စိမ့်စမ်းရေတံခွန်ဖြာဆင်းနေတဲ့ တောင်ကြီးအတက်လမ်း……………

1 ရေတံခွန်ကိုသွားတဲ့ လမ်းကွေ့လေးပါ

 

2 တောင်ပေါ်ရေတံခွန်က ကျလာတဲ့ရေအဆင်းလမ်း
3 ဆင်းသက်ရာလမ်း
4 မြေနီလမ်းကလေး နဲ့ စိုက်ပျုးိရေးခြံ ဝင်းကလေးပါ
5 အဝေးကမြင်ရတဲ့ရေတံခွန်ကြီး

 

6 အနီးကပ်ရေတံခွန်
7 မြေနီနီကုန်းပေါ်ကရေတံခွန်
8 အဝေးမြင်ရေတံခွန်
9 ရေတံခွန်အသေးကို ရောက်ချင်တော့ သွားတဲ့လမ်းလေးပါ
10 အဝါရောင်နှောတဲ့အဆင်းလမ်း
11 ရေတံခွန်ကျဆင်း…………………………..
11ခ စီးထွေထွေ ရေတံခွန်စမ်း
12 နေရာနည်းနည်းလေးပြောင်းပြီးရိုက်ထားတာပါ
13 အောက်နားလေးကိုဆက်အဆင်း
14 အနားသတ်………………….
15 ဘေးဘက်ကလှမ်းအကြည့်
16 မိုးမှောင်ကျလာတဲ့လမ်းကလေး
17 အပြန်လမ်းကလေးက စိမ်းစိုစို
18 ကျနော်အနှစ်သက်ဆုံးမြင်ကွင်းလေးပါ

 

စိမ့်စမ်းရေတံခွန်ဖြာဆင်းနေတဲ့ တောင်ကြီးအတက်လမ်း……………

 

 

ဟိုအရင်ကဆိုရင် တောင်ကြီးမြို့အကြောင်းကို စာထဲမှာဖတ်ရ

သူများတွေပြောတာလောက်နဲ့ကျေနပ်ခဲ့ရပါတယ်။

ဆိုင်မှာသာ မခွာဘဲအမြဲကပ်နေရတဲ့ကျနော့်အဘို့ခရီးသွားဘို့အခွင့်အရေးမပေါ်ခဲ့တာ

1995 ခုနှစ်ကစလို့ 2000ခုနှစ်အလွန်ထိ အတော်ကြာခဲ့ပါတယ်။

အကြောင်းသင့်ပြန်တော့ 2011 စက်တင်ဘာ 23မှာတောင်ပိုင်းရှမ်းပြည်ကို မထင်မှတ်ဘဲရောက်ခဲ့ရ။

အဲဒီတုန်းက ည 7နာရီကားနဲ့သွားခဲ့တာပါ။

မှတ်မှတ်ရရ 2009ခုနှစ် စက်တင်ဘာလ 23ရက်တုံးကတော့ အဲဒီအချိန်မှာ မြို့သစ်မှာရှိတဲ့

မြိုတော်ဆေးရုံပေါ်က အခန်းထဲမှာ ပိုက်တန်းလန်းနဲ့ သတိရတစ်ချက်မရတစ်ချက် ။

ပိုတက်စီယံခန်းသွားတာပါတဲ့။

ချွေးအထွက်လွန်သွားလို့ပါတဲ့။

တောင်ကြီးကိုရောက်ဘို့ကံဇာတာပါပြန်တော့လဲ

2011 စက်တင်ဘာမှာတစ်ခေါက်

2012 အေပရယ်လ သင်္ကြအပြီမှာတစ်ခေါက်

2012 ဇူလိုင်လ29-30 တစ်ညအိပ်တစ်ခေါက်

အခု2012 အောက်တိုဘာလဆန်းမှာတစ်ခေါက်ထပ်ရောက်ခဲ့ရပြန်ပါတယ်။

ရောက်တိုင်းလဲ လက်ဆော့ဖြစ်ပါတယ်။

ပထမတစ်ခေါက်ကတည်းက တောင်ကြီးအတက်လမ်းမှာရှိတဲ့

မိုးတွင်းမှာသာတွေ့နိုင်တဲ့ရေတံခွန်ကို ရောက်ခဲ့ပါတယ်။

အဲဒီတုန်းက မနက်5နာရီခွဲထ အေးသာယာသွားတဲ့ကားကိုစီး

လမ်းမှာဆင်းဓါတ်ပုံရိုက်။

မိုးအုံ့မိူင်းမိူင်းနဲ့ လမ်းပေါ်မှာတစ်ယောက်ထဲ။

လက်နက်ဆိုလို့ မိုးရွာရင်ဆောင်းဘို့ထီးတစ်ချောင်းဘဲပါ ပါတယ်။

နောက်အခေါက်တွေမှာတော့ မရောက်ဖြစ်။.

