တကယ်တိုင်စေချင်ရင်(ပါရမီ-အဓိပတိ-ကုမ္ပဏီ)

padonmarOctober 12, 20121min24627
ဘေးချင်းပွတ်တိုက်သွားတဲ့ ပါရမီကျွဲ ၂ကောင်

ဒီနေ့ညနေ ၃နာရီခွဲ မြို့ထဲကို အပြန် အင်းစိန်လမ်းပေါ် ဆင်ရေတွင်းနားမှာ ဘေးချင်းပွတ်ပြီး ချိတ်နေတဲ့ ပါရမီဘတ်စကား ၂စီးကို တစ်ဖက်ယာဉ်ကြောမှာ တွေ့လိုက်ရလို့
မှတ်တမ်းတင်ထားလိုက်ပါတယ်။

ဒရိုင်ဘာတွေ စပါယ်ယာတွေလည်း သူမှားငါမှန် အချင်းများနေကြပါတယ်။

ထုံးစံအတိုင်း လမ်းဘေးကလူအုပ်ကြီးကလည်း ဝိုင်းစပ်စုလို့ပါပဲ။

သူတို့နောက်က လမ်းပိတ်နေလို့ သွားမရတော့တဲ့ ယာဉ်တန်းကြီးဟာ ကား ၁မှတ်တိုင်စာ (စွယ်တော်ရွက် သင်တန်းရှေ့ထိ) ရောက်ပြီး ခရီးသည်တွေလည်း စိတ်ပျက်ပျက်နဲ့ သူတို့ရှင်းအပြီးကိုစောင့်နေကြရပါတယ်။

ပြီးခဲ့တဲ့လက သတင်းစာထဲမှာပါတဲ့ ပါရမီ-အဓိပတိယာဉ်များ မဆင်မခြင်မောင်းလျှင်၊ဆက်ဆံရေးမပြေပြစ်လျှင် အောက်ပါဖုန်းနံပါတ်များသို့တိုင်ပါဆိုတဲ့ ကြော်ငြာလေး သတိရမိပါတယ်။

သူတို့ပေးထားတဲ့ ဖုန်းနံပါတ်က မှတ်မိလွယ် နံပါတ် မဟုတ်ပါဘူး။

(ဥပမာ- အရေးပေါ်လူနာတင်ယာဉ်ခေါ်ချင်ရင် 500005 ဆိုတာမျိုး တစ်ခါကြားတာနဲ့ မမေ့နိုင်တဲ့ နံပါတ်မျိုး ဖြစ်သင့်ပါတယ်)

ကျမ ကတော့ တိုင်မယ်တောမယ် စိတ်ကူးမရှိခဲ့တော့ မမှတ်ထားမိပါဘူး။

ဒီလူအုပ်ထဲမှာ ဒီကြော်ငြာကို

ဘယ်နှစ်ယောက်က ဖတ်မိပြီး

ဘယ်နှစ်ယောက်က မှတ်မိလို့

ဘယ်နှစ်ယောက်က တိုင်ဖြစ်မှာပါလဲ။

မျက်စိရှေ့မှာ ခုလိုမျိုး မတော်မတရားတာ တွေ့မှ တိုင်ချင်စိတ်ပေါက်ကြတာပါ။

ခုလို တိုင်တယ်ဆိုတာ မိမိတို့ဌာနကို ကူညီပေးတာပါလား လို့လည်း သဘောပေါက်ကြစေချင်ပါတယ်။

ကိုယ့် ယာဉ်မောင်း၊ယာဉ်နောက်လိုက်တွေကို တကယ်တမ်းတိုင်စေချင်ရင်

ကားကိုယ်ထည်ပေါ်က သိသာထင်ရှားတဲ့ နေရာမှာ

အဝေးကမြင်လောက်တဲ့ စာလုံးအရွယ်အစားနဲ့

[ဤဖုန်းနံပါတ်သို့တိုင်ပါ If the driver drives improperly,please inform to this phone number ……..]စသည် ရေးသားထားသင့်ပါတယ်။

