ဆားပုလင်းဆာမိ နှင် ့ ဘလက် ဘရားသားဂိုဏ်း

ေမာင္ရိုးOctober 12, 20121min18021

တစ်နေ့သ၌ …..ဂဇက်ရွာ၏ အထူးစုံစမ်းစစ်ဆေးရေး ရုံးခန်းတွင်းရှိကုလားထိုင်ပေါ်တွင် ငိုက်မြည်းနေရင်း

ကျွန်ုပ် ဆားပုလင်းဆာမိ မှာအထူးပင်ဇိမ်ကျ၍နေပေရာ   ရာသီကပူ …ကြွေးကထူ ၊ ချစ်သူကမုန်း

ဖဲကရှုံး ….ယူကြုံးမရ …အီးထွက်ကျ ..ဆိုသလိုပင် ကိုယ့်ဘဝကိုယ် အားမရခြင်းဖြင် ့ အပျင်းကြီးနေလေ

တော့သည် ။ ရွာကြီးကား…အထူးငြိမ်သက်လျှက်ရှိသည် ။ ကျွန်ုပ်၏အတွေ ့အကြုံအရ ငြိမ်သက်ပြီးပါက

လှိုင်းတံဘိုးထန်မည်မှာမလွှဲ …။ လောလောလတ်လတ် ရွာထဲတွင်သောင်းကျန်းခဲ့လေသော ကျွန်ုပ်နှင် ့

လွန်စွာရုပ်ခြင်းဆင်၍ နံမည်ပါတူသော ဂိုဏ်းချုပ်ဆာမိအား နှိမ်နင်းခဲ့ရသေးသည် ။

ကျွန်ုပ်၏ အတွေးများမဆုံးသေး  ရုံးစာရေး မောင်အံဇာမှာ အပြေးလာရောက်၍ စုံထောက်မင်းကြီး

မစ္စတာမိုက်ကယ်ဂျော်နီအောင်ပုမှ အရေးတကြီး ခေါ်နေပြီဟု သတင်းပို့လေ၏ ။ သို့နှင် ့ ထောက်ဖေါ်

ထောက်ဘက် မိတ်ဆွေများဖြစ်လေကုန်သော  ဘိလတ်ပြန် ဆရာပေ ၊ အိုင်ပီ စိန်ဗိုက် ၊ အိုင်အိုခင်ခ

နှင် ့ ကျွန်ုပ်၏ တွဲဘက်ဖြစ်သူ အိုင်ပီ မောင်ကျောက်ခဲတို့အား ဝင်ရောက်ခေါ်ယူ၍ မင်းကြီးမစ္စတာ ပု ၏

ရုံးခန်းသို့ ဝင်ခဲ့လေတော့သည် ။

 

ရောက်မဆိုက်ဆိုသလိုပင် ….စုံထောက်မင်းကြီးမှ ထုံစံအတိုင်း နံနက်ချိန်ခါတေးသံသာဖြစ်သော

ဆဲ နည်းပေါင်းစုံဖြင် ့ ဧည် ့ဝတ်ပြုသည်ကို နားထောင်ရင်း ကျွန်ုပ်နှင် ့ စုံထောက်ကျော်တစ်သိုက်မှာ

ခေါင်းကို သာတွင်တွင်ငုံပြီးလျှင် ရှုံ ့၍ ခံရရှာလေသည် ။ လိုရင်းက ……သတင်းထူးတစ်ခုကြောင့်

ဖြစ်ပေရာ ….အထူးပင်အံ့ဩခဲ့ရလေတော့၏ ။ သတင်းပေးသူက ရွာ၏ လူမျိုးနှင် ့ ကိုးကွယ်မှုဆိုင်ရာ

သမိုင်းပညာပါမောက္ခ ပရော်ဖက်ဆာ ဒေါက်တာစံလှကြီး ပင်ဖြစ်လေ၏ ။ သူကား ..နှယ်နှယ်ရရ

မဟုတ် ။ ဂိုဏ်းချုပ်ကြီးဆာမိ၏ ပြစ ်ဆုတ် ပြန် ဂိုဏ်းအားနှိမ်နင်းစဉ်က စွမ်းစွမ်းတမံ ကူညီခဲ့သော

သူပင်ဖြစ်လေသည် ။

 

