“ဘကြီးပြောပြသော ရုပ်ရည်လက္ခဏာနှင့်သိကောင်းစရာများ”။ အပိုင်း(၂)

aye.kkOctober 11, 20121min1797

၃။ မိန်းခလေးဖြစ်ပါလျှက် နားရွက်အနည်းငယ်နိမ့်ဆင်း၍ လွန်စွာသေးငယ်ခြင်း။

နားရွက်သည် နားထင်အောက်ရှိသင့်သည့်နေရာထက် အနည်းငယ်နိမ့်ဆင်းပြီး။ ကြွက်နားရွက်ကဲ့သို ့သေးငယ်နေခြင်း။
ထိုမိန်းခလေးမျိုးသည် တွေးခေါ်မှုမှားယွင်းနိမ့်ကျပြီး ဆင်ခြင်တုံတရားမဲ့တတ်ခြင်း ။ ပြုဘူးသောအကျိုးကျေးဇူးကို မသိတတ်။ ငရမန်ကန်းလိုလူစားမျိုးဖြစ်၍ မိမိကိုကယ်မည့်သူ အပေါ်၌ပြစ်မှားတုံ ့ပြန်တတ်သဖြင့် ။ မပေါင်းသင်းအပ်ကြောင်း ပြောပြပါတယ်။
ထိုမိန်းခလေးကို စားဖျော်အရောင်းဆိုင်တခုမှာ အအေးအမြဲတန်းဝယ်သောက်မိရာကနေ မထင်မှတ်ပဲခင်ခဲ့ဘူးပါတယ် ။

မျက်မှန်းတန်းမိနေပြီး ကျမကိုရင်းနှီးလာတော့ သူကစကားစပ်ရင်း ကျမကိုဘယ်မြို ့ကလည်း မေးပါတယ်။ ကျမနေထိုင်တဲ့မြို ့ကိုသူသိတော့ သူ ့ရဲ ့ကိစ္စတခုအတွက် အကြံဉာဏ်ပေးဘို ့နဲ ့ကူညီဆောင်ရွက်ပေးဘို ့တောင်းခံလာပါတယ်။ ကိုယ့်အလုပ်နဲ ့ပတ်သက်ပြီး အကူညီပေးရမယ့် ဝတ္တရားရှိနေပြန်တော့ အကျဉ်းကျပ်တွေ ့ခဲ့ရပါတယ်။ သူတောင်းတဲ့အကူညီကို ကျမစိတ်ထဲမပေးချင်မိပါဘူး။ ဘာလို ့လည်းဆိုတော့သူ ့ရုပ်ရည်က အများနဲ ့မတူဘဲ ထူးခြားမှုဖြစ်နေတာ ကနားရွက်ပါဘဲ။ သူကဆံပင်ရှည်ထားသူဆိုတော့ နားရွက်ကိုမမြင်သာနိုင်အောင် ဆံပင်နဲ ့ဖုံးအုပ်ထားလေ့ရှိတော့ ကျမကသတိထားနေမိခဲ့ပါတယ်။

ကျမသူ ့ကိုစနောက်မိပါတယ်။ကျမငယ်ငယ်က စနေမဆံပင်ပုံစံထားခဲ့တော့ မျက်နှာတစ်ခြမ်းအုပ်ထားလို ့ အမေကကျမကိုကြည့်မရပဲ သရဲမနဲ ့တူတယ်ဆိုပြီး အမြဲအဆူခံခဲ့ရတဲ့အကြောင်း ပြောပြမိပါတယ်။ အခုညီမကဆံထုံးကိုနားရွက် ဖုံးအုပ်ပြီး ထုံးထားတာ ချထားတာ အမြဲတွေ ့မြင်နေရတော့။ စိတ်ထဲထူးဆန်းနေလို ့။ တိုက်ဆိုင်ပြီးသတိရသွားလို ့စမိတာပါလို ့ပြောတဲ့ခါ။ သူကသူ ့နားရွက်ကို ကြွက်နားရွက်နဲ ့တူတာ သူငယ်ချင်းတွေရဲ ့စတာလှောင်တာမျိုး အမြဲတစေခံခဲ့ရဘူး ကြောင်းနဲ ့အခုကြီးလာတော့ ရှက်တဲ့စိတ်ဝင်လာလို ့ဆံပင်ရှည်သာအမြဲထားပြီး။ နားရွက်ကိုဖုံးချထားရခြင်း ဖြစ်တဲ့အကြောင်း ရှင်းပြခဲ့ပါတယ်။

ဘကြီးပြောပြဘူးတဲ့။ ခြေနှစ်ချောင်းနားရွက်တို မကယ်ကောင်း။ ဆိုတဲ့စကားက ကျမနားမှာကြားယောင်လာလို ့သူတောင်းခံလာတဲ့ အကူညီကို။ မပေးချင်တဲ့စိတ်ဖြစ်ပေါ်ခဲ့ပါတယ်။ သူကအတင်းအကြပ်တောင်းဆိုလာပြီး။ ကိုယ်ကလည်းဝတ္တရားအရ၊ မကူညီပေးက လည်းအခက်ဆိုတော့။ အကူညီပေးခဲ့မိပါတယ်။ ဒါပေမယ့် ကိုယ်ကအကူညီပေးခဲ့တဲ့အပေါ်မှာ။ အခွင့်အရေးကို လိုတာထက် ပိုပြီး လက်တဆုံးနှိုက်ယူခဲ့တဲ့အပြင်။ ကျေနပ်နိုင်မှုမရှိဘဲကျမရဲ ့၊လူကြီးများရှေ့မှောက်အထိ လာရောက်ခဲ့ပြီး။ အရှက်တကွဲပြုမူမှုလုပ်ခြင်း ခံလိုက်ရပါတယ်။
လူကြီးတွေကသိတော့။ ဒီလိုလူစားမျိုးကိုမှ သွားပြီးအကူညီပေးရလား၊ ဆိုပြီးကျမကိုဝိုင်းဆူကြပါတယ်။ ကျမအပေါ်မှာ ဂရုဏာဒေါသော ဖြစ်ခဲ့ကြရတဲ့အပြင်။ သူ ့ကိုလည်းဒီလိုပြုမူတာမျိုးကို လက်မခံနိုင်တဲ့အကြောင်း နောက်ဆုံးအနေ
နဲ ့နောင်ကျဉ်အောင်ဆုံးမလွှတ်လိုက်ကြပါတယ်။

၄။ မိန်းကလေးဖြစ်ပါလျှက် အာခံတွင်းပုတ်သည့်အနံ ့ရှိသူ။

ဝမ်းမနှုတ်လို ့။ ဒညင်းသီး၊ဆူးပုတ်ရွက် များစားထားလို ့။သွားမတိုက်ထားလို ့ဖြစ်တဲ့၊ ဆိုးရွားတဲ့အာခံတွင်းအနံ ့အသက်များကြောင့် မဟုတ်ပါဘဲ။ ထိုမိန်းကလေး စကားပြောဆိုတဲ့ အခါတိုင်း။ အမြဲတစ်စေ ဝမ်းခေါင်းထဲကနေလာသည့်။ အာခံတွင်းပုတ်သည့်အနံ ့ရှိသူမျိုးကိုဆိုလိုတာပါ။
ထိုမိန်းခလေးသည် ဝမ်းတွင်းစိတ်ထားဆိုးပြီး။ သွားမညီ စကားမတည်ပါဘူး။ သွားမညီတာက သွားတက်အလှ ရှိသူကိုဆိုလိုတာမဟုတ်ပါဘူး။ သွားတွေတစ်ချောင်းနဲ ့တစ်ချောင်း။ ညီညာမှု ရှိမနေတဲ့အပြင်၊ စကားကိုသူတစ်ပါးအကျိုးယုတ်အောင်။ လှဲ ့ဖြားပြောဆို မုသားသုံးသည့် လူစားမျိုးဖြစ်သည့်အတွက်။ မပေါင်းသင်းအပ်ကြောင်း ဘကြီးပြောပြပါတယ်။

ထိုမိန်းခလေးကို နယ်မြို ့တစ်မြို ့မှာ ဆုံဘူးပါတယ်။ ဌာနမတူပေမယ့် အလုပ်သဘောအရ မကင်းလို ့ဆက်ဆံရတဲ့အနေထား ကြုံပါတယ်။ စကားပြောဆိုတိုင်း အာခံတွင်းပုတ်နံ ့ရှိသူဖြစ်တဲ့အပြင် သွားများညီညာနေခြင်း မရှိတဲ့သူပါ။ ထိုမိန်းခလေးအပေါ်မှာ ကျမအနေနဲ ့သတိကြီးစွာထားပြီး ဆက်ဆံနေထိုင်ပါတယ်။
သူ ့ဝမ်းတွင်းစိတ်ထားဆိုးက အင်မတန်ကြောက်စရာ ကောင်းလှပြီး ။ ကျမအပေါ် မဖွယ်မရာ ကိစ္စတခုကိုပြုမူ လုပ်ကြံခဲ့ပါတယ်။ ဒါပေမယ့် တရားနတ်စောင့် ဆိုသလိုပါဘဲ။သူ ့လုပ်ကြံမှုကြီးပေါ်သွားခဲ့ပြီး သူပဲအရှက်ကွဲ ခံလိုက်ရပါတယ်။ ကျမသတိရှိမှုလည်းပါပါတယ်။အတော်ကြောက်ဘို ့ကောင်းပါတယ်။

ကျမကမွေးဂဏန်း(ဂ)ရသူမို ့၊ကိုင်ရိုပြောသလို။ အတိုက်အခံ၊ရန်တွေအမြဲကြုံတွေ ့နေရတာဟာ။ ရှေးပြုခဲ့တဲ့အတိတ်ကံ ဝိပါက်ကြမ္မာကြောင့်လို ့သာ ဆိုချင်မိပါတော့တယ်။။
ငယ်စဉ်တောင်ကျေးခလေးဘဝ။ နားလည်တဲ့အရွယ်ထဲကစလို ့ မိတ်ဆွေဘကြီးရဲ ့ပြောပြထားတဲ့ ရုပ်ရည်လက္ခဏာနဲ ့သိကောင်းစရာတွေက ကျမအတွက် လွန်စွာတိကျ မှန်ကန်မှုရှိနေတာ သိမြင်ခဲ့ရမှုအပေါ် စာဖတ်သူတို ့အားဗဟုသုတအဖြစ် ပြန်လည်မျှဝေမိခြင်းသာ ဖြစ်ပါတယ်။။

7 comments

  • aye.kk

    October 11, 2012 at 10:41 pm

    အပိုင်း(၃)ထပ်တင်ပေးမည်ဖြစ်ပါကြောင်း။

  • အန်တီအေးရေ…စာတွေ့တင်မက ကိုယ်တွေ့ပါ ပေါင်းစပ်ထားတဲ့အတွက် တကယ်ကို စိတ်ဝင်စားမိပါတယ်။
    အကျိုးများတဲ့ပို့စ်လေးပါပဲ.. အပိုင်း (၃) ကို စောင့်နေပါတယ်နော်…

    သမီး
    လုံမလေး

  • Mon Kit

    October 12, 2012 at 9:21 am

    အန်တီမမအေးရေ…
    မွန်ကစ်လည်း ၈ ဂဏန်းသမားပါဘဲ…
    ၈ တို့ရဲ့ သဘောသဘာဝ အတိုင်း အတိုက်အခံ အနှောက်အယှက်တွေ အရင် ရင်ဆိုင်ပြီးမှ လိုရာ ပန်းတိုင် ရောက်ကြစမြဲလေ… ဗဟုသုတ အရမ်းရပါတယ်…
    နောင်လာမဲ့ အပိုင်းများလည်း စောင့်မျှော် ဖတ်ရှုနေပါ့မယ်… :528:

  • ကြောင်ကြီး

    October 12, 2012 at 10:58 am

    ရုပ်လက္ခဏာ
    ကျုပ်နတ်မမာ
    လုပ်ဇာတ်ပါ
    ငြုပ်စပ်တာ
    ဖုတ်လျက်သာ
    ခုတ်ချက်ရာ
    ဟုတ်မှတ်လာ
    တရုတ်သမက်ငါ။

  • aye.kk

    November 3, 2012 at 5:05 pm

    လုံမလေးမွန်မွန်
    စိတ်ဝင်စားတာသိရလို ့ဝမ်းသာမိပါတယ်။
    ပထမဦးဆုံးကွန်မန်းအတွက်ကျေးဇူးပါကွယ်။

  • aye.kk

    November 3, 2012 at 5:14 pm

    Mon Kit,…ရေ။
    (၈)ဂဏန်းခြင်းတူနေတာဝမ်းသာမိပါတယ်။
    တရုတ်လူမျိုးတွေကတော့(၈)ဂဏန်းကိုတန်ဖိုးထားကြတာသိရတယ်။
    မြေကြီးနဲ ့မိုးကောင်းကင်ပါဘဲ။
    များသောအားဖြင့်အလယ်လတ်မှာမဟုတ်တာများပါတယ်။
    ကံကောင်းရင်ရွှေထီး။ကံမကောင်းရင်မြေကြီး။အဖြစ်တင်စားချင်မိပါတယ်။
    ကွန်မန်းအတွက်ကျေးဇူးပါကွယ်။

  • aye.kk

    November 3, 2012 at 5:17 pm

    ကြောင်ကြီး
    ရုပ်လက္ခဏာ
    နက်နဲပညာ
    သိသူဖော်စား
    မသိသူကျော်လွှား
    အားလုံးတွက်
    တသက်စာ
    မှတ်စရာတွေကများ။။

Leave a Reply