ဒါမှလည်း ယာဉ်မောင်းတွေ ယာဉ်နောက်လိုက်တွေဟာ `ငါတို့ကို စောင့်ကြည့်မယ့်သူတွေရှိပါလား။မဆင်မခြင်မောင်းရင် မချေမငံဆက်ဆံရင် အတိုင်ခံရနိုင်ပါလား´ဆိုတဲ့ အသိဝင်မှ ထိန်းထိန်းသိမ်းသိမ်း ပြုမူ မောင်းနှင်ကြပါလိမ့်မယ်။

အဲဒီလိုပဲ ကုမ္ပဏီတွေကလည်း မိမိတို့

ရဲ့ ကားကိုယ်ထည်ပေါ် တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ် ရေးသားထားသင့်ပါတယ်။

ကြားဖူးဖတ်ဖူးကြမှာပါ။

`မိတ်ဆွေ၊ကျွန်ုပ်၏ဝန်ဆောင်မှုကို သဘောမကျလျှှင် ကျွန်ုပ်ကိုပြောပါ။ သဘောကျလျှင် သင့်မိတ်ဆွေတွေကိုပြောပြပါ။´ဆိုတဲ့ စာတမ်းလေးကို ထမင်းဆိုင်တွေ မိတ္တူကူးတဲ့ဆိုင်တွေမှာ ချိတ်ဆွဲထားကြတာလေးပါ။

အဲဒီလိုပဲ အကျိုးလိုလားလို့ တိုင်ကြားသူကို မိတ်ဆွေလို့ သတ်မှတ်ပြီး ကျေးဇူးတင်ရပါတယ်။

တာဝန်ရှိသူတွေကလည်း တိုင်ကြားချက်နဲ့အညီ အဖြစ်မှန်ဟုတ်မဟုတ်ကို သေချာကျန လေ့လာဆန်းစစ်ပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးရပါမယ်။

ပြစ်ဒဏ်မပေးရင် နောင်ကြဉ်ခြင်းမရှိပါဘူး။ထိုက်သင့်တဲ့ ပြစ်ဒဏ်မချလျှင် ပေ့ါပျက်ပျက်ဖြစ်သွားစေပါတယ်။

ဒါကြောင့် တကယ်ထိန်းကျောင်းချင်လို့ တကယ်တိုင်စေချင်တယ်ဆိုရင်ဖြင့်

တကယ်တိုင်လို့ရမယ့် နည်းလမ်းလေးတွေ ပြင်ဆင်ပေးပြီး

တကယ်လည်း အရေးယူကြောင်း ပြည်သူတွေကို ပြသသင့်ပါတယ်။

အပြုသဘောနဲ့ အကြံပေးခြင်းဖြစ်ပါတယ်။

တကယ်ဖြစ်ချင် တကယ်လုပ်၊အဟုတ်ဖြစ်ရမည်။

27 comments

  • ကထူးဆန်း

    October 12, 2012 at 6:30 am

    နံပါတ်တူခြင်း ညိမှတော့ ပြိုင်မောင်းလာတာ သိသာ နေတယ် အန်တီရေ.
    သူတို့မှာ web site ရှိပြီး အဲ့ ဒီမှာ ပုံနှင့်တစ်ကွ သွားတင်လို့ရလျှင်လည်း ကောင်းမယ် အန်တီရေ .

    • padonmar

      October 12, 2012 at 6:22 pm

      ဓာတ်ပုံဆိုတာ အကောင်းဆုံးသက်သေဆိုတော့ အဲဒီလို website မှာတင်လို့ရရင် မှန်မမှန် စစ်နေစရာမလိုတော့ဘူးပေါ့နော။

  • surmi

    October 12, 2012 at 8:52 am

    တိုင်ဖို ့တိုက်တွန်းပါတယ်ဗျို ့
    အရေးယူမယူက သူ ့အလုပ်ဖြစ်ပြီး တိုင်ရမှာက ကိုယ် ့အလုပ်ဖြစ်ပါတယ်ဗျာ
    မထသ ကိုကျနော်တိုင်တာနှစ်ခါရှိပါပြီ ။
    နံမည် မှတ်ပုံတင်အမှတ် နဲ ့ ဖြစ်စဉ်ကို ပြေပြီး တိုင်လို ့ရပါတယ် ။