သူ့ အပြောအရ …..ရွာထဲ၌ တိတ်တဆိတ် လှုပ်ရှားနေသော ဘလက် ဘရားသားဂိုဏ်းမှာ အထူးပင်

အန္တရယ် ပေးနိုင်သည် ..ဟု  ။ ဝါဒဖြန် ့သော စာများလည်း ဖြန် ့ချီနေသဖြင် ့ ရွာသူားများမှာ စိတ်မအေး

နို်င်ပေ ။ အိပ်ကောင်းခြင်းမအိပ်ရ …စားကောင်းခြင်း မစားရ …။ ပိုဆိုးသည်မှာ …ရွာ၏ အာဏာရှင်

အဓိပတိကြီးဦးခိုင်မှ မသိခြင်ထောင် ထောင်နေခြင်းပင်ဖြစ်လေတော့သည် ။ ဖြန် ့ဝေသောစာများလည်း

မသိမ်းဆည် း ….အရေးလည်းမယူ ။ အဒီပတိကြီး ဦးခိုင်သည်ကား အလွန်ပင်ပျော်ရွှင်တတ်သူဖြစ်

လေသဖြင် ့ ရွာထဲတွင် လှုပ်ရှားမှုလေးများ လုပ်တတ်သည် ။ လက်ဝှေ ့ပွဲများကျင်းပပေးသည် …

တစ်ခါတစ်ရံ ….အုပ်စုလိုက် ပါဝင်ဆင်နွဲရသော လွန်ဆွဲပွဲများလည်း ကျင်းပ သေး၏ ။ ဘာပွဲမှ ကျင်းပ

၍ မရသော် အိမ်ရှေ ့မှ အမှိုက်ပုံကို မီးရှို ့၍ မီးသတ်ကားကိုဖုန်းဆက်သည် ။ ရွာသူားများ မီးလန် ့သော်

သူကား မသိသလို သိသလိုပင် …..ထိုမျှမကသေး ……..ဗျောက်အိုးများဖေါက်၍လည်း သူပုန်ဝင်ချင်

ယောင်ဆောင်ပြီးလျှင်  နောက်ပြောင်တတ်သူပင်ဖြစ်လေတော့၏ ။

 

ယခုကား …..လမိုက်ညတွင် ဘလက်ဘရားသားဂိုဏ်းမှာ တွေ ့ဆုံစည်းဝေးမည်ဟု …..။

ဂိုဏ်းချုပ်နှင် ့တစ်ကွ ဂိုဏ်းဝင်အားလုံးမှာ မျက်နှာဖုံးစွပ်ပြီး ဝတ်ရုံနက်ကြီးများဝတ်၍ အစည်းဝေး

တက်ကြမည် ဆို၏ ။ ဂိုဏ်းချုပ်လုပ်သူမှာ အင်္ဂလိပ်စကားကို အမေရိကန်လေယူလေသိမ်းဖြင် ့

ပြောတတ်သည် ..ဟု ။ ထိုမျှမကသေး …..သတင်းများ၏ ညွှန်းဆိုချက်များအရ အဓိပတိကြီးမှာ

အလွန်ပင်မသင်္ကာ စရာဖြစ်နေသဖြင် ့ ကျွန်ုပ်နှင် ့ အထူးအဖွဲ့မှာ စုံစမ်း ဖမ်းဆီးရမည်….. ဟု ။

 

ဤသို့ဖြင် ့ ……ကျွန်ုပ် နှင် ့ အိုင်ပီမောင်ကျောက်မှာ အဓိပတိကြီး၏ အိမ်ဂေဟာအား မှောင်ရိပ်

ခို၍ စောင့်နေလေတော့သည် ။ ည သန်းကောင်ချိန်တွင် လှုပ်ရှာမှုစတင်တွေ့ရပေတော့သည် ။

ဝတ်ရုံနက်နှင် ့ ခေါင်းစွပ်မဲမဲကြီးစွပ်ထားသောသူမှာ အိမ်နဘေး ခတ်မှောင်မှောင်မှ ပေါ်ထွက်

လာလေရာ လက်သွက်သော ကျွန်ုပ်နှင် ့ မိတ်ဆွေကြီး မောင်ကျောက်တို့မှ ခုန်အုပ်၍

ဖမ်းဆီးလိုက်လေတော့သတည်း …….။

 

