န = နည်းနည်းလေးတော့ လွဲသွားတယ် ။ ( တိုင်းပြည်အကြောင်း နည်းနည်းပြောကြည့်ဦးမယ်။)

alinsettOctober 10, 20121min21237

ကျွန်တော်…. အခု လွဲ တာတွေ ပြောပါမယ် ။

ဘာလို ့လ ွဲ တာတွေ ပြောရသလဲ..ဆိုတော့….

ကျွန်တော့်မှာ..လွဲတာတွေ..ပဲ..ရှိလို ့ပါ ။

ကျွန်တော် အလွဲ..တွေ..အတော်လေး. များခဲ့ပါတယ် ။

ဘာလို ့လွဲ တာတွေပဲ… များခဲ့သလဲ..လို ့ထပ်မေးရင်…. ထပ်ဖြေပါ့မယ် ။

မှန်တာတွေ မလုပ်ရဲ.. မပြောရဲ ခဲ့လို ့ပါ ။

မှန်တာပြောရင်..ရွာ ့ပြင် ထွက့် ရတယ်..ဆိုတဲ ့ အတိုင်း..ရွာ့ပြင် ထွက်ရမှာာကြောက်လို ့…

ကျွန်တော် မှန်တာတွေ..မပြောရဲ..ခဲ ့ပါဘူး ။

အခုလည်း……

လွဲ တာတွေ… ပဲ..ပြောပါ့မယ် ။

တကယ်လို ့…

အလင်းဆက်..တို ့ ရေးတဲ ့စာက လွဲတာတွေ..ပဲ…။

မှန်တာ / တိကျ တာမှ ဖတ်ချင်ပါတယ်..ဆိုသူတွေ…အတွက်….

ကျွန်တော်… ပြောချင်တာက….

မှန်တာတွေ.. / တိကျ ပါတယ်..ဆိုတာတွေ..ဖတ်ချင်တယ်..ဆိုရင်….

သတင်းစာ…တွေ..သာ ဖတ်ပါလို ့။

++++++++++++++++++++++++++++++++++++++++++++

အခု…. လွဲ တာတွေ..ပြောမယ့် နေရာမှာ…

ဘယ်သူ အလွဲ..လဲ..လို ့မေးလာရင်.ဖြေပါ့မယ် ။

ကျွန်တော်..လွဲ ခဲ့တာပါ ။

ကျွန်တော်က ကိစ္စတော်တော်များများမှာ…အထင်တွေ../ အမြင်တွေ… လွဲ..နေကျ…ခပ်ညံ့ညံ့ လုူငယ်တစ်ယောက်ပါ ။

ကျွန်တော့် ဘဝမှာ..လွဲ.ခဲ့တာတွေ… တစ်ပုံကြီး.ရှိပါတယ် ။

တချို ့အလွဲ.တွေက ….

ရယ် စရာ ကောင်းပြီး…. တချို ့သော..အလွဲတွေကတော့…..

ရင်နာစရာ…ကောင်းပါတယ် ။

တချို ့အလွဲ..တွေက…..

ပြောမပြတတ်အောင်.. စိတ်မကောင်းဖြစ်လိုက်ရတဲ ့… အလွဲတွေပါ ။.

အဲဒီ အလွဲတွေ ထဲကမှ……

အခု..ကျွန်တော်.ပြောမယ့် အလွဲ..တွေဟာ….

စိတ်မကောင်းဖြစ်စရာ…/ တွေးတော…စရာ..အလွဲတွေ…ပါ ။

နည်းနည်းလေး..လွဲ.သွားတယ်..ဆိုတာ လေးကို.တော့

စိတ်ရှည်ရှည် ထားပြီး… ဖတ်ရှု. ပေးကြပါဦး ..နော် ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++==

ကျွန်တော်… စာထိုင်ရေးနေကျ..ကျွန်တော့် အိမ်နဲ ့ သိပ် မဝေးတဲ ့….စေတီတော်ပါ်မှာပါ ။

တစ်ညနေ…..

စာ ထိုင်ရေးနေတုန်း…….။

စေတီတော်ပေါ် ကို ဘုရားဖူး..လာသူ အမျိုးသမီးတစ်ယောက် ကို…. စေတီတော်..တာဝန်ရှိသူ ဝန်ထမ်းက..ခေါ်လာပါတယ် ။

ကျွန်တော် စာထိုင်ရေးနေတဲ ့ နေရာ…. အရှေ ့တည့်တည့်မှာ ရှိနေတဲ ့ …..

ဘုရား ရုပ်တု ရယ်../ ဘီလူးတစ်ကောင် ရဲ ့ ရုပ်တု ရယ်..ရှိနေတဲ ့…နေရာ ဆီကို ခေါ်လာတာပါ ။

အဲဒီ စေတီတော် တာဝန်ရှိသူ ဝန်ထမ်းကို လည်း.. ကျွန်တော်..သေချာ သိပါတယ် ။

စေတီတော်..ရဲ ့ security တစ်ဦးပါ ။

သူက…….. ဘုရား ဖူး..လာသူ အမျိုးသမီးကို…..

ရုပ်တုတွေ.. အရှေ ့မှာ…. ထိုင် ခိုင်းပြီး.. ဒီ ရုပ်တုတွေ..က….ဒီ အမျိုးသမီးကို…စောက်ရှောက်ကြဖို ့…

မ စ ကြဖို ့…တိုင်တည် ပေးပါလေရော…..။

အမျိူုးသမီး ကလည်း..ရုပ်တုတွေ အရှေ ့မှာ… ကျုံ ့ကျုံ ့ လေး ထိုင်ပြီး… ဝန်ထမ်းကြိး..တိုင်ပေးသမျှ ကို….

ကျကျနန လိုက် ဆိုပါတယ် ။ ဦူး ချ.လိုက်……ဆို..ချတယ် ။

အတိုင်အဖောက်တော့..ညီ နေပါတယ် ။

နောက်ဆုံးမှာတော့………………….

ဝန်ထမ်းကြီးက…. ဘီလူး ရုပ်တု ရှေ ့မှာ.ရှိနေတဲ ့…

ကန်တော့ပွဲ..ကြီးထဲ….

အလှုူ ငွေ..ထည် ့ခိုင်းပါတယ် ။

အမျိုးသမီးကလည်း.. ပိုက်ဆံ ( 1000 တန် ထင်တယ် ) တစ်ရွက်က်ု.. ချွန်ချွန်လေး..လိပ်ပြီး….

ကန်တော့ပွဲ ထဲက..ငှက်ပျောသီး အဖီး.ကြား ထိုးထည့် ပေးထားလိုက်ပါတယ် ။

သာ….. ဓု ..သာဓု..သာဓု.ပေါ့ဗျာ..။

အမျိုးသမီးလည်း..ထွက်သွားရောာာာာာာာာာာာာာာာာာာ

ကျွန်တော်..ထိတ်လန် ့ အံ့ဩ သွားစေမယ့်…..

လုပ်ရပ် တစ်ခုကို…..

စေင်္တီတော် ဝန်ထမ်း က လုပ် လိုက်ပါလေရော…။

အဲဒီ ဝန်ထမ်းက ကျွန်တော့် အရိပ်အကဲ ကို..ကြည့်နေပြီး…

ကျွန်တော်…. လစ်ပြီး….. အထင်နဲ ့…

ကန်တော့ပွဲ ထဲက.အလှု.ငွေကို ယူပြီး….. သူ ့ အကျီ င်္ အိပ်ထဲ… ထည့် လိုက်ပါတယ် ။

ကျွန်တော်…. ထင်ထားတာက……..

အဲဒီ ဝန်ထမ်းကြိးက..ရိုးသားစွာ.. ကူညီ တိုင်တည်ပေးတာပေါ့လေ…။

ပြီးတော့…. ကန်တော့ပွဲ ထဲက ပိုက်ဆံကိုတော့….

ကိုယ် ကျိုး အတွက် မသုံးလောက်ဘူးပေါ့လေ…။

အခုတော့………………………………….

သူ ့မရိုးသားမှု က…. ဘွားခနဲ..ပေါ်လာတဲ ့အခါ………………..

ကျွန်တော်..ထင်ထားတာလေး…..

နည်းနည်းလေးတော့..လွဲသွားပါတယ် ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အဲဒါ….

တကယ့်ကို ကျွန်တော့် အရှေ ့မှာ.တင်….

