မီဒီယာ ဟုဆိုလိုက်တာနဲ့  ပထမဆုံးပြေးမြင်မိတာက ဖေ့ဘွက်ပါ………
Myanmar Times, Eleven Media, 7 Day News, Internet Journal စသဖြင့် page ပေါင်းများစွာ like ထားသော ကျွန်တော့် ဖေ့ဘွက်မှာ သတင်းတွေက အချိန်နဲ့ တပြေးညီ တက်နေပါတယ်…..
ဖုန်းနဲ့ လည်း သုံးလို့ ရပီဆိုတော့ နဲနဲအားတာနဲ့  ဖုန်းလေးဖွင့် ဖေ့ဘွက်လေးဖွင့်လိုက်တာနဲ့  သတင်းတွေက တဝေါဝေါနဲ့ စီးဆင်းလာပါတယ်………….

ဘယ်လောက်တောင်မြန်လဲဆိုရင် ဟိုတလောက စစ်တွေမှာ မီးလောင်တုန်းက စစ်တွေကမြို့ နားဝန်းကျင် ကသူတွေတောင် မီးလောင်တာ မသိသေးခင်မှာ သိလိုက်ရလို့ လှမ်းမေးမိလိုက်ပါသေးတယ်……
သတင်းအမှားတွေကြောင့်လည်း ရှင်းလိုက်ရတာ မနဲပါဖူး………………

စစ်တွေမှာ ကလေးတယောက်ပျောက်တုန်းကဆိုလည်း…. ဟိုတယ်ထဲမှာနေတဲ့ကျွန်တော့်ကိုပဲ သတင်းလှမ်းမေးလို့ အင်တာနက်နေကြည့်ပီး သတင်းပြန် share ခဲ့ရပါသေးတယ်……

လိုရင်းက မီဒီယာပါ……………..

ဒီမိုတို့ ခေတ်မှာ မီဒီယာဆိုတာ တကယ် အရေးပါတဲ့အခန်းက ပါဝင်ပတ်သက်တယ်လို့ဆိုပါရစေ…………..
မီဒီယာ ဆိုတာ အစိုးရအတွက် ဖြစ်စေ… အဖွဲ့ အစည်းအတွက်ဖြစ်စေ…. တဦးတယောက်ချင်းစီ အတွက်ဖြစ်စေ သိပ်အရေးပါတဲ့အခန်းက ပါဝင်လာပါပီ………….
ဒါဟာ အခုမှ မဟုတ်ပါဖူး…. ဟိုးအရင် ဘုရင်များလက်တပ်ကတည်းက အရေးပါခဲ့တာပါ…..
အခုကတော့ အင်တာနက်ခေတ်ဆိုတော့ သတင်းက ပိုမြန်ပီး ပိုပီး အရေးပါလာတာပါ…..

မီဒီယာက ပြည့်သူ့ အတွက် လက်နက်လား…………

မနက်ကပဲဖေ့ဘွက်မှာ ဒေါ်စုရဲ့ အင်တာဗျူးကို Eleven Media က ဖော်ပြထားတာ ဖတ်လိုက်ရပါတယ်…..
ဒေါ်စုရဲ့ US ခရီးစဉ်ကို ဖေ့ဘွက်မှာ လူတချို့ ဖော်ပြတာဟာ အမှားပါကြောင်း ကိုယ်လိုရာစွဲ တင်ပြသွားကြောင်း ပြောဆိုသွားပါတယ်……
ဒါဟာ အင်မတန်မှ အန္တာရယ်ကြီးပါတယ်……….

ကျွန်တော်တို့  မြန်မာပြည်သူတွေဟာ လူစွဲ အင်မတန်ကြီးပါတယ်………..
ဗိုလ်ချုပ်မှ ဗိုလ်ချုပ်…. ဒေါ်စုမှ ဒေါ်စုပါ……………
ဗိုလ်ချုပ်ပြောစကား ဒေါ်စုပြောတဲ့စကားကို မျက်စိမှိတ်ယုံတဲ့သူတွေ ဒုနဲ့ ဒေးပါ……………….

စကားတခွန်း စာကြောင်းတကြောင်းဆိုတာ လိုချင်တဲ့နေရာ တွေးချင်တဲ့ရှူထောင့်ပြောင်းယုံနဲ့  အများကြီးဆိုလိုရင်းပါ ပြောင်းသွားပါတယ်……….
အခုလို့ မီဒီယာပေါများတဲ့ခေတ် ကိုယ်လိုချင်ရာစွဲရေးတဲ့ခေတ်မှာ ပြည်သူတွေ လမ်းမှားမရောက်စေရေးကလည်း အရေးကြီးပါတယ်…….
လူတွေက Eleven Media, 7 Days News, Myanmar Times တိုလို့  သတင်းကို ချင့်ချင့်ချိန်ချိန် တင်ပြတဲ့ ဆိုက်တွေအစား…….
အချိန်နဲ့ တပြေးညီ အညီအပုပ် အကောင်းအဆိုး အမှန်အမှား ရောမွေ တင်ပြတဲ့ ဆိုဒ်တွေကိုသာ အားကိုးနေတာဟာ တကယ်ရင်လေးစရာပါပဲ…….

သတင်းအမှားတွေ ပုဂ္ဂိုလ်ရေးစော်ကားတာတွေကိုလည်း ခွင့်လွတ်နေမယ့်အစား အရေးယူဖို့ သင့်ပါတယ်…..
မီဒီယာဟာ စစ်ပွဲဖြစ်ဖို့  လက်နက် တခုမဖြစ်သင့်ပါဖူး…………….

ဟုတ်ပါပီ…………
ဒီမိုခေတ်မှာ လွတ်လပ်စွာရေးသားခွင့်ရှိပါတယ်…………..
သတင်းအမှားတွေ စော်ကားမှူတွေကို အရေးမယူရင် ဘာဖြစ်လာနိုင်ပါသလဲ…..
စိတ်အညှာလွယ်သူ လူငယ်လူရွယ် တွေ အမှားကနေ အခွင့်ကောင်းယူတက်တဲ့ စီးပွားရေးသမားတွေ အာဏာရူးတွေ လူမျိုးရေးဘာသာရေး တစောက်ကန်းတွေရဲ့ လှည့်ကွက်တွေ တခြား အကြံအစည်ဆိုးတွေရဲ့ လက်တွေအောက် ရောက်သွားမှာက ကိုယ့်ပြည်သူတွေပါ……

အချုပ်အားဖြင့် ကိုယ့်ပြည်သူ တခြားပြည်သူ မည်သူ့ ပြည်သူမဆို မထိခိုက်စေပဲ…. မီဒီယာသည် လက်နက်တခုမဖြစ်ပဲ….
ပန်းပျိုးတဲ့ ဥယျာဉ်မှူးလက်…. ပျိုးမွားတွေကိုဖယ်ရှားပေးမဲ့ ပိုးသတ်ဆေး………. ရှင်သန်ကြီးထွားစေမယ့် မြေသြဇာ ဖြစ်ပီး…………….
ပန်းပင်များကို ညှိုးသေစေမယ့် အဆိပ်တခု မဖြစ်ဖို့  ရေးသားရန် စေတနာဖြင့် အကြံပြုလျက်……..

တိမ်မည်း……

About တိမ်မည်း

Black Cloud has written 28 post in this Website..

မည်းနေတဲ့တိမ်ဟာ ကောင်းကင်ရဲ့မျက်ရည်ပါ..... ဒီမျက်ရည်ဟာ စိုက်ပျိုးရေးတွေ ဖြစ်ထွန်းစေသလို....... ရေကြီးပီး လူတွေကိုလည်း အတိဒုက္ခရောက်စေပါတယ်........ တိမ်မည်းဆိုတဲ့ ကျွန်တော်ကကော....... ကောင်းသော တိမ်မည်းဖြစ်အောင် ကြိုးစားလျှက်ပါလို့ ..........