လက်ထိတ်ခတ် ပြီး ခေါင်းစွတ်ကိုချွှတ်လိုက်လေရာ ……ကြိုတင်သတင်းရထားသည် ့အတိုင်း

အဓိပတိကြီးဦးခိုင် ပင်ဖြစ်နေ၍ အထူးတလည် မအံ့ဩမိပေ ။ ဦခိုင်မှာ ယမ်းပုံမီးကျ ဒေါသထွက်ပြီး

ရွာ၏ ရပ်မိရပ်ဖ များကိုခေါ်စေ၍ ….ကျွန်ုပ်တို့အား စွဲချက်တင်လေတော့သည် ။ ရွာလူကြီးများဖြစ်လေသော

ဦးကြီးမိုက် ၊ ဦးဘလက် ၊ ဦိးကြောင် ၊ ဦးပေါက် ၊ ဦးနို ၊ ဦးထူးဆန်း ၊ ဦးဦးပါ ၊ အရီးလတ် ၊ ဒေါ်ဒေါ်ကြာ ။

ဒေါ်ဝေ ၊ ဒေါ်မမ နှင် ့ ရွာသူးသားအားလုံးကို စုဝေးစေလေ၏ ၊။ အများရှေ့၌ သူ၏ ဖြစ်ပျက်ပုံ တို့ကိုပြောပြ

လေရာ ……ကျွန်ုပ် တို့မှာ ပါးစပ်အဟောင်းသားဖြင် ့ အမှားကြီးမှားခဲ ့ကြောင်း ဝန်ခံရလေတော့သည် ။

အဖြစ်ကဤသို့တည်း…….။

 

ငယ်ဘဝလူပျိုလှည် ့စဉ်က လေဒီခိုင်၏ အိပ်ခန်းသို့ လမိုက်ညတွင်ခိုးတက်ခဲ့သည်ကို ပြန်ပြောင်းအောက်မေ ့

သဖြင် ့ ယနေ ့ မင်္ဂလာသက်  နှစ် နှစ်ဆယ်ပြည် ့အထိမ်းအမှတ်အဖြစ် ပြန်လည်ကျင်းပသည်ကို ကျွနိုပ်တို့

စုံထောက်မင်းကြီးနှင် ့ ပရော်ဖက်ဆာကြီးတို့မှ မှားယွင်းစွာဖမ်းခိုင်းခြင်းဖြစ်ပေတော့သည် ။ ကျွန်ုပ် ဘာလုပ်

ရမည်နည်း ။ နောက်ဆုံးတော့ ..ကျွန်ုပ် ဆုံးဖြတ်လိုက်ပါပြီ …..။ အပြစ်အားလုံးကို  တာဝန်ယူလိုက်သဖြင် ့

ကျွန်ုပ်အား ပိုင်နက်ကျူးလွန်မှု၊ မတရားဖမ်းဆီးချုပ်နှောင်မှု ၊ အသရေဖျက်မှု ၊ နာကျင်စေမှု ၊ ဆူပူစေရန်

လှုံ ့ဆော်မှု ၊ ဝါဒဖြန် ့သွေးခွဲမှု ၊ မှောင်ရိပ်ခိုမှု ၊ ဝတ္တရားနှောင် ့ယှက်မှု ….စသော အမှုပေါင်း တစ်ဒါဇင်

ခန် ့ဖြင် ့ စွဲချက်တင်ပြီးနောက် …….ဂဇက်ရွာ အချုပ်ခန်းသို့ ပို့လိုက်လေတော့ သတည်း ………..။

 

 

 

21 comments

  • ဂန္ဓာရီ ဆြာအုပ်

    October 12, 2012 at 1:24 am

    အင်းဒီ အမှုတွဲလောက်ဆိုရင်တော့ ကျူပ်တို့ရဲ့ ဆားပုလင်းဆာမိ ကြီးတစ်ယောက်တော့ လွတ်ငြိမ်း ချမ်းသာခွင့်ပေးမှ လွတ်နိုင်တော့မယ် ထင်ပ.. သွပ်သွပ်သွပ်

