ထူးဆန်းသောအလင်းတန်းများ

cobraOctober 9, 20121min23511

ယနေ ့ညရး၁၅အချိန်လောက်တွင်ကောင်းကင်မှထူးဆန်းသောအလင်းတန်းများထွက်ပေါ်နေပါသည်။

ထိုအလင်းတန်းများသည်ရး၃ဝလောက်တွင်ပိုနီးလာသည်ဟုထင်ရလောက်အောင်ပင်ဖြစ်လာပါသည်။

ဘာအလင်းတွေမှန်းမသိရတော့ ကြည့်နေသောလူတော်တော်များများ ပြောကြသည်မှာစလိုက်မီးထိုးနေတာသည်ကောက်ချက်ချနေကြသည်။

စလိုက်မီးသည် ကောင်းကင်မှာထင်ရလောက်အောင်ပင် အဝေးသို့ရောက်နိုင်သလား ရွှေတိဂုံစေတီနှင့်လှည်းတန်းကုန်းကျော်တံတားတည်ဆောက်နေရာတွင်သုံးသော

စလိုက်မီးကြီးများသည်တောင် ကောင်းကင်တွင်အထင်းသားမပေါ်ပါ။သိသောပညာရှင်များ ပြောပြပေးစေလိုပါတယ်။

အလင်းများက၁ခုတည်းမဟုတ်ပါ ၃၊၄ခုလောက်ရှိသည်။အလင်းများသည်ငြိမ်နေခြင်းလည်းမဟုတ်ပါ စက်ဝိုင်းပုံရွေ ့လျားနေခြင်းဖြစ်သည်။

11 comments

  • မောင်ပေ

    October 9, 2012 at 9:00 pm

    နောက်တစ်ခါ အဲဒီလိုမျိုးထပ်တွေ ့တဲ့အခါကြရင်
    ဒီလို အော်ဆိုဗျာ
    “ တို ့ရဲ ့ကမ္ဘာပေါ်မှာ ဂြိုဟ်သားတွေ…. တို ့ရဲ ့ကမ္ဘာပေါ်မှာ ဂြိုဟ်သားတွေ… ”
    ဟီဟိ

  • ကျုပ်လည်း မြင်ခဲ့ရသဗျို့ …
    ကျုပ်က သုဝဏ္ဏ ဘောကွင်းနားမှာလေ ..
    အိုက်ဒါ .. အစကတော့ ဘောလုံးကွင်းက အရောင်တွေလားလို့ ..
    သေချာကြည့်တော့ ဟုတ်ဘူး ..
    ဓာတ်မီးနဲ့ ထိုးသလိုမျိုး …
    အချို့ကတော့ ပြောကြတယ် …
    မောင်းသူမဲ့ လေယာဉ်ပျံ ရှာတာဆိုလား၊ စလိုက်မီး စမ်းတာဆိုလားပဲ ….
    ကျုပ်လည်း ဘာမှန်း သိဘူး ….
    :kwi:

  • ကထူးဆန်း

    October 9, 2012 at 9:45 pm

    ခုန မိုးမရွာခင် (၉း၁၅) အထိမြင်နေရတယ် ။ရုတ်တရက်ကြည့်ရင် အနီးအနား ကလိုဘဲ ။ ဒါပေမဲ့ မဟုတ်ပြန်ဘူး ။ဆလိုက်လို့ ဘဲ ထင်ပါတယ် ။ဘယ်ကလဲတော့ မသိပါ။

  • the best

    October 9, 2012 at 10:29 pm

    ရန်ကုန်မြို ့တော်တွင် သတင်းများ ထွက်ပေါ်လျှက်ရှိသော ရွှေတိဂုံ စေတီတော်ကြီး ရောင်ခြည် ကွန့်မြူးနေသည်ဟု သတင်းမှာ မှန်ကန်မှု မရှိပဲ ရွှေတိဂုံ စေတီတော် အနောက်ဘက်မုဒ်ရှိ ဆလိုက်မီးများ စမ်းသပ်နေခြင်း ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် လျှပ်စစ်မီးဌာန၏ တာဝန်ရှိသူတစ်ဦးက The Voice Weekly သို့ အတည်ပြု ပြောကြားသည်။

  • ကထူးဆန်း

    October 9, 2012 at 10:58 pm

    ရန်ကုန်ယူနိုက်တတ် ဘောလုံးကွင်းကပါ။ စတိတ်ရှိုးလုပ်နေတာပါ။လို့ တွေ့မိပါတယ် ။ အဲ့ဒါ ပိုဖြစ်နိုင်ပါတယ် ။ အလင်းရောင်တန်းကို အဲ့ဒီ့ဘက်က လာတာ တွေ့ ရတာပါ ။ ဘုရားဘက်က မဟုတ်ပါဘူး ။

  • မှောင်ကြီး

    October 10, 2012 at 12:55 am

    မြင်တော့မြင်တယ်ဘာမှန်းတော့မသိဘူး ဆလိုက်မီးပဲဖြစ်မှာပါ

  • born loser

    October 10, 2012 at 12:57 am

    အဲဒါကို စတွေ.တုန်းကတော.အရမ်းထူးဆန်းလွန်းလို. ပုဂံပြားပျံတွေဘာတွေမှတ်ပြီး လူတွေလျှောက်ပြောနေကြသေးတယ်။ သိချင်လွန်းလို. သွားကြည်.တော. မှ သံလမ်းမှတ်တိုင်က ရန်ကုန်ယူနိုက်တက်ဘောလုံးကွင်းက စတိတ်ရိူးလား ဘာလားတော.မသိဘူး။ မီးတွေက အဲဒီကထွက်လာတာပါ။ အတိအကျပဲ။ ကဲကဲဘာမှမစိုးရိမ်နဲ.တော.။ ရွှေတိဂုံစေတီကဆလို်က်မီးဆိုတာလုံးဝမဟုတ်ဘူး။ လျှောက်ပြောနေတာ။ မယုံဘူးဆိုရင်သံလမ်းမှတ်တိုင်ကလူတွေကိုလာမေးလို.ရတယ်။ သံလမ်းမှတ်တိုင်ဆိုတာ အင်းစိန်-ဆူးလေ လမ်းမပေါ်ကမှတ်တိုင်ကိုပြောတာ။

  • born loser

    October 10, 2012 at 1:25 am

    ဒီဘောလုံးကွင်းကထွက်တဲ. ဆလိုက်မီးတွေက လူတွေတော်တော်များများကို အံဩသွားစေတယ်ဆိုတာကို အဲဒီဘောလုံးကွင်းကလူတွေတောင်သိလိုက်မှာမဟုတ်ဘူး။ ဒါပေမဲ.လူတွေတော်တော်များများတော. စဉ်းစားစရာတွေဖြစ်ခဲ.တယ်။ ကျွန်တော်အပါအဝင်ပေါ.။ အမှတ်တမဲ.မှ အမှတ်တရလေး တခုပေါ.။

  • Thu Wai

    October 10, 2012 at 9:58 am

    Battle Ship ဒုတိယ ပိုင်းကို ရန်ကုန်မှာလာရိုက်တာပါ ဘာမှမကြောက်ကြနဲ့နော်

    • P chogyi

      October 10, 2012 at 12:21 pm

      ကြောက်ပါဘူး၊ သိကိုမသိလိုက်တာ။

  • cobra

    October 11, 2012 at 4:39 pm

    ကျွန်တော်ထင်တာကပုဂံပြားပျံထင်နေတာလက်စသတ်တော့
    ယခင်သံလမ်းဘောလုံးကွင်း ယခုရန်ကုန်ယူနိုက်တက်ကွင်းမှာ
    emperor စတိတ်ရှိုးရှိလို့စမ်းနေတာတဲ့……။

Leave a Reply