ရင်ဘတ်ထဲက အမှန်တရား

“ဆရာရယ် အဲသည်မိန်းမကို သမီးမပြောချင်ပါဘူး”
ဆိုနင့်နင့်ထွက်ပေါ်လာတဲ့အသံနဲ့ ခေါင်းကိုခါရမ်းကာ မျက်ဝန်းကခပ်လဲ့လဲ့။ သူမစကားပြောနေတဲ့ ပုံစံက ကျွန်တော့်ရင်ဘတ်ကို စူးနင့်သွားစေသည်။
“သူသမီးတို့ကို ထပ်မတွေ့တော့ဘူးဆရာ အားလုံးနဲ့လည်း အဆက်အသွယ်ဖြတ်လိုက်တယ်။ သူမို့လို့ လုပ်ရက်တယ်ဆရာရယ်……..”
သူမရဲ့စကားအဆုံးက တိမ်ဝင်သွားကာ နံရံကိုတစ်ချက်မှီလိုက်၏။
“ဖြစ်ပြီးမှတော့ဟာ ငါတို့တွေ နောက်ထပ်ဒီလိုမျိုးမဖြစ်အောင် နီးရာလက်ဆင့်ကမ်းဖို့ပဲရှိတာပေါ့”

 

ကျွန်တော်သူမပုခုံးကို ခပ်ဖွဖွပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။ ရင်ထဲတွင် လှိုက်လှိုက်လှဲလှဲ ဆုံးရှုံးမှုမျိုး ကျွန်တော်နှင့်အတူ သူမပါခံစားနေရမည်ဟု ကျွန်တော်အသေအချာပြောရဲသည်။ သင်တန်းအဆင်း ကျွန်တော့် ကို နှုတ်ဆက်ကာ ခပ်ယဲ့ယဲ့ခြေလှမ်းများဖြင့် ထွက်ခွာသွားသော သူမ၏နောက်ကျော်ပြင်ကိုကြည့်ကာ ကျွန်တော် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်မိ၏။ အကျည်းတန်လှချိန်မှာ တိမ်ခပ်ပုပ်ပုပ်တွေနဲ့ ရွှေအိုရောင် တိမ်တိုက်တွေရောနှောကာ အစွမ်းကုန်လှပနေသည်။ ကျွန်တော်မနှစ်သက်ပါ ခပ်ပုပ်ပုပ်တိမ်ရောင်တွေနဲ့ ရောနှောထားတဲ့ ရွှေအိုရောင်တိမ်ရောင်တွေက အကျည်းတန်တောင် လှပသွားသည်ကို ကျွန်တော်မနှစ်သက် ပါ။
                             ******************************************
လွန်ခဲ့သော (၃)နာရီအလို
ကွန်ပျူတာသင်တန်းကျောင်းတွင် နည်းပြလုပ်ရသော ကျွန်တော့်အဖို့ အတန်းချိန်တစ်တန်းနှင့် တစ်တန်းကြား တွင်သာ စာသင်ခန်းထဲတွင်ထိုင်ကာ အနားယူနေမိသည်။ စာသင်ခန်းထဲရှိ အေးစိမ့်စိမ့်အဲကွန်းနှင့်အတူ မျက်လုံးမှိတ်ကာ အနားယူလိုက်၏
“ဂလောက်…….”
တံခါးဖွင့်ကြားသောကြောင် မှေးနေသောမျက်လုံးကို အနည်းငယ်ဖွင့်ကာကြည့်လိုက်မိသည်။
“ဆရာ…. သမီးဒီနေ့ နည်းနည်းစောသွားတယ်…”
“အေး…ရပါတယ်…ထိုင်ထိုင်”
