တန်လို့လား..?????

Kaung Kin PyarOctober 10, 20121min14716

ယနေ့ခေတ် VCD ဈေးကွက်ကို ပြောချင်တာပါ။

(၇) ရက်နေ့က ဝိုင်းစုခိုင်သိန်းရဲ့ မျက်လှည့်VCD ထွက်လို့ အိမ်ပြန်နောက်ကျနေတာတောင် တကူးတက လှည့်ဝင်ပြီး ဝယ်ခဲ့ပါတယ်…။  ဝိုင်းစုကတော့ မင်းသမီးအရှိန်နဲ့ မဟုတ်ဘဲ သူ့အသံကိုက ကောင်းတာကြောင့် တကယ့်အဆိုတော်တစ်ယောက်လိုပါ အားပေးနိုင်တဲ့သူမို့ ဝိုင်းစုသီချင်းတွေကို အစကတည်းက ကြိုက်တာပါ..။ အသံလည်းကောင်း၊ စာသားတွေလဲလှတဲ့ ဝိုင်းစုကို တော်တော်များများနှစ်သက်ကြမယ် ထင်ပါတယ်..။

ခိုးကူးတွေ စီမံချက်ကြောင့် ကြက်ပျောက်ငှက်ပျောက်တော့ မာစတာခွေပဲ လှည်းတန်းစိန်ဂေဟာက ဝယ်ခဲ့ပါတယ်..။ ဈေးနှုန်းက 2400 ပေမယ့် အရည်အသွေးကောင်းတယ်၊ ရုပ်ထွက်လဲ ကောင်းမယ်.. ။ စိတ်ထဲမှာ အကုန်ကောင်းမယ်ပေါ့….။ အိမ်ရောက်တော့ အကျီင်္တောင် မလဲနိုင်ဘူး…အခွေအရင် ဖွင့်ကြည့်ပါတယ်…။ မှန်းချက်နဲ့ နှမ်းထွက်တော့ မကိုက်ပါဘူး….။ ထစ်လိုက်တဲ့အခွေဆိုတာ အပုဒ်တိုင်းနီးပါးပါပဲ..။  ကြည့်ချင်နေတဲ့အချိန်မှာ အဲ့ဒီလိုကြီးဖြစ်သွားတော့ တော်တော်တော့ စိတ်ညစ်ရပါတယ်..။ ပိုက်ဆံ 2400 ဆိုတာ ဘာမှ မဟုတ်ပါဘူး..။ တွေးမိတာ တစ်ခုက ပေးရတာနဲ့ တန်ရဲ့လားလို့….။ အရင်တုန်းကတော့ ခိုးကူးခွေတွေ အလွယ်ရလို့ ဝယ်ပါတယ်…။ မကောင်းနေလဲ ပိုက်ဆံလေး ၃ ၄ရာဆိုတော့ မလွမ်းလောက်ပါဘူး…။ ဒီတစ်ခွေမကောင်း နောက်တစ်ခေါက် ထပ်ဝယ်ပေါ့…။ ခုတော့ ထွက်လိုက်တဲ့အခွေတွေဆိုတာ ဘုန်းဘောလအောပါပဲ….။ ကောင်းမှန်းသိလို့ ဝယ်တဲ့ ဝိုင်းစုအခွေတောင် ဒီလိုတွေဖြစ်နေတာ… ကောင်းမကောင်းမသိဘဲ ထွက်တဲ့အခွေတိုင်းဝယ်ရရင် မွဲရချည်ရဲ့။ သူတို့ ဖြစ်နေတဲ့ ဒုက္ခကိုလဲ သိပါတယ်..။ အခွေသာ တစ်ကယ်ကောင်းမယ်ဆို မာစတာအခွေကိုပဲ ဝယ်စုချင်တာပေါ့။ ပရိုဂျူဆာတွေကလဲ ဒီပိုက်ဆံကိုလိုချင်ရင် ဒီအရည်အသွေးတော့ ပေးရမှာပေါ့…။ ဒါပေမယ့် အားပေးမယ် ကြံခါရှိသေး၊ ဒီလိုချည်းဖြစ်နေတော့…မာစတာအခွေကိုသာ အားပေးဖို့ ဆော်အောနေပေမယ့်….. အဲ့ဒီဆော်အောနေတဲ့သူတွေကိုတော့ ပြန်ပြီး မေးချင်ပါတယ်.. တန်မှာလားလို့……….။ ပြီးတော့ ရွာသူားတွေကိုလဲ မာစတာခွေဆိုပြီး စိတ်ချလက်ချမထားဘဲ ခြစ်ရာ၊ မှိုရှိမရှိ၊ ဖြစ်နိုင်ရင် စမ်းဖွင့်ခိုင်းပြီးမှ ဝယ်ယူအားပေးတာ စိတ်အချရဆုံး ဖြစ်ပါကြောင်း………..