  • သဂျီးက အဲလိုပြောတာကို ဟုတ်တယ်ထင်ပြီး အချုပ်ခန်းထဲကို ဝင်လိုက်တာလား ကဆာမိရယ်…အဲဒါ လိမ်ဆင်ကြီးရော မဖြစ်နိုင်ဘူးလား… တူဒို့ နှစ်ပတ်လည်က ဒီနေ့ဆိုတာ ဘာနဲ့ သက်သေပြလိုက်လဲ… သူ့မင်ဂါနှစ်ပတ်လည်မှာ အစည်းအဝေးလုပ်မယ်ဆိုတဲ့ စာတွေဖြန့်ထားပါတယ်ဆိုမှ တူက ငယ်မူပြန်ပြီး ရိုမန့်စ်လုပ်တာ တိုက်ဆိုင်မှုသက်သက်လား… အကျွန်ုပ်တော့ တွေးနေမိပါတယ်… အော်..အနိစ္စ..ကဆာမိတော့ အချုပ်ခန်းထဲမှာ… :harr:

  • မောင်ပေ

    October 12, 2012 at 1:34 am

    အထက်ပါဖြစ်ရပ်များအပြီး ရရက်ခန့်အကြာတွင်
    ဂေဇက်ရွာတစ်ရွာလုံး ထိတ်လန့်စရာ အကြောင်းမှာ
    မော်စကိုပြန်ဆာမိ နဲ့ တန်းစီးခင်ပိန်တို့ ထောင်ကနေဖောက်ထွက်လာတယ်ဆိုပဲ
    ဘာတွေဆက်ဖြစ်မှာလဲ
    ဂေဇက်မှာာမျှော်

  • padonmar

    October 12, 2012 at 2:26 am

    ဂိုဏ်းနာမည်ကလည်း ဘလက်ဘရားသား၊ရွာလူကြီးထဲလည်း မည်းမည်းနာမည်ပါနေတယ်။
    အေကန်ဒတော့ ယူဂျီထည့်ထားတယ်ထင်ပါရဲ့။
    သဂျီးလှည့်ကွက်ထဲမိပြီး ဆားပုလင်းကြီးကလည်း အပြစ်ဝန်ခံတာစော ဆိုတော့ ရွာလူကြီးတွေမှာ ဂျူရီအဖွဲ့ မဖွဲ့လိုက်ရဘဲ အချုပ်ခန်းထဲထည့်လိုက်ရတာပါ။
    အော်မေ့ဂိုဏ်းက သီးခြားထောက်လှမ်းရေးမယ်လေးတွေ လွှတ်ပြီး အဖြစ်မှန်ကို စပ်စု(စုံစမ်း)ခိုင်းထားပါတယ်။

    အားမငယ်ပါနဲ့ ကလေးရယ်။
    လူဖြစ်လာရ တခဏ မှာအချုပ်ထဲ ဝင်ရတာ မဆန်းပါဘူး။
    ခိုးရာလိုက်တာတောင် အပြစ်လို့ပြောကြသေးတာပဲ။
    တိုင်းပြည်အတွက်ဆိုတော့ နည်းနည်းပြောကြည့်ပါအုံး။
    ကျွန်တော် လူပျိုကြီးပါလို့ ဝန်ခံလိုက်ပါ။
    ကုဋေရှစ်ဆယ်သူဌေးသား ဆိုရင် မြန်မြန်လွတ်မှာပါ။
    လောင်ဆက်ကလေးလည်းပေးလိုက်ပေါ့။
    တကယ်တိုင်စေချင်ရင်လည်း တိုင်ခွင့်ပေးပါမယ်။
    ဒီကိစ္စ Stanford တော့ မရောက်ပါစေနဲ့။
    မရရင်လည်း Change,Update ,Upgrade လုပ်ပြီး တစ်ခါတည်း ထောင်အနှစ်နှစ်ဆယ်သာချလိုက်ပါတော့။

    • surmi

      October 12, 2012 at 8:45 am

      @ဆရာအုပ်
      လွတ်ငြိမ်းချမ်းသာခွင် ့မရလည်း ထွက်ပြေးမှာပေါ ့ ။ ဒါမှ နောက်ဇတ်လမ်းလေးတွေဆက်နိုင်မှာ
      :hee:
      @ဘိလပ်ပြန်ဆရာပေ
      တဂျွန်းပြန်ဆာမိနဲ ့ တန်းစီးခင်ပိန်
      မကြာမှီ လာမည် မျှော်

      @လုံမလေးမွန်မွန်
      ကျုပ်တိုဘွက ငြင်းခွင် ့မှမရှိတာလေ ဟဲဟဲ
      ဝင်ဆိုဝင်ရမှာပေါ ့ ။သတင်းကတော ့မမှားလောက်ဘူး
      ဝတ်ရုံနက်ကြီးဆိုတာလေ