    • မောင်ပေ

      October 12, 2012 at 10:40 am

      ကိုဆာမိလိုမျိုး တိုင်ရတဲ့သူတွေ အများကြီးပေါ်လာဖို့ လိုတာပေါ့ဗျာ
      ခက်တာက
      လူတွေဟာတိုင်ပြီဆိုရင် နောက်ဆက်တွဲအနေနဲ့ သက်သေလိုက်ရမှာ အချိန်ကုန်မှာကို ကြောက်ပြီး မတိုင်ကြတော့တာ ဆိုးတာကလား

    • padonmar

      October 12, 2012 at 6:28 pm

      ကဆာမိ
      အဲဒီလို တာဝန်သိသိ တိုင်ခဲ့တာ လေးစားပါတယ်။
      အဲဒီတိုင်တာကို ဘယ်လို အရေးယူပေးသလဲဆိုတာရော အကြောင်းပြန်မပြန် နဲ့
      မောင်ပေပြောသလို သက်သေလိုက်ရသေးလား သိချင်ပါတယ်။
      အကြောင်းတိုက်ဆိုင်ရင် ပို့စ်အဖြစ်ဖတ်ချင်ပါတယ်။
      တိုင်ရဲကြစေဖို့ပါ။

      • surmi

        October 12, 2012 at 9:28 pm

        အစ်မရေ
        ခရီးထွက်မှာမို ့ပို ့စ်တင်ဖြစ်မှာမဟုတ်တော ့ဘူး ။ဖြစ်ရပ်အသေးစိတ် အချိန် နေရာနဲ ့
        တိုင်ကြာသူရဲ ့ နာမည် လိပ်စာ မှတ်ပုံတင်အမှတ် ဆိုရပါပြီ။ အတွင်းရေးမှုးရဲ ့ ရုံးဖုန်း
        ပျောက်နေလို ့ နောက်မှတင်ပေးပါ ့မယ် ။ကားတွေထဲက ရေးထားတဲ ့ဖုန်းနံပါတ်တွေထဲမှာတော ့
        ပါတယ် ။ အရေးယူမယူ အကြောင်းမပြန်ပါဘူး ကျနော်ကဟိုတုန်းက မထသ ရုံးကို
        အကြောင်းတစ်ခုနဲ့ရောက်လို ့စုံစမ်းတာ ။ တစ်ကြိမ်ကတော ့ ယဉ်မောင်း ခွင့် တစ်ပတ်
        ပိတ်လိုက်တယ် ။ သက်သေခေါ်စစ် မစစ်ဆိုတာက အမှုပေါ်မှုတည်ပါတယ်။
        ကိုယ်နဲ ့ဖြစ်ရင် ခေါ်ပြီးမေးနိုင်ပါတယ် ။

  • kyeemite

    October 12, 2012 at 10:27 am

    မပဒုမ္မာဓါတ်ပုံရိုက်တာကို လူတစ်ယောက်ခါးထောက်ပီးလှည့်ကြည့်နေတယ်တွေ့လား..
    သတိထားနော်..ကားပေါ်ကရိုက်တာမို့တော်သေးတယ်…လမ်းလျှောက်ရင်းရိုက်ရင်တော့
    သတိထားဗျို့..မတော် ကာယကံရှင်တွေရန်ရှာမှာစိုးလို့….
    :bar:

    • padonmar

      October 12, 2012 at 6:30 pm

      ဦးမိုက် သတိပေးတာကျေးဇူးပါ။
      ကျမတို့လည်း အဲဒီလို fear တွေ အောက်မှာ နေခဲ့ရတာ ကြာတော့
      မှန်ရာကို ပြောရလုပ်ရဲတဲ့ သတ္တိကို မနည်းမွေးနေရပါတယ်။

