Stanford မှအလကားသင်ကြားပေးမည့် Computer Networking အတန်း

တကမ္ဘာလုုံးကကြည့်ချင်တဲ့သူတွေအားလုုံးအတွက် Stanford University က Introduction to Computer Networks အတန်းကိုု Free လွှင်ု့ပေးနေပါတယ်။ Stream  လုုပ်ရမှာမိုု့လိုု့ မြန်မာနိုုင်ငံက ကိုုးနတ်ရှင်မကောင်းရင်တော့ မတတ်နိုုင်ပါ။  Download လုုပ်ပြီး နောက်မှ အေးအေးဆေးဆေးကြည့်လည်း ရပါတယ်။

October 9 ကအတန်းစပါတယ်။   December 2012 မှာပြီးပါမယ်။ တပတ် ၃နာရီစာလောက် Lecture video တွေကြည့်ရပါမယ်။ Credit မရပါ။  စာမေးပွဲဖြေစရာမလိုု။ (တိုုက်တွန်းထားသော်လည်း) အိမ်စာလုုပ်ရန်မလိုု။ Probability နဲ့ Bit တွေ Byte တွေသိရင်လုုံလောက်ပြီလိုု့ဆိုုပါတယ်။ ဘာမှသုုံးလိုု့မရလောက်တဲ့ သင်တန်းဆင်းလက်မှတ်လောက်တော့ပေးမယ်ပြောတာပဲ။

ဒေါ်လှ ၄၀၀ဝ တန်ပုုံမှန် Stanford အတန်းနှင့်တော့မတူပေမဲ့ မဆိုုးဘူးထင်ပါတယ်။  ပညာရေး ဈေးအလွန်ကြီးနေတဲ့ခေတ်ထဲမှာ ရှားရှားပါးပါးအလကားရတဲ့ ပညာရေးလေး အကျိုးရှိရှိလိုုချင်သူ (သိုု့) ပညာယှဉ်လိုုစမ်းလိုုသူ  အင်ဂျင်နီယာ ကိုုကိုုမမတွေ စိတ်ဝင်စားရင် ကြည့်နိုုင်အောင် သတင်းပေးလိုုက်ပါတယ်။

အသေးစိတ်ကိုု ဒီမှာဖတ်ပါ။  http://class.stanford.edu/networking/Fall2012/pages/overview

Free Sign up လုုပ်ပြီး Video တွေကြည့်လိုု့ Download လုုပ်လိုု့ရပါတယ်။

 

11 comments

  • လယ်ထွန်Z

    October 10, 2012 at 6:05 pm

    ဗရာကြော်ပါဗျာ

    ဟောဒါလေး အားဖြည့်ခွင့်ပြုပါဗျိုးးး

    http://www.academicearth.org/

    • သကြားလုုံးကြော်

      October 11, 2012 at 12:05 pm

      အားဖြည့်ပေးတာကျေးဇူး။

  • kai

    October 11, 2012 at 5:17 am

    အဲလိုကျောင်းကြီးတွေက.. အလကားပေးတက်တဲ့သင်တန်း.. အပြည့်တက်ရင်.. အိမ်စာလုပ်ရင်.. ပိုက်ပိုက်ထောင်ချီပေးတာတွေတောင်ရှိတယ်..
    =
    ဆိုတော့..
    စိတ်ကူးပေါက်သမို့.. CompTIA Security+ လေးယူမလားလို့..

    အဲဒါ… အကျန်..အဲ.. အကြံလေးဘာလေး.. ပေးကြပါဦး..။
    အလကား ဒေါင်းလို့ရတာလေးတွေရောပေါ့..။ :harr:

    • သကြားလုုံးကြော်

      October 11, 2012 at 12:04 pm

      မီးက Computer Security ဆိုုလိုု့ ညအိပ်ရင်အိမ်သော့ခတ်ရုုံလောက်ပဲသိတာဆိုုတော့ သဂျီးကိုုအကျန်ရောအရှိရော မပေးနိုုင်ပါ။
      ဒါပေမဲ့ ဓာတ်ပုုံဆိုုင်ရာ သင်တန်း Link တချို့ ရှိသေးတယ်။ ထပ်တင်ပေးမယ်။

  • ရဲစည်

    October 11, 2012 at 5:55 pm

    ဖြစ်နိူင်ရင် ဒေါင်းလုပ်လေးလုပ်ပီး CD (or) DVD လေးနဲ့ဖြန့်ဝေပေးပါလား
    အနော်တို့ ကိုးနတ်ရှင်က သိတဲ့အတိုင်းမို့….။
    ရတောင့်ရခဲမို့ လိုချင်ပါကြောင်း။

    • သကြားလုုံးကြော်

      October 12, 2012 at 11:26 am

      အကြံကောင်းပဲ။ တကယ် serious လိုုချင်တာဆိုုရင်တော့ နှစ်ကုုန်တဲ့ထိ ဒေါင်းလုုတ်လုုပ်ဖိုု့ကြိုးစားပါ့မယ်။

  • padonmar

    October 11, 2012 at 10:29 pm

    ကွန်ပူတာနက်ဝပ်ကင်း က ကိုယ်နဲ့ နည်းနည်း အလှမ်းဝေးနေသလားလို့။
    ဒါ့ပုံ သင်တန်းကိုတော့ ပို စိတ်ဝင်စားတယ်။ကလိကြည့်ချင်တယ်။
    နို့မို့ရင် လယ်ထွန်Zဖားက ကြွားသမျှအငေးသားကြည့်နေရတယ်။
    Link လေးတွေပေးရင် ကျေးကျေးပါ။

    • လယ်ထွန်Z

      October 11, 2012 at 10:45 pm

      အင်း
      အန်ကယ်ဒုံ.
      အဲ့လာသင်လို့မရမယ့် ပညာတွေထဲကတခုဖြစ်မယ်.
      ဒါ့ပုံတစ်ပုံကို ဘယ်လိုအထားအသို ထားရမယ် သင်လို့တတ်နိုင်တယ်
      သို့တည်းမဟုတ် ဘယ်လို ဆက်တင်ချိန်မလဲ သင်လို့တတ်နိုင်ဦးမယ်.
      အဲ

      အဲ့လာ က ဒါ့ပုံပညာလား ဆိုပြန်တော့လည်းမဟုတ်သေးပြန်ဘူးရယ်ဗျာ.
      ဆိုင်းယန့်စ့်နဲ့ အာ့တ် ကိုပေါင်းစပ်ကြည့်တဲ့ အချိုးအစားမှာပဲ ရသပေါ်လွင်လာမယ်ထင်ပါရဲ့
      အဲ့လာကြောင့်ပဲ ဈေးအကြီးဆုံးပစ္စည်း သုံးနိုင်သာဟာ ထိပ်ဆုံးအမြဲမရှိသလို
      မှော်အောင်တဲ့ ဖိုတိုရှော့ပ်ဆြာတိုင်းလည်း ဘယ်တော့မဆို ဟိုက်လိုက် မဖြစ်ပြန်ဘူးလေ

      အဲ့သည့်ဘက် ပြန်ဇောက်ချရေးဦးမယ် တွေးမိပါတယ်ဗျာ
      သင်ယူနေဆဲ. လမ်းပျောက်နေဆဲပါဗျားးး.

      ခင်တဲ့
      ဂီ

      • သကြားလုုံးကြော်

        October 12, 2012 at 11:38 am

        ဓာတ်ပုုံပညာက Art နဲ့ Science ဆိုုတာမှန်ပါတယ်။ နှစ်ခုုစလုုံးကိုု မသိတာ/မကျွမ်းတာထက် တစ်ခုုခုုကစရမှာပဲ။ ဘယ်ဟာပဲသင်လိုု့ရရ တိုုးတက်ရေးအထောက်အကုူပဲလိုု့ ထင်ပါတယ်။ သင်လိုု့လေ့လာလိုု့ရသလောက်ကိုု လေ့လာပြီး သင်လိုု့မရတဲ့ art ပိုုင်းကတော့ တဖြည်းဖြည်းကြိုးစားရမှာပဲ။ ကျမတိုု့လိုု့ အနုုပညာ Gene မပါတဲ့သူတွေကတော့ တတ်နိုုင်တဲ့တစ်ဖက်ကပဲကြိုးစားလိုုက်ရတာပေါ့။ ဒါကြောင့် ပန်းချီမဆွဲပဲ ဒါ့ပုုံရိုုက်တာ။

        ဒါနဲ့ ဘယ်လိုု အန်ကယ်ဒုုံဖြစ်သွားတာလဲ။

Leave a Reply