အလုပ်အကိုင်ရှာဖွေနေသူများအတွက် သတင်းကောင်း

manawphyulayOctober 11, 20121min864

ရာထူး : ကွန်ယက်ညှိနှိုင်းရေးမှုး(Network Coordinator)
ခန့်အပ်မည့်အချိန်ကာလ : ၁ဝ လ(နိုဝင်ဘာ ၂၀၁၂ မှ ဩဂုတ် ၂၀၁၃ ထိ)
တည်နေရာ : ရန်ကုန်
ဂေဟဟိတအဖွဲ့သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို လုပ်ဆောင်နေသော ကွန်ယက်တစ်ခုဖြစ်ပါသည်။ ဂေဟဟိတကွန်ယက်တွင် လစ်လပ်သော နေရာများကို အောက်ပါအမူအကျင့်တန်ဖိုးများ၊ တာဝန်ဝတ္တရားများကို လေးစားလိုက်နာပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့သော လူနေမှုပုံစံများကို ဖော်ဆောင်သော လုပ်ငန်းစဉ်များကို အတူအကွလုပ်ဆောင်ရန် ဖိတ်ခေါ်အပ်ပါသည်။

လိုက်နာရမည့်အမူအကျင့်တန်ဖိုးများ
• လူထုနှင့်ဆက်ဆံရာတွင်သော်လည်းကေင်း၊ လုပ်ဖော်ကိုင်ဖက်နှင့် ဆက်ဆံရာတွင်သော်လည်းကောင်း၊ တစ်စုံတစ်ဦး၏ အသက်အရွယ်၊ လိင်၊ အိမ်ထောင်ရှိမရှိ၊ ဘာသာရေး၊ လူမျိုးရေး၊ မသန်စွမ်းမှု စသည်တို့အပေါ်အခြေခံ၍ အနိုင်ကျင့်ခြင်း၊ နှောက်ယှက်ခြင်း၊ စိတ်ဒုက္ခရောက်စေခြင်းတို့ကို ရှောင်ကြင်၍ လေးစားမှု၊ ကိုယ်ချင်းစာမှုတို့ကို ဆောင်ကြဉ်းရန်။
• စုစည်း၍လုပ်ဆောင်တတ်ခြင်းကို မြှင့်တင်နိုင်သော မခွဲခြားဘဲ ဆက်ဆံခြင်း၊ တစ်ဖက်သတ်မဆုံးဖြတ်ခြင်း စသည့် အမူအကျင့်များဖြင့် လုပ်ဖော်ကိုင်ဖက်အချင်းချင်းကြားတွင် ယုံကြည်မှု၊ နာလည်မှုများကို မြှင့်တင်ရန်။
• အဖွဲ့စည်းတွင်း၊ မိတ်ဖက်အဖွဲ့များ၊ ပြည်သူလူထု စသည်တို့ဖြင့် ဆက်ဆံရာတွင် ဆက်သွယ်ဆက်ဆံရေးကို တည်ကြည်ခိုင်မြဲစေသော စံပြအမူအရာများဖြစ်သည့် ပွင့်လင်းမြင်သာခြင်း၊ တာဝန်ယူတတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း စသည့် အမူအကျင့်များ မပြတ်ဆောင်ကြဉ်းရန်။
• ဂေဟဟိတ၏ အနာဂတ်ပုံရိပ်၊ မျှော်မှန်းချက်နှင့် တန်ဖိုးထားမှုများကို စံပြဖော်ဆောင်သူတစ်ဦးဖြစ်ရန်
• မိမိကိုယ်တိုင် ထကြွလှုံ့ဆော်ခြင်း၊ တီထွင်နိုင်ခြင်း၊ သင်ယူလိုစိတ်ရှိခြင်း၊ မိမိကိုယ်တိုင်မိမိ မောင်းနှင်နိုင်ခြင်း စသည့် ဂုဏ်ပုဒ်များဖြင့် ဤရာထူးတာဝန်ကို ထမ်းဆောင်ရန်။

ကွန်ယက်ညှိနှိုင်းရေးမှုး၏ တာဝန် နှင့် ဝတ္တရားများ
• ဂေဟဟိတကွန်ယက်ရှိ လက်ဆောင်ချက်အသီးသီးအတွက် ဆက်သွယ်ပေးခြင်း၊ ကြီးကြပ်ပေးရမည်။
• ယခင်ချိတ်ဆက်ထားသော အဖွဲ့ငယ်များအား အားပေးခြင်းသည့် အစီအစဉ်များကို စီမံပေးရမည်။
• Green Shop နှင့် ဂေဟဟိတရုံးရှိဝန်ထမ်းများ၊ လုပ်ဆောင်ချက်များ ကြီးကြပ်ပေးရမည်။
• ကွန်ယက်အဖွဲ့ဝင်များ၏လှုပ်ရှားမှုများကို အဆင်ပြေချောမွေ့စေရန် ပံ့ပိုးပေးရမည်။
• ပဲ့ကိုင်ကော်မတီဝင်များ၏ အစည်းအဝေးတိုင်းတွင် ကွန်ယက်လုပ်ငန်းများနှင့် ဝန်ထမ်းရေးရာများကို အစီရင်ခံတင်ပြပေးရမည်။
လျှောက်ထားသူတွင် ရှိထားရမည့် အရည်အချင်းများ
• တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရထားသူဖြစ်ရမည်။
• ကွန်ယက်လှုပ်ရှားမှုများ၊ ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သတ်၍ အတွေ့အကြုံ အနည်းဆုံး (၃) နှစ် ရှိထားပြီးသူဖြစ်ရမည်။
• အင်္ဂလိပ်စာ အရေး၊ အပြော ပိုင်နိုင်သူဖြစ်ရမည်။
• ကွန်ပျူတာ ကျွမ်းကျင်ပိုင်နိုင်ရမည်။
• ခရီးသွားလာနိုင်သူဖြစ်ရမည်။
• အလုပ်၏လိုအပ်ချက်အလိုက် အချိန်ပေးလုပ်ဆောင်နိုင်သူဖြစ်ရမည်။

စိတ်ဝင်စားသူများအနေဖြင့် မိမိ၏ ကိုယ်ရေးအကျဉ်းနှင့် လိုအပ်သော စာရွက်စာတမ်းများနှင့်တကွ gaihahita@gmail.com သို့ ( ၁၉.၁၀.၂၀၁၂ ) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။

ရာထူး : ကွန်ယက်လက်ထောက်ညှိနှိုင်းရေးမှုး
ခန့်အပ်မည့်အချိန်ကာလ : ၁ဝ လ(နိုဝင်ဘာ ၂၀၁၂ မှ ဩဂုတ် ၂၀၁၃ ထိ)
တည်နေရာ : ရန်ကုန်
ဂေဟဟိတအဖွဲ့သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို လုပ်ဆောင်နေသော ကွန်ယက်တစ်ခုဖြစ်သည်။ ဂေဟဟိတကွန်ယက်တွင် လစ်လပ်သော နေရာများကို အောက်ပါအမူအကျင့်တန်ဖိုးများ၊ တာဝန်ဝတ္တရားများကို လေးစားလိုက်နာပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့သော လူနေမှုပုံစံများကို ဖော်ဆောင်သော လုပ်ငန်းစဉ်များကို အတူအကွလုပ်ဆောင်ရန် ဖိတ်ခေါ်အပ်ပါသည်။

လိုက်နာရမည့်အမူအကျင့်တန်ဖိုးများ
• လူထုနှင့်ဆက်ဆံရာတွင်သော်လည်းကေင်း၊ လုပ်ဖော်ကိုင်ဖက်နှင့် ဆက်ဆံရာတွင်သော်လည်းကောင်း၊ တစ်စုံတစ်ဦး၏ အသက်အရွယ်၊ လိင်၊ အိမ်ထောင်ရှိမရှိ၊ ဘာသာရေး၊ လူမျိုးရေး၊ မသန်စွမ်းမှု စသည်တို့အပေါ်အခြေခံ၍ အနိုင်ကျင့်ခြင်း၊ နှောက်ယှက်ခြင်း၊ စိတ်ဒုက္ခရောက်စေခြင်းတို့ကို ရှောင်ကြင်၍ လေးစားမှု၊ ကိုယ်ချင်းစာမှုတို့ကို ဆောင်ကြဉ်းရန်။
• စုစည်း၍လုပ်ဆောင်တတ်ခြင်းကို မြှင့်တင်နိုင်သော မခွဲခြားဘဲ ဆက်ဆံခြင်း၊ တစ်ဖက်သတ်မဆုံးဖြတ်ခြင်း စသည့် အမူအကျင့်များဖြင့် လုပ်ဖော်ကိုင်ဖက်အချင်းချင်းကြားတွင် ယုံကြည်မှု၊ နာလည်မှုများကို မြှင့်တင်ရန်။
• အဖွဲ့စည်းတွင်း၊ မိတ်ဖက်အဖွဲ့များ၊ ပြည်သူလူထု စသည်တို့ဖြင့် ဆက်ဆံရာတွင် ဆက်သွယ်ဆက်ဆံရေးကို တည်ကြည်ခိုင်မြဲစေသော စံပြအမူအရာများဖြစ်သည့် ပွင့်လင်းမြင်သာခြင်း၊ တာဝန်ယူတတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း စသည့် အမူအကျင့်များ မပြတ်ဆောင်ကြဉ်းရန်။
• ဂေဟဟိတ၏ အနာဂတ်ပုံရိပ်၊ မျှော်မှန်းချက်နှင့် တန်ဖိုးထားမှုများကို စံပြဖော်ဆောင်သူတစ်ဦးဖြစ်ရန်
• မိမိကိုယ်တိုင် ထကြွလှုံ့ဆော်ခြင်း၊ တီထွင်နိုင်ခြင်း၊ သင်ယူလိုစိတ်ရှိခြင်း၊ မိမိကိုယ်တိုင်မိမိ မောင်းနှင်နိုင်ခြင်း စသည့် ဂုဏ်ပုဒ်များဖြင့် ဤရာထူးတာဝန်ကို ထမ်းဆောင်ရန်။

ကွန်ယက်လက်ထောက်ညှိနှိုင်းရေးမှုး၏ တာဝန် နှင့် ဝတ္တရားများ
• ကွန်ယက်အစီအစဉ်များအတွက် လိုအပ်သော ဆက်သွယ်ရေး၊ ထောက်ပံ့မှုများကို လုပ်ဆောင်ပေးရမည်။
• ဂေဟဟိတရုံးရှိ ကွန်ပျူတာအပါအဝင် ရုံးဆက်စပ်ပစ္စည်းများကို ထိန်းသိမ်း စီမံပေးရမည်။
• ရုံးသို့လာရောက်သော ကွန်ယက်အဖွဲ့အဝင်များအပါအဝင် ဧည့်သည်များကို ဧည့်ဝတ်ပြုရမည်။
• အစည်းအဝေးများနှင့် ကွန်ယက်ဆိုင်ရာ အစီအစဉ်များကို ပံ့ပိုးစီစဉ်ပေးရမည်။
• ဂေဟဟိတကွန်ယက်၏ လုပ်ဆောင်ချက်အသီးသီးကို မှတ်တမ်းရေးသားထိန်းသိမ်းပေးရမည်။
• ဂေဟဟိတမှ ယခင်ချိတ်ဆက်ထားသော အဖွဲ့ငယ်များဆိုင်ရာ လုပ်ဆောင်မှုများကို လုပ်ဆောင်ပေးရမည်။
• လုပ်ငန်းစီရင်ခံစာများကို ကွန်ယက်ညှိနှိုင်းရေးမှုးထံသို့ လစဉ်တင်ပို့ပေးရမည်။
လျှောက်ထားသူတွင် ရှိထားရမည့် အရည်အချင်းများ
• တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရထားသူဖြစ်ရမည်။
• ကွန်ယက်လှုပ်ရှားမှုများ၊ ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သတ်၍ အတွေ့အကြုံ အနည်းဆုံး () နှစ် ရှိထားပြီးသူဖြစ်ရမည်။
• အင်္ဂလိပ်စာ အရေး၊ အပြော ပိုင်နိုင်သူဖြစ်ရမည်။
• ကွန်ပျူတာ ကျွမ်းကျင်ပိုင်နိုင်ရမည်။
• ခရီးသွားလာနိုင်သူဖြစ်ရမည်။
• အလုပ်၏လိုအပ်ချက်အလိုက် အချိန်ပေးလုပ်ဆောင်နိုင်သူဖြစ်ရမည်။

ရာထူး : ငွေစာရင်းတာဝန်ခံ
ခန့်အပ်မည့်အချိန်ကာလ : ၁ဝ လ (နိုဝင်ဘာလ၂၀၁၂ မှ ဩဂုတ်လ ၂၀၁၃)
တည်နေရာ : ရန်ကုန်
ဂေဟဟိတအဖွဲ့သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို လုပ်ဆောင်နေသော ဂေဟဟိတကွန်ယက်တွင် လစ်လပ်သော နေရာများကို အောက်ပါအမူအကျင့်တန်ဖိုးများ၊ တာဝန်ဝတ္တရားများကို လေးစားလိုက်နာပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့သော လူနေမှုပုံစံများကို ဖော်ဆောင်သော လုပ်ငန်းစဉ်များကို အတူအကွလုပ်ဆောင်ရန် ဖိတ်ခေါ်အပ်ပါသည်။

လိုက်နာရမည့်အမူအကျင့်တန်ဖိုးများ
• လူထုနှင့်ဆက်ဆံရာတွင်သော်လည်းကေင်း၊ လုပ်ဖော်ကိုင်ဖက်နှင့် ဆက်ဆံရာတွင်သော်လည်းကောင်း၊ တစ်စုံတစ်ဦး၏ အသက်အရွယ်၊ လိင်၊ အိမ်ထောင်ရှိမရှိ၊ ဘာသာရေး၊ လူမျိုးရေး၊ မသန်စွမ်းမှု စသည်တို့အပေါ်အခြေခံ၍ အနိုင်ကျင့်ခြင်း၊ နှောက်ယှက်ခြင်း၊ စိတ်ဒုက္ခရောက်စေခြင်းတို့ကို ရှောင်ကြင်၍ လေးစားမှု၊ ကိုယ်ချင်းစာမှုတို့ကို ဆောင်ကြဉ်းရန်။
• စုစည်း၍လုပ်ဆောင်တတ်ခြင်းကို မြှင့်တင်နိုင်သော မခွဲခြားဘဲ ဆက်ဆံခြင်း၊ တစ်ဖက်သတ်မဆုံးဖြတ်ခြင်း စသည့် အမူအကျင့်များဖြင့် လုပ်ဖော်ကိုင်ဖက်အချင်းချင်းကြားတွင် ယုံကြည်မှု၊ နာလည်မှုများကို မြှင့်တင်ရန်။
• အဖွဲ့စည်းတွင်း၊ မိတ်ဖက်အဖွဲ့များ၊ ပြည်သူလူထု စသည်တို့ဖြင့် ဆက်ဆံရာတွင် ဆက်သွယ်ဆက်ဆံရေးကို တည်ကြည်ခိုင်မြဲစေသော စံပြအမူအရာများဖြစ်သည့် ပွင့်လင်းမြင်သာခြင်း၊ တာဝန်ယူတတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း စသည့် အမူအကျင့်များ မပြတ်ဆောင်ကြဉ်းရန်။
• ဂေဟဟိတ၏ အနာဂတ်ပုံရိပ်၊ မျှော်မှန်းချက်နှင့် တန်ဖိုးထားမှုများကို စံပြဖော်ဆောင်သူတစ်ဦးဖြစ်ရန်
• မိမိကိုယ်တိုင် ထကြွလှုံ့ဆော်ခြင်း၊ တီထွင်နိုင်ခြင်း၊ သင်ယူလိုစိတ်ရှိခြင်း၊ မိမိကိုယ်တိုင်မိမိ မောင်းနှင်နိုင်ခြင်း စသည့် ဂုဏ်ပုဒ်များဖြင့် ဤရာထူးတာဝန်ကို ထမ်းဆောင်ရန်။

ငွေစာရင်းတာဝန်ခံ၏ တာဝန် နှင့် ဝတ္တရားများ
• ငွေစာရင်းတာဝန်ခံသည် ကွန်ယက်လှုပ်ရှားမှုဆိုင်ရာ လုပ်ဆောင်မှုများကို စာရင်းသွင်းရေးမှတ်ပေးရမည်။
• Green Shop နှင့် ဂေဟဟိတရုံးဆိုင်ရာ ငွေစာရင်းများကို လုပ်ဆောင်ပေးရမည်။
• လစဉ်ငွေစာရင်းဆိုင်ရာမှတ်တမ်းများနှင့် အစီရင်ခံစာ ပြုစုပေးရမည်။
• လစဉ်ငွေစာရင်းဆိုင်ရာ အစီရင်ခံစာများကို ကွန်ယက်တာဝန်ခံသို့ တင်ပြပေးရမည်။
• ဂေဟဟိတမှ ပြုလုပ်သော လုပ်ငန်းဆောင်တာများတွင် လိုအပ်သလို ပူပေါင်းလုပ်ဆောင်ပေးရမည်။

ရာထူး : IEC developer
ခန့်အပ်မည့်အချိန်ကာလ : ၁ဝ လ(နိုဝင်ဘာ ၂၀၁၂ မှ ဩဂုတ် ၂၀၁၃ ထိ)
တည်နေရာ : ရန်ကုန်
ဂေဟဟိတအဖွဲ့သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို လုပ်ဆောင်နေသော ကွန်ယက်တစ်ခုဖြစ်သည်။ ဂေဟဟိတကွန်ယက်တွင် လစ်လပ်သော နေရာများကို အောက်ပါအမူအကျင့်တန်ဖိုးများ၊ တာဝန်ဝတ္တရားများကို လေးစားလိုက်နာပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့သော လူနေမှုပုံစံများကို ဖော်ဆောင်သော လုပ်ငန်းစဉ်များကို အတူအကွလုပ်ဆောင်ရန် ဖိတ်ခေါ်အပ်ပါသည်။

လိုက်နာရမည့်အမူအကျင့်တန်ဖိုးများ
• လူထုနှင့်ဆက်ဆံရာတွင်သော်လည်းကေင်း၊ လုပ်ဖော်ကိုင်ဖက်နှင့် ဆက်ဆံရာတွင်သော်လည်းကောင်း၊ တစ်စုံတစ်ဦး၏ အသက်အရွယ်၊ လိင်၊ အိမ်ထောင်ရှိမရှိ၊ ဘာသာရေး၊ လူမျိုးရေး၊ မသန်စွမ်းမှု စသည်တို့အပေါ်အခြေခံ၍ အနိုင်ကျင့်ခြင်း၊ နှောက်ယှက်ခြင်း၊ စိတ်ဒုက္ခရောက်စေခြင်းတို့ကို ရှောင်ကြင်၍ လေးစားမှု၊ ကိုယ်ချင်းစာမှုတို့ကို ဆောင်ကြဉ်းရန်။
• စုစည်း၍လုပ်ဆောင်တတ်ခြင်းကို မြှင့်တင်နိုင်သော မခွဲခြားဘဲ ဆက်ဆံခြင်း၊ တစ်ဖက်သတ်မဆုံးဖြတ်ခြင်း စသည့် အမူအကျင့်များဖြင့် လုပ်ဖော်ကိုင်ဖက်အချင်းချင်းကြားတွင် ယုံကြည်မှု၊ နာလည်မှုများကို မြှင့်တင်ရန်။
• အဖွဲ့စည်းတွင်း၊ မိတ်ဖက်အဖွဲ့များ၊ ပြည်သူလူထု စသည်တို့ဖြင့် ဆက်ဆံရာတွင် ဆက်သွယ်ဆက်ဆံရေးကို တည်ကြည်ခိုင်မြဲစေသော စံပြအမူအရာများဖြစ်သည့် ပွင့်လင်းမြင်သာခြင်း၊ တာဝန်ယူတတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း စသည့် အမူအကျင့်များ မပြတ်ဆောင်ကြဉ်းရန်။
• ဂေဟဟိတ၏ အနာဂတ်ပုံရိပ်၊ မျှော်မှန်းချက်နှင့် တန်ဖိုးထားမှုများကို စံပြဖော်ဆောင်သူတစ်ဦးဖြစ်ရန်
• မိမိကိုယ်တိုင် ထကြွလှုံ့ဆော်ခြင်း၊ တီထွင်နိုင်ခြင်း၊ သင်ယူလိုစိတ်ရှိခြင်း၊ မိမိကိုယ်တိုင်မိမိ မောင်းနှင်နိုင်ခြင်း စသည့် ဂုဏ်ပုဒ်များဖြင့် ဤရာထူးတာဝန်ကို ထမ်းဆောင်ရန်။

IEC Developer
• ကွန်ယက်လုပ်ဆောင်ချက်များအတွက် IEC ပစ္စည်းများပြုလုပ်ပေးရမည်။
• အစီအစဉ်ကျင်းပရာ အခန်းများ ပြင်ဆင်ခြင်း၊ အလှဆင်ခြင်းများ ပြုလုပ်ရမည်။
• IEC ပစ္စည်းများ ဖြန့်ချီပေးရမည်။
• Green Shop ၏ ပုံမှန်ပညာပေးအစီအစဉ်များကို ဆိုင်တာဝန်ခံနှင့် တွဲဖက်၍ လုပ်ဆောင်ပေးရမည်။
• ဂေဟဟိတအတွင်း လိုအပ်သောဒီဇိုင်းများ၊ လိုဂိုများကို ရေးဆွဲပေးရမည်။

စိတ်ဝင်စားသူများအနေဖြင့် မိမိ၏ ကိုယ်ရေးအကျဉ်းနှင့် လိုအပ်သော စာရွက်စာတမ်းများနှင့်တကွ gaihahita@gmail.com သို့ ( ၁၉.၁၀.၂၀၁၂ ) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။

4 comments

  • we R one

    October 11, 2012 at 11:51 am

    တင်ပေးတာ ကျေးဇူးဗျိုု့ မမနော.။ စိတ်ဝင်စားတယ်..။ ဒါပေမဲ့ အီးမကောင်းတာခက်တယ် .. 🙁

    • manawphyulay

      October 11, 2012 at 11:58 am

      ဟုတ်တယ်။ ဘယ်နေရာမှာမဆို ခုဆို အင်္ဂလိပ်စာ ရေးတတ် ပြောတတ်ရမည်က ရှေ့ဆုံးက ပါနေတော့ အလုပ်လျှောက်ချင်ပေမယ့် အလုပ်ရှောင်တဲ့သူတွေ ပိုများလာတာကို တွေ့ရတယ်နော်။

      • ဟိဟိ..Junction Square က မုန့်ဟင်းခါးဆိုင်အတွက် waiter ကိုတောင် အီးကောင်းရမယ်တဲ့.. မြန်မာတွေ ခေတ်နောက်မကျပါဘူး…မုန့်ဟင်းခါးကိုတောင် အင်တာနေရှင်နယ်ရောင်းနိုင်တယ်… ဂွတ်ဂွတ်ဂွတ်..

  • eipu

    October 11, 2012 at 4:13 pm

    ပြန်မျှဝေပေးလိုက်မယ်နော်။

Leave a Reply