  • အဲဒီပါရမီတွေ ရဲချက်ကတော့..လက်ဖျားခါတယ်…တစ်ခါသား…သူတိုု့ရဲ့ ရိုလာကိုစတာကားကို စီးလိုက်တာ သမီးလက်တစ်ဖက် တစ်ပတ်လောက် ဆေးလိမ်းလိုက်ရပါလေရောလား… 🙁 လက်ကို ပြုတ်ထွက်သွားပြီမှတ်တာ…

  • ကြောင်ကြီး

    October 12, 2012 at 10:50 am

    ပါရမီ
    ကမာ္ဘချီ
    ကြာသည်၊
    လာပြီ
    စွာပလီ
    ခါမြည်၊
    ဘာမထီ
    ငါဟီ
    ဝါစည်၊
    ဒါလီ
    သာမှီ
    ညာရီ(ရယ်)။

  • jullies cezer

    October 12, 2012 at 11:01 am

    သူတို့ကိုအရေးလုပ်ပြီး မတိုင်လေ လူတွေက နောက်ဆက်တွဲကိစ္စတွေမရှင်းချင်လို့သီးခံပြီးမတိုင်လေ ပိုဆိုးလေပဲ မှတ်လောက်သားလောက်အောင်မလုပ်နို်င်သရွေ့ကတော့ ဒုံရင်းက ဒုံရင်းပဲ ……..

  • MaMa

    October 12, 2012 at 1:31 pm

    တိုင်ကြားခြင်း အရေးယူခြင်းရဲ့ နောက်ကွယ်မှာ……..
    လုပ်ငန်းရှင်တွေဘက်ကလည်း အဲဒီဝန်ထမ်းကို အရေးယူနိုင်လောက်တဲ့ အခြေအနေရှိရဲ့လား စဉ်းစားမိတယ်။
    တခါတလေမှာ လုပ်ငန်းကျွမ်းကျင်လို့၊ အလုပ်မပျက်လို့၊ ကျွမ်းကျင်ဝန်ထမ်းအစားထိုးဖို့ မလွယ်လို့ ဆိုတဲ့ အကြောင်းပေါင်းများစွာနဲ့ အလုပ်ရှင်ဘက်ကနေ အလုပ်သမားကို ထိရောက်စွာအရေးမယူနိုင်တဲ့ အခြေအနေမျိုးတွေလည်း ရှိတတ်သေးတယ်။
    ဘာရယ်မဟုတ်ပါဘူး။
    ခုရက်ထဲ ခရီးသွားရင်း ဒရိုင်ဘာတွေအမောင်းကြမ်းတာ….
    စပါယ်ယာတွေ ဆက်ဆံရေး မကောင်းတာ ပြောမိတော့…
    လိုင်းကားထောင်သူတွေမှာလည်း ဒရိုင်ဘာ၊ စပါယ်ယာရှားပါးတဲ့ ပြဿနာနဲ့ ထိန်းမရဘူးလို့ ပြောသံကြားမိလို့။ :buu:

    • padonmar

      October 12, 2012 at 6:38 pm

      မမရေ
      အလုပ်ရှင်တွေမှာ ကျွမ်းကျင်ဝန်ထမ်းရှာပါးတဲ့ အတွက် မကောင်းတဲ့ ဝန်ထမ်းကို ထုတ်ပစ်ဖို့၊အရေးယူဖို့ တွန့်တတ်ကြပါတယ်။
      အမှန်တော့ အဲဒါဟာ ကောင်းတဲ့ ဝန်ထမ်းတွေကိုပါ ပျက်စီးစေပါတယ်။
      ဝင်းသိန်းဦးရဲ့ မင်္ဂလာရှိသော မန်နေဂျာ စာအုပ်ကို ကြုံရင် ဖတ်ကြည့်ပါ။
      လက်တွေ့လည်း အလုပ်ထဲမှာ နေ့စဉ် ၁၀-၁၁ နာရီကျော်မှ ရုံးတက်လာတဲ့ ဝန်ထမ်းတစ်ယောက်ကို သူ့ရဲ့ တော်တဲ့ အချက်တွေထောက်ပြီး အရေးမယူခဲ့ရဘူး။
      ကျန်တဲ့ ဝန်ထမ်းတွေကပါ သူ့အတုလိုက်ပြီး ရုံးနောက်ကျကုန်ကြတယ်။အုပ်ချုပ်ရလည်း အရမ်းခက်ပါတယ်။
      အခု သူ့ကို အချိန်မှန်လာဖို့ ကြပ်လိုက်တော့ အလုပ်ထွက်သွားပါတယ်။
      အဲဒီအခါ ကျန်တဲ့ တွက်ကပ်နေကြတဲ့ ဝန်ထမ်းတွေက သူမရှိလို့ လစ်လပ်နေတဲ့ အလုပ်တွေကို ဝိုင်းဝန်းကြတဲ့အပြင် အားလုံး အချိန်မှန်ရုံးတက်နေကြပါပြီ။
      ဒါကြောင့် မကောင်းရင် အရေးယူဖို့ ဝန်မလေးကြပါနဲ့။
      (အသေဝနာစ ဗာလာနံလို့ ဆရာ ဝင်းသိန်းဦးက ရေးပေးထားပါတယ်)

  • kai

    October 12, 2012 at 2:06 pm

    ယူအက်စ်က တချို့အလုပ်ကားတွေမှာ..
    How’S My Driving? ဆိုပြီး ဖုံးနံပါတ်ပါရေးထားတဲ့.. စတစ်ကာလေးတွေ ကပ်ထားတတ်တာသတိထားမိတယ်..

    အဲဒါမျိုး…
    မတော်တဆဖြစ်နှုန်းကျသွားတယ်တဲ့..။

    Effects
    A feedback bumper sticker

    Studies have found that vehicles displaying the decal are involved in 22% fewer accidents and result in a 52% reduction in accident-related costs.[5]

    Some insurance companies offer discounts to fleets that display the decal.[1]

    http://en.wikipedia.org/wiki/%27How%27s_my_driving%3F%27_sign

    • padonmar

      October 12, 2012 at 6:13 pm

      သူကြီးရေ
      ကျမလိုချင်တဲ့ ပွိုင့်က အဲဒါပါပဲ။ကျေးဇူးX1000000000
      ဆိုလိုချင်တာက ေ့ရှကလည်း တိုင်တာတွေကို အရေးယူပေးရင် ဒီလို ကားဘေးမှာရေးထားတာဟာ စောင့်ကြည်မယ့် ပုလိပ်အနားရှိနေသလိုပါပဲ။
      ဒါလေးရေးထားရုံနဲ့ အက်ဆီးဒင့် ဖြစ်နှုန်း 22% ကျတယ်ဆိုတာ တော်တော်ကို အားကိုးရပါတယ်။
      မတော်တဆမှုကြောင့် ကုန်ကျစားရိတ် 52% ကျတယ်ဆိုတာလေးကို ကုမ္ပဏီကြီးတွေ လက်တွေ့ကျင့်သုံးကြည့်ရင် သိမှာပါ။
      တခါက ကျမရဲ့ မျဉ်းကျားပို့စ်မှာ လုလင်မန့်သလို ကုမ္ပဏီကားဆို ဝေးဝေးရှောင်ရတယ်ဆိုတာလေး သက်သာစေမယ်လို့ မြင်ပါတယ်။
      အာမခံကုမ္ပဏီတွေလည်း ဝင်တော့မှာဆိုတော့ မကြာခင် ကားအာမခံမှာ ဒီလို စာတန်းလေးတွေ ကပ်ဖို့ သတ်မှတ်ကြမယ်လို့ထင်ပါတယ်။