16 comments

  • ကိုခင်ခ

    October 10, 2012 at 2:15 pm

    မာစတာခွေပဲ ဆိုတာ အထဲကအခွေ အရည်အသွေးမြင့်ရောင်းတာမို့ခေါ်တာလား? ဆင်ဆာခွင့်ပြု စတစ်ကာလေးနဲ့ ရောင်းတာမို့ခေါ်တာလား? မရှင်းလို့မေးပါရစေနော်။

  • kaung kin pyar

    October 10, 2012 at 2:41 pm

    ပြောတာတော့ နှစ်မျိုးလုံးမြှင့်ရောင်းတယ်ပဲ ကိုခင်ခရေ…..။ ဘာမှ မမြှင့်ခင်တော့ ဈေးနှုန်းမြှင့်ပေးရတာ အရင် ဖြစ်နေတယ်….။ 😀

  • P chogyi

    October 10, 2012 at 3:24 pm

    ခိုးကူးခွေတွေ ဖမ်းဆီးပြီး၊ ဖျက်ဆီးတဲ့ သတင်းကြည့်လိုက်ရပါတယ်။
    ကျွန်တော်အမြင်ပြောရရင် ခိုးကူးခွေ ဖမ်းမယ့်အစား
    ခိုးကူးဈေးနှုန်းအတိုင်းရောင်းရင် သူတို့လည်းရောင်းအားတက်မှာပဲ
    ခိုးကူးခွေဆိုတာလည်းပျောက်သွားမှာပဲ။
    အခုကျတော ခိုးကူးဖမ်းတယ်၊ မစတာခွေဈေးတက်တယ်၊(အရင်က ၁၈၀၀၊ အခု ၂၄၀၀)
    မစတာခွေက အာမခံချက်လည်းမပေး၊ ထပ်ဝယ်ရမယ့်ဈေးကတနင့်တပိုး၊
    အားပေးတဲ့ ပရိတ်သတ်ကို အနိုင်ကျင့်ပြီး၊ မိမိချမ်းသာဖို့လုပ်နေသလိုပဲ။
    ကျွန်တော်သီချင်းခွေလုံးဝ ဝယ်မကြည့်ပါ၊ ရုပ်သံအစီအစဉ်မှာလာတာပဲကြည့်တယ်။
    ဝယ်ပြီးအားပေးရမှာ မတန်ဘူးလို့ထင်တယ်။

  • pooch

    October 10, 2012 at 4:04 pm

    ဒီမှာ အဲ့ဒီ တိပ်ခွေကို ၂၅၀ဝ ကျပ်ပေးရတယ်။ ရန်ကုန် မန်းလေး ၁၀ဝ လောက်ကတော့ မပြောပလောက်ပါဘူး။ ကိုယ်တိုင်လည်း ကြိုက်တာမို့ ဝယ်လာလိုက်တာ။ ကြည့်တော့ မကြည့်ရသေးဘူး။

    ဖြူဖြူကျော်သိန်းရဲ့ မိန်းကလေး တယောက်အသဲကွဲနေသည် ဆိုတဲ့ ကိုယ်ပိုင်သံစဉ်ခွေကတော့ CD ခွေကို ၂၃၀ဝ ပေးခဲ့ရတယ်။ တခွေလုံးကောင်းတယ်။ ကိုယ်ကြိုက်တဲ့သူမို့ ဒီလို ကိုယ်ပိုင်သံစဉ်ထွက်လာတော့ ဝမ်းသာအားရ အားပေးခဲ့တယ်။ ကွာလတီလည်း ကောင်းတယ်။

