ရက်စက်ခဲ့သူရေ လက်နက်မဲ့နေတဲ့

ငါ့နှလုံးသားက ပြစ်လွှတ်လိုက်တဲ့

မင်းလေးရဲ့စကားလုံးတွေအောက်မှာ

ငါဒူးထောက်ကျရှုံးခဲ့ပြီလား…………….

မကြင်နာတက်တာလား အကြင်နာမဲ့တာလားတော့မသိခဲ့တာ

ရိုးသားလှတဲ့ ငါ့အချစ်တွေက မင်းလေးအတွက်တော့

အပြစ်တွေဖြစ်တည်နေခဲ့ပြန်ပြီလား

စိတ်ဆိုးတိုင်းချော့ခဲ့ရတဲ့ ခုံတန်းလျှားလေးက

အခုတော့ ငါ့တစ်ယောက်တဲ့ ဖြစ်တည်နေခဲ့ပြီပေါ့

ကျေနပ်ပါတယ်ချစ်သူရယ် အပြစ်တွေဘယ်လောက်ဘဲများများ

ငါပေးဆပ်ခဲ့တဲ့ မေတ္တာရေစဉ်လေးတွေကတော့

မင်းလေးရဲ့ဘေးနားမှာ အရိပ်အဖြစ်ရပ်တည်ခွင့်လေး ရခဲ့မယ်ဆိုရင်

ငါလေ……………………

ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..