စာရေးသူရဲ့ ပရိသတ်ကြီးသို့……….

marblecommetOctober 9, 20121min25233

စာရေးသူရဲ့ ကိုယ်တွေ့အရ စာရေးသူတစ်ခုပြောချင်တာကတော့ စာရေးသူတို့ရဲ့ ပရိသတ်ကြီးဟာ
စာရေးသူအတွက် မဟာအင်အားတစ်ခုဆိုတာပါပဲ ချစ်စွာသော ပရိသတ်ကြီးရေ့။ စာရေးသူရဲ့
ပရိသတ်ကြီးအားပေးမှုကြောင့်သာ စာရေးသူဟာ စာရေးဖို့အတွက် အားအင်တိုးပွားလာရသလို
စာရေးသူရဲ့ ပရိသတ်ကြီးကိုလည်း စာရေးသူအနေနဲ့ လွန်စွာကျေးဇူးတင်ကြောင်းကို စာရေးသူ
ပြောပါရစေ စာရေးသူရဲ့ ပရိသတ်ကြီးရေ့…..။
…………….
…………….
ပရိသတ်ကြီးသိတဲ့အတိုင်း စာရေးသူတို့နိုင်ငံဟာ အခုဆိုရင် ဒီမိုကရေစီအကူးအပြောင်းကာလကို
ရောက်ရှိနေပြီမဟုတ်လား။ ဒါဟာ စာရေးသူတို့ ပရိသတ်ကြီးတို့ အနှစ်နှစ်အလလ မျှော်မှန်းခဲ့ကြရတဲ့
အခြေအနေမဟုတ်ပါလား စာရေးသူရဲ့ ပရိသတ်ကြီးရယ်။ အဲဒီအခါမှာ စာရေးသူ ပြောချင်တာကတော့
အဲလို နိုင်ငံရေးအခြေအနေပြောင်းလဲတိုးတက်လာတဲ့အခါမှာ အွန်လိုင်းမီဒီယာဆိုတာကလည်း စာရေးသူအတွက်
လွန်စွာမှ အရေးပါလာခဲ့ပြီမဟုတ်ပါလား စာရေးသူရဲ့ ပရိသတ်ကြီးရေ့….။
……………
……………
အဲဒါကြောင့် စာရေးသူမှာဆိုရင် ဖေ့ဘွတ်အကောင့် ခွန်(၇)ခုတိတိ ရှိပြီးတော့ ဂျီတော့ အကောင့်က တစ်ဒါဇင် တိတိရှိပါတယ်။ ဖေ့ဘွတ် အကောင့်တစ်ခုတစ်ခုမှာဆိုရင် စာရေးသူရဲ့ ပရိသတ် ပျမ်းမျှ ငါးထောင်ရှိပါတယ်။ စာရေးသူရဲ့
ပရိသတ်ကြီးကို အားလုံးပေါင်းလိုက်ရင် (၃၅၀၀၀)ရှိတဲ့သဘောပေါ့နော်။ အဲဒါတောင် Subscribe ပရိသတ်ကြီးမပါသေး ဘူးနော။ ပြီးတော့ စာရေးသူရဲ့ ဂျီတော့ အကောင့်တစ်ဒါဇင်မှာလည်း မရေတွက်နိုင်တဲ့ ပရိသတ်ကြီးမြောက်မြားစွာ ကျန်ရှိနေ ပါသေးတယ်။ ဒီတော့ စာရေးသူဟာ တစ်နေ့တစ်နေ့ကို လူပေါင်း သုံးလေး ငါးသောင်းနဲ့ ဆက်ဆံနေရသူ၊ ထိတွေ့နေရသူ မဟုတ်ပါလား စာရေးသူရဲ့ ပရိသတ်ကြီးရေ့။ အဲဒီအခါမှာ စာရေးသူဟာ စာရေးသူရဲ့ ချစ်စွာသော ပရိသတ်ကြီးကို
တစ်ဦးချင်း အကြောင်းပြန်ကြားနိုင်ခြင်းမရှိတာကိုလည်း စာရေးသူရဲ့ပရိသတ်ကြီးခွင့်လွှတ်ကြစေဖို့ အနုအညွတ် တောင်းပန်ပါတယ်ခင်ဗျား…။ နောက်ဆို စာရေးသူရဲ့ လွန်စွာမှ ပြောင်မြောက်လှစွာသော အရေးအသားများ၊ မိမိရေးသားသော စာများကို ကြီးငယ်မဟူ ဖတ်ရှုကြသည့်ပရိသတ်ကြီးအားလည်း လွန်စွာမှ မလေးမစားမလုပ်ဝံ့စွာ ရေးသည့်အရေးအသားများနှင့် ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်မလုပ်ဝံ့သော အရေးအသားများကို
တစ်လှေကြီးဖတ်ရတော့မည်ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ် စာရေးသူရဲ့ ချစ်စွာသော ပရိသတ်ကြီးခင်ဗျား..
လေးစားလျက်…
ချစ်စွာသောစာရေးသူရဲ့ ပရိသတ်ကြီးရဲ့
စာရေးသူ
မောင်တည့်မတ်(ပြွန်တန်ဆာ)….

33 comments

  • လယ်ထွန်Z

    October 9, 2012 at 2:12 pm

    အံ့ကျော်ပဲ ..
    ဟိုအချောင်း (ကလောင် ပြောပါတယ်) နာမည်ကလည်း
    မောင်တည့်မတ် တဲ့ ဟီဟိ…
    သရေပင် နဲ့ ပစ်ချင်ဇယာ ကွယ်…

    :harr:

  • marblecommet

    October 9, 2012 at 2:25 pm

    အိုကွယ်
    ဒင်းက မှန်မှန်ကန်ကန် တည့်တည့်မတ်မတ်
    ဖြောင့်ဖြောင့်စင်းစင်းသမားမို့ နေမှာပေါ့ကွယ်…

  • Crystalline

    October 9, 2012 at 2:27 pm

    အကောင့်အဲလောက်များတာ passward တွေမှတ်မိတာအံ့ရော. သူများမတော့ ရှိစုမဲ့စုအကောင့်လေးတခုစီတောင် မသုံးတာနည်းနည်းကြာတာနဲ့ မေ့ကုန်ရော..

    • marblecommet

      October 9, 2012 at 9:27 pm

      လူဆိုဒါ သူ့ပါရမီနဲ့ သူ ဆိုဒေါ့
      ပတ်စ်ဝ့ါဒ်ကလေး မှတ်သလောက်ကဒေါ့
      စပြော့ပါခင်ညာ….
      ခင်တဲ့
      မောင်တည့်မတ်(ပြွန်တန်ဆာ)…

  • Khaing Khaing

    October 9, 2012 at 2:48 pm

    စာရေးဆရာမဖြစ်ခင် ဆိုင်းဝိုင်းဆရာများဖြစ်ခဲ့လေရောသလားကွယ် … အကောင့်ပေါင်းများစွာကို ဘယ်လိုများ reply လုပ်နေသလဲ ….

    • marblecommet

      October 9, 2012 at 9:30 pm

      အို ရီပလိုင်းလုပ်လုပ်မလုပ်လုပ်ကွယ်
      ကိုယ်ကအပ်လိုက်လို့
      လက်ခံရင်ဖြစ်ဖြစ်
      ကိုယ့်လာအပ်ရင်ဖြစ်ဖြစ်
      လက်ခံလိုက်တာနဲ့
      စာရေးသူရဲ့ ပိတ်သတ်ကြီးဖြစ်ရောလေ…
      ရှင်းပလား စာရေးသူရဲ့ ပိတ်သတ်ညီမလေးရေ့

  • ကြောင်ဝတုတ်

    October 9, 2012 at 2:48 pm

    အကုန်လုံးအဆင်ပြေပါတယ်ဗျာ…
    သို့ပေသည့် ကလောင်နာမည်ကြီးကတော့ သတ္တိတော်တော်မွေးဖတ်ရမယ့် စာရေးဆရာပါပဲ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • marblecommet

      October 9, 2012 at 9:47 pm

      မကြောက်ပါနဲ့စာရေးသူရဲ့ ပိတ်သတ်ကြီး
      ကိုကြောင်ဝတုတ်ရယ်..
      စာရေးသူက စာရေးသူရဲ့ ချက်မြှုပ်ဇာတိကို ဂုဏ်ပြုထားတာပါဗျာ…
      ခင်မင်လျက်
      စာရေးသူ
      မောင်တည့်မတ်(ပြွန်တန်ဆာ)…

  • ye thura hein

    October 9, 2012 at 2:50 pm

    BAR ကြီးလဲ….

  • kyeemite

    October 9, 2012 at 3:56 pm

    သူငယ်ချင်း မူးနေပြီလား
    လူပေါင်းများစွာနဲ့တစ်နေ့တစ်နေ့
    ဆက်ဆံနေရလို့ပြောပါတယ်…
    :harr:
    ချစ်စွာသောကွန်မန့်ရေးသူ ပရိသတ်ကြီးရဲ့
    ကွန်မန့်ရေးသူ
    မောင်ကြီးမိုက်(ညောင်ခါးရှည်)

    • marblecommet

      October 9, 2012 at 9:52 pm

      ဘယ်သူများလဲလို့
      လက်စသတ်တော့ စာရေးသူရဲ့
      မိတ်ဆွေပရိသတ်ကြီး ညောင်းခါးရှည် (ကို)ကြီးမိုက်ပါလား ဟရို့
      စာရေးသူပို့စ်လေး ဖတ်ရှုအားပေးသွားတဲ့အတွက်
      ညောင်ခါးရှည်က စာရေးသူရဲ့ ပရိတ်သတ်ကြီးကို
      အထူးကျေးဇူးတင်ပါကြောင်း
      ခင်မင်စွာ
      စာရေးသူ
      မောင်တည့်မတ်(ပြွန်တန်ဆာ)…

  • aung moethu

    October 9, 2012 at 4:35 pm

    အဲလို စာရေးဆရာမျိုးတစ်ခါမှ မတွေ့ဖူးဘူး …….. အံ့ရော……..

    • marblecommet

      October 9, 2012 at 9:54 pm

      တွေ့ရပါသော်ကောဂျာ
      အခုတလော ဂျာနယ်ဒွေမှာ
      အနို့လို ဆြာဒွေ အနှီလိုရေးနေထှာက
      မမြင်ချင်မှ အဆုံး
      ဒါကြောင့် စာရေးသူလည်း
      အနှာလို ရေးကျိဒါ…ဟိ..
      ခင်တဲ့
      မောင်တည့်မတ်(ပြွန်တန်ဆာ)…

  • Thu Wai

    October 9, 2012 at 4:39 pm

    စာရေးသူချင်းကိုထပ်နေတာပဲ စာရေးသူကြီးရဲ့ စာရွက်တွေနဲ့ရေးတဲ့ခေတ်ဆို မအောင်မြင်ခင်မှာတင် ခင်ဗျားမွဲရချည်ရဲ့ စာရေးသူကြီးရဲ့

    • marblecommet

      October 9, 2012 at 9:57 pm

      မွဲချင်မွဲဘာဇေဗျာ
      လျှာပေါ်မြက်ပေါက်အစာရှာရဘာဇေဗျာ..
      စာရေးသူရဲ့ ပရိသတ်ကြီးကိုတော့ စာရေးသူ
      တန်ဖိုးထားတာ အဟုတ်ပါ…စာရေးသူရဲ့ ပရိသတ်ကြီးရယ်
      ….ခင်တဲ့
      မောင်တည့်မတ်(ပြွန်တန်ဆာ)…

  • uncle gyi

    October 9, 2012 at 4:40 pm

    မောင်မတ်
    ဒါ့ကလောက်များတဲ့အလုပ်တွေလုပ်နေတာ
    ကျောင်းသားဆိုလည်းကျောင်းမှတက်ရဲ့လား
    ရုံးသမားဆိုလည်းမောင်ရင့်ကိုခန့်မိတဲ့ရုံးကတော့ဖွတ်တက်ပြီ
    ဒါမှမဟုတ်ပင်စင်စားအရွယ်ဆိုရင်တော့ဘာမှမပြောတော့ဖူး

    • marblecommet

      October 9, 2012 at 10:02 pm

      စာရေးသူရဲ့ အန်ကယ်ဂျီးခင်ဗျား
      စာရေးသူမှာ ပိတ်သတ်အမှန်တကယ်ရှိတာ
      လက်ဆယ်ချောင်းပြည့်လား တောင်မသိပါဘူး..ဟီး..
      ဒါပေသိ စာရေးသူရဲ့ ပိတ်သတ်လို့ခပ်တည်တည်ပြောရင်း
      လူအထင်ကြီးခံရလည်း နည်းလားခင်ဗျ
      စာရေးသူရဲ့ ချစ်စွာသော အန်ကယ်ဂျီးရဲ့
      ….
      မောင်တည့်မတ်(ပြွန်တန်ဆာ)…

  • စိန်ဗိုက်ဗိုက်

    October 9, 2012 at 4:44 pm

    ဆရာ့ ကလောင်ကျိပြီး ကြက်သိန်းထသွားတယ် ဆြာရေ
    မထူးပါဘူး

    မောင်တည့်မတ်(ပြွန်တန်ဆာ) – ကြက်သိန်းထ ဆိုပြီးသာ ပြောင်းလိုက်ပါတော့

    • marblecommet

      October 9, 2012 at 10:31 pm

      စာရေးသူရဲ့
      ဆြာဗိုက်ရယ်
      စာရေးသူရဲ့ကလောင်ကို
      ကြက်သိန်းမထပါနဲ့ကွယ်
      ပြွန်တန်ဆာသား လူရိုးလေးပါဂျာ…..

  • etone

    October 9, 2012 at 6:46 pm

    အောင်မလေး .. .. …….. ကမ်းစိန်မရယ်
    တပုဒ်လုံးဖတ်လာတာ ကလောင်နာမည်မြင်မှပဲ အော်ရယ်မိတော့တယ် ……….တော်သေးတာက အဲ့မြို့နားဖြတ်ဖူးလို့နာမည်မြင်ဖူးပေလို့ပဲ … မဟုတ်လျှင် ….မထိတ်သာမလန့်သာဟယ် :harr:

    • marblecommet

      October 9, 2012 at 10:33 pm

      မအိတုန်
      စာရေးသူတို့ မြို့ကိုရောက်ရင်
      လာလည်ပါဦးနော်…

  • မောင်တည့်မတ် ဆိုဒါဒေါ့ ဟုတ်ဘာဒယ် ..
    ဟို .. ပြွန်တန်ဆာ ဆိုဒါဂျီးဂဒေါ့ …
    ဘိုဂျီးဒုန်းဘဲဂျ .. :mrgreen:
    ဒါနဲ့ …
    ကိုကမ်းဂျီး .. အဲလေ .. မောင်တည့်မတ်ဂျီးမှာ ..
    ပိတ်သတ်တွေက အားဂျီးဘဲနော် …
    အဲ့ပိတ်သတ်တွေထဲမှာ တောင်မလေး ခပ်ချောချောလေးဒွေ ပါဘူးလားဂျ ..
    ပါရင် လက်တို့ဘာအုံး …
    :kwi:

  • marblecommet

    October 9, 2012 at 10:37 pm

    စာရေးသူရဲ့
    ကလောင်နံမီနဲ့
    မွေးရပ်ဇာတိပါ စာရေးသူရဲ့မဟာရာဇာကြီးရယ်
    ပိတ်သတ်တွေလား အားကြီးပဲပေးဦးမှာ ပေးဦးမှာ….
    စာရေးသူရဲ့မျက်စိရှေ့ ရိပ်ခနဲ မမြင်လိုက်နဲ့
    အဲ့လာ စာရေးသူ ပိတ်သတ်ဖျစ်သွားဘီလို့မှတ်
    ချစ်သော စာရေးသူရဲ့ ပိတ်သတ်အံဇာဂျီးယာ….
    ခင်တဲ့
    စာရေးသူ
    မောင်တည့်မတ်(ပြွန်တန်ဆာ)…

  • Fall Guy

    October 9, 2012 at 11:57 pm

    မန်းလေး-ထုုံးဘိုလမ်း က ရွာသူနဲ့ပေးစားမယ် ။
    ရွာနာမည်က “ဆောက်တောဝ” တဲ့
    ရွာသူနာမည်တော့ကိုယ့်တိုင်ရွေးပေတော့

  • marblecommet

    October 10, 2012 at 2:04 am

    ဂယ်လား ဟင်…..

  • MaMa

    October 10, 2012 at 7:54 am

    စာရေးသူရေ-
    စာဖတ်သူရဲ့ ကိုယ်တွေ့အရ ….
    စာဖတ်သူတစ်ခုပြောချင်တာကတော့….
    စာဖတ်သူဆိုတဲ့ ပိတ်သတ်ကြီးဟာ….
    စာရေးသူအတွက် မဟာအင်အားတစ်ခုဆိုသလို ….
    စာရေးသူအတွက် ကောင်းစွာသော စိတ်ဓာတ်အင်အားဖြစ်သော….
    စာဖတ်သူတို့အတွက် ကောင်းစွာသော အသိဉာဏ်ခွန်အားဖြစ်သော…
    ်စာပေများစွာ မွေးထုတ်ပေးနိုင်ပါစေသတည်းးးးးးးး

  • surmi

    October 10, 2012 at 9:35 am

    ကွန်နက်ရှင်ကြောင် ့ခုမှလာရတယ်ဗျာ
    ဒီဇတ်လမ်းလေးကိုတော ့ ကြားဖူးသလိုပဲ ။ ဒီထက်ရှင်းသွားအောင်ထပ်ရေးဦးဗျာ
    ကိုကမ်းရဲ ့ ပုံမှန်လက်ရာတွေလည်းမျှော်နေမယ် နော

    ပိတ်သပ်ကြီး ဆာမိ

  • ရွှေ ကြည်

    October 10, 2012 at 10:14 am

    ကိုကမ်းဝေး(ခ) marblecomment (ခ)မောင်တည့်မတ် ရှင့်
    စာရေးသူပိတ်သတ်လိုက်တော့ သေကုန်ရောလား :harr:
    စာရေးသူကြီးရဲ့ ပိတ်သတ်ကြီးကများလှပါကလားဟရို့
    စာရေးသူကြီးရဲ့ ကလောက်စွမ်းကတော်တော်ထက်မယ်ထင်ပါ့
    စာရေးသူကြီးရဲ့ စာတွေကတယ်ကောင်းပါကလား (နောက်မှဖတ်ကြည့်ရမယ်)
    စာရေးသူကြီးရဲ့ ပိတ်သတ်အပေါ်အလေးအနက်ထားမှုကလည်းအံ့မခန်းပါပဲ
    စာရေးသူကြီးရဲ့ အဲ ဘာရေးရပါ့ သိတော့ဘူး :mrgreen:

  • ကိုခင်ခ

    October 10, 2012 at 10:41 am

    မ မမ နဲ့ မရွှေကြည် တို့ကွန်မန့်ကို ကိုအလင်းဆက် သာဖတ်မိရင် နောက်တစ်ခါ“စ´´ အက္ခရာ အတွက်တော့ အတွေးတစ်ခုရပါပေါ့။

  • မောင်ပေ

    October 10, 2012 at 10:50 am

    ရဲဘော်ရေ
    ရိဒါးဒိုင်ဂျက်မှာ ပါတဲ့ ဟာသတစ်ပုဒ်ကို ဒီကလူတွေ ဝိုင်းဘာသာပြန်ကြတဲ့ ဟာသတစ်ပုဒ်လိုပါလား
    ဒီလိုဗျာ
    တက္ကသိုလ် တစ်ခုမှာ ပါမောက္ခတစ်ယောက်က သူ ့တပည့်တွေ ကို လက်ချာအပြီးမှာ မေးခွန်းတစ်ခု ထုတ်လိုက်သတဲ့.. အဖြေကို စာတမ်းတင်ပေါ့ဗျာ
    “ တီကောင် တစ်ကောင်ကို ဖြောင့်ဖြောင့်တန်းတန်းရှိတဲ့ တွင်းတစ်ခုထဲ တန်းဝင်အောင် ဘယ်လို လုပ်မလဲ ” ဆိုပြီးပေါ့လေ
    နောက်နေ ့ကြ.. အဖြေစာတမ်းတွေ လာတင်ကြတာပေါ့
    အဲဒီထဲကမှ .. ကျောင်းသားတစ်ယောက်ကို ပါမောက္ခ က ခေါ်ပြီး.. “ မင်းအဖြေက အကောင်းဆုံးမို ့ဆရာက အေပလက်စ် ပေးလိုက်တယ် ၊ နောက်ပြီး မင်းအဖြေအတွက် ဆရာ့မိန်းမ က ဝီစကီတစ်ပုလင်း ဆုချတယ် ”
    ကျောင်းသားဖြေခဲ့တဲ့ အဖြေက… တီကောင်ကို တောင့်ပြီး ဖြောင့်သွားအောင် ကော်နဲ ့သုတ် ၊ ပြီးမှ တွင်းထဲ ကို ထိုးသွင်းထည့် တဲ့
    အခု ရဲဘော် ရဲ ့နာမည် “မောင်တည့်မတ်(ပြွန်တန်ဆာ)….” ဆိုတာကို မြင်ရတော့
    ဟီဟိ
    ဆေးဝါးကောင်းတွေ အဆက်မပြတ် မှီဝဲပုံရတယ်လို ့များလားရယ်လို ့ပါလေ

  • Novy

    October 10, 2012 at 11:09 am

    စာရေးဆရာကြီးရဲ့ ကလောင်နံမည်ကိုတွေ့တော့
    စာရေးဆရာကြီးရဲ့ ပိတ်သတ်လုပ်ရမှာတောင်ကြောက်မိပါရဲ့

  • manawphyulay

    October 10, 2012 at 11:37 am

    စာရေးသူရေ…
    စာဖတ်သူလာပြီး
    စာရေးသူရဲ့စာကို ဖတ်သွားတဲ့အခါ
    စာဖတ်သူအတွက်
    စာရေးသူက ရေးထားတာတွေ
    စာဖတ်သွားလေရဲ့…

  • kokothandar

    October 10, 2012 at 12:31 pm

    လောကကြီးမှာ လွတ်လပ်ပေါ့ပါးမှု အရှိဆုံးနေရသူတွေဟာ ကျပ်မပြည့်သူနဲ့ ရူးသွတ်နေသူတွေပါ။ မောင်တည့်မတ်(ပြွှန်တန်ဆာ) အနေနဲ့ ဖေ့စ်ဘုတ်အကောင့်(၇)နှစ်ခု ဂျီတော့ အကောင့်တစ်ဒါဇင်နဲ့ လွတ်လပ်ပေါ့ပါးမှု အရှိဆုံးသူဘဝနဲ့ ပျော်စရာ စာပေတွေ ရေးရင်း ပျော်နိူင်ပါစေဗျား…………….

Leave a Reply