င်္Five Precepts (ငါးပါးသီလ)

onlinezzJuly 12, 20101min892

ငါးပါးသီလ

( ၁ ) သူတပါးအသက် သတ်ခြင်းမှ ရှောင်ကြဉ်ရန၊်
( ၂ ) သူတပါးပစ္စည်း ခိုးယူခြင်းမှ ရှောင်ကြဉ်ရန်၊
( ၃ ) သူတပါး၏ သားမယားကို ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ရန်၊
( ၄ ) လိမ်ညာခြင်းနှင့် အကျိုးမရှိသောစကားကို ပြောဆိုခြင်းမှရှောင်ကြဉ်ရန်
( ၅ ) မူးယစ်စေသော အစားအသောက်များ နှင့် မူးယစ်ဆေးဝါးများကို သုံးစွဲခြင်းမှရှောင်ကြဉ်ရန၊်

Five Precepts

( 1 ) To abstain from killing
( 2 ) To abstain from stealing
( 3 ) To abstain from adultery
( 4 ) To abstain from lying and loose speech
( 5 ) To abstain from intoxicants and drugs

နံပါတ်စဉ် ၄ ကကျွန်မအထင် အကျိုးမရှိသောစကားကိုပြောဆိုခြင်း  {အတင်းတုတ်ခြင်း/သူများအပေါ်ချောက်ချခြင်း}လဲပါမယ်ထင်ပါတယ်။အထူးသဖြင့် မြန်မာလူမျိုးတွေဟာ ကိုယ်အတွက်လည်းအကျိုးမရှိ၊သူများအတွက်လည်းအကျိုးမရှိတာကို ပြောဖို ့ ဝါသနာ အရမ်းထုံကြပါတယ်။အဖြစ်အပျက်လေး ၁ခု ပြောချင်တာနဲ ့ ငါးပါးသီလဆိုတဲ့ ခေါင်းစဉ်တပ်ပြီးရေးလိုက်ရတာပါ။တလောက ကျွန်မတို ့နားမှာ ကြားလိုက်ရတဲ့ အဖြစ်အပျက်၁ခုပါ။အဲဒီစက်ရုံက ပလပ်စတစ်စက်ရုံပါ။အဲဒီစက်ရုံမှာ မြန်မာမိန်းကလေး ၁၂ယောက်ရှိပါတယ်။နေရတာက ၂ယောက်၁ခန်းပါ။အဲဒီ ၁၂ ယောက်မှာ မြန်မာမိန်းကလေး ၁ယောက်ကို Leader ထားပါတယ်။တခြားလူမျိုးတွေ လည်းသူ ့ လူမျိုးနဲ့သူ Leader တွေရှိပါတယ်။မြန်မာလူမျိုး ထုံးစံအရ အပေါ်ဖား အောက်ဖိဉာဉ်အတိုင်း အဲဒီ Leader မိန်းကလေးက သူနဲ ့အတူတူနေတဲ့ အခန်းဖော်မိန်းကလေးကိုအမြဲအနိုင် ကျင့်ပါတယ်။ပြီးတော့အဲဒီ Leader မိန်းကလေးက ဒီနိုင်သား မန်နေဂျာတရုတ်နဲ ့လည်း တော်တော်လေး ခင်ပါတယ်။အဲဒီတော့ အနိုင်ကျင့်ခံရတဲ့ မိန်းကလေးက ဘယ်လိုပဲ Complain တက်တက်သဲထဲရေသွန် ဖြစ်ခဲ့ရပါတယ်။တစ်နေ့မှာတော့ သူတိုလုပ်တဲ့ ဆိုဒ်က ပလပ်စတစ်ဗူးတွေ Quality မမှီတာတွေပါလာပါတယ်။Leader ကောင်မလေးနေရာက ဖြစ်တယ်ဆိုတာ အဲဒီဆိုဒ်က လူအားလုံးသိပါတယ်။အလုပ်ချိန်မှာဆို အဲဒီLeader ကောင်မလေးက ဖုန်းပြော၊ဂိန်းဆော့အမြဲလုပ်ပါတယ်။စက်ကအချိန်နဲ ့အချိန်ကျတာကို သိပ်လဲဂရုမစိုက်ပါဘူး။လတိုင်းလဲ သူတို ့ဆိုဒ်က Quality မမှီတာအမြဲပါပါတယ်။အဲဒီရက်ကတော့ Quality မမှီတဲ့ဗူးရေ တော်တော်များပါတယ်။အထက်က စစ်ဆေးတော့ Leader မိန်းကလေးက အခန်းဖော်မိန်းကလေးကို အပြစ်ပုံချပါတော့တယ်။အထက်ကလည်း အစစ်အဆေး အမေးအမြန်းမရှိပဲ လကုန်တော့ ၁လစာ၁ပြား မကျန်ဖြတ်လိုက်ပါတယ်။Complain တက်မယ်လုပ်တော့လည်း အတက်မခံပါဘူး။ကောင်မလေးလည်း တော်တော်စိတ်ဆိုးသွားပြီး နေ့တစ်ဝက်ခွင့်ယူ၊အဆောင်ပြန်သွားပါတယ်။နေ့လည်ထမင်းစားနားတော့ Leader ကောင်မလေးက အဆောင်ပြန်လာပါတယ်။အဲဒီမှာတင် အခန်းဖော်ကောင်မလေးက အသင့်စောင့်နေပြီး ကတ်ကြေးနဲ ့ ထိုးလိုက်ပါတယ်။ချက်ကောင်းမထိုးမိတဲ့ အတွက်မသေပါဘူး။နိဂုံးချုပ်ရရင်တော့ သူဌေးကလည်းအလုပ်ရှုပ်မှာစိုးတဲ့အတွက် ၂ယောက်လုံးကို ပြန်ပို ့လိုက်ပါတယ်။အဲဒါပါပဲ။ကိုယ်အတွက်လည်းအကျိုးမရှိ၊သူများအတွက်လည်းအကျိုးမရှိတာတွေကို ပြောနေ၊လုပ်နေတော့ အရှံးနဲ ့ရင်ဆိုင်ရတဲ့အပြင် ဘဝပါရှုံးးသွားတာပါ။(ဘဝရှုံး=သားအိမ်ထုတ်လိုက်ရတာကိုဆိုလိုပါသည်။)ကျွန်မပြောချင်တာတော့ အထူးသဖြင့် နံပါတ်လေးအချက်ကို ရှောင်နိုင်ရင် မိန်းကလေးများအတွက် ငါးပါးသီလ လုံခြုံသွားပါပြီ။

*ဒီနေ ့တစ်နေ ့တာ အတွက် ကိုယ်လုပ်လိုက်တဲ့ အလုပ်ဟာ ကုသိုလ်မဖြစ်ချင်နေပါစေ၊အကုသိုလ် မဖြစ်ဖို ့အရေးကြီးပါတယ်။လူသားအားလုံး အကျိုးမရှိသော စကားများ ပြောဆိုခြင်းမှ ကင်းဝေးကြပါစေ။ *

2 comments

  • kai

    July 12, 2010 at 8:01 am

    အူမတောင့်မှသီလစောင့် …လို့ မြန်မာစကားပုံရှိပါတယ်။
    ဒါကို ရှေးရိုးစွဲလူတော်တော်များများ ငြင်းပယ်ကြတယ်။
    အူမဆိုတဲ့ အစားအစာပြည့်စုံလုံလောက်အောင်ဖြည့်တင်းနိုင်မှ။ အဟာရပြည့်ကာမှ သီလစောင့်နိုင်တာပါ။
    အခြေခံအားဖြင့်ကို အဟာရပြည်စုံစွာမရရင် ကလေးသူငယ်တွေက စလို့ ညဏ်ရည်မမှီဖြစ်ပါတယ်။
    လူသားအပါအဝင် သတ်တဝါတွေအားလုံးဟာ အခြေခံလိုအပ်ချက် ပြည့်စုံမှ ကျန်တာတွေလုပ်နိုင်စဉ်းစားနိုင်တွေးခေါ်နိုင်တာပါ။

    အနောက်တိုင်းကလည်း ဒီအတိုင်း(သီအိုရီအရ) ယူဆကြတာပါ။ ပိုတောင်ပြည့်ပြည်စုံစုံလုပ်ထားပါသေးတယ်။
    အောက်ကလင့်ခ်မှာဖတ်ကြည့်ပါ။
    http://en.wikipedia.org/wiki/Maslow%27s_hierarchy_of_needs

    အပေါ်ကအဖြစ်အပျက်ကြည့်မိတော့ ကျုပ်ကဘယ်လိုမြင်သလဲဆိုတော့ အဲဒီအတိုင်းမြင်မိပါတယ်။
    ဘယ်နှယ်ဗျာ.. အလုပ်ကိုငွေပေးခိုင်းတာခံရတဲ့ အလုပ်သမ ဘဝတူချင်းအတူတူ အချင်းချင်းအပြစ်ပုံချရတာနဲ့။ ကပ်ကြေးနဲ့အသေထိုးသတ်ရတာနဲ့။
    ဘာလို့ဒီလိုဖြစ်သလဲ..နောင်မဖြစ်အောင်ဘယ်လိုလုပ်ကြမလဲ ဝိုင်းဝန်းစဉ်းစားစရာပါ။

  • Yin Nyine Nway

    August 12, 2010 at 10:36 am

    ဟုတ်ပါတယ်
    တနေ့တာမှာ ကုသိုလ်မဖြစ်ချင်ပါစေ အကုသိုလ်လေးတော့ ဖြစ်သင့်ဘူး

Leave a Reply