သူမကိုကြည့်ရသည်မှာ အရင်နေ့များနှင့်မတူ ဆံပင်များကပိုကရိုဖြစ်တာ ငိုထားသောမျက်လုံးများသည် အနည်းငယ် အစ်ထနေ၏။ သူမမျက်မှန်ကိုချွတ်ကာ မျက်လုံးအစပ်ကြားကို လက်နှစ်ဖက်ဖြင့်ထောက်ကာ ဆံပင်များကို အပေါ်သို့သပ်တင်လိုက်သည်။ သူမကိုကြည့်ရသည်မှာ တစ်ခုခုအား ကြီးကြီးမားမား ဆုံးရှုံးထား သော ပုံစံမျိုး။
“နဒီ..နင်ဘာဖြစ်လာတာလဲ…”
ကျွန်တော်နှင့်ကျွန်တော်တပည့်များကြားတွင် အသက်အရွယ်သိပ်ကွာခြားမှုမရှိသောကြောင့် ရင်းနှီးစေရန် နာမည်သာခေါ်လေ့ရှိသည်။
“နင့်ကြည့်ရတာ တစ်ခုခုရုန်းရင်းဆန်ခတ် ဖြစ်လာသလိုပဲ”
“သမီးသူငယ်ချင်းနဲ့ ရန်ဖြစ်လာတာဆရာ..”
“ဘယ်လို…. မိန်းကလေးလား ယောက်ျားလေးလား…”
“မိန်းကလေးပါ……..”
သူမ၏အဖြေစကားက ရှိုက်သံနှင့်အတူ ထွက်လာ၏။ ငုံ့ထားတဲ့ သူမမျက်နှာက ကျွန်တော့်ဘက်လှည့်ကာ စူးရှရှမျက်ဝန်းအစုံနဲ့ သူမပြောလိုက်တဲ့စကားက ထိုင်နေတဲ့ကျွန်တော်ခန္ဒာကိုယ်က နောက်သို့လဲမသွား အောင်ထိန်းထားမိလိုက်သည်။
“သူ…….သမီးတို့ဘဝထဲက ထွက်သွားပြီဆရာ…… ”
“ဘယ်လို……..”
သူမရဲ့ရှိုက်သံတွေကို မျိုမျိုချကာ ကျွန်တော်ကိုပြောဖို့ဟန်ပြင်လိုက်သည်။
“ခဏလေး….နင်ရေအရင်သောက်လိုက်ဦး…”
ကျွန်တော်ပေးသော ရေကိုသောက်ကာ အသက်ကိုခပ်ဝဝရှူလိုက်တဲ့ သူမရဲ့ဟန်။ နွမ်းနယ်နေပေမယ့် သူမမျက်ဝန်းထဲက မာန်တွေကို ကျွန်တော်တွေ့နေရသည်။
                   *********************************************************
“ဒီလိုပါဆရာ….သူနဲ့သမီးက ငယ်ငယ်လေးကတည်းက ပေါင်းလာတဲ့ သူငယ်ချင်းအရင်းကြီးတွေပါ။ သူ့နာမည် က ထားခင်တဲ့။ သူက ရိုးတယ် ခင်ဖို့ကောင်းတယ် စိတ်ထားလည်းကောင်းတယ်။ သူမန္တလေးကိုပြောင်းသွား တာသုံးနှစ်လောက်ရှိပြီ။ သူ့မှာချစ်သူရှိနေပြီလို့လည်း သတင်းကြားတယ်။ လွန်ခဲ့တဲ့ခြောက်လလောက်က ဖုန်းပြောဖြစ်တုန်းက သူ့ချစ်သူက ဘာသာခြားတဲ့”
ကျွန်တော့်မျက်ခုံးများ အနည်းငယ်ပင့်သွားရသည်။ သူမ၏ စကားသံကို ပိုခက်ထန်သယောင်ယောင် ဖြစ်လာသည်။