အခုတစ်ခေါက်မှာတော့ ရေတံခွန်ကို မကျေပွဲနွဲဘို့စိတ်ကူးထားပါတယ်။

ရောက်ကတည်းက အလုပ်တွေတွန်းလုပ်ရပါတယ်။

ညနေသုံးနာရီထိုးခါနီးမှာတော့ အလုပ်တွေပြီးသွားပါတယ်။

တွေ့စရာလူအားလုံးကိုတွေ့ပြီးသွားတာပါ။

ဒါနဲ့ဘဲအေးသာယာအဆင်းကားကိုစီး စိုက်ပျုးိရေးခြံနားမှာဆင်း။

(ပထမတစ်ခေါက်ကတော့လမ်းမသိဘဲဆင်းလိုက်တာတစ်နာရီခွဲလောက်လမ်းလျောက်လိုက်ရပါတယ်)

လှပသောပုံတွေရိုက်။

စိုက်ပျိုးရေခြံကိုဖြတ်ပြီး အတက်လမ်းကို က ူး။

ပထမဆုံးရေတံခွန်အကြီးကိုရိုက်။

သစ်ပင်တွေ ကကြိးလာတော့ သိပ်တော့စိတ်တိုင်းမကျ။

အားရတော့ နောက် ရေတံခွန်အသေးကို သွားပါတယ်။

လမ်းမှာဓါတ်ပုံတွေရိုက်ရင်း မိုးတွေအုံ့မိူင်းလို့လာပါတယ်။

မိုးသံလေသံပေးတော့ ကားတွေဆိုင်ကယ်တွေကလဲအမြန်ဖြတ်။

ဘောင်းဘီတို ကင်မရာတစ်လုံးနဲ့လမ်းအမြန်လျောက်နေတဲ့ကျနော့်ကိုအထူးအဆန်းအနေနဲ့ကြည့်သွားကြ။

လမ်းအမြန်လျောက်တော့ သားရေဖိနပ်အမာနဲ့ထိနေတဲ့ခြေဖဝါးတွေတောင်ပူလာပါတယ်။

မိုးကအသဲကြီးမဟုတ်ပေမယ့် တဖျောက်ဖျောက်။

တောင်ရိပ်ကြောင့်လမ်းကလဲမှောင်လာပါတယ်။

အဲဒီအချိန်မှာကြောက်စိတ်ဝင်လာပါတယ်။

ရေတံခွန်နားရောက်လို့ ဓါတ်ပုံမရိုက်လိုက်ရမှာကိုကြောက်မိတာပါ။

လာပြီး ဓါတ်ပုံတစ်ပုံမှမရဘဲ ပြန်သွားရမှာကို စိုးရိမ်မိတာပါ။

ရေတံခွန်နားရောက်ဘို့လဲသိပ်မလို။

လမ်းအကွေ့နှစ်ခုဆိုရင်ရောက်တော့မှာပါ။

အဲဒီအချိန် တက်လာတဲ့ဆိုင်ကယ်တစ်စီးက ရပ်ပြီးလိုက်မလားလို့မေးပါတယ်။

ကျနော်စိတ်တွေဗျာများသွားပါတယ်။

လိုက်ရင်ကောင်းမလား……………….

ဓါတ်ပုံဘဲရိုက်ရအောင်လမ်းလျောက်မလားပေါ့။

ဆုံးဖြတ်ချက်ချလိုက်တာက မလိုက်ဘဲ ဓါတ်ပုံအမိအရရိုက်ဘို့ပါဘဲ.။

ကျေးဇူးတင်ကြောင်းပြောပြီး မလိုက်တော့ဘူးပြောတော့ အံ့ဩတဲ့မျက်နှာပေးနဲ့ဆက်မောင်းသွား။

ရေတံခွန်နားအရောက်မှာတော့ ကံကောင်းထောက်မစွာမိုးလေးလင်းလာပါတယ်။

ရောက်တာနဲ့ဓါတ်ပုံတွေတွန်းရိုက်အပြီးမှာ မိုးလေးကလဲကျအလာ။

အမြန်လမ်းလျောက်ပြီး ရှေ့ခရီးဆက်ရပါတယ်။

ဒူတိယအကြိမ်မြောက်ကံကောင်းတာကတော့ ဆယ်မိနစ်လောက်အကြာမှာ ဘတ်စကားတစ်စီး

ရောက်လာတော့ ကားပေါါ်တက်လိုက်လာရပါတယ်။

ဒီခရီးအတွက် ကုန်ကျစာရိတ်ကတော့ အသွား200ကျပ် အပြန်200ကျပ်ပေါင်းလေးရာကျပ်ပါ.

ကားငှားဘို့မေးတော့ နှစ်သောင်းရမှတဲ့ ဆိုင်ကယ် ကယ်ရီက ခြောက်ထောင်တဲ့၊

အဲတော့ ကိုပေါက်လမ်းသလားလိုက်တာပေါ့ဗျာ။

ပုံတွေလှမလှ အားပေးလိုက်ကြပါအုံးနော်။

 

 

ကိုပေါက်လမ်းသလားနေသည်

တောင်ကြီးအောက်တိုဘာခရီးစဉ် ၁

(12-10-2012)

 

 

28 comments

  • သီရိသုဓမ္မသိဂီ င်္ကြောင်ဝတုတ်

    October 18, 2012 at 11:15 am

    တောင်ကြီးရောက်တော့ လေးပေါက်ဖုန်းဆက်တာလေး ပြန်သတိရမိပါတယ်…
    ဒါနဲ့ စကားမစပ်ပြောရဦးမယ်…
    အဲဒီနေရာလေးက တော်တော်လေးလဲ သာယာတယ်…
    ကျွန်တော်တို့ ငယ်စဉ်တုန်းက ဆိုင်ကယ်လေးတွေစီး အတွဲလေးတွေနဲ့ အဲဒီလို သာသာယာယာလေးစကားပြောခဲ့တဲ့နေရာလေးပေါ့…
    နောက်မှ ကျွန်တော်သိရတာပါ… အဲဒီရေတံခွန်က သဘာဝရေတံခွန်မဟုတ်ပါဘူးတဲ့…
    တောင်ကြီးတစ်မြို့လုံးက သုံးရေအားလုံးကျတဲ့နေရာပါတဲ့…
    တောတောင်သဘာဝကလဲလှ… ရေတွေကလဲအမြင့်ကြီးကနေကျနေတာဆိုတော့ ငယ်ငယ်တုန်းကတော့ တကယ့်ရေတံခွန်လို့
    ထင်ထားမိတာပါ… တကယ်တော့အဟင့် စွန့်ပြစ်ရေတဲ့…
    ခုန ကြည်နူးထားတာလေးတောင် ဘယ်ရောက်သွားလဲမသိ….

  • ကျနော်လဲအစက အဲလိုထင်ခဲ့တာ
    နောက်မှ သိတာက တောင်ကြီးတစ်မြို့လုံးသုံးတဲ့ရေတဲ့။
    ဘာဘဲဖြစ်ဖြစ် လှပါတယ်။
    အရင်တစ်ခေါက်ရော အခုတစ်ခေါက် ပါ တောင်ကြီးက တစ်ညဘဲအိပ်လိုက်ရတာ။
    ပြန်ခါနီးမှ မင်းချော်လဲတဲ့နေရာလေးကို သတိရလို့ ဖုန်းဆက်လိုက်တာ။
    နီးတယ်ဆိုရင် သွားရိုက်မလို့။
    နောက်မိုးကလဲ သိပ်မသေချာလို့။
    ရောက်ရောက်ခြင်းကသာ မင်းကို သတိရရင် မေးပြိးသွားရိုက်ခဲ့ပါတယ်။
    အခုရက်ကတော့ လကုန်အထိ တောင်ပိုင်းရှမ်းပြည်(တောင်ကြီး+အောင်ပန်း)ဘက်က ပုံတွေဘဲတက်လာပါမယ်။
    နောက်လအထိတောင်ပြီမယ်မထင်
    ရိုက်လာတာအများကြီးမို့ပါ။

  • သူရဇော်

    October 18, 2012 at 12:05 pm

    ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ရှုခင်းများကို တဝကြီးအားပေးသွားပါတယ် လေးပေါက်ရေ

  • ဟာဂျီ မိုဟာမက် ဟာ့ဘီးဆပ်ဥ

    October 18, 2012 at 12:52 pm

    18 ပုံလေးရေလည် လန်းဒယ်ဂျာ
    သင်ပေးပါချိုမှ နော် နော်

  • ပုံလေးတွေက မိုက်လှသဗျာ …
    အားပေးသွားပါတယ်ဗျို့ …
    ဒါနဲ့ ထပ်ပြောရရင် ..
    သီတင်းလည်း ကျွတ်ခါနီးပြီဗျို့ … :mrgreen:

  • we R one

    October 18, 2012 at 1:59 pm

    မိုက်တယ်…။ သွားချင်လိုက်တာ…။ တစ်ခေါက်မှ မရောက်ဖူးဘူး..။ ရွာထဲက လူတွေ စုပြီး သွားရအောင်လား…။ သူကြီးကို စာရိတ်ငြိမ်းလိုပ်ပို့ဖို့ ဆန္ဒပြ တောင်းဆို ရအောင်လားဟေ့….. 😀

  • သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow

    October 18, 2012 at 2:15 pm

    မေမြို့တော့ လယ်ဘူးတယ်..
    ပုံတွေမြင်တာနဲ့ တောင်ကြီးပါသွားချင်လာပြီ…
    တောင်ကြီးမီးပုံးပျံပွဲကျသွားရင်ကောင်းမလား :saut:

  • Khaing Zar Win

    October 18, 2012 at 2:57 pm

    ၁၉၉၆ လောက်တုန်းက နွေ သုံးလလောက် ရွှေညောင်မှာ နေဘူးတယ်။ တောင်ကြီးကိုတော့ အခေါက်ခေါက်ပေါ့ဗျာ။
    ဒါပေမဲ့ ကိုယ့် ဦးတည်ရာက ရှမ်းခေါက်ဆွဲဆိုင်ဖြစ်နေခဲ့တာ ခက်တယ်။ 😆
    သဘာဝကို သိမြင်တတ်တဲ့ အချိန်ရောက်တော့ မရောက်နိုင်တော့ဘူး။
    အလုပ်ကနေ ခွင့်ရက်ရှည်ရနိုင်တဲ့အချိန် ပုဂံ နဲ့ ရှမ်းပြည် သွားချင်ပါသေးတယ်။
    ဓာတ်ပုံတွေ အတွက်ကျေးဇူးပါ ကိုပေါက်။ 🙂

  • ရွှေအိမ်စည်

    October 18, 2012 at 3:07 pm

    တောင်ကြီးမှာ၁လနေပြီးဘာပုံမှမရိုက်လာဖြစ်ဘူး..
    ဆေးကုသွားတာဆိုတော့ စိတ်မပါတာလည်းပါတယ်…။
    ကိုပေါက်ပုံတွေ ပြန်ကြည့်မှ အခုမှ အလှတရားကိုခံစားမိပါတယ်..
    ကိုယ်လည်း အဲ ့သလိုနေရာတွေ ရောက်မှာတော့မဟုတ်ဘူး..
    .ဈေးနဲ ့အစားအသောက်ဘဲ လိုက်ရှာနေမှာ…..

    ကျေးဇူးပါ

  • Ma Ei

    October 18, 2012 at 3:28 pm

    တောင်ကြီးတစ်မြို့လုံးသုံးတဲ့ရေကနေဖြစ်လာတဲ့ ရေတံခွန်ပေမဲ့
    သဘာဝ ကျောက်တုံးကျောက်တောင် အဆင့်ဆင့်ကို ဖြတ်သန်းလာခဲ့ရလို့နဲ့တူပါရဲ့
    မြင်ရတာ ကြည်လင်လှပနေပါတယ်….
    တောင်ကြီးကို အခေါက်ခေါက်ရောက်ပေမဲ့ တစ်ခေါက်မှမရောက်ဖူးတဲ့ ရေတံခွန်ပါဘဲ…
    9..18 အကြိုက်ဆုံးပါ…

  • သီ ဟ သူ ရ ချာ လ တာ အာ ပေ တူး (DragonEmpireGroup)

    October 18, 2012 at 4:49 pm

    သဘာဝမဟုတ်လဲ သဘာဝဆန်တဲ့တောတောင်ရေမြေမို့ သဘောကျသဗျိုးးးးးး

  • Hnin Hnin

    October 18, 2012 at 5:09 pm

    ရေတံခွန်လေးတွေကြည့်ရင်းနဲ့လူတွေက လာလည်ရင်း အမှိုက်ပစ်ချတယ်ဆိုပြီး..အလယ်
    ကျောက်တုံးပုံမှာလည်း အမှိုက်ပုံနေတာတွေနဲ့ရောနော်..ထူးဆန်းနေတာ…မန့်ဖတ်လိုက်
    တော့မှ….ဘယ်လိုပဲဖြစ်ဖြစ် သဘာဝအလှအပမို့ ကြည့်ရှု့ခံစားသွားပါသည်…..

    ဓာတ်ပုံတွေအတွက် ရူးသွပ်ပြီး အရမ်းစေတနာတွေထားပြီးမလုပ်ပါနဲ့……ကိုပေါက်ရေ….
    ဖတ်ရင်းနဲ့လိုက်ပါစီးမျောခံစားသွားမိလို့ပါ….ပုံဇောချည်းပဲကပ်မနေဘဲ သတိလေးနဲ့ယှဉ်ပြီး ကိုယ့်အတွက်လေးလည်း(ချစ်ချစ်ပေါက်အတွက်ပါ) ချန်ပါအုံးရှင့်…..နောက်မဆို ဦးစားပေးမှား
    ရင် တွေ့ရမယ့်လူတွေ မတွေ့လိုက်နိုင်ဘဲ(နော့ဦးလေးလို တွေ့ရမယ့်လူတွေက ငွေလိုက်သိမ်း၊
    အတိုးလိုက်သိမ်း လားလို့ပါ) ဖြစ်သွားအုံးမယ်နော်.. းP…လက်နက်အတွက်ကတော့ ဂေါက်တံ
    တစ်ချောင်းသာ ဆောင်သွားပါ(သများကြည့်မှာ ဂရုစိုက်မနေဘဲ စလွယ်သိုင်းသွားပြီး အရးကြုံ
    လာရင် လွှဲရိုက်ပစ်လိုက် း)…).နိုင်ငံခြားမှာတုန်းက ညဘက်အိမ်မှာ တစ်ယောက်ထဲအကြာကြီး
    ကျန်ခဲ့ပြီဆိုရင် အိမ်တံခါးမကြီး ကြောင်လာကုတ်ခြစ်တာကအစ စိတ်ခြောက်ချားရလို့ကိုယ်တွေ့
    ဆောင်နေခဲ့ကြမို့ပါ…

  • နှင်းဆီ ငုံ

    October 18, 2012 at 5:25 pm

    ဘယ်နေရာ ကြည့်ကြည့် စိမ်းစိုနေတာပဲ
    မြင်ရတာ စိတ်ချမ်းသာလိုက်တာ
    ရှမ်းပြည်ကို တစ်ခါမှရောက်ဖူးဘူး
    we R one ရေ ဆန္ဒပြရင် တူတူပါမယ်နော် …
    သွားချင်လို့ ….

  • ရွှေ ကြည်

    October 18, 2012 at 5:56 pm

    သဘဝတရားကပေးတဲ့ အလှတရားကတော်တော်လေးကို သဘောကျစရာကောင်းတယ်
    ပုံလေးတွေကြည့်ရတာ စိတ်ချမ်းသာလိုက်တာ
    လေးပေါက်ရေ မကြောက်မရွံ့ တယောက်တည်းကိုလမ်းလျှောက်လိုက်သေးတယ်
    စိတ်ဓါတ်ကတော့ မာပါ့ ရိုက်မယ်ဆိုရိုက်မယ်ပဲ (ဓါတ်ပုံ) 😆

  • ကိုပေါက်နောက်မှာ အစောင့်အရှောက်တွေရှိလို့ ဒုက္ခကြီးကြီးမားမားမတွေ့သေးဘူးရယ် ကံကောင်းလို့

  • ဟိုရွာအပြင်ဇနပုဒ်တဲလေး ဆီမီးမှိန်တုတ်မှောင်ရီနဲ့ နေရသော ကိုခင်ခ

    October 18, 2012 at 11:24 pm

    ခရီးစဉ်တစ်နဲ့တစ်ခု ကိုပေါက်ရဲ့ ရိုက်ချက်တွေ ပိုကောင်းလာပါရောလားဗျာ။
    ကင်မရာများလဲလိုက်တာလားဟင်။

  • Thu Wai

    October 19, 2012 at 10:08 am

    ကျွန်တော်လဲ တောင်ကြီးရောက်တုန်းက အဲဒီရေတံခွန်နဲ့ တွဲရိုက်မလို့ပဲ ဒါပေမယ့်သူုငယ်ချင်းက အဲဒါတစ်မြို့လုံးကသုံးတဲ့ ရေဆိုးတွေဆိုလို့

  • aemoshu

    October 19, 2012 at 9:29 pm

    လေးပေါက်ရေ အားပေးသွားပါတယ်။ အဲမိုကတော့ ရေတံခွန်ထက် စိုက်ပျိုးရေးခြံလေးကို ပိုစိတ်ဝင်စားမိတယ်။ ဒါနဲ့ လေးပေါက် စူဠာမုနိဘုရားဘေးက စိန်ပန်းပြာတွေကိုရောရိုက်ခဲ့သေးလား။ အဲမိုတော့ ဆရာတက္ကသိုလ်ဘုန်းနိုင်ဝတ္ထုတွေမှာ အဲ့ဒီစိန်ပန်းပြာနဲ့ တောင်ကြီးမြို့ကို ခဏခဏတွဲတွဲဖတ်နေရလို့ ဒီတစ်ခေါက်တောင်ကြီးရောက်တော့ စူဠာမုနိဘုရားဘေးမှာတွေ့တာ၊ ဘုရားလူကြီးတစ်ယောက်ကို မေးကြည့်တာ ဟုတ်တယ်ဆိုလို့ ရိုက်လာသေးတယ်။ ဒါပေမယ့် လေးပေါက်လက်ရာတွေကိုတော့ဘယ်မှီပါ့မလဲ…

    • ရိုက်တယ်ဗျ စိန်ပန်းပြာ
      အေပရယ်လ သွားတုန်းက တင်ထားပြီးပြီလေ
      လေးပေါက်လက်ရာထက်သာသူတွေရွာထဲမှာ အများကြီးရှိပါသအေ
      လေးပေါက်က ဝါသနာရှင်ပါ။

      • aemoshu

        October 20, 2012 at 3:19 pm

        ဆောရီးပါလေးပေါက်ရေ မကြည့်ဖြစ်လိုက်ဘူး .. ပြန်ရှာကြည့်အုံးမယ် …

  • uncle gyi

    October 19, 2012 at 10:25 pm

    အင်းရေတံခွန်တော့သဘာဝအလှတရားပျက်ပါပြီ
    မကြာမှီလူကြီးတွေသိပြီးရေအားလျှပ်စစ်ထုတ်ဖို့ရေကာတာဆောက်တော့မှာပါ
    အဲဒါကိုပေါက်ကြောင့်

  • moethidasoe

    October 22, 2012 at 4:16 pm

    ွတောင်ကြီးကို နှစ်တိုင်းတော့ သွားဖြစ်ပေမယ့် မတွေ့ဖြစ်တာ ကို ဓာတ်ပုံမှာ မြင်လိုက်ရတဲ့အတွက် ကျေးဇူးပါ

  • အတက်လမ်းမှာ စပျစ်ခြံကို လွန်လာပြီး မကြာခင် စိုက်ပျိုးရေးခြံလေးကျော်တာနဲ့လမ်းအနောက်ဖက်မှာတွေ့ရမယ်
    အဆင်းလမ်းမှာလည်း တစ်ခုရှိတယ်
    မရိုက်ဘူးသေးဘူး

Leave a Reply