““ကျွန်တော်က တောကောင်သားတွေ စားရတာကိုလည်း ဝါသနာပါတယ် ”” လို့ဆိုတဲ့ Rဇာနည်

အာဂOctober 10, 20121min1718

ဂေဇက်အတွက် ပိုစ့် တင်ဖို့ ဘာတင်ရရင်ကောင်းမလဲလို့ စဉ်းစားနေတာ တွေးလို့မရတဲ့အဆုံး Food Magazine မဂ္ဂဇင်းမှာ ကျွန်တော် အနုပညာရှင်တွေနဲ့ အစား
အသောက်အကြောင်း တွေဗျူးပြီး၊ သူတို့ရဲ့ ဟင်းလက်ရာတွေအကြောင်း အင်တာဗျူးတာလေးကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ပြောရရင်တော့ အာဂ နှစ်သီးစားလုပ်နေခြင်းဖြစ်ပါတယ်။
ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။


(R,Ga)မေးမြန်းသည်

အချက်အပြုတ်ကိုဘယ်အရွယ်လောက်ကစပြီးဝါသနာပါခဲ့တယ်လို့ထင်မိပါသလဲ။

အချက်အပြုတ်ကိုတော့ကျွန်တော်လူပျိုကျောင်းသားဘဝကတည်းကညရေး ညတာဗိုက်ဆာရင်ထမင်းကြော်စားတာတို့
၊ခေါက်ဆွဲပြုတ်စားတာတို့ကနေစပြီးဝါသနာပါသွားတယ်လို့ထင်မိတာပါပဲ။

• ဒါဆိုရင် ကိုRဇာနည်ကလူပျိုဘဝမှာဒီလိုအချက်အပြုတ်တွေလုပ်တတ်တာကိုဘယ်သူကသင်ပေးခဲ့ပါသလဲ။ဘယ်လို ကြောင့်ချက်ပြုတ်ဖြစ်သွားတာလဲ။

ကျွန်တော်က လူပျိုဘဝမှာကတည်းကအမေ့ကိုကူညီလုပ်ပေးရပါတယ်။အမေဈေးသွားဝယ်ရင်လည်း လိုက်ပေး
ရပါတယ်။ကြက်သွန်အဖြူ၊ အနီ၊ငရုတ် သီးတွေကအစထောင်းပေးရပါတယ်။နောက်လှီးတာ၊ ဖြတ်တာတို့ လုပ်ပေးရတယ်။
ကြက်ဥဆိုရင်လည်း ခေါက်ပေးရတယ်။ဒါတွေမြင်နေကျဆိုတော့လေရင်းနှီးနေတယ်လို့ပြောရမလားဘဲ။
ဒါပေမယ့် အဲဒီအချိန်တုန်းကတော့မချက်ဖြစ်ပါဘူး။အိမ်ထောင်ကျတော့မှသာ စပြီးစမ်းကလိကြည့်ရင်းနဲ့နည်းနည်းပါးပါး
ချက်ပြုတ်ဖြစ်တဲ့သဘောပါ။

• အခုရောပရိသတ်ကိုဘယ်လိုဟင်းလေးတွေချက်ပြမယ်လို့စိတ်ကူးထားပါသလဲ။

အခုစီစဉ်ထားတဲ့ဟင်းပွဲကတော့အချိန်လည်းသိပ်မရတော့ လောလောဆယ်၂ မျိုးလောက်ပဲ စီစဉ်ထားတာပါ။ဝက်သားကို မြန်မာလိုဆီပြန်ဟင်းလေးချက်မယ်။
နောက်ပြီးတော့ ဂေါ်ဖီကိုမုန်လာဥနီ၊ကြက်ဥ၊ကြက်သွန်ဖြူတို့နဲ့ကြော်ပါမယ်။

• ကိုRဇာနည်ဘဝမှာ ပထမဆုံးချက်ပြုတ်ဖူးတဲ့ဟင်းပွဲကိုမှတ်မိသေးရင်ပြောပြပေးပါဦး။

ပထမဆုံးချက်ပြုတ်ဖူးတာဆိုရင်တော့ခေါက်ဆွဲခြောက်အထုပ်ကို ပြုတ်ဖူးတာဖြစ်ဖို့များပါတယ်။နောက်မှ ကြက်ဥကြော်လုပ်မိတာဖြစ်မယ်ထင်တယ်။

• အဲဒီလိုလုပ်တုန်းကအရသာကရောဘယ်လိုရှိသလဲ။

ခေါက်ဆွဲခြောက်ကိုပြုတ်စားတာကတော့သူထဲမှာပါတဲ့အစာပလာတွေထည့်ပြီးပြုတ်လိုက်တာပေါ့နော်။ အဲဒါကိုအရည်နဲ့လည်းစားတယ်။ အရည်ခန်းအောင်လုပ်ပြီးတော့
လည်း စားတယ်။ဒါကတော့အဆင်ပြေပါတယ်။ဒီလိုပဲကြက်ဥကြော်တော့လည်း အိမ်မှာကအမေရှိတဲ့အခါကျတော့အမေ့ကိုမေးပြီး
ဆားဘယ်လောက်ထည့်ရမလဲ၊အရသာမှုန့်ဘယ်လောက်ထည့်ရမလဲဆိုတာမေးပြီးလုပ်တယ်ဆိုတော့ အရသာကပြောရမယ် ဆိုရင်အဆင်ပြေပါတယ်။

• ဒါဆိုရင် ကိုRဇာနည်ချက်တဲ့ဟင်းတွေထဲမှာမှလူကြိုက်အများဆုံးဟင်းပွဲကရောဘာဖြစ်မယ်လို့ထင်မိလဲ။

လူကြိုက်များတာကိုပြောရမယ်ဆိုရင်ကျွန်တော်ဒီအရွယ်ရောက်မှ သူငယ်ချင်းတွေနဲ့ဝိုင်းစုပြီးစားတဲ့အခါကျတော့
ကျွန်တော်ချက်ပြုတ်ပေးတဲ့ပုစွန်မဆလာချက်ဟင်းဆိုရင်တော့သဘောကျတယ်လို့ပြောကြပါတယ်။

• ကိုRဇာနည်ချက်တဲ့ ဟင်းကို သူငယ်ချင်းတွေဖြစ်ဖြစ်၊မိသားစုဝင်တွေဖြစ်ဖြစ် စားပြီးတော့ကောင်းတယ်လို့ပြောပြီး
ချီးမွမ်းခံရတုန်းကခံစားချက် ကရော။

ကိုယ်ချက်တဲ့ဟင်းကိုစားပြီးကောင်းတယ်လို့အပြောခံရတဲ့အခါကျရင်တော့ဘယ်သူမဆိုဝမ်းသာကြတာပါပဲ။ဒီလိုပဲ ကျွန်တော်လည်း
ဝမ်းသာမိပါတယ်။

• ကိုRဇာနည် ငယ်ငယ်ကမကြိုက်ဘဲ ကြီးမှကြိုက်တဲ့အစားအစာတွေရောရှိလား။

အစားအစာကတော့ ကျွန်တော်သိပ်သတိမထားမိဘူး။ ဒါပေမယ့် ကော်ဖီကတော့ကျွန်တော်ငယ်ငယ်တုန်းကမကြိုက်ဘူး။
အခုအသက်ကြီးမှ ကြိုက်လာတယ်။

• ငယ်ငယ်ကအစားသောက်နဲ့ပတ်သက်ပြီးအမှတ်တရအဖြစ်အပျက်လေးတွေရှိရင်ပြောပြပေးပါဦး။

ငယ်ငယ်အစားသောက်နဲ့ပတ်သက်ပြီးအမှတ်တရဆိုရင်တော့ငါးရိုးစူးတာကအမှတ်တရပါပဲ။ဘာဖြစ်လို့လဲဆိုတော့အခုအသက်ကြီးတဲ့အထိကို
ငါးရိုးစူးနေတုန်းဆိုတော့ ငါးရိုးစူးတာကတော့အမှတ်တရပါပဲ။

• မနက်စာကိုဘယ်အချိန်လောက်စားဖြစ်လဲ။ဘာတွေနဲ့စားဖြစ်လဲ။

မနက်စာကိုတော့ပုံမှန်စားချိန်တော့မရှိပါဘူး။ဘာတွေနဲ့စားဖြစ်လဲဆိုရင် အီကြာကွေးနဲ့လက်ဖက်ရည်လည်းသောက်တယ်။မုန့်ဟင်းခါးလည်း
စားတယ်။ကိတ်မုန့်လည်းစားတယ်။ပေါင်မုန့်လည်းစားတယ်။ ပေါက်စီလည်းစားတယ်။ပုံမှန်တော့မရှိဘူး။ ဒါပေမယ့်
အခုနောက်ပိုင်းကျတော့မနက်စာ စားချိန်ကနောက်ကျလာတယ်။ညပိုင်းအလုပ်တွေရှိတော့မနက်အိပ်ရာထနောက်ကျတော့
မနက်စာလည်းနောက်ကျလာတယ်။အရင်ကျောင်းသားဘဝတုန်းကတော့မနက်စာက ပုံမှန်ပါပဲ။

• နေ့လယ်စာကိုရော ဘာတွေနဲ့စားဖြစ်လဲ။

နေ့လယ်စာကိုတော့များသောအားဖြင့်မြန်မာထမင်းဟင်းတွေစားဖြစ်တာများပါတယ်။
တစ်ခါတလေချစ်တီး ထမင်းဟင်းတွေစားဖြစ်ပါတယ်။ညနေပိုင်းဆိုရင်တော့တရုတ်စာတွေလည်းစားဖြစ်ပါတယ်။

• ညစာကျရင်ရောမိသားစုနဲ့အိမ်မှာစားဖြစ်တာများလား။

ညစာကိုတော့အိမ်မှာလည်းစားဖြစ်တယ်။အပြင်မှာလည်းစားဖြစ်တယ်။

• ညစာစားပြီးရင်ရောအချိုတည်းလေ့ရှိလား။

အရင်တုန်းကတော့ ညစာစားပြီးရင်အချိုတည်းလေ့မရှိဘူး။ ဒါပေမယ့်အခုနောက်ပိုင်းကျတော့ညစာစားပြီးရင် သစ်သီးတွေစားလေ့ရှိလာပါတယ်။

• စားဖူးသမျှထဲမှာတစ်သက်မမေ့နိုင်လောက်တဲ့အစားအသောက်တွေရောရှိလား။

စားဖူးသမျှထဲမှာဆိုရင်တော့ ကျွန်တော်ကပင်လယ်စာကြိုက်တယ်။ ဒီတော့ပင်လယ်စာကိုဘယ်အချိန်အစားစား မမေ့နိုင်ဘူး။ ကောင်းတယ်။

• ကိုRဇာနည်စားဖူးသမျှထဲမှာ ထူးထူးဆန်းဆန်းဖြစ်တယ်ထင်တဲ့အစားသောက်တွေရောရှိလား။

ကျွန်တော်က တောကောင်သားတွေစားရတာကိုလည်း ဝါသနာပါတယ်။ကျွန်တော်စားဖူးသမျှထူးထူးဆန်းဆန်းထဲက
ဆိုရင်တော့ မြွေသားစားရတာကိုကျွန်တော်သဘောကျပါတယ်။နောက် ကျွန်တော်ယိုးဒယားရောက်တုန်းက
ကင်းမြီးကောက်တွေလည်းစားဖူးတယ်။နောက်အခြားအကောင်တွေလည်းစားဖူးတယ်။

• ကိုRဇာနည်အမေချက်ပေးတဲ့လက်ရာထဲမှာဆိုဘယ်ဟင်းကိုအကြိုက်ဆုံးလဲ။

အမေချက်တဲ့ဟင်းထဲမှာဆိုရင်တော့ဘယ်ဟင်းမဆိုကြိုက်တယ်။
ဒါပေမယ့်အခုလောလောဆယ်အမေချက်တဲ့ဟင်းထဲမှာအကြိုက်တွေ့နေတာကတော့ဆိတ်သားနဲ့ ပဲဟင်းပါပဲ။

• နိုင်ငံတကာအစားသောက်တွေ ထဲမှာဆိုရင်ရောဘယ်နိုင်ငံကအစားအသောက်တွေကိုကြိုက်လဲ။

ကျွန်တော်က ဘယ်နိုင်ငံကအစားအသောက်ရယ်လို့သီးသန့်ကြီးကြိုက်တာတော့မရှိပါဘူး။အစုံစားပါတယ်။ဘယ်နိုင်ငံကအစားသောက်
ရယ်လို့တော့ အစွဲမရှိပါဘူး။

• ကိုRဇာနည်အနေနဲ့နိုင်ငံခြားရောက်တဲ့အခါမျိုးမှာကိုယ့်နိုင်ငံက ဘယ်အစားသောက်ကို သတိရမိလဲ။

နိုင်ငံခြားရောက်ရင်တော့ကိုယ့်နိုင်ငံရိုးရာအစားအသောက်မှန်သမျှ အကုန်လုံးနီးပါးကိုသတိရတယ်။
ဒါပေမယ့်အဲဒါတွေအားလုံးကိုချေဖျက်နိုင်တာကတော့ ဘယ်နိုင်ငံသွား သွားယူသွားလေ့ရှိတဲ့ ငါးပိကြော်၊ငါးခြောက်ကြော်၊
လက်ဖက်တို့ပါ။အဲဒါတွေကိုစားရလို့ရှိရင်တော့တင်းတိမ်ပါတယ်။

• ကိုRဇာနည်ဘဝမှာ အမှတ်တရဖြစ်တဲ့အစားအစာ ရောရှိလား။ဥပမာ အဲဒီ့အစားအစာကို စားလိုက်ရရင်တစ်နေရာရာ၊တစ်ချိန်ချိန်၊တစ်ယောက်ယောက်ကို
သတိရမိတာမျိုးပေါ့။

အဲဒီလိုမျိူးအစားအသောက်ဆိုရင်တော့ကျွန်တော်မုန့်လုံးရေပေါ်ကို စားလိုက်ရရင်တော့သင်္ကြန်ကိုသတိရတယ်။ ဒါမျိုးပဲဖြစ်ဖူးပါတယ်။

• အစ်ကိုစားဖူးသမျှ အစားအသောက်တွေထဲမှာဈေးအကြီးဆုံး အစားအသောက်ကိုပြောပါဆိုရင်။

အဲဒီလို ဈေးကြီးတဲ့ အစားအစာကတော့နိုင်ငံခြားကိုသွားဖြစ်ရင်တော့ စားဖြစ်ပါတယ်။ဈေးကြီးတဲ့ အစားအစာတွေ တော်တော်များများ
ကိုတော့စားဖူးပါတယ်။ သူတို့ကလည်းဈေးမကြီး ကြီးအောင်လို့ရွှေတွေ၊ ဘာတွေ ထည့်ပြီးချက်တာမျိုးတွေရှိတာကိုး။အဲဒီလိုမျိုး ရွှေထည့်ချက်တာကိုတော့
ကျွန်တော်မစားဖူးပါဘူး။(ရယ်လျက် . . .)

• အစ်ကိုစားဖူးသမျှထဲမှာ ဈေးအပေါဆုံးနဲ့တန်တယ်လို့ထင်တဲ့အစားအ သောက်မျိုးရောရှိလား။

ရှိတယ်။ ဘာလဲဆိုတော့ကျွန်တော်ကငါးပိရည်နဲ့ တို့စရာကြိုက်တော့ အဲဒီဟာကကျွန်တော့်အတွက် ဈေးပေါပြီးတန်တဲ့
အစားအသောက်မျိုးလို့ ပြောရမလိုပါပဲ။

• စားသောက်ဆိုင်နဲ့အိမ်မှာဆိုရင်ရောဘယ်မှာပိုစားချင်လဲ။

များသောအားဖြင့်တော့ ကျွန်တော်ကအိမ်မှာပဲပိုစားချင်တယ်။

• အစ်ကိုကြိုက်အသီးအနှံတွေကရော။

ကျွန်တော်ကြိုက်တာက သင်္ဘောသီးတို့၊ဖရဲသီးတို့ကြိုက်ပါတယ်။

• အသီးအရွက်တွေထဲမှာရော။

အသီးအရွက်ထဲမှာဆိုရင်တော့ဆူကာရွက်ကိုကြိုက်ပါတယ်။

• သား၊ ငါးတွေထဲမှာဆိုရင်ရော။

အသားတွေထဲမှာ လူနဲ့အတည့်ဆုံးကတော့ငါးပေါ့။ ဒါပေမယ့်ကျွန်တော်ကငါးကိုသိပ်မစားဖြစ်ဘူး။
ကိုယ်ကိုယ်တိုင်လည်းကျွမ်းကျွမ်းကျင်ကျင်မချက် တတ်တာကြောင့်လည်းပါပါတယ်။
နောက်အမေတို့ချက်ပေးမှစားဖြစ်ပါတယ်။ဒါပေမယ့် ငါးကိုတော့ ကြိုက်ပါတယ်။နောက် ပင်လယ်စာတွေကို အရမ်း ကြိုက်ပါတယ်။

• ဒါဆိုအစ်ကိုနဲ့မတည့်တဲ့အစားအစာတွေရောရှိလား။

ကျွန်တော်နဲ့မတည့်တဲ့အစား အစာကတော့အခုအသက်အရွယ်မှာတော့ မရှိသေးပါဘူး။

• နောက်ပြီး အစ်ကို မကြိုက်တဲ့အစားအစာရောရှိလား။

ကျွန်တော်ကအရမ်းအီဆိမ့်တဲ့ အရသာရှိတဲ့အစားအသောက်မျိုးဆိုရင်တော့ သိပ်မကြိုက်ပါဘူး။

• အစားအစာတစ်ခုစားပြီးအဲဒီအစားအသောက်ထဲမှာရွံစရာတွေရောမြင်ဖူးလား။

တွေ့ဖူးပါတယ်။အဲဒီလိုမျိုးတွေ့ဖူးရင်တော့ဆက်ပြီးတော့ မစားဖြစ်တော့ပါဘူး။ရွံသွားတာမျိုးတို့၊ မသတီတာမျိုးတော့မဖြစ်ပါဘူး။

• သူငယ်ချင်း၊ မိတ်ဆွေတွေကကိုယ်စားသောက်နေတဲ့အချိန်မှာ ဘေးနားကနေပြီးတော့ ရွံစရာတွေ လာပြောရင်ရော
အစ်ကိုရွံတတ်လား။

အဲဒါမျိုးကတော့ ကျွန်တော် မရွံတတ်ပါဘူး။

• အစားအသောက်တစ်ခုကနိုင်ငံတစ်နိုင်ငံ၊လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကိုဖော်ဆောင်နိုင်တယ်လို့ထင်မြင်မိလား။

ထင်မြင်မိပါတယ်။ ကျွန်တော့် အမြင်ကတော့ကိုယ့်ဒေသအစားအသောက်တစ်ခုနဲ့နိုင်ငံတကာက
ဧည့်သည်တွေကို မြူဆွယ်လို့ရတယ်လေ။

• အခုနောက်ဆုံးမေးခွန်းအနေနဲ့ အစ်ကိုအခုချက်ပြတဲ့ဟင်းလေးတွေကို လိုက်ချက်စားကြည့်မယ့်ပရိသတ်ကြီးအတွက်အမှတ်တရစကားလေးကရော။

ဒီဟင်းတွေကတော့ ထမင်းတစ်နပ်စားရင်
ကောင်းကောင်းမြိန်သွားစေမယ်လို့အာမခံပါတယ်။

-(R,Ga)မေးမြန်းသည်

မှတ်ချက် Rဇာနည်ချက်ပြတဲ့ ဟင်းချက်နည်းကိုတော့ နောက်မှဖော်ပြပေးပါမယ်။

8 comments

  • surmi

    October 10, 2012 at 3:51 pm

    တောကောင်သားဆိုလို ့
    ဂျီ သားလေးသတိယလိုက်တာ
    မောင်ဂ တို ့အဖွဲ ့နဲ ့ဆိုအကိုက်ပဲ
    ကျုပ်မိတ်ဆွေ ကရင်ကြီးကတော ့ မီးတောက်အရက်နဲ ့မြီးတာ
    ဂွတ်မှဂွတ်ဆိုပဲ

    • R Ga

      October 10, 2012 at 4:19 pm

      အယ်မလေး ဗျာ…။ ဆရာသမား surmi ပြောမှ ဂျီ သား ဆတ်သား တွေ စားခဲ့ရတဲ့ ဘဝကို ပြန်တောင် သတိရမိတယ်ဗျာ။
      ပြောရင်းနဲ့ သရေတောင်ယိုလာ ပြီ…..။ မီးတောက်လေးပါပါတော့ တောက်စ်….ရှလွတ်….။ အရမ်း သောက်ချင်လာသပ ဗျာ။

  • amatmin

    October 10, 2012 at 4:38 pm

    Rဇာနည် ချက်တာ မသိချင်ဘူးး.
    နှစ်သီးစား အာဂ ဘာချက်တတ်တုန်း ဆိုတာလေးတော့သိချင်မိသားး..
    ဟင်းကောင်းချက်တတ်တယ်ဆိုလို့ကတော့ .
    ကျုပ်ကပုလင်းကောင်းဆွဲလာတတ်သပေါ့ 🙂

    • စိန်ဗိုက်ဗိုက်

      October 10, 2012 at 4:49 pm

      ဟင်းကောင်းနဲ ့ ပုလင်းကောင်းရှိရင်တော့..
      ရောက်ရာအရပ်က အမြန်ဆုံးနည်းနဲ ့ ပုဂံလုံးစီးပြီး လာမဟေ့
      😀

  • မောင်ပေ

    October 10, 2012 at 7:53 pm

    မနွယ်ပင်တစ်ယောက်တော့ ၊ အင်တာဗျူးပြီးတဲ့ နေ ့ကတဲက ဟင်းကောင်း၂ခွက်လောက်တော့ ချက်ခိုင်းနေမှာ သေချာကွက်တိပါပဲ…

  • နွယ်ပင်

    October 11, 2012 at 3:23 pm

    နှစ်သီးစား ဦးဂရှင့် အဲ့ဟင်းလေးစားချင်လို့ပါ
    ဘယ်နေ့ချက်မလဲ သိချင်ပါတယ်ချင့် …. 🙂

  • char too lan

    October 11, 2012 at 5:06 pm

    လိုင်စင်ပိတ်ခံထားရတယ်ဒဲ့ဗျာ….. 🙁
    :mrgreen:

  • ရဲစည်

    October 11, 2012 at 5:53 pm

    ကျုပ် အာခေါင်စီကတော့ နောက်တပတ်မှာ
    ကြွက်သနီချက်နဲ့ ဝက်ဖင်ဆီဖူးချည်စပ်ဟင်းရည် ချက်နည်းတင်ပေးမည် ဖြစ်ကြောင်း..။
    စားခဲ့ဖူးသမျှထဲမှာတော့ ဝနယ်ထဲက ထမင်းကြော်ကို တသက်မမေ့ပါကြောင်း။
    အကျယ်ရှင်းရင် တွေးတွေးပီး ရင်ခံသမို့ တိုးတိုးတိတ်တိတ် မေးလ်ပို့ မေးမြန်းနိူင်ကြောင်း။

Leave a Reply