“သူ့ကို သူ့ချစ်သူက သူတို့ဘာသာထဲဝင်ခိုင်းတယ်ဆရာ။ သူကတော့ သမီးကိုကတိပေးသွားတယ် သူ့ ညှိနှိုင်းသွားပါမယ်ဆိုတဲ့စကား။ လွန်ခဲ့တဲ့သုံးလလောက်က သူမင်္ဂလာဆောင်တယ်ပြောတယ်။ ဘယ်သူနဲ့ ဆိုတာ ကိုသမီးတို့သူငယ်ချင်းတွေအားလုံးသေချာမသိလိုက်ဘူး။ ဇာတ်လမ်းက ဒီနေ့မှစတာပဲ ဆရာ။ သမီးလှည်းတန်းကပြန်အလာ စက်မှုကွေ့မှာမုန့်ဝင်စားတုန်း သူ့ကိုတွေ့လိုက်တယ်။”
သူမအသံကျွန်တော်ခံစားလိုက်ရတာ ရှိုက်သံကြားကအားတင်းပြီးပြောနေပုံဟန်။ သူမ အသံက စောနကထက် ကို ပိုမာထန်လာသည်။
“သမီးသူ့ကို မမှတ်မိဘူးဆရာ။ သမီးဘယ်မှတ်မိမလဲ သူကသမီး မမှတ်မိလောက်အောင်ကိုပြောင်းလဲသွားတာ။ သူ့မျက်လုံးနဲ့ မျက်နှာအနေအထားကိုမှတ်မိလို့အပြေးလှမ်းခေါ်တာ။ သူသမီးကို စကားမပြောရဲဘူးဆရာ။ စကားတစ်ခွန်းပဲပြောတယ်။ သူ့ကို ခွင့်လွတ်ပါတဲ့။ သမီးခွင့်လွတ်လို့ရမလား။ သမီးသူ့ကိုခွင့်လွတ်လို့ရပေ မယ့် သူရဲ့နောက်လာမယ့် မွေးလာတဲ့မျိုးဆက်အတွက် သမီးသူ့ကိုခွင့်မလွတ်နိုင်ဘူးဆရာ။ သူဈေးဝယ်ထွက် လာပုံရပါတယ်။ သူလည်း ငိုနေတယ်။ သမီးအဲသည်အချိန် ဒေါသကမထိန်းနီုင်တော့ဘူး သူဝတ်ထားတဲ့ အကျီ င်္ကို ဆွဲဖယ်တာပဲ သူလည်းရုန်း သမီးလည်းရုန်းတယ်။ သမီးထပ်ပြောတယ် နင်ဘာတွေကြောင့် ဒီလိုုလုပ်လိုက် ရသလဲလို့ အချစ်တစ်ခုအတွက်နဲ့ နင်ဒီလောက်မိုက်ကန်းရသလားလို့။ သူသမီးကိုရင်မဆိုင်နိုင်ပါဘူး။ သူ့ကို သမီးတို့ သူငယ်ချင်းစာရင်းထဲက ထုတ်ပစ်လိုက်တော့တဲ့။ ဆရာရယ် ဒီအဖြစ်မှာ သူလည်းရှုံး သမီတို့လည်းရှုံး ပါတယ်။”
သူမပြောအပြီးခေါင်းငုံကာ ရှိုက်ငိုနေတော့သည်။ သူမပြောသောဇာတ်လမ်းမှာ ကျွန်တော်လည်းရှုံးသွားသည်။ ကိုယ့်မြေမှာ ကိုယ့်သွေးပြန်သောက်နေရသည့်အဖြစ်။ သူမပြန်သွားသောအခါ သူမကျောပြင်ကိုကြည့်ကာ သူမရဲ့ရန်ပွဲကို ကျွန်တော်အလေးပြုမိသည်။ ညနေခင်းတိမ်ရောင်က အကျည်းတန်းလှချိန်။ ကျွန်တော်မနှစ် သက်ပါ။
                   ********************************************
