***ဗိုက်ပူနံကား တောင်တန်းများနဲ ့မြေပုံ***

maung khinminOctober 10, 20121min842

***ဗိုက်ပူနံကား  တောင်တန်းများနဲ ့မြေပုံ***

ဒုက္ခ ခြုံထည်အောက်
ကွေးနေအောင်   ကောက်ကောက်လာခဲ့ကြတဲ့
ရေသောက်မြစ်တွေ ..
ဘဝ  ဟာ  …..
တောင့်တောင့်ကြီး  အေးစက်လို ့
အဲ့သလို    …..
ဘေးထွက် ဘေးထွက်ဆိုးကျိုးတွေက
အကျိုးပေး စောင်း  လွန်းစွ ၊

ခေါင်းကြီး ကိုယ်သေး နေတဲ့ …
အထက်ထွား  အောက်ရှုး သွားတဲ့
ဇာတိမာန် အားသန်ခဲ့တဲ့
အမှန် အမှားတို ့  ကျားကန်နေရ တဲ့
မြေပုံ သေးသေးလေး ထဲမှာလေ ….၊

စပါးနှံက  ဆန်ဖြစ် သတဲ့
ဘိန်းခင်းတွေက   တိမ်းမူးချင်စရာ
ပတ္တမြားမြေ က  သွားရေယိုချင့် စရာ
ကျွန်းသစ်ပင်က   ဒေါ်လာရွက်ဖားဖား တွေ …..
မြေအောက်က   ရွှေမဲ ၊ ရွှေဝါ
ဆီကို ရေချိုး  ဆေးရိုးမီးလှုံ
အိပ်ယာဝင် ပုံပြင်တွေ …
တစ်ချိန် က  ……
………………….
တစ်ခါ က…..
…………………..
ခုတော့ဖြင့်  ဘာမှမကျန်
နိတ္တိတံပြီဖြစ် တဲ့   …..
အဆီအနှစ်မဲ့   သူ ့ရင်ခွင် ဟာလာဟင်းလင်းထဲက
သက်ပြင်းတွေ ခဏခဏ
မှုတ်ထုတ်နေရ တဲ့     မြန်မာ့မြေပုံလေးထဲ မှာလေ ၊

ရုန်းရင်းဆန်ခတ်  ဖြစ်လို ့
စားခွက်လု  သံတွေ   ဆူဆူ ညံခဲ့ဘူးရဲ့
ရိုးရာဟန် အမြတ်တနိုးနဲ ့
ရှက်ကိုးရှက်ကန်း   လုံမပျိုများ ….
အသွေးအသား  ကို  တစ်ဝမ်းတစ်ခါးအတွက်
လမ်းတံတား ထိုး  …….. လို ့
ပျို ့အန်လိုက်တဲ့   ရောဂါဆိုးတွေ …. ပိုးတွေ ရွစိတတ်
ကလေးငယ်တွေ …. သေနတ်ထမ်း
အပွင့်အခက်တွေ   ပျော်ပွဲစား အတွက်
တောလည်ထွက်ခဲ့ ကြသတဲ့ ၊

မောတယ် ခုထိ
ဟေ့ ……
လူဆိုတာ   ကောင်းကင်ရှိတယ်
မြေကြီးပေါ်  ရပ်တယ်
အာဟာရ ဓါတ်နဲ ့အသက် ဆက်တယ်
မေထုန်မှုနဲ ့  မျိုးဆက်ကုန်သွယ်မှု ပြုတယ်
ဘာသာတရား  နဲ ့ယဉ်ကျေးသိမ်မွေ ့တယ်
ကိုယ့် အိပ်မက် ထဲ ကိုယ်   လွတ်လပ်
စစ်နဲ ့ငြိမ်းချမ်းရေး  ဖတ်ခွင့်ရှိတယ်
ဘုရားသခင် ရဲ့ ချဉ်ခြင်းတပ်မှု …. ငါတို ့
စပ်စုခွင့် ရှိတယ် ….
ဓါးဓါးချင်း   ဒုတ်ဒုတ်ချင်း
အဲ့လို  …. ညီမျှခြင်းထိုးခွင့် ရှိတယ် ၊

အကောင်းဆုံး  ဘာသာတရားဆိုတဲ့ ဂုဏ်ပုဒ်နဲ ့
အရုပ်ဆိုးနေကြတဲ့  …. မျက်နှာတွေ
သွေးကြောထဲမှာ  အာဃာတတရား ကို … ထိုးသွင်း
နယ်နိမိတ်  ကျဉ်းကျဉ်းလာတဲ့  … မြေပုံလေးထဲ
မသိမသာ  ကျူးကျော်  ….
ဖအေ တစ်ယောက် ၊ ပထွေးတစ်ယောက်ကြား
ဗျာများ နေတဲ့ မယားလို …
တာကျိုးသွားတဲ့   မြေပုံလေးမှာလေ …..
ဗိုက်ပူ နံကားဖြစ်လို ့ ။။။

မောင်ခင် မင်(ကျွန်းချောင်း)

၁၀.၁၀.၂၀၁၂

2 comments

  • မောင်ပေ

    October 10, 2012 at 2:58 pm

    ဗိုက်ပူနံကား
    ရိုက်သူစံရှား
    ကြိုက်ယူနံပြား
    စိုက်ထူလှံဖျား
    မိုက်ကြူဖန်စား
    တိုက်မူဟန်များ

  • aye.kk

    October 10, 2012 at 7:57 pm

    သံသေတပြေဝမဟုတ်။
    ငါခိုး
    ငါရ
    ငါ၀
    ငါပါယ်မှသာတပြေဝ။

Leave a Reply