      • pooch

        October 14, 2012 at 2:51 pm

        ဒေါ်ဒေါ်ရေ ဒီက လိုင်းကားတွေ လည်း ပြိုင်မောင်းကြပါတယ် ။ အဲ့ဒီ လို ဖုန်းနံပါတ်တွေကို ခပ်ကြီးကြီးလေး မြင်ရအောင် ကပ်မှ ဖြစ်မယ် ထင်တယ်။ ကားထက် ဒီမန်းမှာက ဆိုင်ကယ် ပြသာနာက ပိုကြီးတယ် ဒေါ်ဒေါ်ရေ ။ ဖြစ်လိုက်ရင် အသဲအသန်ပဲ။ ရှေ့လျှောက် ကားတွေရော ဆိုင်ကယ်တွေရော ဘယ့်နှယ့်လုပ်ကြမယ် မသိဘူး။ 😕

  • nigimi77

    October 12, 2012 at 3:07 pm

    အဒေါ်ရီး

    အဲဒါ ဘူတာရုံလမ်း မှတ်တိုင် မဟုတ်ဘူးလား

    • padonmar

      October 12, 2012 at 6:05 pm

      ဟုတ်ပါတယ်
      အဲဒါဘူတာရုံလမ်းမှတ်တိုင်ပါ။
      ကျမက ဆင်ရေတွင်းလို့ မှားပြောမိပါတယ်။ကျမတွေ့တဲ့အချိန်ထိ ကားတန်းက စွယ်တော်ရွက်သင်တန်းရှေ့နားရောက်တော့ မှန်းပြောလိုက်မိတာပါ။နောက်မှ ပုံထဲက လျှပ်စစ်ရုံးတွေ့လို့ ဘူတာရုံလမ်းလို့ သိရပါတယ်။
      စွယ်တော်ရွက်သင်တန်းက ဆင်ရေတွင်းနဲ့ စံရိပ်ငြိမ် မှတ်တိုင်ကြားလို့ပြောတော့ ကားတန်းက ၂မှတ်တိုင်စာတောင် ရောက်နေတဲ့သဘောပေါ့နော်။ရဲမလာရင် ပိုပိုများလာဖို့ပဲရှိတာပေါ့။
      ကျေးဇူးပါ ဂဏန်းကြီးရေ။

  • Shwe Tike Soe

    October 12, 2012 at 3:26 pm

    ကျွန်တော်တို. နိုင်ငံစည်းကမ်းသည် စာရွက်ပေါ်မှာသာရှိသည်။

    မပြောချင်ဘူး မပြောာာာချင်ဘူးးးးးးးးးးးးးးး ပြောာာာာာာာာာာာာကိုးးးးးးးးးမပြောချင်ဘူး……

  • etone

    October 12, 2012 at 3:42 pm

    အန်တီရေ …
    အဲ့ဒီလိုများ .. ကားချင်း ပြိုင်မောင်းရင်း ငြိလျှင် … ဘယ်ကားမှ မရွှေ ့ပဲ ဘယ်သူမှားလဲ ၊ ဘယ်သူမှန်လဲ ငြင်းခုန်ကြရော … အလျှော်စား ပြသနာကလည်းရှိတော့ လမ်းပိတ်တာ မပိတ်တာ သူတို့နဲ့ မဆိုင်သလိုပဲ … ။ မောင်းတုန်းက မောင်းပြီး တိုက်မှ သူတို့ မဟုတ်သလိုပဲ … ။ ရဲလာတဲ့ အထိစောင့်ကြတာ များတယ် … သူတို့ မရွှေ့မချင်း ကားတွေလည်း ပိတ် ၊ လူတွေလည်း သွားလို့မရနဲ့ … ရဲကလည်း ငါးမိနစ်ဆယ်မိနစ်တွင်းပေါ်လာတာမျိုး မဟုတ်ဘူး ။ တကယ့်ကို စိတ်ပျက်စရာကြီးပဲ ။ :buu:

    • kai

      October 12, 2012 at 11:21 pm

      ကားလမ်းပိတ်ထားပြီး အငြင်းပွားစရာဖြစ်နေတာမျိုးတွေက.. ကားအာမခံတွေဝင်လာရင်.. လျှော့သွားဖို့ရှိပါတယ်..။
      ဘယ်သူမှားမှား.. မှန်မှန်..
      .. လောလောဆယ်.. ကားလမ်းပိတ်တဲ့အမှုပါထပ်မတက်လာခင်.. အာမခံနံပါတ် အပြန်အလှန်လဲပြီး.. ကိုယ့်အလုပ်ကိုယ်ဆက်သွားကြတာမို့ပါ..
      အာမခံက.. ကားတိုက်တာတွေနားလည်တဲ့ ပရိုက.. တချက်လောက်မေးလိုက်ရင်.. ဘယ်သူမှားသလည်း.. သိကြပါတယ်..။ ပရိုတွေ..သူတို့အလုပ်သူတို့ဆက်လုပ်ပါလိမ့်မယ်..ပေါ့..။

      • ကထူးဆန်း

        October 13, 2012 at 7:23 am

        ကားလမ်းပိတ်တဲ့ အမှု မရှိဘူး သူကြီးရေ ။ ဟိုတစ်နေ့ က ပြည်လမ်း လှည်းတန်းမီးပွိုင့် နား bmw ကားတစ်စီး ဘာဖြစ်လို့လဲတော့ မသိ ။ လမ်းလယ်ခေါင်ရပ်။ အနောက်မှာ ခဲ ထားပြီး ရပ်ပြစ်ခဲ့တာကျွန်တော်တွေ့တော့ ညနေ ၄ နာရီ နောက်နေ့ နေ့လည် ၁ဝ နာရီ အထိ မရွှေ့ သေးဘူး ။

  • padonmar

    October 12, 2012 at 6:41 pm

    တုံတုံ ၊ရွှေတိုက်၊မွန်မွန်၊ဆီဇာ၊ကိုကြောင်ကြီး
    ပြိုင်တူတွန်းလျှင်ရွေ့ပါသည် ဆိုတဲ့ အတိုင်း အခုထိ ကိုယ်စိတ်ပျကြ်ကရတာတွေကို နောင် စိတ်မပျက်ကြရအောင် ခဲလေးတွေ ကူပစ်ပေးကြပါအုံး။

    • etone

      October 13, 2012 at 11:51 am

      အန်တီရယ် . ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်ပါသည်ဆိုတာကိုလက်ခံလို့ … ခဲ လုံးလေး ကူပစ်ပေးချင်ပေမယ့် … ခဲကောက်မယ့် လက်တွေရော စိတ်ဓါတ်တွေပါ ပျော့ခွေပြီး အားမရှိသလိုရယ် … :eee:

  • ပါရမီ တွေကို
    “အီကြာကွေး” လို့ အနော်တို့က ခေါ်သဗျ …
    ကြာလွန်းလို့မို့ …
    သူ့ပြိုင်ဘက်တွေကတော့ “နွား” လို့ သုံးကြတယ် …
    ဘာရယ်ဟုတ်ပါဘူး ..
    “ပါရမီကျွဲနှစ်ကောင်” ဆိုတာလေး တွေ့လိုက်လို့ ဝင်ပွားကြည့်တာပါ တီတီ …
    :kwi:

  • မှောင်ကြီး

    October 13, 2012 at 1:03 am

    ကား၂စီးက ငြိနေတယ်…
    လူတွေက လမ်းလယ်မှာ….
    မျဉ်းကြားက မကူးတဲ့သူနဲ ့….
    ဈေးဆိုင်က ပလက်ဖောင်းကျော်နေတာ….
    ” ကျွန်တော်တို. နိုင်ငံစည်းကမ်းသည် စာရွက်ပေါ်မှာသာရှိသည်။ “တဲ့
    မှန်လိုက်တာ

  • ပြောလဲပြော တိုင်လဲတိုင်ကြတာပါဘဲ။
    သူတို့ဘက်ကလဲ လွယ်လွယ်နဲ့မပြင်ပါဘူး။
    မပြင်ရင်လဲ
    ပြောနေတိုင်နေမှာဘဲ
    တစ်ချိန်မှာတော့ …………………………..

Leave a Reply