တကမ္ဘာလုံးကကြည့်ချင်တဲ့သူတွေအားလုံးအတွက် Stanford University က Introduction to Computer Networks အတန်းကို Free လွှင်ု့ပေးနေပါတယ်။ Stream  လုပ်ရမှာမို့လို့ မြန်မာနိုင်ငံက ကိုးနတ်ရှင်မကောင်းရင်တော့ မတတ်နိုင်ပါ။  Download လုပ်ပြီး နောက်မှ အေးအေးဆေးဆေးကြည့်လည်း ရပါတယ်။

October 9 ကအတန်းစပါတယ်။   December 2012 မှာပြီးပါမယ်။ တပတ် ၃နာရီစာလောက် Lecture video တွေကြည့်ရပါမယ်။ Credit မရပါ။  စာမေးပွဲဖြေစရာမလို။ (တိုက်တွန်းထားသော်လည်း) အိမ်စာလုပ်ရန်မလို။ Probability နဲ့ Bit တွေ Byte တွေသိရင်လုံလောက်ပြီလို့ဆိုပါတယ်။ ဘာမှသုံးလို့မရလောက်တဲ့ သင်တန်းဆင်းလက်မှတ်လောက်တော့ပေးမယ်ပြောတာပဲ။

ဒေါ်လှ ၄၀၀၀ တန်ပုံမှန် Stanford အတန်းနှင့်တော့မတူပေမဲ့ မဆိုးဘူးထင်ပါတယ်။  ပညာရေး ဈေးအလွန်ကြီးနေတဲ့ခေတ်ထဲမှာ ရှားရှားပါးပါးအလကားရတဲ့ ပညာရေးလေး အကျိုးရှိရှိလိုချင်သူ (သို့) ပညာယှဉ်လိုစမ်းလိုသူ  အင်ဂျင်နီယာ ကိုကိုမမတွေ စိတ်ဝင်စားရင် ကြည့်နိုင်အောင် သတင်းပေးလိုက်ပါတယ်။

အသေးစိတ်ကို ဒီမှာဖတ်ပါ။  http://class.stanford.edu/networking/Fall2012/pages/overview

Free Sign up လုပ်ပြီး Video တွေကြည့်လို့ Download လုပ်လို့ရပါတယ်။

 

About သကြားလုံးကြော်

Pink Candy has written 7 post in this Website..