    မျိုးကြီးရဲ့ ယူလိုက် DVD ကတော့ ၃၀၀ဝ ပေးခဲ့ရတယ်။ ကတ်ထူပေါ်က ပုံတွေရယ် နောက် ဂစ်တာတီးတဲ့ အပြားလေးက အိုင်စီ လိုဂိုလေးနဲ့ မို့ မဆိုးဘူးလို့ပဲ ပြောရမှာပေါ့

    • pooch

      October 10, 2012 at 4:16 pm

      ဘယ့်နှယ့် ဒါက တဝက်တပျက် တက်သွားတယ် မသိဘူး 🙁

  • pooch

    October 10, 2012 at 4:13 pm

    ဒီမှာ အဲ့ဒီ တိပ်ခွေကို ၂၅၀ဝ ကျပ်ပေးရတယ်။ ရန်ကုန် မန်းလေး ၁၀ဝ လောက်ကတော့ မပြောပလောက်ပါဘူး။ ကိုယ်တိုင်လည်း ကြိုက်တာမို့ ဝယ်လာလိုက်တာ။ ကြည့်တော့ မကြည့်ရသေးဘူး။

    ဖြူဖြူကျော်သိန်းရဲ့ မိန်းကလေး တယောက်အသဲကွဲနေသည် ဆိုတဲ့ ကိုယ်ပိုင်သံစဉ်ခွေကတော့ CD ခွေကို ၂၃၀ဝ ပေးခဲ့ရတယ်။ တခွေလုံးကောင်းတယ်။ ကိုယ်ကြိုက်တဲ့သူမို့ ဒီလို ကိုယ်ပိုင်သံစဉ်ထွက်လာတော့ ဝမ်းသာအားရ အားပေးခဲ့တယ်။ ကွာလတီလည်း ကောင်းတယ်။

    မျိုးကြီးရဲ့ ယူလိုက် DVD ကတော့ ၃၀၀ဝ ပေးခဲ့ရတယ်။ ကတ်ထူပေါ်က ပုံတွေရယ် နောက် ဂစ်တာတီးတဲ့ အပြားလေးက အိုင်စီ လိုဂိုလေးနဲ့ မို့ မဆိုးဘူးလို့ပဲ ပြောရမှာပေါ့ ။ ခွေကွာလတီလည်း ကောင်းပါတယ်။

    အော်ခွေတွေကို ဘာဖြစ်လို့ အားပေးလာတာလည်း ဆိုတော့ ကိုယ့်ရဲ့ အချောင်လိုချင်စိတ်ကြောင့် ၂ ယောက်မရှိနိုင်တဲ့ အနုပညာရှင်လို ဖန်တီးနိုင်သူတွေ မျိူးတုန်းသွားမှာ အားကုန်သွားမှာ စိုးလို့ တနည်းအားဖြင့် မြန်မာ့ အနုပညာကို တဖက်တလမ်းကနေ ပရိသတ်တယောက်အနေနဲ့ နည်းမှန် လမ်းမှန်နဲ့ အားပေးတာ။

    ဒါပေမဲ့ အားပေးသူ ပရိသတ်ကို ဒီလိုမျိုး စော်ကားတဲ့ စီးပွားရေးသမားတွေကို တော့ “My Pet Peeves ” လို့ပဲ အော်ချင်တယ်။ ဒါမျိုးတွေ ဂရုစိုက်သင့်ပါတယ်။

    • လယ်ထွန်Z

      October 11, 2012 at 8:02 am

      အော်… ဒီဆြာတွေလည်း မားကတ္တင်းရေလိုက်လွဲကုန်ကြပေပေါ့…
      သူများ ၂၅၀ဝ ရောင်းတာကို ဘာညာသာဒကာ ထည့်ပြီး ၃၀၀ဝ နဲ့ရောင်းသတဲ့လား..
      တကယ်က ပရိုမိုးရှင်း အိုင်တမ် လို လက်ဆောင်ပစ္စည်း ဆိုတာမျိုးက အလကားပေးရတာဗျ…
      အဲ့သည့်အပေါ်မှာ ချာ့ချ် လုပ်လို့ မရဝူး..အဲ့ဒါကို ချာ့ချ် လုပ်ရင် ဒါ ဈေးရောင်းတာဖစ်သွားပီ
      ပရိုမိုးရှင်း အိုင်တမ် မဟုတ်တော့ ..။ စားသုံးသူကို စော်ကားသလိုဖစ်တာ ရွေးချယ်ခွင့်မပေးတဲ့အချက်ပါပဲ။.
      ဟုတ်။ စားသုံးသူအနေနဲ့ ..ကျနော် အဲ့ဒါတွေ မယူဘူး သူများ အခွေတွေလို ပုံမှန် ပဲ ပေးပါ ရော့ ၂၅၀ဝ ဆိုပီး
      လုပ်ခွင့်မရှိသလို အဲ့လာလေးတွေ ၂စုံပေးအေ ရော့ ၃၅၀ဝ ဆိုပီး လုပ်လို့မှ မရဘဲနော…။
      ဘယ့်နှယ့် မုန့်ဟင်းခါး သုတ္တန်အရ ပြောရရင် ဆိုင်ထိုင်လိုက်တာနဲ့ ဘာမှမမေးဘဲ အကြော်စုံနဲ့ ပြင်ပြီး ချပေးတဲ့
      ပုံပေါက်လာပြီ။

      ဒီလူဒွေ ဒီဖက်ရှင် ထွင်တာ ၁ဝစုနှစ် တခုစာ ရှိနေပြီ။ အစောပိုင်း စတစ်ကာ လက်ဆောင်ထည့်ပေးတဲ့ ကာလတွေပေါ့..
      (မှတ်မိသေးရဲ့ … ကိုယ်တွေလည်း) ကားမှာ ကပ်တာ …။ သူကလည်း လက်ဆောင်ပေးပျော်တယ် ကြော်ငြာသဘော
      အကျိုးသက်ရောက်လို့ အကျိုးရှိ.. ကိုယ်ကလည်း ရော့ကာကွ အစစ်အမှန်အားပေးသူကွ .. ကြွားနိုင်လို့ ကပ်ပျော်တယ် ..
      ဝင်း-ဝင်း ခေတ် …အဲ .. အခုတော့ ဒါတွေထည့်ရောင်းနေတယ် ဆိုရင်တော့ ….အင်း ..

  • kaung kin pyar

    October 10, 2012 at 4:36 pm

    ဟုတ်ပါတယ် Pooch ရေ…။ ပြောချင်တာကတော့ ဒီအခွေတိုင်းလို့ မဆိုလိုပါဘူး…။ ဒါပေမယ့် ရောင်းတန်းအခွေဆိုတော့ ကွာလတီကို သတိထားသင့်တယ်လို့ ပြောချင်တာပါ…။ ဝယ်မယ့်သူ လက်တွန့်သွားအောင်တော့ မလုပ်သင့်ဘူးပေါ့နော်….။ ဖြူဖြူရဲ့ မိန်းခလေးတစ်ယောက် အသည်းကွဲနေသည်က ကောင်းတယ်လို့ညွှန်းတော့ အားပေးလိုက်ဦးမယ်….။ ဖြူဖြူကျော်သိန်း ကြိုက်တယ်..။

    • pooch

      October 14, 2012 at 2:43 pm

      ဟုတ်တယ်ကောင်းကင်ရေ ကျမခွေလည်း ထစ်တယ် ။ နောက်ဆုံး ၂ ပုဒ် ကြည့်လို့ မရဘူး။ ရှေ့ကတော့ ကောင်းတယ်။ စိတ်လေတယ် တကယ်တကယ် 😕

  • မွန်မွန့်သူငယ်ချင်းကတော့ ဝိုင်းစုအခွေကို အင်တာနက်ကနေ ဒေါင်းလာတာ ကြည်လင်စွာကြည့်လို့ရကြောင်း… :mrgreen:

  • လယ်ထွန်Z

    October 10, 2012 at 5:43 pm

    အင်း copyright issues again ပေါ့
    ထုံးစံအတိုင်းပဲ မန့်ပါ့မယ်
    အော်ရီဂျင်နယ် ဝယ်ရမှာ ကိုယ့်အလုပ်
    ကောင်းအောင်ထုတ်ရမှာ သူ့ အလုပ်
    ကိုယ့်အလုပ်ကိုကိုယ် တာဝန်ကျေဖို့ လိုပါကြောင်း

    တကယ်တမ်း ကော်ပီရိုက် စိုးမိုးပြီ ဥပဒေရေးရာ နဲ့ စားသုံးသူအခွင့်အရေး
    ဖော်ဆောင်လာနိုင်တဲ့အခါ ကို ရောက်ရင်တော့
    ကိုယ်ခိုးကူးဝယ်တဲ့အခါ သူကကိုယ့်ကို တရားစွဲပေမပေါ့
    သူ ကွာလတီ မကောင်းရင်တော့ ကိုယ်က သူ့ပြန် ပြသနာရှာပေါ့

    သဂျီးပြောသလို အပြန်အလှန် ထိန်းကြောင်းရင်းသာ.

    ပြန်လာခဲ့ပါမည်

  • Onyx

    October 10, 2012 at 6:32 pm

    ဒေါ်ကောင်းကင်ရေ ကောင်းမကောင်းတော့ မသိဘူး အဲနေ့(7)က ပဲ ကျွန်တော့်ရဲ့ တစ်ယောက်သောသူလေး
    ကလဲ အိမ်ပြန်နောက်ကျနေပြီလို့ နော်ကပြီတော့ အခွေကောင်းလားမကောင်းလားဆိုတာ နောက်3ရက်လောက် ဆိုသိရပြီပေ့ါ အဲချိန်ကျ မှဝယ်ပါဆိုတာကို မရမကဝယ်လေရဲ့ အခုတော့ အခွေမကောင်းတာကို ပြန်မပြောရဲလို့လား အသိဘူး အခုချိန်ထိ အဲခွေအကြောင်းကို မဟတော့ဘူး နောက်ဆို အခွေဝယ်ခနီး တိုင်း နဲနဲ ပါးပါး စပ်စုပါလို့………..Onyx

  • kaung kin pyar

    October 10, 2012 at 7:22 pm

    အယ်…အယ်….တစ်ယောက်သောသူလေးတဲ့…..ဖြစ်ခြင်းကလဲ သိပ်တူတာပဲ..။ နာ့ကိုများ ပြောလား သိဝူး…။ ရှက်ထှာတော်…ခိ ခိ!

  • the best

    October 10, 2012 at 10:15 pm

    ခိုးကူးခွေလိုက်ဖမ်းရုံနဲ ့ အဆိုတော်တွေ၊ ထုတ်လုပ်သူတွေ အဆင်မပြေနိုင်ပါဘူး။
    အဆိုတော်တွေ၊ ထုတ်လုပ်သူတွေ အဆင်မပြေရင် ခွေထပ်မထုတ်နိုင်တော့ပါဘူး။

    ခွေဝယ်ချင်တဲ့သူတွေလည်း အရင်ကလောက် အဆင်မပြေတော့ဘူး။
    ခွေဝယ်ချင်ရင်အရင်ကလို ကြုံသလိုလွယ်လွယ်ကူကူ ဝယ်လို ့မရတော့ပါဘူး။

    လမ်းဘေးမှာဝယ်ရင် ဒီလိုစံမမီဖြစ်ရင်ပြန်လဲပေးတယ်။
    ကိုယ့်အိမ်နားမှာဝယ်ရတာ၊သွားနေကြလမ်းမှာဝယ်ရတာဆိုတော့ အဆင်ပြေပါတယ်။
    ဆိုင်ကြီးမှာတကူးတကဝယ်ရတဲ့အတွက် သွားပြန်လဲဖို ့သိပ်အဆင်မပြေဘူး။
    ရောက်အောင်သွားပြီးတော့မှ လဲမပေးရင်ပိုလို ့ ဒုက္ခရောက်ရအုံးမယ်။