      @ဂျူရီလူကြီး အန်တီကြာခင်ဗျ
      ကယ်နိုင်တော ့ဘူးလား ။ကြည် ့လည်းပြောပေးကြပါဦး
      ရွာဆူနေမှဖြင် ့ထိန်းရခက်နေဦးမယ် ။
      :hee:

  • ကိုခင်ခ

    October 12, 2012 at 9:27 am

    ဟောဗျာ မနက်စောစော ရွာထဲမလျှောက်မိတဲ့ ဒီမနက် ပြောင်းလဲချက်ကလည်း မြန်သဗျ။
    ကိုဆာမိရေ နေ့လည်ကျ စားစရာလေးနဲ့ လာတွေ့မယ်နော်။
    တဂျွန်းထဲဆိုသိပ်မလှဘူး နှစ်ဂျွန်း သုံးဂျွန်း လောက်တော့ လုပ်လိုက်ဗျာ။

  • Khaing Khaing

    October 12, 2012 at 10:00 am

    အော် … မနက်က အချုပ်ခန်းကားဖြတ်သွားတုန်း အော်ဟစ်နေသံကြားပါတယ်မှတ်တယ် … လက်စသတ်တော့ သံတိုင်ကြားက ကိုစာမိကို ….

    ဦးစာမိရေ … ဒီနေ့မနက် ပို့စ်တစ်ပုဒ်တင်မလို့ လမ်းမှာစဉ်းစားလာတာ .. တိုင်တိုင်ဆိုင်ဆိုင် ကိုစာမိကလည်း တင်ထားတော့ ညီမပို့စ်ထဲမှာ အမှားပါရင်ခွင့်လွှတ်ပါလို့ ကြိုတင်တောင်းပန်ပါတယ်နော် …..

  • kyeemite

    October 12, 2012 at 10:17 am

    ကိုရင်ဆာမိတစ်ယောက် ဆားပုလင်းသိက္ခာကျအောင်လုပ်တာကိုးဗျ
    နောက်ရွာမှာအမှု့အခင်းဖြစ်ရင် ဘယ်ဆားပုလင်းအားကိုးရတော့မတုံး…ဒွတ်ခ..
    အော်ဒွတ်ခ ဆိုမှသတိရသွားတယ်…ဘိလတ်ပြန် ဆရာပေ ၊ အိုင်ပီ စိန်ဗိုက် ၊ အိုင်အိုခင်ခ ၊
    အိုင်ပီ မောင်ကျောက်ခဲ တို့ရှိပေသေးသကိုး…ဟိုးဟိုးဟိုး
    :harr: :kwi: :hee:

    • surmi

      October 12, 2012 at 10:34 am

      ဗျို ့ကိုခ
      နှစ်ဂျွန်းပြန်ရင်မူးတတ်လို ့ ဒါနဲ ့ နေ ့လည်လာရင် စန္ဒာမေကဖက်ထုပ်လေးယူခဲ ့ဦးနော်

      မခိုင်ခိုင်ရေ
      လုပ်ချင်တာလုပ် ရေးချင်တာရေး ကျုပ်တို ့ကတော ့အေးဆေးပဲနော် ။ မှားရင်သဂျီးပြင်
      ပေးလိမ် ့မယ် ။ :hee:
      ဦးမိုက်ရေ
      ဆားပုလင်းက အားလုံးတွက်ခေါင်းခံသွားတာပါဗျာ
      ဦးမိုက်တို ့ပဲ ဆက်တာဝန်ယူတော ့ ဟဲဟဲ တာ ့တာ
      :harr:

  • ကြောင်ကြီး

    October 12, 2012 at 10:45 am

    ဆာမိ
    ငါသိ
    ရှာကြည့်
    ဖာဘိ
    လာညှိ
    ကွာစိ
    အာထိ
    ဂါ၏…။

  • အထက်ပါ ဖြစ်ရပ်များ ဖြစ်ပွားပြီး ၁ဝ နှစ်ခန့်အကြာ …
    ရုံးစာရေးလေးမှာ အပြေးအလွှား ရောက်ရှိလာပြီး ..
    “ရုံးစာရေးဟောင်း မောင်အံစာ ဦးခိုင်သမီးကို ခိုးပြေးသွားမှု”
    ဖြစ်ပွားကြောင်းကို ပြောလိုက်လေတော့သဒီး …….
    :kwi:

  • စိန်ဗိုက်ဗိုက်

    October 12, 2012 at 11:46 am

    မွှားတဲ့အခါလဲ မွှားပေမပေါ့လေ..

