ကျွန်တော့် အမြင်ကိုဒီကနေ တဆင့် ပွင့်ပွင့်လင်းလင်း တင်ပြပါရစေ…

ပြောင်းလဲမှုကို ကြောက်တဲ့လူရှိသလို…ပြောင်းလဲချင်တဲ့ လူတွေလည်းရှိကြမှာပါ…

အထူးသဖြင့် ယနေ့မြန်မာ့နိုင်ငံဟာ..ဒီမိုကရေစီနိုင်ငံသို့တက်လှမ်းခါစ အချိန်အခါမျိုးမှာ

အကြပ်အတည်း ဆိုတာ အမျိုးမျိုးရှိကြမှာပါ…ဒီအကြပ်အတည်းကနေ ကျော်လွှားနိုင်ဖို့ဆိုတာ

သူများကတော့ မသိဘူး ကျွန်တော်ကတော့ ဘာသာရေးကို စပြီးပြောင်းလဲ သင့်တယ်လို့မြင်ပါ

တယ်….

မြန်မာပြည်မှာ လွတ်လပ်ရေးမရခင်က အနောက်တိုင်းပညာတွေကို တချို့ဘုန်းကြီးတွေက

မိစ္ဆာဒိဋ္ဌိပညာ တွေလို့ပြောတာ ကြာဖူးတယ်…ပြည်တော်သာစီမံကိန်းမှာ ကျောင်းတွေပေးတော့

တချို့ဘုန်းကြီးတွေက သဘောမကျဘူး….ပွဲကျောင်းဘုန်းကြီးတွေကတော့ ခေတ်အမြင်ရှိ

တယ်ပြောရမလား…သူတို့ကတော့ ယူသင့်တယ်ပေါ့…

မပြောင်းလဲချင်တဲ့ ဘုန်းကြီးတွေက ကမ္ဘာကြီးလုံးတာကို တော်တော်ကြောက်ပုံပေါ်တယ်…

ဘုန်းကြီးတွေဟာ ယေဘုံယျ အားဖြင့် အမျိုးသားကျောင်းကို ဆန့်ကျင်တာများတယ်…

ပညာရှင်တွေကတော့…ကမ္ဘာကြီးလုံးတာ မကြိုက်တဲ့ ဘုန်းကြီးကိုလည်း “မတိုက်ခိုက်”.ဘူး..

ကိုယ်လုပ်နေတဲ့ အလုပ်ကနေလည်း…” လျှော့ပြီးတော့ မလုပ်ဘူး” ပုံမှန်ဘဲချီတက်

နေတယ်…ဒါကြောင့်သူတို့အောင်မြင်ကြတာ…

ယနေ့မြန်မာပြည်ကတော့ဗျား…ကိုယ့်ကသာ လက်မခံဘူး၊ မကြိုက်ဘူးလို့ တင်းခံနေကြတာ

ကိုယ်သုံးနေတဲ့ အသုံးအဆောင်ကတော့ အလျှံပယ်ဘဲ… လူတွေထက် တောင်ပိုခေတ်မှီနေသေး

လို့ပြောရမလားဘဲ?…

ပြောချင်တာ…နိုင်ငံရေး အကြပ်အတည်းကနေရုန်းထွက် နိုင်အောင်ကြိုးစားကြသလို…

ဘာသာရေး အနှောင်အဖွဲ့၊  ဘောင်ခတ်ထားမှုအနှောင်အဖွဲ့တွေကနေ ရုန်းထွက်နိုင်အောင်

အရင်ကြိုးစားကြည့်ကြစေချင်တယ်..

.နိုင်ငံရေးဟာ အများနဲ့ပူးပေါင်းပြီး မူစည်းကမ်းဘောင် အတွင်းမှာလုပ်ရတော့ နည်းနည်းခက်ချင်

ခက်မယ်…ယုံကြည်ချက်ကျတော့ မိမိဖာသာ မိမိလွတ်လပ်စွာ တွေးခေါ်ပြီး…အကျိုးလည်းရှိ အများလည်း

မထိခိုက်ရင် လွတ်လပ်စွာ ယုံကြည်တွေးတောခွင့် ရှိပါတယ်….ဒါကြောင့်ဘုရားရဲ့ တရားဟာ ကျင့်သုံးတဲ့

လူတွေနဲ့ဘဲဆိုင်တယ်..ကျင့်သုံးတဲ့လူတွေရှိနေသေး သရွှေ့…သာသာနာ နှစ်

၅၀၀၀ ကျော်လည်းရှိနေမှာဘဲ….လို့ဘုရားပြောတာပေါ့…

သူများကိုလည်းအတင်းမတိုက်တွန်း…အတင်းမဆွဲဆောင်သလို…သူများဘက်ကိုလည်း.

.ကျောက်တောင်လက္ခဏာ…ပမာအလား သူများဖက်ကိုလည်း လားလားမှ…မယိင်းယိုင်ဘူး…

ဒါကြောင့် ကျယ်ပြန်တဲ့ နိုင်ငံရေးအုပ်ချုပ်မှု၊ လူအများရဲ့လွတ်လပ်ကို လုပ်ပေးဖို့ဆိုတာထက် ကိုယ့်အိမ်ကို

လွတ်လွတ်လပ်လပ် ဖြစ်အောင်အရင်အုပ်ချုပ်ကြည့်ဖို့လိုတယ်..

နောက်ဆုံး ကိုယ့်နိုင်ငံက အပြည့်အ၀ ဒီမိုကရေစီမရသေးတာရင်တောင်မှ ကိုယ့်အိမ်က

ဒီမိုကရေစီဆန်ဆန် အုပ်ချုပ်ရင်တော့ မဖြစ်နိုင်ဘူးလား..

လွတ်လွတ်လပ်လပ်တွေးခေါ်စီမံအုပ်ချုပ်ရင်ကော  မရဘူးလား?…

ယ္ခုတော့ မဟုတ်ပါဘူးဗျား…အိမ်မှာ ကတော့..ငါ့သားဒါမလုပ်နဲ့…ငါ့သမီး ဒါမလုပ်နဲ့

အဖေမကြိုက်ဘူး…မကြိုက်ဘူး ..မကြိုက်ဘူး ဆိုတာနဲ့ဘဲ..ဒီလိုဘဲ မပြောရဲ မဆိုရဲ.

.မမေးမမြန်းရဲတော့ဘဲ ကိုယ့်သားသမီးတွေကို..အူတူတူ အတတဖြစ်အောင် နေခိုင်းကြတော့မလား?…

နိဂုံးချုပ်ပြောလိုတာကတော့….

ဘာသာရေး အတော်များများဟာ ကျွန်တော်တို့ကို

ဒီဘ၀မှာတင်မကဘူး….

.နှောင်ဘ၀ အထိချုပ်နှောင်ထားတာ တွေ့ရတယ်…နောင်ဘ၀ဆိုတာ လက်မခံရင်ဘဲ…ဘာသာရေးဆို

တာလာမပြောနဲ့လို့ ပြောရမလိုဖြစ်နေတယ်…

နောင်ဘ၀ဆိုတာလက်ခံလိုက်လို့ ဘာများဖြစ်မှာ မို့လို့လည်း…လွယ်လွယ်နဲ့မတွေး လိုက်ပါနဲ့..

ကိုယ်လုပ်ကမျှအလုပ်တွေကို နောင်ဘ၀ကောင်းစားဖို့ဆိုရင်တော့..မလွတ်လပ်တာဘဲ..အချုပ်အနှောင်မိတာဘဲ…

ဒါကြောင့်…ဒီမိုကရေစီရချင်ရင်…လူတစ်ဦးချင်းကို ချုပ်နှောင်ထားတဲ့ …ဒီဘာသာရေး

သဘောတရားကနေ ….

ရုန်းထွက်နိုင်အောင် အရင်ကြိုးစားနိုင်ပါမှ…ငြိမ်းချမ်းမှု….

လွတ်လပ်မှု၊ မိမိ၏ အခွင့်အရေး အစစ်အမှန်၊ တန်ဖိုး

အစစ်အမှန်  စသည်ဒီမိုကရေစီ အသီးအပွင့်ကို ခံစားရရှိနိုင်ကြမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်….

About me dain

me dain has written 5 post in this Website..