ဖြစ်သွားတာနော် ။

အဲဒီ ထက် ဆိုးတဲ ့…

သီ လ မစောင့်ထိန်းမှု..တွေ..ကိုတောင်..တွေ ့ဖူးတယ် ။

ဒီ ့ထက် ဆိုးတဲ ့… အဖြစ်တွေ ဆိုတာ…..က….

ပြောလို ့ သိပ်မကောင်းတော့လို ့…။

ဒါပဲ.ပြောပြတာ ။

အဲဒီလို………………..

အူမ မတောင့်လို ့….

သီလ မစောင့် နိုင်တဲ ့…

သာမန် လူတွေကိ်ု တွေ ့ရရင်..ကျွန်တော်…..

အရမ်း စိတ်မကောင်းဖြစ်မိတယ် ။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဟိုတလောကလည်း………………………………

ကျွန်တော် နေတဲ ့ဆင်းရဲ သား..ရပ်ကွက်ကလေး ထဲမှာ…..

ကလေးငယ် တစ်ယောက်……..

သေ သွား တယ် ။

သွေးလွန်တုတ်ကွေး.ကြောင့် သေတာ တဲ ့…။

ပထမတော့….

အမေ လုပ်သူကို…. အပြစ် မြင်မိတယ် ။

ကလေးကို အချိန်မိ ဆေး ခန်း ပို ့ပါတော့လား…။

အဲဒီလို..အချိန်မီ သာ ဆေးခန်း / ဆေးရုံ ပို ့နိုင်ရင်..ကလေး အသက် ဆုံးမှာ မဟုတ်ဘူး ။

ပြိးတော့… ကလေးကို…သွေးလွန် တုတ်ကွေးလို…ရောဂါမျိုး မဖြစ်ရအောင်…

အစကတည်းက..ကလေးကိုဂရုစိုက်ပါတော့လား..လို ့။

ကလေးကို… ခြင်ထောင်တွေ.ဘာတွေ..သေချာ ထောင်ပေး.ပြိး… နွေးနွေးထွေးထွေး… ထားပါလား ။

ကလေးငယ်တွေရဲ ့ကျန်းမာရေးကို…ကိုယ်တု်ိင် ဂရု စိုက် ခဲ ့ရင်..ဒါမျိုး..ဘယ် ဖြစ်မလဲ..ပေါ့လေ….။

ဒီ အမေ… နှယ်..ပေါ့ဆလိုက်တာ…။

ကလေးကို..ဖြစ်သလို.မွေး / ဖြစ်သလို..ထားရက်လိုက်တာ..ဆိုပြီး….

ကျွန်တော်က အပြစ်တွေ..မြင်နေတာ…။

နောက်တော့မှ….

သိလိုက်ရတာက…..

ကလေး..အသည်းအသန် ဖြစ်နေချိန်မှာ……ဆေးခန်းပြ ဖို ့ ပိုက်ဆံ တစ်ပြားမှ မရှိလို ့..တဲ ့။

ကလေး အဖေ…အလုပ်က ပြန်လာ ချိန်..ည နက်တဲ ့အထိ..စောင့်နေရတာ..တဲ ့။

ဆေးရုံတို ့ဆေး ခန်းတို ့ဆိုတာကလည်း…. ပိုက်ဆံ မပါ ရင်… ဘယ်လိုမှ မဝင်ရဲ.တဲ ့နေရာတွေ….ဆိုတာတော့.. အမှန်ပဲ..နော် ။

ဒါဖြင့်…ဘေး အနီးနားတွေက ချေး ငှား ပြိး..သွားပါတော့လား..ကွယ်…။

ဒါလည်း..မဖြစ်ပါဘူး ။

ဒီလောက် …..ဆင်းရဲ မွဲတေ နေတဲ ့ အိမ်ထောင် တစ်ခု ထဲက….

ဒီ အမေ လုပ်သူကို..ဘယ်သူ က ပိုက်ဆံ ချေးမှာလဲ….။

ပြန် ရဖို ့..တော်တော်လေး…. ရာခိုင်နှုန်းနည်းနေတဲ ့… လူတစ်ယောက်ကို..ဘယ်သူက..ငွေ…ချေးမှာလဲ..။

ပြိးတော့…ပိုက်ဆံတွေ ပေါများနေတဲ ့..လူတွေ..နေထိုင်ရာ….

လူချမ်းသာ..ရပ်ကွက်လည်း.မဟုတ်ဘူးလေ..။

အဲဒီလို… မသေသင့်တဲ ့ ရောဂါလေးတွေ../ အခြေအနေကလေးတွေ နဲ ့ သေသွားရတဲ ့…

ဆင်းရဲ သားတွေကို တွေ ့ရင်… ကျွန်တော်..ရင်နာမိပါတယ် ။

ဆင်းရဲ ခြင်းဟာ…. ကျွန်တော်တို ့ကို…. မညှာမတာ..သတ်ဖြတ်နေတဲ ့အခါ….

ဆင်းရဲ တဲ ့နိုင်ငံ တစ်ခုမှာ.. အသက်တစ်ချောင်းက လွယ်လွယ် ပျက်စိး..တတ်လိုက်တာ….လို ့.

ရင် ကွဲ မတတ် ခံစား ရပါတယ် ။

++++++++++++++++++++++++++

ကဲ…မင်း…ဘယ်သူ ့ကို အပြစ် တင် ဥိးီမလဲ…..

မောင်အလင်းဆက် ။

ကျွန်တော်…. ထင်ထားတာလေး…..

နည်းနည်းလေးတော့…

လွဲသွားပြန်ပါတယ် ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ခရီ သည်တင်… ဘတ်စ် ကားတွေ..

တိမ်းမှောက်တဲ ့သတင်းတွေ…..

မကြာခဏ ကြားနေ / မြင်နေရတဲ ့အခါ……

အဲဒီ သတင်းတွေကိ်ု ကြား ကြားချင်း…..

ပထမ ဆုံး အပြစ် တင်မိတာက/ အပြစ် ြမြင်မိတာက….

ကားမောင်းသူ ကိုပါ ။

ယာဉ်မောင်း…မဆင်မခြင်မောင်းလို ့…. ဒီလို ဖြစ်ရတာ..ဆိုပြီး…

ဒေါန တွေ..ဘာတွေ… ထွက်မ်ိပါတယ် ။

ဒါပေမယ့်………………………………….

အဲဒီ ကားတွေ..မှောက်ခဲ့တာပါ…ဆိုတဲ ့ နေရာ / လမ်းတွေ… ဘက်သွားရင်း..လာရင်း… ရောက်မိတဲ ့အခါ..မှာတော့……

ကျွန်တော်…ထင် / မြင်တာလေး…..(ယာဉ်မောင်းကို.. မြင်မိတဲ ့အပြစ် အမြင်လေး.)

နည်းနည်းလေးတော့… လွဲ သွားပြန်ပါတယ် ။

လမ်းတွေ…လမ်းတွေ…..

ဆိုးလိုက်တဲ ့ လမ်းတွေ….။

ချိုင့်တွေ…ကျင်းတွေ. က… လ ကမ္ဘာပေါ်… က… ချိုင့်ဝှမ်းတွေ.လား..အောက်မေ့ ရတယ် ။

ဖြေးဖြေးလေး.မောင်းနေရင်တောင်……

ဘယ် ကို..ထိုး ယိမ်းသွားလိုက်…

ညာကို…ထိုး စောင်း သွားလိုက်နဲ ့….

ဘုရား … တ ..ပြီးရင်း…. တရင်း….မို ့…..

ကုသိုလ်တော့ အတော်လေးရသား…လို ့တွေးမိပါတယ် ။

အလင်းဆက်တို ့…ဘုရားမေ့ ..တရားမေ ့.. စားဖို ့အနိုင်နိုင် …..ကြိုးစား..လုပ်ကိုင်နေရလို ့… အခုလို..လမ်း ဆိုးဆိုးတွေ..ရှိနေလို ့…

ဘုရား တ မိတဲ ့အခါ..ကုသိုလ်ရပြီပေါ့နော် ။ /

ပြီးတော့…………………………….