  • jullies cezer

    October 12, 2012 at 12:13 pm

    အထက်ပါ ဖြစ်ရပ်များ ဖြစ်ပွားပြီး ၁ဝ နှစ်ခန့်အကြာ ….. kosurmi မှာ လွတ်ငြိမ်းချမ်းသာဖြင့်ပြန်လွတ်လာပါကြောင်း ဘလက်ဘရားသားဂိုဏ်းသားများ သတိချပ်စေလိုကြောင်း …….

  • may flowers

    October 12, 2012 at 12:49 pm

    မှားစရာရှားလို့ ကိုဆာမိရယ် သဂျီးကိုမှ မှားဖမ်းရတယ်လား……….တော်သေး..သဂျီးက

    သဘောကောင်းလို့ ဒီလောက်ပြစ်ဒဏ်လေးပဲပေးတာကို ကျေးဇူးတင်ရမှာ 😀

  • ဆူး

    October 12, 2012 at 1:12 pm

    နောက်ဆုံးတော့ ဆားပုလင်းဆာမိ က လေဒီခိုင် အခန်းထဲ ညအချိန် ခိုးဝင်တဲ့ အမှု တစ်ခု ကို ဖော်ထုတ်နိုင်ခဲ့တာပဲနော်.. ။
    စိတ်မပူပါနဲ့.. သမ်မံဒဂျီးက ဒီတိုင်းမထားပါဘူး။ လွတ်ငြိမ်းချမ်းသာခွင့်ပေးပါလိမ့်မယ်။ :hee:

  • ဦး ကျောက်ခဲ

    October 12, 2012 at 4:48 pm

    ဟမ်မလေး အကိုဆာမိရယ်!

    တိုက်တိုက်ဆိုင်ဆိုင် ဒီမနက် အိုင်ပီမောင်ကျောက် ရုံးခန်း မီးလောင်တာ ကံကောင်းလို့ဗျို့!
    တစ်ရုံးလုံး ကုန်သွားပေမဲ့ မနက်က စိတ်ရူးပေါက်ပြီး ပတ်စပို့၊ ဘဏ်ကဒ် နဲ့ ခရက်ဒစ်ကဒ် တွေကို မီးခံသေတ္တာ ထဲထဲ့ထားလို့ လွတ်သွားတယ်။
    မီးက အိုင်ပီမောင်ကျောက် ရုံးခန်းကစတာမဟုတ်ပေမဲ့ တစ်နေ့လုံး အာမခံ ကုမ္ပဏီ နဲ့ အာပေါက်မတတ် ပွါးလိုက်ရတာ အခုမှပဲ ရွာထဲရောက်ပါတယ်!

    မဟုတ်မှလွဲရော အိုင်ပီမောင်ကျောက် ရုံးခန်း မီးလောင်တာ အဓိပတိကြီးဦးခိုင် ရဲ့ စံနက်လားမသိ!
    ဆားပုလင်းဆာမိ ဂဇက်ရွာ အချုပ်ခန်း ကလွတ်ရင် ဒီအမှုကို လိုက်ကြစို့ရဲ့ …….
    :kwi:

  • မိုးတိမ်

    October 12, 2012 at 5:06 pm

    အဟေးဟေး… ဘလက်ဘရားသားဂိုဏ်းက ရွာထဲ တစ်ကယ်ရှိနေတယ်ဗျ။
    သူကြီးကို ဆူပူစေရန်လှုံ ့ဆော်မှု ၊ ဝါဒဖြန် ့သွေးခွဲမှု ၊ မှောင်ရိပ်ခိုမှု အဲအမှု့တွေနဲ့ပြန်တရားစွဲဗျာ။
    အဲလူကြီးက ခဏခဏမီးရှို ့တယ်ဗျ။

