မ၀ယ်ဘူး……

မယ်ခူးတဲ့ …ဖက်စို….

မီးမကူ..နေပူမလှမ်းရက်လို့ …

ထားရသည့် …အိပ်ရာအောက်မှာ….

မင်းသောက်ဘို့ ကို…….

လက်ဆောင်…ဆိုတဲ့ ကဗျာလေးပါ…..ကျွန်တော်နဲ့ သက်တူ..ရွယ်တူတွေဆိုသိကြမှာပါလေ…..

ချစ်သူအတွက်..လုံးဝအကုန်အကျ…မခံပါပဲ…ဆေးလိပ်သောက်တတ်တဲ့ ချစ်သူအတွက်….

ကိုယ်ငွေ့ လေးနဲ့ ပဲ…အဖြောက်ခံစေပါတယ်……အိပ်ယာအောက်မှာ…ထားပြီဆိုကတည်းက…

ချစ်သူကိုဘယ်လောက်တောင်..ချစ်တဲ့ စိတ်ရှိတာကိုထင်ဟပ်စေပြန်ပါတယ်……

ဒီကဗျာလေးကို…ငယ်ငယ်ကသင်ခဲ့ ရသော(စကားပြေ)ပြန်ပြီးသတိတယရှိခဲ့ တာအမှန်ပါ…..

ချစ်သူအပေါ်ထားတဲ့ စိတ်ကိုလေးစားမိပြန်ပါတယ်……စိတ်ကစားတတ်တဲ့ အရွယ်မှာတုန်းက….တော့ 

ကျွန်တော့် မှာလည်း…ဒီလိုချစ်သူလေးရှိရင်ကောင်းမှာပဲလို့ ……တွေးမိပါသေးတယ်။

အခုတော့ တည်ငြိမ်တဲ့ နှလုံးသားတစ်ခုကို…ပိုင်ဆိုင်တဲ့ အရွယ်ရောက်ပြန်တော့ ….

ပြန်ခံစားလိုက်မိပြန်တယ်လေ….အဲဒီလို…ချစ်သူလေးတစ်ယောက်..မလိုချင်တော့ ပါဘူး….

ဘာလို့ လည်းဆိုတော့ …ဒီမိန်းခလေးရဲ့ အိပ်ယာအောက်မှာထားတယ်…ဆိုထဲက..သန့် မှသန့် ပါမလား….

လို့ တွေးမိပြန်ရောလေ….

ပြီးတော့ ဒီမိန်းခလေးက…အိပ်ယာထဲ..ရှူးရှူးပေါက်တတ်တဲ့ …အကျင့် ကမပြောက်သေးရင်ရော…..

အဲဒိဖက်ကြီးနဲ့ …ချစ်သူသောက်ဘို့ …ဆေးလိပ်…လိပ်ပေးရင်ရော….

ခင်ဗျားတို့ ….ကျွန်တော်တို့ ဆိုရင်ရော……

ထွေရာလေးပါး…အတွေးလေးဝင်တာပါ….ဟိုတုန်းက….ချစ်သူအပေါ်ထားခဲ့ ကြတဲ့ ….

ချစ်စိတ်ဝေနေတဲ့ …မိန်းခလေးမိုး…ဒီခေတ်မှာရှိပါ့ မလား…..

အခုခေတ်နဲ့ တော့ …လုံးလုံးလျှားလျှား…ကွဲပြားနေမှာတော့ အမှန်ပဲလေ…ဒါကြောင့် …ကျွန်တော်

ခုထိတိုင်…ရည်းစားလည်းမရှိ…အိမ်ထောင်လည်းမရှိပဲ…လူပြို့ကီးဖြစ်နေတာနဲ့ တူပါတယ်နော်….

(ကြော်ငြာဝင်တာဖြစ်သည်။)ဇီဇာကြောင်တာလည်းဖြစ်နိုင်ပါသည်။

ကျွန်တော့် ရဲ့ …moeminthar84@gmail.com..တွင်}ချစ်သူတစ်ယောက်..အမြန်အလိုရှိသည်…}လို့ 

ဆိုင်းဘုတ်တင်ထားတာကို…မြင်တွေ့ နိုင်ပါတယ်…(ဟိ…ဟိ..ပိုစ့် ရဲ့ ရည်ရွယ်…ဘယ်ရောက်သွားပါလိမ့် ×)

အားလုံးကို

ချစ်ခြင်းမေတ္တာဖြင့် 

About မိုး မင်းသား

မိုး မင်းသား has written 48 post in this Website..

သတိ ရခြင်း ငှက်... အချစ်ပင် ထက်မှာ ရောက်နေတယ် ။