ကားတွေ…ကားတွေ……

စုတ်ပြတ်သတ်လိုက်တဲ ့…. လိုင်းကားတွေ….။

လိုင်းကား( ဘတ်စ်ကားတွေ ) ဘာလို ့..ဒီလောက်..စုတ်ပြတ်နေရတာပါလိမ့် …။

အခုတလော… ကားလှလှလေးတွေ..ကို လူချမ်းသာတွေ…. ထည်လဲ..အပြိုင်အဆိုင် စိးနေကြတာ.တွေ ့နေရတယ် ။

အိမ်စီးကားလေးတွေမှာ… လှမှ လှ… / သန့်မှ သန် ့… ။ ဒီဇိုင်းတွေကလည်း..အံ ့မခမ်း…. သပ်ရပ် ..။

ကောင်းလိုက်တဲ ့ ကားတွေ…။

ဒါပေမယ့်…

လူဆင်းရဲတွေ.အားကိုးနေရတဲ ့ ့…

ဘတ်စ်ကား.တွေကျတော့…..

စုတ် လိုက်တာ…။ ဘတ်စ်ကားတွေကိုကြည့်ရတာ… အမှိုက်ပုံ ထဲက ကောက်လာတဲ ့ သံထည်ကြီးတွေ.ကို…

ဘီး တပ်ပြိီးများ.မောင်းနေကြသလား..လို ့တောင် တွေးမိပါရဲ ့။

အင်ဂျင် သံ..တစ်ဖုန်းဖုန်း က လည်း..တစ်မြို ့လုံး..ဆူညံ လို ့..။

အဲဒီ စက်သံက ကားထဲက လိုင်းကားစီး..သူတွေ.ရဲ ့ နားထဲကိုလည်း.. နားကွဲ မတတ်… ဝင်နေတာ ။

ကား ဘေး.ကိုယ်ထည် ကလည်း…. သံချေးတွေ.ထု နဲ ့ထည်နဲ ့တက်လို ့ ။

စက် ကလည်း..အထဲ..မှာ…မတ်တပ် ရပ်ပြီး..စိးတဲ ့အခါ.. ပူလိုက်တာ…။

ပြီးတော့…. အလုပ်သွားရာ လမ်းခရီးမှာ…..

ပျက် တာကလည်း…ခဏ ခဏ..မို ့….

အလုပ် နောက်ကျ လို ့ ဒဏ် အရိုက်ခံ ရတာလည်း…

အလင်းဆက်တို ့ ဘဝမှာ….

ထုံးစံဖြစ်နေပြီ ။

ဒီလောက်…စုတ်ပြတ် နေတဲ ့ကားတွေ..ကိုမှ…..

ဒီလောက်..ဆိုးဝါး တဲ ့လမ်းတွေမှာ.မောင်းလို ့မှ…..

မမှောက်ရင်….

ဘယ်လိုနေရာမှာ…မှောက်မလဲ..။

ဒီလိုပြောတော့……………………….

ယာဉ်မောင်းသူတွေရဲ ့…. မဆင်မခြင်မောင်နှင်မှု../

တစ်စီး နဲ ့တစ်စီး..အပြိုင်အဆိုင်… လု မောင်းတာတွေ..ကို

အပြစ် အနေနဲ ့ထည့်မပြောသလို ဖြစ်နေတယ်နော် ။

ဒါလည်း.ပြောရဉ်းီမယ် ။

ဘတ်စ်ကားမောင်းသူတွေ… အပြိုင် အဆိုင်…မောင်းနှင်တာ…

မဆင်မခြင် လုယက်မောင်းနေကြတာ…ရဲ ့ အကြောင်းရင်းခံ …ကို…. က…….

အဲဒီလို….. မောာင်းမှ…..

ပိုက်ဆံများများ ရမှာလေ ။

ပိုက်ဆံ များများ ဝင်မှ… ထမင်း စားဖို ့….လောက်ငှ မှာလေ ။

ဝမ်းရေး အတွက်…. လောဘတွေ / ဒေါသတွေ.. / မော ဟတွေ….

ပြီးတော့..ငါ.ဆိုတဲ ့ အတ္တတွေ……..နဲ ့… မဆင်မခြင်မောင်းမိတာလေ ။

ဒီတော့……………………………………….


+++++++++++++++++++++++++++++++++++

လူ ဆင်းရဲ တယ် ။

( တချို ့လူတွေက..လူတင်မဟုတ်ဘူး ။ စိတ်ကောင်းစေတနာ နဲ ့ အသိဉာဏ် / ဆင်ခြင်နိုင်စွမ်းတွေ..ပါ ဆင်းရဲ တယ် )

ကား..( စက်ပစ္စည်း..) ဆင်းရဲ တယ် ။

လမ်း ..( စနစ်..လို ့ ဆိုချင်ပါတယ် ) လမ်း ဆင်းရဲတယ် ။

ဒီလို….. ဆင်းရဲ မှုတွေ../ မွဲတေမှုတွေ../ မပြည့်စုံမှုတွေ….

ပေါင်းစုံနေမှတော့……………………

ဒီလို… ဆိုးရွားတာတွေ..က… ဖြစ်ပြီပေါ့ ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကန်တော့ပွဲ ထဲက အလှူငွေကိ်ု….. ကိုယ်ကျိုးအတွက် ယူ သုံးတဲ ့ ဝန်ထမ်း ရယ်….

မသေသင့်ပဲ..သေသွားရတဲ ့ ကလေးငယ်ရယ်……

ဘတ်စ်ကား တိမ်းမှောက်မှုတွေရယ်……

အဲဒါတွေ ဖြစ်နေ ရတဲ ့…

အကြောင်းရင်းခံဟာ……

ဆင်းရဲခြင်းကြောင့်….. လို ့ ကျွန်တော်… သတ်မှတ်ပါတယ် ။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အဲဒီလို…ဆင်းရဲခြင်းကြောင့်လို ့… ကျွန်တော် သတ်မှတ် လိုက်တာဟာ……. မှားတယ် ..ဆိုရင်လည်း….

ကျွန်တော် အလက်ဆင်းရဲ ့အတွေးအခေါ်..က ဆင်းရဲ နေလို ့..ပါ..လို ့ ပဲ..

ပြန် ပြောရတော့မှာပါပဲ ။

ကြွယ်ဝတဲ ့ပတ်ဝန်းကျင် ( Rich Environment ) တစ်ခု ထဲမှာ….

ကျွန်တော်..မနေခဲ့ဖူးလို ့..ကျွန်တော့်အတွေးအခေါ်….ဆင်းရဲရပါတယ် ။

ကျွန်တော် …လူနေမှု ဆင်းရဲတယ် ။ ပညာ..ဆင်းရဲ တယ် ပစ္စည်း ဥစာ္စ ဆင်းရဲတယ် ။

ဖတ်စရာ စာအုပ် လေ့လာစရာ.. နေရာတွေ.ဆင်းရဲတယ် ။

(စိတ်ဓါတ်နဲ ့ အသိဉာဏ်.ကိုတော့….

တတ်နိုင်သမျှ… မဆင်းရဲ အောာင် နေပါ့မယ် ။)

အခု……………………….

ကျွန်တော်………………… ဆင်းရဲ ခြင်းကြောင့်ဖြစ်ရတာလို ့….

သတ်မှတ်လိုက်တာ… မှားတယ်..ဆိုရင်….

ကျွန်တော့်အတွေးအခေါ်… ဆင်းရဲလို ့ပါနော် ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကဲ………………………..

ကျွန်တော်..ပြောခဲ့သမှ..ထဲမှာ…..

နည်းနည်းလေး..များ….. လွဲ နေတာလေးတွေ..ပါနေသလား…….ခင်ဗျာ ။

ပြောကြပါဦ်း..။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တွေးမိတာလေးကို… ကောင်းစေလိုတဲ ့ စိတ် သက်သက်နဲ ့ ချရေးမိတာပါ ။

( ဒီနေရာ မှာ..ကျွန်တော့် အတွေးနဲ ့ အခြားသူ ရဲ ့ ့အတွေး မတူနိုင်ပါဘူး။ ကွဲပြားနိုင်ပါတယ် ။

ကျွန်တော်က ကျွန်တော့် ပတ်ဝန်းကျင်မှာ မြင်တွေ ့နေရတာတွေကို ကျွန်တော် ့ အမြင်ကို ချရေးတာပါ ။

ကျွန်တော့်လို ပတ်ဝန်းကျင်မျိုးမှာ..မရှိတဲ ့ / ပြည့်စုံကြွယ်ဝနေတဲ ့ ပတ်ဝန်းကျင်ထဲက လူတစ်ယောက် အနေနဲ ့ဆိုရင်…

အမြင် အတွေး..ဘယ်လိုမှ မတူနိုင်ပါဘူး ။

ဥပမာ…. အလင်းဆက် နေထိုင်ရှင်သန်ရတဲ ့ ပတ်ဝန်းကျင်နဲ ့

သမ္မတ ကြီးတစ်ယောက် နေထိုင် ရှင်သန်ရတဲ့ပတ်ဝန်းကျင်အခြေအနေ…

မတူနိုင်ပါဘူး ။ သမ္မတ ကြီးတစ်ယောက် အနေနဲ ့ ………….