    အရင်းမစိုက်ပဲ လူလည်ကျတဲ့ခိုးကူးသမားတွေကို အမြစ်ကနေရှင်းပစ်နိုင်ရင် အရမ်းကောင်းပါတယ်။
    ခိုးကူးသမားတွေကို ချေမှုန်းနေတာလည်း ကျေနပ်စရာတွေ ့ရပါတယ်။
    ချေမှုန်းရေးလုပ်နေရုံနဲ ့ဂီတလောကကြီးပြန်ရှင်သန်လာမှာ မဟုတ်ပါဘူး။
    ဇါတ်တူသားစားနေတဲ့ ဂီတနယ်ထဲကဂုတ်သွေးစုပ်တွေကိုလည်း လွှတ်ထားလို ့မရပါဘူး။

    ဖြန် ့ချိရေးပိုင်းမှာ လိုအပ်ချက်တွေအများကြီးပါ။ ဖြန် ့ချိရေးကောင်းရင် ခွေဝယ်သူတွေ အဆင်ပြေမှာပါ။
    ဖြန် ့ချိခအပြည့်အဝယူ ထိထိရောက်ရောက် ဖြန် ့မပေးလို ့၊
    အဆိုတော်တွေ၊ ထုတ်လုပ်သူတွေနဲ ့ အဆင်မပြေဖြစ်ကြတာတွေ အများကြီးတွေ ့ရပါတယ်။
    နောင်အခါမှာ ဒီလိုထပ်မဖြစ်အောင် “ဂီတအစည်းအရုံး”က စဉ်းစားသင့်ပါတယ်။
    ဖြန် ့ချိရေးရဲ့ မလုပ်သင့်၊မလုပ်ထိုက်တဲ့ တခြားကိစ္စတွေပါ ဖေါ်ထုတ်သင့်ပါတယ်။

    အဆိုတော်တွေ၊ ထုတ်လုပ်သူတွေအနေနဲ ့ ထိုက်တန်တဲ့ ငွေကြေးပေးပြီး
    မိမိခွေကို အကောင်းဆုံးဖြစ်အောင်လုပ်ပေးဖို ့အပ်ကြတဲ့သူတွေချည်းပါပဲ။
    ဒီလိုဖြစ်နေတယ်လို ့“ဝိုင်းစုခိုင်သိန်း”သာသိရင် သူလည်းစိတ်မကောင်းဖြစ်မှာပဲ။
    ဒီလိုစံမမီတဲ့ခွေတွေဆက်ရှိနေရင် အခုလက်ရှိ“ဂီတအစည်းအရုံး”လည်း လူလဲပစ်ရမှာပဲ။

    အဆိုတော်တွေ၊ ထုတ်လုပ်သူတွေ အဆင်ပြေအောင် ဘယ်လိုလုပ်ပေးရမလဲဆိုတာ
    စဉ်းစားထားတဲ့အစီအစဉ်တွေ “ဂီတအစည်းအရုံး”က ချပြနိုင်မတွေ ့သေးတာဟာ ရင်လေးစရာတစ်ခုပါပဲ။
    “ဂီတအစည်းအရုံး”အနေနဲ ့ ပြန်သုံးသပ်ပြုပြင်စရာတွေ အများကြီးရှိနေပါတယ်။

    နာမည်ကြီးအဆိုတော်တွေ လူကြီးတက်လုပ်နေပြီး ဟိုတောင်းဒီတောင်းလုပ်နေရင်
    နာမည်မရသေးတဲ့အဆိုတော်တွေ ၊အဆိုတော်အသစ်တွေ တက်လမ်းပိတ်သွားနိုင်ပါတယ်။

    အခုလက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေ၊ဂီတလောကအခြေအနေဟာ
    သူများနိုင်ငံတွေမှာတောင်းသလို လိုက်တောင်းရမဲ့အဆင့်မှာရှိနေပြီလားဆိုတာကော
    “ဂီတအစည်းအရုံး”အနေနဲသေသေချာချာ လေ့လာသုံးသပ်ပြီးပါပြီလား။