ကျရှုံးသွားသောသူတွေနှင့် ထပ်တူကျွန်တော်တို့ကျဆုံးနေသည်။ တွန်းလှန်းနေသောသူအများနှင့်အတူ ကျွန်တော်တို့တွန်းလှန်နေသည်။ အတန်းနောက်ဆုံးချိန်မို့ ပြည်လမ်းရှိကျောင်းသားရှိရာ အဓိပတိကားပေါ်သို့ ကျွန်တော်လေးကန်ကန်ဖြင့် တက်ခါကားခုံပေါ်သို့ ဝင်ထိုင်လိုက်သည်။ ညနေစောင်းဆိုတော့လည်း ဘတ်(စ်)ကားက ချောင်နေသည်။ အဖြစ်အပျက်တွေကို စဉ်းစားရင်းကားမှန်တစ်ဖက်သို့ ကျွန်တော်ကြည့်လိုက် မိသည်။ ကျွန်တော်မျက်လုံးများ ဝါးသွားသလား ကျွန်တော်မြင်နေရသော မြင်ကွင်း။ ဘေးဘီကိုပြန်ကြည့်လိုက် သည် ကားပေါ်ရှိလူအားလုံးလည်း သိပါသည်။ ကားတံခါးပေါက်ဝဘေးတွင် ပိန်ပိန်သွယ်မြန်မာမလေး တစ်ယောက်နှင့် ဖော်ရိန်နာခပ်ချောချောတစ်ဦး။ အင်္ဂလိပ်စကားများပြော၍ ပြုံးရယ်နေကြသည်။ ဒါဟာ မထူးဆန်းပေ ထူးဆန်းနေသည်က သူတို့နှစ်ယောက် အပြုအမူ။ ကောင်မလေးရဲ့နှုတ်ခမ်းနှင့် ဖော်ရိန်နာရဲ့ နှုတ်ခမ်းချင်း ဘတ်(စ်)ကားပေါ်မှာ ဂဟေဆက်ကြသည့်အဖြစ်။ ကျွန်တော်တခြားဖက်သို့ မျက်နှာလွှဲလိုက်မိ သည်။ လက်တစ်ဖက်က လွယ်အိတ်ကိုဆုပ်ထားမိကာ ကျန်တစ်ဖက်မှာ လက်သီးကိုကျစ်ကျစ်ပါနေအောင် ဆုပ်ကိုင်မိနေသည်။ ကျွန်တော့်အသားတွေ တဆတ်ဆတ်တုန်လာသည်။
“ရှေ့မှတ်တိုင်ပါတယ်ကွာ……..”
ဒေါသသံခပ်စွက်စွက်ပါသွားသည့် ကျွန်တော့်အသံကြောင့် ယာဉ်အကူရဲ့အူကြောင်ကြောင် မျက်လုံးနှင့် ကျွန်တော်ရင်ဆိုင်လိုက်ရသေးသည်။ အပေါက်ဝသို့ရပ်ကာ ထိုနှစ်ယောက်တစ်ချက် စောင်းငဲ့ကြည့်မိသည်။ ကောင်မလေးကြည့်ရတာ ဘာမှမဖြစ်သလိုပင်။ တစ်ဖက်မှဖော်ရိန်နာအား ကျွန်တော်ခပ်စူးစူးအကြည့်တစ်ချက် ကြည့်လိုက်သည်။ သူ့ဘက်မှ ခပ်ထေ့ထေ့အပြုံးတစ်ခုဖြင့် တုံ့ပြန်သည်။ ထိုအပြုံးအား ကျွန်တော် အနက်အဓိပ္ပာယ်မပြန်တတ်ပါ။ ရင်ဘတ်ထဲမှ ဘာသာစကားတစ်ခုဖြင့် နားလည်လိုက်သည်။ ကျွန်တော်ဆင်း လိုက်မိသည့်မှတ်တိုင်မှာ တံတားဖြူမှတ်တိုင်။ ဆင်းဆင်းချင်းပင် အင်လျားကန်ဘက်မှ လေးကတိုးဝှေ့လာ သည်။ ကန်ဘောင်နှင့်မျက်နှာချင်းဆိုင်ဘက်မှ ကန်ဘောင်ရှိရာလမ်းတစ်ဖက်သို့ ကျွန်တော်ကူးသွားမိသည်။ ကန်ဘောင်ပေါ်သို့တက်ကာ လေကိုတစ်ဝကြီးရှူလိုက်မိသည်။ အရောအနှောကင်းသောလေဖြစ်ပါစေဟု ဆုတောင်းနေမိသည်။ ကန်ဘောင်ပေါ်တွင်ထိုင်ကာ နေညိုချိန်တိမ်တောက်တောက်ကို ကျွန်တော်စူးစိုက် ကြည့်လိုက်၏။ ကျွန်တော်မနှစ်သက်ပါ သည်အချိန်တွင် ကျွန်တော်မနှစ်သက်သော မလိုချင်သော အရာကိုသာ ကျွန်တော်စူးစိုက်ကာ ကြည့်ဖို့အခွင့်အရေးရှိတာကိုပင် ကံကောင်းသည်ဟု ကျွန်တော်ယူဆမိသည်။