ကျွန်တော့် ထက်..ပို ပြီး..ကျယ်ကျယ်ပြန် ့ပြန် ့ တွေးပေးနိုင်ရင်လည်း တွေးနိုင်မယ်..။

မတွေးချင်လို ့..မတွေးပဲ……….

မျက်ကွယ်ပြု..နေရင်လည်း.နေမယ်ပေါ ့ ။ ဒါက စကားပမာ/ ဥပမာပါ ။

ကျင်လည်ရတဲ ့ ပတ်ဝန်းကျင်ပေါ်မှာ မူတည်ပြီး.အမြင် / အတွေးတွေ..ကွဲပြားနေနိုင်တာကိုပြောချင်တာပါ ။

စကားပမားလေးကို ကြုံလို ့ထည့်ပြောလိုက်တာပါ ။ မှန်လွန်းသွားတာ… မှားလွန်းသွားတာရှိနရင်..ကျွန်တော့် မသိနားမလည်မှု ကို.ခွင့်လွတ်နားလည် ပေးကြပါ ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကျွန်တော်… ကြုံ ရ တာလေးတွေ.ထဲက.. ပြောသင့်တယ် ထင်တာလေးတွေ.ကို…

ပြောခဲ့ပါတယ် ။

ကျွန်တော် သိ ထား..တာ.ကိုပဲ.ပြောပါတယ် ။ သိထားတာ ထက် ပိုမပြောလိုပါဘူး ။ ပြီးတော့.. ပြော ထား သလောက်လည်း.တာဝန် ယူပါတယ် ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++==========

လေးစားစွာဖြင့်

အလင်းဆက်

10 . 10 .2012

37 comments

  • အလင်းဆက်

    October 10, 2012 at 8:08 pm

    က = http://myanmargazette.net/141855/arts-humanities
    ခ = http://myanmargazette.net/143018/arts-humanities
    ဂ = http://myanmargazette.net/143588/arts-humanities
    ဃ = http://myanmargazette.net/144518/arts-humanities
    င = http://myanmargazette.net/145317/arts-humanities
    စ= http://myanmargazette.net/145905/arts-humanities
    ဆ= http://myanmargazette.net/146558/arts-humanities
    ဇ= http://myanmargazette.net/147491/arts-humanities
    ဈ = http://myanmargazette.net/147883/creative-writing
    ည = http://myanmargazette.net/148098/arts-humanities
    တ =http://myanmargazette.net/149512/arts-humanities
    ထ =http://myanmargazette.net/149925/arts-humanities
    ဒ =http://myanmargazette.net/150370/arts-humanities
    ဓ =http://myanmargazette.net/151141/arts-humanities
    ===========================
    ကျွန်တော် ခံစားခဲ့တဲ ့ အက္ခရာ ထွေရာလေးပါးများကို စဉ်ဆက်မပြတ် ဖတ်ရှု ခံစားပြီး
    ဝေဖန် အကြံပြု.ကြသော..
    ကျွန်တော်ချစ်သော စာချစ်သူများကို…
    လေးစားစွာ..ခင်မင်..ကျေးဇူးတင်လျက်ပါ ။

  • ကိုခင်ခ

    October 10, 2012 at 8:32 pm

    န ဘားကိုရောက်တုန်းက ( ကောလင်းဘက်မှာရှိတဲ့မြို့ပါ)
    န ဂါးကိုကောင်ဘုရားတွေ့လို့ ဝင်ဖူးတာ၊
    န ဘေကာရံတွေနဲ့
    နံ ရံမှာရေးထားတာ၊
    န လိုက်တဲ့ကျုပ်ဗျာ၊ အခုပြန်ရေးမယ်ဆိုတော့
    န ကမ်းတစ်လုံးမှကို မှတ်မိဘူးဖြစ်နေတယ်။
    နံ ရံသာပြေးဆောင့်လိုက်ချင်တော့တာဘဲဗျာ။

  • နေဝန်းနီ

    October 10, 2012 at 8:48 pm

    ကိုကိုဆက်ရယ်….. ဆင်းရဲတာ အပြစ်လားဟင်…။ တစ်ချို့ကတော့ပြောတယ်…။ ဆင်းရဲတယ် ဆိုတာ ကူးစက်တတ်တဲ့ရောဂါတဲ့…။ အဲဒိရောဂါမကူးအောင် ဘယ်လို ကာကွယ်ဆေးထိုးရမလဲဟင်…….။

    • မောင်ပေ

      October 11, 2012 at 1:22 pm

      အခုလက်ရှိလုပ်နေတဲ့အတိုင်း ချဲဒိုင် ဆက်လုပ်ပါ
      :kwi:

      • ခင်ဗျားက ဘောလုံးဒိုင် …
        ဥနေက ချဲဒိုင် ..
        လာဂဲ့ ..
        နှစ်ယောက်စလုံးဂို ဖမ်းပစ်မယ် ….။

        ပုံ/
        လူဆိုးထိန်း လွှဂိန်း

        • နေဝန်းနီ

          October 14, 2012 at 8:29 pm

          ဟလို …. ကိုအံဇာရေ…။ ” ဆင်းရဲခြင်းလွတ်ကင်းအောင် xxxx ဖဲဝိုင်းထောင်ပါမည်….။”
          ဆိုတဲ့ သီချင်းမကြားဖူးဘူးလား ….။ ဖဲဝိုင်းထောင်တာက 20 ရာစုမှာ ကျန်ခဲ့ပြီ….။ ဒီတော့ ဘောလုံးဒိုင်နဲ့ နှစ်လုံးသုံးလုံးဒိုင် ဖြစ်သွားပြီ 21 ရာစုမှာ…….
          ဟုတ်တယ်နော် ကိုပေ……………. :kwi:

        • မောင်ပေ

          October 14, 2012 at 9:01 pm

          ဘိုနေ ့ကိုသာကြည့်ပေတော့
          အူစိုရုံတင်မက
          နိုင်ငံအလယ်ပိုင်းမှာ
          လူပြိုကြီး ဘွဲ ့ယူပြီး
          စကီတစ်ဘွေပြီး တစ်ဘွေ နဲ ့ကဲနေတာကလား

        • အမယ် … အမယ် ..
          လူဆိုးထိန်း လွှဂိန်းကို နှစ်ယောက်စလုံးက
          တရားချနေကြတာဂလား …
          ရဘူး .. ဘိုပြောပြော ဖမ်းမှာဘဲ …
          ဟေ့ .. ငဗိုက် ..
          ထိပ်ပြောင်ပြောင်နဲ့ လူဂျီးကို အရင်ဖမ်း …
          :kwi:

  • aye.kk

    October 10, 2012 at 9:07 pm

    နည်းနည်းလေးတော့လွဲသွားတယ်
    ဆိုတာဖော့ဖော့လေးပြောလိုက်တာလို ့ထင်ပါတယ်
    အများကြီးလွဲပြီးဘေးတစောင်းတိုက်သွားနေလို ့ပြန်ကိုမတည့်မတ်နိုင်တာပါ။။(အမြင်လေးပြောတာပါ)

  • မှောင်ကြီး

    October 11, 2012 at 12:04 am

    …လ = လွဲနေသောလူများ…

  • pooch

    October 11, 2012 at 12:10 am

    ဖွဲ့ခဲ့တဲ့ အက္ခရာတွေထဲ ဒီအဖွဲ့ကို အကြိုက်ဆုံးပဲ။

  • မိုးတိမ်

    October 11, 2012 at 1:37 am

    (စိတ်ဓါတ်နဲ ့ အသိဉာဏ်.ကိုတော့….တတ်နိုင်သမျှ… မဆင်းရဲ အောာင် နေပါ့မယ် ။)

    အဲဒီစိတ်ဓါတ်ကိုတော့ လေးစားသွားပါပြီ ခင်ဗျာ။လူ့လောကမှာ ခင်ဗျားပြောတဲ့ စိတ်ဓါတ်တွေ
    တော်တော်နည်းပါးနေပါတယ်။ကျုပ်လည်းပါချင်ပါမပေါ့လေ။ဆင်းရဲတာအပြင် မျက်မှန်စိမ်းလေးပါ
    တပ်ထားတယ် အပြောခံရသကိုး [:@]

  • kai

    October 11, 2012 at 4:32 am

    မှန်ပါတယ်..။ မှန်တာလေးကို.. န..န..နည်းနည်းလေး.. လွှဲ(လွဲမဟုတ်) ပေးကြည့်ပါမယ်..။
    မတူတဲ့အတွေးနဲ့..တွေးပြမှာမို့..ကိုယ်နဲ့မတူ.. လွဲတာတွေ့.. ပြဿနာမဖြစ်အောင်..
    “လွဲ”တာကို”လွှဲ”သဘောတူကြတာပေါ့…။

    ဆိုတော့…

    အမျိူုးသမီး ကလည်း..ရုပ်တုတွေ အရှေ ့မှာ… ကျုံ ့ကျုံ ့ လေး ထိုင်ပြီး… ဝန်ထမ်းကြိး..တိုင်ပေးသမျှ ကို…. ကျကျနန လိုက် ဆိုပါတယ် ။ ဦး ချ.လိုက်……ဆို..ချတယ် ။

    ဆိုထားတာမို့.. အဲဒီငွေကို.. အဲဒီဝန်ထမ်း( တာဝန်ချိန်..တခြားအလုပ် လုပ်လို့ရှိတဲ့အပြစ်ကလွဲရင်) ပိုင်ဆိုင်ခွင့်ရှိတယ်ထင်ပါတယ်..။ ဘီလူးရုပ်ကြီးကပိုင်ခွင့် မရှိဘူးထင်ပါကြောင်း..။ :kwi:

    =

    ကလေး..အသည်းအသန် ဖြစ်နေချိန်မှာ……ဆေးခန်းပြ ဖို ့ ပိုက်ဆံ တစ်ပြားမှ မရှိလို ့..တဲ ့။
    ကလေး အဖေ…အလုပ်က ပြန်လာ ချိန်..ည နက်တဲ ့အထိ..စောင့်နေရတာ..တဲ ့။

    နည်းနည်းတွေးချက် ၁။ တကယ်လို့သာ.. ကလေးအဖေဟာ.. အပေါ်ကရေးထားတဲ့အထဲက.. စေတီတော်ဝန်ထမ်းကြီးဖြစ်နေရင်..
    နည်းနည်းတွေးချက် ၂။ ဘီလူးရုပ်မှာ.. ၁၀၀ဝကျပ်ကို.. ဘာမှန်းမသိ.. ထားခဲ့ရဲတဲ့… မိန်းမမျိုး..ရှိစေတဲ့… ဓလေ့..ထုံးတမ်း.။။ အဲဒီလိုအလှူငွေတွေကို… သွေလွန်တုတ်ကွေးနဲ့သေခါနီးကလေးငယ်ဆီကို.. ဆေးကုသစရိပ်ဖြစ်နဲ့..ရောက်သွားနိုင်အောင်.. လုပ်နိုင်တဲ့.. စနစ်…။
    =

    ကား..( စက်ပစ္စည်း..) ဆင်းရဲ တယ် ။
    လမ်း ..( စနစ်..လို ့ ဆိုချင်ပါတယ် ) လမ်း ဆင်းရဲတယ် ။

    မြန်မာပြည်ကားဈေးနှုန်းက.. မကြာတဲ့တချိန်ကတင်.. ကမ္ဘာ့အမြင့်ဆုံးဆိုရမလောက်.. ရောက်ခဲ့ဖူးတယ်..။
    အဲဒီအချိန်မှာလည်း. အဲဒီကားစုတ်တွေ.. မောင်းနှင်နေခဲ့ပါတယ်..။
    တချိန်ထဲမှာ.. ဂျပန်လိုနို်င်ငံမှာ.. အဲဒီမြန်မာပြည်က မောင်းနေတဲ့ကားစုတ်ထက်.. အများကြီးသာတဲ့ကားဟောင်းတွေကို.. မြန်မာပြည်ကို.. အလကားပေးဖို့ ကမ်းလှမ်းတာတွေ ရှိခဲ့တယ်..။
    ဆိုတော့..
    ( စက်ပစ္စည်း..) မဆင်းရဲနိုင်ပါလျှက်နဲ့.. ပေါ့နော….
    အပြစ်ပုံရမှာက…
    လမ်းလား..။လူလား..။ စနစ်လား.။.ခေတ်လား..။
    ရွှေလား၊.။ စိန်လား။ နုလား..။ စုလား..။ :kwi:

    • amatmin

      October 11, 2012 at 9:14 am

      အင်း.. သဂျီးကတော့ သဂျီးပါပဲ ရယ်.. 🙂

  • MaMa

    October 11, 2012 at 9:23 am

    အတွေးအခေါ်ဆင်းရဲလို့ ဆိုတာလေးကို သဘောကျသွားတယ်။
    ရုပ်ပိုင်းဆိုင်ရာဆင်းရဲလို့ စိတ်ပိုင်းဆိုင်ရာတွေပါ လိုက်ချို့တဲ့သွားတယ်။
    အဲလိုဖြစ်အောင် စနစ်ကြီးက ဂျောက်ထဲတွန်းချခဲ့တာလို့ ထင်တယ်။
    သားသမီးမကောင်း မိဘခေါင်း
    တပည့်မကောင်း ဆရာ့ခေါင်း လို့ ဆိုတယ် မဟုတ်လား။

  • amatmin

    October 11, 2012 at 9:36 am

    နည်းနည်းဖတ်ခဲ့ဖူးတဲ့စာတွေထဲက. ဆရာမောင်သစ်ဆင်း စာတအုပ်မှာ..
    နည်းနည်းလေးပိုက်ဆံမရှိရင်တောင် သေတတ်တယ် … ဆိုပီးစာစုလေးတခုပါသဗျ..
    နည်းနည်းလေးပြောရမယ်ဆိုရင် လိုရင်းကတော့ ဆင်းရဲခြင်းပေါ့ ဗျာ..
    နည်းနည်း နဲ့ လူတွေတဖြုတ်ဖြုတ် အကြောင်းစုံကြောင့် သေလောက်အောင်အထိ
    နည်း ယုံတင်မက အဆိုးဝါးဆုံး ရောဂါဆိုးကြီးမှန်းသိပါရက်..
    နည်းနည်းလေးတောင် အပြစ်ကိုမရှာမဖွေ..ငြိမ်ခံနေစေချင်သေးတယ်ဆိုရင်တော့..
    နည်းနည်းလေးလွဲချက် မဟုတ်တော့ဘူး အဲ့ဒါ အလွဲဂိတ်ဆုံးနေတာပဲ ဆြာရေ့.. 🙂

    သဂျီးပြောသလို..လူလား..စနစ်လား 😉
    သေချာတာတော့ ဂလိုအတိုင်း နည်းနည်းမက လည်ပတ်နေအုန်းမှာပဲ.. 🙁

  • Onyx

    October 11, 2012 at 10:04 am

    နည်းနည်းလေးလွဲ တာကို များများကြီးနဲ့ ပြင်တာတောင် အော် အချိန်တွေဘယလောက်ကြာမယ်မသိ
    (ဘာလို့ဆို နည်းနည်းလေး နည်းနည်းလေးနဲ့ လွဲလာလိုက်တာ ပြင်လို့မှ ရပါအုန်းတော့မလား…..အမြင်လေးပါ) ………..Onyx

  • jullies cezer

    October 11, 2012 at 11:09 am

    ဆင်းရဲတဲ့သူတွေအများစုမှာ အူမမတောင့်လို့သီလမစောင့်နိုင်တဲ့သံသရာလည်ပတ်မှုတွေပါပဲ ။ နဂိုကမှ မရှိဆင်းရဲရတဲ့အထဲ မရှိခိုးခိုးနိုးနိုးထင်ရတဲ့အထဲ ဆင်းရဲဒဏ်လည်းမခံနိုင်တော့ သီလမစောင့်တဲ့ အဖြစ်တွေဖြစ်ပြန်နေရော သီလကလည်း မစောင့် ဝမ်းရေးအဆင်ပြေဖို့ကလွဲရင် အသိတရားကိုမသိကျိုးကျွံပြု လာတယ် သီလ မရှိတော့လာဘ်လာဘ မရှိ ။ သီလ မရှိတော့ အူမ မတောင့်နိုင် မုန့်လုံးစက္ကူကပ်နေတာ…….

  • TTNU

    October 11, 2012 at 11:45 am

    {ကျွန်တော် …လူနေမှု ဆင်းရဲတယ် ။ ပညာ..ဆင်းရဲ တယ် ပစ္စည်းဥစ္စာ ဆင်းရဲတယ် ။
    ဖတ်စရာ စာအုပ် လေ့လာစရာ.. နေရာတွေဆင်းရဲတယ် ။
    (စိတ်ဓါတ်နဲ ့ အသိဉာဏ်.ကိုတော့တတ်နိုင်သမျှမဆင်းရဲ အောင် နေပါ့မယ် )}

    တကယ့်အသားပါပဲ အလင်းဆက်ရယ်။ တွေးတတ်ပါ့။
    အပေါ်က ကိုခိုင်မန်းထားသလို ရွှေလား၊.။ စိန်လား။ နုလား..။ စုလား.
    လားတွေ..လားတွေ… ရဲ့ အပြင် တကယ့် CORE က ကိုယ်ကိုယ်တိုင်ပါပဲ။

  • kyeemite

    October 11, 2012 at 11:53 am

    ဆေးရုံတို ့ဆေး ခန်းတို ့ဆိုတာကလည်း…. ပိုက်ဆံ မပါ ရင်… ဘယ်လိုမှ မဝင်ရဲ.တဲ ့နေရာတွေ….ဆိုတာတော့.. အမှန်ပဲ..နော် ။

    ကလေးဆေးရုံကြီးကတော့ သွားပြလို့ရပါတယ်
    ကလေးလူနာတွေမို့နဲ့တူရဲ့ ငွေမတတ်နိုင်တဲ့ ကလေးလူနာတွေကိုလည်းအထူးကရုစိုက်ပေးတာတွေ့ဖူးပါတယ်….

    • ရွှေ ကြည်

      October 15, 2012 at 9:44 am

      ဦးကြိုက်မီးရေ အဲဒိကလေးဆေးရုံကိုသွားဖို့ကားခလိုသေးတယ်ဗျ :mrgreen:

  • may flowers

    October 11, 2012 at 4:28 pm

    နည်းနည်းလေးပဲပြောပါ အလင်းဆက်ရေ များများမပြောနဲ့ ရွာပြင်ထွက်နေရအုံးမယ် 😀

  • အလင်းဆက်

    October 11, 2012 at 7:58 pm

    ကိုကိုခင်ခင်ခခရေ.
    နဘေ တွေကို..တစ်လုံးမှ..မမှတ်မိပုံတော့…
    တားတားနဲ ့တူတယ်ဂျ ။
    တားတားလည်း… အဲ ဒီလို ကဂျာ မျိုးဆို….မမှတ်မိဘူး ။

    မော်ဒန် ကဗျာ မှ မှတ်မိတာလေ ။
    ဟောဒီမှာ..အခုလောလေဆယ်..ခေါင်းထဲရောက်လာတဲ ့
    မော်ဒန်ကဗျာ..တစ်စ……

    ဗီးနပ်စ်တဲ ့
    မီး ဖိနပ်ကို စီးရတဲ ့ကချေသည်…
    သူ ့အတွက် တီးလုံးကိုတော့…
    မိုးလေး.နည်းနည်း…အုံ ့ပေးကြပါကွယ်….။

    နည်းနည်း.ဆိုတဲ ့စကားလုံးပါတယ် ။
    အဟိ ။
    ====================

    နေဝန်းင်္နိကြီး…ရေ..
    အဲဒီ ဆင်းရဲခြင်းက ကျွန်တော် တို ့လွတ်ကင်းအောင်…..
    ဒါန..တွေ များများလုပ် ကြမယ်..။
    ဂေါတမ ဘုရား ရှင်ရဲ ့ အဆုံးအမ အတိုင်းပေါ့ ။

    ဒါမှ.နောင် ဘဝမှာ… ချမ်းသာ သုခ တွေ..ပြည့်စုံမယ်… ။

    ဒီ ဘဝကတော့……………………

    ဒီမျှ ..ပါပဲ…လို ့ ။
    🙂
    ===========================

    ဦးပေ…ရေ…

    ချဲဒိုင် အလုပ်…က တွက်ချေ ကိုက်လား..။

    ဒါရှို…တားတားလည်း… ကိုင်မယ် ။

    🙂
    =========================

    aye.kk ရေ…

    အမှန်ပါပဲ..ဂျာ…။

    ဖတ်ရှု ခံစားလို ့ကျေးဇူးနော် ။

    ဆက်လက်ပြီးး.လည်း..အက္ခရာတွေ.နဲ ့ ခရီးသွား ဦးမှာမို ့…
    လိုက်ခဲ့ဦးနော် ….။
    🙂

    ================================

    ်မှောင်ကြီး..ရေ…

    ပြောသလိုပဲ… လ = မှာ..လွဲ နေသော လူများအကြောင်းလေး…ရေးရင် ကောင်းမလားလို ့…

    ဒါနဲ ့… အဲဒါ..ဘယ်တူတွေ..ဖစ်မရဲ….

    :buu:

    ================================

    pooch ရေ…

    ဒီ အက္ခရာကို အကြိုက်ဆုံး..ဆိုလို ့ ဝမ်းသာ တယ်ဗျာ ။
    ကျွန်တော့်အတွက်လည်း… င်္ဒီ အက္ခရာကိုရေးရတာ….
    ရင် အခုန် ဆုံး…အနေအထားတွေ..ထဲမှာ…
    တစ်ခု အပါပဲ..ဗျ
    🙂
    ဆက်လက်… ချီတက်ကြမယ်နော် ။
    =============================
    ကိုမိုးတိမ်ရေ...

    ကျေးဇူးပါပဲ.ဗျာ .။ ဆက်လက် ချီတက်မယ့် ခရီးစဉ်တွေမှာလည်း..

    လိုက်ပါ..ခံစား အားပေး ပါဥိးနော့ ။.

    ပ = မှာ..လည်း ရင် ခုန်စရာ.ပိုစ် ့တစ်ခု ရေးထားပြီးပြီ..ဗျ ။

    :buu:

    ==========================
    သူကြီးရေ.

    သူကြီးမင်းပြောသလို..လွှဲ… သွားတဲ ့အဖြစ်တွေသာ..ကြုံ လိုက်ရရင်…
    ကျွန်တော်.တော့… ဒီ ပိုစ့်ကို… ဘယ်က ဘယ်လို..စရေးရမှန်ကို သိတော့မှာ မဟုတ်…။
    သူကြိးနှယ်..ရှာရှာဖွေဖွေ…ဆက် စပ် ပြိး.တွေး တတ်ပါ့ရှင်…. အဲ..လေ…
    တွေးတတ်ပါ့ဗျာ…။

    အပြစ် ပုံ ရမှာက…
    လမ်းလား..။လူလား..။ စနစ်လား.။.ခေတ်လား..။
    ရွှေလား၊.။ စိန်လား။ နုလား..။ စုလား..။….ဆိုတာကတော့….

    အဟီး…

    တားတားလည်း..တ်ိဝူး..။

    :buu:
    :kwi:

    -==================================
    အန်တီမမရေ...
    ပြောသလိုပါပဲ..
    ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲမှုု ကနေ….စိတ်ပိုင်းဆိုင်ရာ ဆင်းရဲမှုဆီ ကို…
    ကူးပြောင်းရောက်ရှိ သွားကြတာ….တွေ…. တွေ ့လာရတယ်…။နော် ။
    ဒီတော့….. ကျွန်တော်တို ့..ဘာလုပ်ကြမလဲ….။

    လောလောဆယ်တော့….
    ကျွန်တော့်ကိုယ် ကျွန်တော်ပဲ…. ပြန် ဆုံးမ..ပဲ ့ကိုင်နေရပါတယ်ဗျာ ။

    ရုပ်ဝတ္ထု ဘယ်လောက်ပဲ..ဆင်းရဲ ပါစေ…။

    စိတ်ဓါတ်နဲ ့ အသိ ဉာဏ်… မဆင်းရဲ ချင်ဘူး ။

    ဆရာတော် ဥူးသုမင်္ဂလ ဟော နေကျ…တရားစကားတစ်ခုလိုပါ ။

    ငတ်လို ့သေရင်..တစ်ဘဝ ပဲ..။

    ငတ်မှာကြောက်လို ့… ခိုး စားရင်..ဘဝပေါင်းများစွာ….. ပြန်ပေးဆပ်ရဥိးမှာ…
    ဒီတော့…………………….

    ကျွန်တော်..အလှည့် ဆိုတာတွေကို…ကြောက်တယ် .။

    အန်တီမမရေ.

    ဆက်လက် ချီတက်ကြမယ်နော် ။

    လိုက်ခဲ့ပါဦး… အက္ခရာ ခရီးစဉ်..တွေနဲ ့အတူ……….

    🙂

    =============================

    ကိုအမတ်ရေ....

    ကိုအမတ်ပြောတာလည်း…

    အမှန်ပဲ..နော် ။

    နည်းနည်းမက……

    ဆက်လက်……..

    ခံ……

    (အားပေး.ဖတ်ရှု..ခံစား..ပေးတာ.ကျေးဇူးပါ။..လို ့။)
    🙂

    =================================

    Onyx ရေ

    နည်းနည်းလေး..တွေ.များသွားတဲ ့အခါ….

    ပြင်ဖို ့ ခက်ခဲ..တဲ ့ အကြီးကြီးတွေ… ဖြစ်သွားမှာပေါ့နော် ။

    ………….

    ကျေးဇူးပါ…။
    🙂

    =-==============================

    jullies cezer ရေ…

    သံသရာ..ပေါ့နော် ။

    အဲဒီလို သံသရာ လည် ..နေရ တာမျိုး ဘဝတွေ..ထဲက…

    မြနြ်မန်လေး.လွတ်ကင်းနိုင်ကြပါစေ..လို ့…

    အတူုတူ ဆုတောင်းကြစို ့….နော် ။

    ဆက်လက်… အားပေးပါဦး ..ခညာ ။
    🙂
    =======================
    တီတီနုရေ....

    ဟုတ်ပါ့ ။

    အခုလောလောဆယ်တော့….

    တားတား…လည်း ကိုယ် ့ အသိ ဉာဏ်ကိုပဲ..ပြန်ဆုံးမနေရတယ် ။

    အရင်ဆုံး..ပြင်ရမှာက.. ကိုယ်…လေ ။

    တီတီနုရေ...

    ဖတ်ရှု ခံစားပေးလို ့ရော…
    ကွန်မန် ့ လေး.ချီမြင့်ပေးလို ့ရော..
    ပြောမပြ တတ်အောင် ဝမ်းသာ ပါတယ် ။ ကျေးဇူးပါပဲ..တီတီနု…

    တီတီနုရဲ ့ ့ဆုံး မ စကားလေးကု်ိ သတိရမယ်..နော် ။

    ————–

    အလင်းဆက်ရေ…
    မဆုံးသောအိပ်မက်ရှည်တွေနဲ့ လျှောက်လှမ်းရဦးမယ့် လူ့ဘဝကြီးထဲမှာ
    ဟုတ်သောအကြံ၊ မှန်သောအကျင့်၊သင့်သော အယူ၊ ဖြူသောနှလုံး၊သူတော်ထုံးကို
    တော့ မမေ့လေနဲ့ လူကလေးရေ။

    အဲ.ဒီ ဆုံးမ စကားလေး.. ပြန်သတိရရင်…..ပြန်ပြီး..ကြည်နူးရပါတယ်… တီတီနု…

    ===================================

    ဦးကြီ.း….မိုက်ရေ…

    တချို ့နေရာတွေ.မှာ…
    စေတနာ ဝန်ထမ်းတွေ…ရှိတာ လည်း.သေချာပါတယ် ။

    တချို ့နေရာတွေမှာ…လည်း………………………

    ——————————–

    ဦးကြီးမိုက်ရေ.

    ဆက်လက်..အားပေး ပါဥိးဗျာ ့။

    ကျေးဇူးတင်….ခင်မင်လေးစားလျက်ပါ ။
    🙂

    ======================

    may flowers ရေ…

    ဟုတ်ပါရဲ ့ဗျာ.။
    ကျွန်တော်လည်း.နည်းနည်းလေးပဲ.ပြောမယ်..ဆိုပြီး….

    အတော်များများ ပြောခဲ့ပြီ ။

    ဆက်လက် ချီ တက်မယ့် အက္ခရာတွေမှာ…လည်း….

    အင်း… နည်းနည်းတော့ပြောဦးမယ်ဗျာ..။နော ။

    ရွာ ့ပြင်တော့မထွက် ချင်ဘူးဗျ ာ.။
    ဒီတော့…………….
    စိတ် ထိန်း မယ် ။

    🙂

    ကျေးဇုူးနော် … ။

    =======================

    ဖတ်ရှု ခံစား.ကြသူ များ.အားလုံ့းကို…

    ကျေူဇုူးတင်..ခင်မင် လေးစားလျက်.ပါ….

    ချစ်သော….

    အလင်းဆက်

    .

  • နည်းနည်းလေး မန့်ချင်တာ..ဘာမန့်ရမလဲ မသိလို့.. 🙂
    နည်းနည်းလေးလွဲတာကို ဖတ်ပြီး.. အပေါ်က ကွန်မန့်တွေကိုကြည့်ပြီး..နည်းနည်းလေးတော့ မောသွားပါတယ်လို့… 🙂

  • အလင်းဆက်

    October 11, 2012 at 8:37 pm

    လုံမလေး..ရေ..
    နည်းနည်းလေး.. အမောဖြေလိုက်ဦး.နော ် ။

    အမောပြေ ရင်… တားတားမေးထားတာလေး..ဖြေဦး…

    တားတားက မင်းမော်ကွန်းနဲ ့ တူလား..ရှိုဒါ..လေ..။
    :kwi:

  • ဟေ့လူ ..
    ထူးအိမ်သင် သီချင်း နားထောင်ဖူးတယ် မီဟုတ်လား ..
    ဘာတဲ့ …

    ♫ .. ♪ .. နည်းနည်းလေးတော့ လွဲနေမယ် ..♫..♪.. လွဲလွဲလေးပဲ ကောင်းပါတယ် ..♪..♫..
    ♫..စိတ်ကျေနပ်ရင် ပြီးတာပဲ ..♪..♫.. နေတတ်ရင် အေးဆေးလေး ..♫..♪..

    ကျုပ်ဂဒေါ့ ..
    ဘူဒွေ ဘိုလွဲလွဲ …၊ ကျုပ်ကိုယ်တိုင် ဘိုလွဲလွဲ ….
    အေးချေးဘဲ … ခပ်တည်တည်ဘဲ … ငွဲ .. ငွဲ …

  • အလင်းဆက်

    October 11, 2012 at 9:03 pm

    အေးချေး..နေပါ…
    ဦးဦး အံစာ..ရယ် ။

    ဒါပေမယ့်….

    ဟိုဘက်က.. မမရွှေကြည်ရဲ ့
    ့လောင်ဆက် ပို ့စ်မှာ… တားတားရဲ ့ခြစ်တူ.လေး.ခြစ်တုဝေ..ကို…

    ဘာလို ့..လာ လု တာလဲ…

    တားတား နို….မှာနော် ။

    🙁

  • surmi

    October 11, 2012 at 9:37 pm

    န ဆိုတော ့ နောက်တစ်ခါမှမန် ့တော ့မယ်
    နောက်ကျနေလို ့
    နောက်စာလုံးတစ်ခုကျရင်
    ပေါ်ပေါ်ထင်ထင် သေချာလာခဲ ့မယ်
    စိတ်ချ

  • uncle gyi

    October 11, 2012 at 9:47 pm

    ကိုလင်း
    ပထမနဲ့ဒုတိယကဆင်းရဲခြင်းကိုနာမည်တပ်တာကန့်ကွက်ရန်မှရှိပါ
    တတိယကဆင်းရဲခြင်းဆိုတာကိုသဘောမတူပါ
    ယာဉ်မောင်းရဲ့ကိုယ်ပိုင်ခံယူချက်ကအဓိကလို့မြင်ပါတယ်
    နောက်ပြီးအချို့ယာဉ်မောင်းတွေကဒီလိုလို်င်းကားတွေကိုမောင်းဖို့အရည်အချင်းမမှီပါဖူး
    ဆင်ရဲလို့ငွေလိုရင်ငွေရမယ်အခြားအလုပ်လုပ်လို့ရပါတယ်
    အခုတော့သူတို့ရဲ့အတ္တကြောင့်ခရီးသည်တွေဒုက္ခရောက်တယ်လို့မြင်ပါတယ်

  • အလင်းဆက်

    October 12, 2012 at 8:24 pm

    နောက်ကျနေလို့…
    နောက်မှ မန့်တော့မယ့်...ဥိးဦးဆာ...
    နောက်တစ်ခါ…
    နောက်နဲ ့နော် ။
    တကယ်လာ..ရမယ်..။ ဒါဗြဲ…။
    :kwi:

    ===========================

    အန်ကယ်ဂျီး..ရေ

    ယာဉ်မောင်းသူရဲ ့ လောဘ ဒေါသ မောဟတွေနဲ ့….အတ္တ ကို..

    ကျွန်တော်က….

    အတွေးအခေါ် ဆင်းရဲ ခြင်းထဲ.. ထည့်လိုက်မိပါတယ် ။
    အတ္တတွေကို..ချေဖျက်ပေးနိုင်မယ့် … အသိဉာဏ်…. သူ့ ့ မှာ..ဆင်းရဲ နေတယ်..လို့…
    ဆိုလိုချင်တာလေး.ပါ ။
    နော် ။
    ( တချို ့လူတွေက..လူတင်မဟုတ်ဘူး ။ စိတ်ကောင်းစေတနာ နဲ ့ အသိဉာဏ် / ဆင်ခြင်နိုင်စွမ်းတွေ..ပါ ဆင်းရဲ တယ် ) လို ့ ရေးခဲ့ပါတယ် ။

    အဲဒီလို…ဆင်းရဲခြင်းကြောင့်လို ့… ကျွန်တော် သတ်မှတ် လိုက်တာဟာ……. မှားတယ် ..ဆိုရင်လည်း….

    ကျွန်တော် အလက်ဆင်းရဲ ့အတွေးအခေါ်..က ဆင်းရဲ နေလို ့..ပါ..လို ့ ပဲ..

    ပြန် ပြောရတော့မှာပါပဲ ။

    ကြွယ်ဝတဲ ့ပတ်ဝန်းကျင် ( Rich Environment ) တစ်ခု ထဲမှာ….

    ကျွန်တော်..မနေခဲ့ဖူးလို ့..ကျွန်တော့်အတွေးအခေါ်….ဆင်းရဲရပါတယ် ။

    ကျွန်တော် …လူနေမှု ဆင်းရဲတယ် ။ ပညာ..ဆင်းရဲ တယ် ပစ္စည်း ဥစာ္စ ဆင်းရဲတယ် ။

    ဖတ်စရာ စာအုပ် လေ့လာစရာ.. နေရာတွေ.ဆင်းရဲတယ် ။

    (စိတ်ဓါတ်နဲ ့ အသိဉာဏ်.ကိုတော့….

    တတ်နိုင်သမျှ… မဆင်းရဲ အောာင် နေပါ့မယ် ။)

    ဆိုတဲ ့စာပိုဒ်ကလေး ကိုလည်း..ထည့်ရေးခဲ့ပါတယ် ။
    ————

    အန်ကယ်ကြီးရေ…..
    ခံစား…. ပေးလို့ကျေးဇူးနော် ။ နောက် လာမယ့် အက္ခရာများကိုလည်း….
    လိုက်ပါ ခံစားပေးပါဥိးလိူ ု့….
    ခင်မင်လေးစားစွာ…
    :kwi:
    ==================

    အားပေး..ဖတ်ရှု…ခံစားပေးသော…

    ကျွန်တော် ချစ်သော..စာချစ်သူ များ..
    နိုင်ငံ နဲ ့လူမျိုးကို ချစ်သော…. စာချစ်သူ များ..အားလုံ့းကိူ….
    အထူးပင် ကျေးဇူးတင် ရှိပါကြောင်း….

    ဆက်လက်..ချီတက်နေဥိးမှာမို ့….

    ဆက်လက်..အားပေးကြပါဦးလို ့…..

    ချစ်သော…

    အလက်ဆင်း
    :kwi:

  • ကြောင်ကြီး

    October 14, 2012 at 7:15 pm

    န နွားကြီး
    စပ်ဖြီးဖြီး
    သဂျီး
    ဟင်းလုပ်တီး၊
    န နောက်တော့
    အစာရှော့ခ်
    ဆေးရုံကြီမှာပျော့၊
    န နတ်ပြည်
    ဝင်းဝင်းကြည်
    နေရာသစ်မှာတည်၊
    န နောက်ပိုး
    ကာလဝိပါတ်
    နေ့ခံညဖက်
    အသူရာနတ်
    သဂျီးရဲ့ဖြစ်ရပ်။

    • မောင်ပေ

      October 14, 2012 at 9:23 pm

      တစ်ကယ်ပြောတာဟ
      ဘိုနီ ့မေးကြည့်
      သူ ့မှာ စာရင်းကိုင် တစ်ယောက်လိုနေလို ့တဲ့
      သူက မူတူးနေတာများတော့
      မနိုင်ဘူးလေ

  • ရွှေ ကြည်

    October 15, 2012 at 10:02 am

    ဗရာကြော်ပါ အလက်ဆင်းရေ အရမ်းမိုက်တယ်။
    ဒီလအတွက် စာပေဆု အတွက် ဒီပို့စ်ကို အဆိုတင်သွင်းပါတယ်။
    ( တချို ့လူတွေက..လူတင်မဟုတ်ဘူး ။ စိတ်ကောင်းစေတနာ နဲ ့ အသိဉာဏ် / ဆင်ခြင်နိုင်စွမ်းတွေ..ပါ ဆင်းရဲ တယ် )
    တချို့ ဆိုတာကိုထပ်ဖြည့်ချင်ပါတယ်တော်တော်များများပါ။ လူတွေဟာချမ်သာတဲ့သူတွေရော ဆင်းရဲတဲ့သူတွေပါ ကိုယ့်အတ္တကိုရှေ့တန်းတင်လွန်းလာကြပါတယ် အရမ်းကိုစိတ်မချမ်းသာဖြစ်ရပါတယ်။
    အဓိကကတော့စိတ်ကောင်းစေတနာဆင်းရဲနေကြတယ်။ ကိုယ်ကိုယ်တိုင်မကြုံရသေးခင်စိတ်ကောင်းရှိသလိုနဲ့
    ကိုယ်ကိုယ်တိုင်လည်းကြုံရရော မတရားမှန်းသိလည်း အတင်းငြင်းကြတော့တာပါပဲ။
    မမရွှေကြည်လည်း စိတ်ကောင်းစေတနာနဲ့ အသိဉာဏ် ဆင်ခြင်နိုင်စွမ်းတွေမဆင်းရဲအောင်ကြိုးစားနေပါတယ် 😆

  • အလင်းဆက်

    October 15, 2012 at 8:51 pm

    ဦးပေရေ…
    ကျေးကျေး..။

    —————

    မရွှေကြည်ရေ…

    ဒီလ အတွက်..စာပေ ဆုကို အဆိုတင်သွင်းသွားတယ်..ဆိုလို ့…
    ဝမ်းသာလိုက်ထာ…တော် ။

    ထပ် ဖြည့် သွားတဲ ့ စာသားလေးတွေ..အတွက်…ရော

    ဒီ အပိုင်းအထိ..အဆက်မပြတ် ဖတ်ရှု လာလို ့ရော…

    ပြောမပြတတ်အောင် ကျေးဇူးပါ..ပဲ.ဗျ ။

    တားတား..ဆက် လက်..ကြိုးစားနေပါဥိးမယ် ။

    ခင်မင်လေးစားစွာ….
    :kwi:

Leave a Reply