  • လယ်ထွန်Z

    October 11, 2012 at 8:20 am

    ပြန်လာခဲ့ပါပြီဗျာ ..
    သိချင်တာလေး၁ခုက အခွေမှာ အစင်းတွေပါနေတာလား …ဆိုတာပါ။
    အစင်းတွေကြောင့် ဆိုရင်တော့ နောက်ကို အခွေဝယ်တိုင်း ဆိုင်ကမထွက်ခင် ဖောက်ကြည့်ခြင်း
    အားဖြင့် ဖြေရှင်းနိုင်မယ် ထင်ပါရဲ့..။
    အစင်းတွေတော့မပါဘူး အခွေရဲ့ ရောင်ပြန်ပြားလို ဒေတာ အသားထည့်ထားတဲ့ နေရာတွေ
    စွန်းနေထင်းနေ ကွက်နေရင်လည်း ဖောက်စစ်ကြည့်ယုံနဲ့ တွေ့နိုင် မယ် ဖြစ်ပါတယ်…။

    ဒီနေရာမှာ DVD နဲ့ VCD(CD) ကိုခွဲပြောရလိမ့်မယ်ဗျ..
    VCD(CD) ဟာ ကျောဘက်(ဆေးရိုက်တဲ့ဘက်နဲ့) အတွင်းသား ဖလင်လို ရောင်ပြန်က
    ကျောနဲ့ရင် တစ်ထပ်တည်းဗျ… ဆိုတော့ ..ဆေးရိုက်ရင်း ဒေတာထည့်တဲ့ ရောင်ပြန်ပြား
    ပျက်စီး နိုင်ရဲ့ .. လူတွေက ဖလင်သား ရဲ့ ဝမ်းဘက်မှာ အစင်းဖြစ်ရင် အခွေထစ်တယ်
    လို့ အလွယ် မှတ်ကြပြောကြပေမယ့် တကယ်တော့ ကျောဘက်(ဆေးရိုက်တဲ့ဘက်)မှာ
    အစင်းဖြစ်တော့မှသာ ဒေတာ ဆုံးရှုံးမှု ဖြစ်စေတာဗျ…

    DVD ကတော့ ကော်ချပ်၂ချပ်ကြားမှာမှ ဖလင်သား ကို ထည့်တဲ့အတွက်
    အပြင်က ကော်ချပ် မှာ ဆေးရိုက်ရုံလောက်နဲ့တော့ အတွင်းသား မထိခိုက်နိုင်ဘူးပါ့ဗျာ
    အခြားအခြားသော physical damage ဆိုရင်တော့ မသိဘူး ပေါ့..။
    DVD အစင်းဖျောက်သည် ဘာညာသာဒကာက တကယ်ဆို ဝမ်းဘက် မျက်နှာစာက
    ကော်သားကို ပါးပစ် စားပစ်လိုက်တာ လို့ပဲ အလွယ် ပြောနိုင်ရဲ့…။
    ဆိုတော့ ဈေးချင်း သိပ်မကွာတဲ့နောက်တော့ VCD ထက် ပိုပြီး အကြမ်းခံမယ့် DVD ကို သာ
    ရွေးချယ်သင့်ပါကြောင်း ..လက်တို့ပါရဲ့ဗျာ…

    တော်သေးပြီ
    ခင်တဲ့..

  • uncle gyi

    October 14, 2012 at 3:15 pm

    တခွေ၂၄၀ဝ များတာပေါ့ဗျာ
    တခွေ၁၅၀ဝဆိုမျှမယ်ထင်ပါတယ်
    နောက်ပေးလိုက်တဲ့ငွေနဲ့ညီမျှတဲ့ပစ္စည်းပြန်ရချင်ပါတယ်
    ဒါဝယ်ယူသူရဲ့အခွင့်အရေးပဲ
    ခိုးကူးကတောင်အခွေမကောင်းရင်ပြန်လဲပေးသေးတာ
    အခုကတရားဝင်ရောင်းတရားဝင်တာဝန်ယူသင့်တာပေါ့
    ဒါကြောင့်လည်းမြန်မာခွေတွေဒီလိုဖြစ်နေတာ

Leave a Reply