Mp3ကို အိတ်ထဲမှထုတ်ကာ နားကြပ်ကိုနားမှာကောက်တပ်ကာ ကျွန်တော်သီချင်းတစ်ပုဒ်အား ဖွင့်လိုက်သည်။ နဒီဆိုသော သူမအား ကျွန်တော်ထပ်မံ အလေးပြုမိသည်။ သီချင်းသံများ ကျွန်တော်ရင်ဘတ်တစ်ခုလုံး စီးမျောဝင်သွားသည်။
“ထောင်စုနှစ်တွေ ကုန်ဆုံးသွားပါစေ……….
ငါတို့ရင်ထဲဝင်ကြည့်ပါ…..
အရိုးခံစိတ်ရင်းအဖြူသက်သက်ပါ…
အရိုးခံစိတ်ထားအလှတရားနဲ့ပါ… ရိုးရိုးသားသားလေးပါ….
သမိုင်းအစဉ်အဆက်တွေ ပြောင်းသွားပါစေ
ငါတို့ရင်ထဲဝင်ကြည့်ပါ….ရိုးရာအမွေအနှစ်အသစ်သစ်နဲ့ပါ
ရိုးရာအိပ်မက်အသက်နဲ့ပါ………
အား…အား…….အအ…အာ…
အား….အား…အအ…အာ
ရိုးသားမှုအပြည့်… နူးညံ့ခြင်းအပြည့်ပါ
ဖြူစင်ခြင်းအပြည့်…သည်းခံခြင်းအပြည့်….ပါ”
မျက်ဝန်းထောင့်မှမျက်ရည်တစ်စအား တင်းတင်းဆုပ်ထားသော လက်ဖြင့်သုတ်ကာဖယ်လိုက်ပြီး ကျွန်တော် မနှစ်သက်သော တိမ်ရောင်ခပ်ပုပ်ပုပ်ဖြင့်ရောနှောထားသော တိမ်ရောင်တောက်တောက်အား ထပ်မံမော့ကြည့် လိုက်သည်။ တစ်ရက်ရက်တွင် အရောအနှောကင်းတဲ့ ကောင်းကင်ကို ကျွန်တော်စောင့်ကြည့်ဦးမည်။
                             **********************************************
ရင်းနှင့်ရင်း၍
အောင်မိုးသူ (စူးရှ)
ဇူလိုင်လ ၂၃ရက် ၂၀၁၂ခုနှစ်
ည ၁၂းဝဝနာရီ

4 comments

  • jullies cezer

    October 9, 2012 at 2:25 pm

    ကောင်းပါတယ် ဖတ်ရှုအားပေးသွားပါတယ် …..

  • Crystalline

    October 9, 2012 at 3:08 pm

    စာရေးသူဆိုလိုချင်တာကိုသဘောပေါက်ပေမယ့်…. အကြွင်းမဲ့တော့မထောက်ခံချင်ပါ..

  • မှောင်ကြီး

    October 9, 2012 at 3:09 pm

    ငါတို့ရင်ထဲဝင်ကြည့်ပါ….ရိုးရာအမွေအနှစ်အသစ်သစ်နဲ့ပါ
    ရိုးရာအိပ်မက်အသက်နဲ့ပါ…

Leave a Reply