင်း နည်းနည်းစီ ပျက်သွားတာဖြစ်မယ်ထင်တယ် မမရေ။ ကျမကြည့်ရတော့ ယောင်ယောင်လေး ဝနေပြီ။ အကျီ င်္လည်း မပါဘူး။ ကိုယ်ဗလာတီး ။ 😀

    • aye.kk

      October 10, 2012 at 6:40 pm

      pooch,ရေ…။
      အန်တီအနေနဲ ့ကတော့၊ဗိန္ဒုသာရမင်းကိုပုံဖော်ကြည့်မိပါတယ်။
      အသောကမင်းက-ဗိန္ဒုသာရမင်းရဲ ့သားတော်မို ့လေ။
      ဘုရင်ဖြစ်ပြီးနန်းစံ(၈)နှစ်မြောက်မှာ၊ကလိင်္ဂတိုင်းကိုတိုက်ခိုက်သိမ်းသိမ်းယူပြီး
      မှတရားသံဝေဂရတာဆိုတော့၊အဲဒီမတိုင်ခင်က
      နေထိုင်ခဲ့တဲ့အပြုအမူ။အကျင့်ရှိခဲ့တဲ့ပုံကို၊ရုပ်ထုအနေနဲ ့ထွင်းထုထားတာလည်းဖြစ်နိုင်ပါတယ်ကွယ်။

  • kyeemite

    October 10, 2012 at 10:12 am

    ၅ ။ အ ရွယ် တူ မ ယား ကောင်း ကို ရ ခြင်း ။
    ဆိုတာလေးစဉ်းစားနေမိတယ်….အရွယ်ငယ်ငယ်မယားကောင်းဆိူရင်ကောလို့..???
    :hee: :kwi:
    ကျေးဇူးနော်…
    ခင်တဲ့….

  • kyeemite

    October 10, 2012 at 1:09 pm

    မနောက်ပါနဲ့ကိုပေါက်ရာ…
    လက်ရှိ မဒမ်မိုက်က ကျနော့ထက်ငယ်လို့ပါ…
    တော်နေကြာမဒမ်မိုက်အထင်မှားပီး ကျုပ်ကိုနှိတ်ကွတ်နေပါအုံးမယ်….
    ကြီးမိုက်(မယားကြောက်)။

  • Ma Ei

    October 10, 2012 at 1:10 pm

    ဘဝဆုံးတိုင် ကောင်းမွန်သော မင်္ဂလာများအကြောင်းကို
    ဖတ်ရှုမှတ်သား ဗဟုသုတ ရယူသွားပါတယ်..အမအေးရေ…

  • aye.kk

    October 10, 2012 at 6:57 pm

    ုkyeemite,..ရေ။
    လှေခါးသုံးထစ်ဆင်းရင်လူပျိုဘဲမဟုတ်လားကွယ်။
    ————————————————————————————————————
    ကိုပေါက်
    အိပ်မက်လောက်တော့စိတ်ကူးမိမှာ။
    အဲဒါတောင်ဂဏန်းလက်မနဲ ့အညှပ်ခံနေရဦးမလားမသိ။(စတာ)
    ————————————————————————————————————Ma Ei,…ရေ။
    ကျေးဇူးပါ။

Leave a Reply