ဂေဇက်မှာ အခုမှ စာရေးမယ် လို့ကြံပြီး အရင်တုန်းက ဖတ်ရုံတင် ဝင်ဖတ်တဲ့သူများအတွက်သင်တန်းပို့ချခြင်းဖြစ်ပါတယ်။ ဂေဇက်နာမည်ကျော် စာရေးဆရာကြီး၊ ဆရာမကြီးများ လိုအပ်သည်များကိုလည်း ဝင်မန့်ပြီး ဖြည့်စွက်နိုင်ပါသည်။

၁. Comment များများအပေးခံရပြီးလူများများဝင်ဖတ်အောင်ဆိုရင်                                                           မိမိကိုယ်ကို အမွန်းတင်ပြီး သူများကိုများများ ရှုံချရေးပါ။ ရေးစရာမရှိလျှင်နိုင်ငံခေါင်းဆောင်တွေကိုဝေဖန်ပါ မိမိတော်ကြောင်းတတ်ကြောင်း များများပွားပေးပါ။ ခေါင်းစဉ်ရွေးချယ်လျှင်လဲ ဒီဂေဇက်ထဲမှာ ငါ့လောက်တော်တဲ့သူရှိရင်ထွက်ခဲ့ဆိုတဲ့ခေါင်းစဉ်နဲ့ပုံစံတူ ခေါင်းစဉ်မျိုးရွေးချယ်ပါ။

သေချာပါသည် ဝင်မန့် သောသူ အနည်းဆုံး ၃၀ ကျော်သွားလိမ့်မည်။

၂။ အဆင့်မြင့်သော စာဖတ်သူများသာ ဝင်ဖတ်နိုင်ရန်အရေးအသား။

ဥပမာ အိုင်တီပညာရပ်နှင့်ဆိုင်သောအရာများ ရေးလျှင်လဲ အဆင်ပြေပါသည်။ ဥပမာ ပညာရပ်အနေနဲ့ ကွန်ပျူတာအား Shutdown ချရာတွင် လေးနေလျှင် ပါဝါကြိုးဆွဲဖြုတ်ပါ လက်ပ်တော့ ဆိုလျှင် ဘက်ထရီ ဆွဲဖြုတ်ပစ်ပါဆိုတာမျိုး Virus ကိုက်လျှင် ကွန်ပျူတာအား ကာဘော်လစ်ဆပ်ပြာနှင့်ရေစင်စင်ဆေးပြီး နေပူလှန်းကာ အရက်ပြန် စိမ်ရ်ျ အခြောက်ခံ ပြီးပြန်သုံးရန်ဆိုသော အသိပညာ ဗဟုသုတ မြင့်မားရန် စာမျိုးဆိုလျှင် အသိပညာ မြင့်မားသော သူမျိုးသာ ဝင်ရောက်ဆွေးနွေးကြလိမ့်မည်။

၃။Comment နည်းသော ဝင်ရောက်ဖတ်ရှုသူနည်းသော အရေးအသား                     အင်္ဂလိပ် လိုများများရေးပါ ခေါင်းစဉ်ကိုလည်း အင်္ဂလိပ်လိုသာရွေးချယ်ပါ ဥပမာ  A- apple/B-ball/C-cat/D-dog ကဲ့သို့ အဆင့်မြင့်မြင့် အင်္ဂလိပ်ခေါင်းစဉ်မျိုးရွေးပါ။ နောက်ပြီး English လိုချည်းသက်သက်မရေးနိုင်လျှင် မြန်မာစာသင်ပုန်းကြီးအား အင်္ဂလိပ်စာနှုင့် အဆင့်မြှင့်ထားသည်ကိုနမူနာယူ ရောရေးပါ။                                                                            ဥပမာ- မမ Fat Fat ထထ Dance အကမှာ Fast                                                Dance ပါ Dance ပါ မမရာ ညည Moon သာသာ Night အခါ ငါစာမရ    မမ Fat Fat ထထ Dance ဆိုသလို အင်္ဂလိပ်စာတစ်ဝက်မြန်မာလိုတစ်ဝက်ရောရေးပါ အရမ်းမြင့်လွန်းလျှင် ဖတ်သောသူ ဘာမန့်ရမလဲမသိသလို တော်ရုံလူ ဝင်မဖတ်တော့ပါ။

၎။Connectionမကောင်းသည်ကိုအန်တုပြီး ရေးသူများ                                     ကဗျာတိုစာတိုများ ကိုရေးပါ ဥပမာ  စစ်ဆိုသော ခေါင်းစဉ်အောက်မှာ    ဒုံးဒုံးဒက်ဒက်၊ တုံးလုံးပက်လက်    အဲလောက်ဆို ကွန် မကောင်းလျှင်လည်းအဆင်ပြေသည်။ အဲဒီကဗျာထက်နည်းနည်းရှည်လည်းရသေးသည်။ဥပမာ         “ဟိုဘက်ကမ်းကမီးထိန်ထိန်၊ ဒီဘက်ကမ်းကမီးထိန်ထိန်        ဆီမီးထိန်ထိန်လင်းပါတဲ့၊ မနှင်းတို့အိမ် ” အဲလောက်ရှည်သွားလျှင်လည်း အဆင်ပြေလောက်ပါသည်။

အထက်ပါရေးသားနည်းများကိုသာ အသုံးပြုရ်ျ ရေးပါ သင်အဆင်ပြေပြေနှင့်ရေးနိုင်မည် ဟုမျှော်လင့်သည် post ၅ပုဒ် မကျော်ခင်နာမည်ကြီး ချင်ပါက နံပါတ် ၁ ရေးနည်းကိုသာ ထပ်တလဲလဲ အသုံးပြုပါ သင်မုချမသွေ ကျော်ကြားမည်။     ကျော်ကြားပါက ကျွန်နုပ်၏ ကျေးဇူးအားမမေ့နှင့်။

အထက်ပါ စာရေးနည်းအား အသုံးပြုသူ စာရေးသူအပေါင်း အဆင်ပြေချောမွေ့ကြပါစေ။

 

About ဦးသု

ဦး သု has written 58 post in this Website..

ယောင် 60 ဒါပေမယ့် တစ်ခါတစ်လေ 6 ကဇောက်ထိုးဖြစ်သွားတယ်