  • San Hla Gyi

    October 12, 2012 at 7:51 pm

    အိုင်ဆေး ကိုဆာမိ အဲဒီနေရာမှာ တကွက်လိုသွားတယ်ဗျ။ အမှန်က အစည်းအဝေးအထိ လိုက်သွားပြီး ပိုင်မှလက်ထိပ်ခတ်ရမှာ။ သတိတော့ ထားအုံးဗျ။ ဘလက်ဘရားသား ဂိုဏ်းသားတွေက လက်ရဲဇက်ရဲ နိုင်သလို သတ်တာ ဖြတ်တာလည်း လက်ယာဉ်တယ်လို့ ကြားတယ်။ ပစ်စုတ်ပန် ဂိုဏ်းသားတွေကတော့ လျှို့ဝှက်တဲ့ အတွေးအခေါ် ဆရာတွေပဲ။ သူတို့ စကားတွေကလည်း သတိမထားရင် နားထောင်ရင်းနဲ့ကို မူးနောက်သွားတတ်တယ်။ ဘယ်လောက်တောင် လျှို့ဝှက်သလဲဆိုတော့ သူတို့ ဂိုဏ်းချုပ်ကြီးကို ဖမ်းပြီး ဂိုဏ်းကို ဖြိုခွဲဖို့ လုပ်တာတောင် ဟန်မပျက် နေနိုင်တာ ကြည့်တော့။ ကြားတာတော့ ဒုဂိုဏ်းချုပ်တယောက်က ဂိုဏ်းရဲ့ ကိစ္စအဝဝ ကိုနောက်ကွယ်ကနေ စီစဉ်ပေးနေတယ်လို့ ကြားတယ်။ ဘယ်လောက်တောင် လျှို့ဝှက်သလဲဆိုတော့ အဲဒီလူဟာ ဘယ်သူ ဘယ်ဝါဆိုတာ သူတို့ဂိုဏ်းဝင်တွေ တောင် သေသေချာချာ မသိဘူးတဲ့။ ကြောက်တော့ ကြောက်စရာကြီးပဲ။
    ဒီအဖွဲ့နှစ်ခုဟာ တသီးတသန့် အဖွဲ့နှစ်ခုလား ဒါမှမဟုတ် ညီနောင်အဖွဲ့အစည်း နှစ်ခုလားဆိုတာ စိတ်ဝင်စားစရာကောင်းတဲ့ ပဟေဠိတပုဒ် ဖြစ်နေတယ်ဗျ။

    • surmi

      October 12, 2012 at 9:11 pm

      ဦးကြောင်
      ဦးကြောင်ညှိတဲ ့ဟာကြီးက မနိတ်ပါဘူးဗျာ ဟဲဟဲ

      @အံစာတုံး
      စဉ်းစားပါဦး သိပ်များနာနေဦးမယ် ဟွင်းဟွင်း

      @စိန်ဗိုက်
      တာ ့တာ သွားတော ့မယ်

      @ဂျူးလိယက်
      ဆယ်နှစ်ဆိုကြာတာပေါ ့ ။ဖေါက်ပြီးပြေးမှာ

      @မေဖလားဝါး
      မှားတဲ ့အခါလည်းရှိဦးမှနော်

      @ဒေါ်ဆူး
      သိတယ်မဟုတ်လား ညောင်မြစ်တူးရင်း ပုတ်သင်ဥပေါ်သွားတာလေ

      @အစ်ကိုဦးကျောက်ရေ
      မထိတ်သာမလန် ့သာဗျာ ။ဒီမှာဆိုဒီလောက်လွယ်မှာမဟုတ်ဘူးဗျ။
      ပြန်လာမှပဲ အမှုဆက်လိုက်ကြတာပေါ ့နော ဟဲဟဲ

      @ကိုမိုးတိမ်
      ကျုပ်တော ့လစ်ပြီ ။တကယ်ပါ ခရီးထွက်မလို ့ ။ အစ်ကိုတို့ပဲ ဆက်လုပ်ကြတော ့ ဟဲဟဲ

      @ကိုစံလှကြီးရေ
      ကျနော်ခရီးသွားရဦးမှာဗျ။ ပြန်လာမှ တဂျွန်းပြန်ဆာမိ ဆိုပြီးဆက်ကြတာပေါ ့
      အစ်ကိုလည်း စာလေးရေးပါဦး ။ ခေါင်းလောင်းကြီးရေးမယ်ဆိုစောင် ့ဦးနော်
      ကျနော်လည်းပါမလို ့ ဗျ။

  • အရီးခင်လတ်

    October 13, 2012 at 3:23 am

    ကