အလုပ်ထဲမှာနေတတ်ဖို ့လိုတယ်..။

ရွှေအိမ်စည်October 11, 20121min19015
အလုပ်ထဲမှာနေတတ်ဖို ့လိုတယ်

၁။ အသင်သည် ဟောခန်းအတွင်း ဟိုမှ သည်မှ ဖြတ်လျှောက်သောအခါ လက်ထဲတွင်

စာရွက် တစ်ရွက် အမြဲပါပါစေ။ လက်ထဲမှာ စာရွက်တစ်ရွက်နဲ့ ဟိုမှ သည်မှ

ဖြတ်လျှောက်သူသည် အများအမြင်တွင် အရေးပေါ် အစည်းဝေးအတွက် အလုပ်

ကြိုးစားနေသရောင် ထင်စေ၏။ စာရွက် မပါတဲ့သူကတော့ ကော်ဖီဆိုင် သွားမည့်

အလား ဆင်တူသည်။ အဲ..သတင်းစာကို ကိုင်ပြီး ဖြတ်လျှောက်သူကတော့ ရေအိမ်

သွားမည့်သူဖြစ်၏။

 

၂။ သာမာန် အလုပ်ဖြစ်သော်ညား အလုပ်များ နေသည်၊ ကြိုစားနေသည်ဟု

အများထင်အောင် ကွန်ပျူတာကို သဲကြီးမဲကြီးကြည့် ကာ လုပ်ပါ။ အများအမြင်တွင်

တင့်တယ်၏။ အလုပ်မရှိက မိမိ ပါစင်နယ် မေးချက်ခြင်း။ မိမိ လစာတွက်ခြင်း

များ လုပ်နိုင်သည်။ ချက်တင် ဝင်ပါက သတိထားပါ။ တစ်ယောက်ထဲ

မရယ်မိပါစေနှင့်။

 

၃။ လုံးဝအလုပ်မရှိသည့်အခါ မိမိ ဝက်ဘလော့၏ တန်းပလိတ်ပြင်ခြင်း။ ဘလော့

နှင့်ပတ်သက်သော နည်းပညာ လေ့လာခြင်များ လုပ်ပါ။ သင်၏ အထက် အကြီးကဲ (သို့)

သဌေးမှ တွေ့ရှိသွားပါက ရှေ့လာမည့် ပရောချက် အတွက် နည်းပညာ ဆော့ဝဲအသစ်များ

လေ့လာနေသည်ဟု ဖြေပါ။ သင့်အားချီးကျူး ပေလိမ့်မည်။

 

၄။ သင်၏စားပွဲအား စာရွက်များ ဖိုင်များဖြင့် ရှုပ်ပွနေပါစေ။ ဧကန် ထိုသူသည်

အလုပ်များသောသူဖြစ်ပေသည်။ အလုပ်ဖေါ်တစ်စုံတစ်ဦး သင့်စားပွဲနား ကပ်လာပါက

“အရမ်း အလုပ်များတာ.. ရှင်းဖို့အချိန်မရဘူး” စသည် အိုက်တင် ဖြင့် ပြောပါ။

ထိုသို့ပြောရင်း စာရွက် တစ်ခုအားရှာနေပါ။ လက်တစ်ဖက်က မောက်စ်ကို မလွတ်

ပါနှင့်။

 

၅။ အလုပ်အား အခြားသူများထက် စောရောက်အောင် လေ့ကျင့်ထားပါ။ (အီးမေးချက်ပါ)

ထမင်းစားချိန် များတွင် အခြားသူများ ထသွားလဲ မိမိသည် အလုပ်များနေသေးသည်

သကဲ့သို့ အခန်းထဲမှ နောက်ဆုံးထွက်ပါ။ (ဂျီ တော့ခ် မှ သူငယ်ချင်းများအား နှုတ်ဆက်ပါ)

 

မိတ်ဆွေ အားလုံးပဲ အလုပ်ထဲမှာ အဆင်ပြေကြပါစေ။

မှတ်ချက်…။   ။ ကိုယ့်တွေ ့သာရေးသားသူ

:hee:

15 comments

  • ရွှေအိမ်စည်

    October 11, 2012 at 4:38 pm

    စေတနာနဲ ့ပေတရာပေါ်မလိမ့်ဘဲ…
    ဒီနေ ့ကော်နက်ရှင်စိုင်းပြင်းအရမ်းကောင်းမွန်လို ့ဂေဇာတ်ကိုကြွခဲ ့ပါသည်။

    မိတ်ဆွေအပေါင်း…..မင်္ဂလာရှိသောနေ ့ပါ။

  • ၂။ တစ်ယောက်တည်း မရယ်မိပါစေနဲ့ တဲ့…
    တမီးကိုများစောင်းပြောနေသလား…ချက်တင်ထိုင်တာတော့ မဟုတ်ပါဘူး..ရွာထဲကို ဝင်နေတာ..ဟိဟိ.. 🙂

  • etone

    October 11, 2012 at 4:57 pm

    မင်္ဂလာပါ မရွှေအိမ်စည်ရေ ။
    ဂေဇက်ထဲ ပြန်ကြွလာလို့ ဝမ်းသာမိပါတယ် ။ :kwi:

    အလုပ်ထဲမှာ နေတတ်ဖို့ နောက်တနည်း ကျန်ပါသေးတယ် …. ။
    မော်နီတာကို မျက်မှောင်ကုတ်ကြည့်ပြီး … အားမလို အားမရဖြစ်တဲ့ပုံနဲ့ .. .လက်ချောင်းလေးတွေ လှုပ်ရုံသာ အသုံးပြုကာ သူငယ်ချင်းတွေနဲ့ ချက်တင်လုပ်ပါလေ …. ။ သူဌေးက … အလုပ်ကြိုးစားတယ်လို့ ထင်သွားနိုင်ပါကြောင်း …. ကိုယ်တွေ့နည်းလေး လက်တို့ပါတယ် .. ခွိခွိ :harr:

    • ရွှေအိမ်စည်

      October 11, 2012 at 5:02 pm

      မအိတုန် ကျေးဇူးပိုစ်တွေလာမဖတ်နိုင်တာခွင့်လွှတ်ပေး…ဧဒင်ဥယျာဉ်ကောဖေ ့ဘုတ်ကော….
      ကျနော်ဒေ့ါင်းစိုင်းနေတာ…သို ့သော်…..
      ဒီရွာတော့တော်တော်အထင်ကြီးလေးစားကြောင်း
      ခုဏက မအိတုန်ပိုစ့်ဖတ်တယ်…ခိုးရာလိုက်ပြေးတာကိုလေ…

      အချစ်မရှိတော့…ဒါတွေ နားမလည်လို ့…ကောမက်ဘာရေးရမှန်းမသိလို ့…ကုတ်ပြီးပြန်သွားတာ

  • ရွှေအိမ်စည်

    October 11, 2012 at 4:59 pm

    အွန်……………ရွာကို စိတ်က သနားလာလို ့…
    ရွာထဲ ကအဖိုးတန်စာတွေ လူတိုင်းဖတ်စေချင်လို ့…
    မမက ဖေ ့ဘုတ်မှာ….ဖလန်းဖလန်းနေတာဘဲ…
    မန်ဘာတောင်ထပ်လက်ခံမရတော့လို ့…ခစ်ခစ်…

    ဖေ ့ဘုတ်က လူတွေ ရွာထဲ ခေါ်ပစ်လိုက်မှာပေါ့…။
    အရင်က ဖိုရမ်ထဲနေတာတစ်ယောက်ထည်း..
    အခုတော့ရွာထဲ …ရှောက်ပါတ်(လည့်ပါတ်ကြည့်နေရတယ်)။

    ကိုယ့်မိတ်ဆွေ တွေက လူရမ်းကားတွေ များတော့…ရွာကိုတိုက်ခိုက်မှာစိုး…
    ရွာစည်းရိုးကို စာပေနြ ့လာကာနေတာပါ…မီးရ(စောင်းမပြောပါဘူး…ပျော်အောင်စပေးတာ)

  • လယ်ထွန်Z

    October 11, 2012 at 5:04 pm

    မှတ်သားသွားပါတယ် အိန်တီ ချွိန်ချီ

    :harr:

  • မောင်ပေ

    October 11, 2012 at 7:20 pm

    ကျုပ်ကတော့ ဖုန်းဘီလ်ကျန်ရင် ကျန်သလို
    အလုပ်ထဲမှာ အင်တာနက် အမြဲသုံးတယ်ဗျို ့
    ဖုန်းနဲ ့ဆိုတော့ ချက်ရတာအားမရလို ့မချက်ဖြစ်ဘူး

  • me dain

    October 12, 2012 at 7:46 am

    ကျွန်တော့်ကို စောင်းပြောနေသလိုခံစားရပါသည်….

  • we R one

    October 12, 2012 at 9:04 am

    ကျွန်မ ပုံစံကို များ လာကြည့်ပြီရေး နေသလား အောက်မေ့ရတယ် ဟိဟိ ..။ ကျွန်မ လုပ်နေတာတွေနဲ ကွက်တိ…။ ရူးတိုးတိုး… ရွာထဲမှာ ဂျာကြီးရှိတယ်….။ ရုံးချိန်အတွင်း ရွာထဲအဝင် ကောင်းလို့ ဖိုင်းခဏခဏ အရိုက်ခံရတယ်…။ 😀

  • Thu Wai

    October 12, 2012 at 10:39 am

    ကွက်တိပဲ အခုကစပြီးကြိုးစားပြီ

  • သကြားလုုံးကြော်

    October 12, 2012 at 11:45 am

    တယ်ကောင်းတဲ့ အကြံဉာဏ်တွေပဲ။ ရွာထဲမှာ သဌေးတွေအများကြီး ရှိတယ်နော်။ သူတိုု့ပါ ဒီနည်းလမ်းတွေ သိနေရင် မဖြစ်ဘူး။ ကွိခနဲ ခြေမြင်နေဦးမယ်။

  • eipu

    October 12, 2012 at 3:57 pm

    မှတ်သားထားပါသည်

  • မယ်ရွှေရေ
    အဲလိုနေလာလိုက်တာ အခုတော့ အလုပ်က ကန်ထုတ်လိုက်ပြီအေ့
    ငါ့လိုဘဲ မိန်းမအလစ်မှာကြူနေတဲ့ သူဌေးမယောက်ျားက မြွေမြွေချင်းခြေမြင်ဆိုပြီး
    ကန်ထုတ်လိုက်တာအေ့ ………………………….

  • Onyx

    October 15, 2012 at 11:05 am

    မှတ်သားနာယူဖွယ် အတိပါလား…….

  • kai

    October 15, 2012 at 3:04 pm

    FireFox သုံးသူတွေ.. ကိုယ်အင်တာနက်တက်. ကြည့်နေတဲ့ပေ့ချ်ကို.. ချက်ချင်းဖျောက်နိုင်တဲ့.. အောက် အက်ဒ်အွန်လေး.. သုံးတတ်ပါစေ.. :kwi:
    https://addons.mozilla.org/en-us/firefox/addon/boss-key-and-buttons/
    Boss Key and Buttons 2.1.1
    by Zen
    Press F12 or both left and right mouse buttons to hide browser.

Leave a Reply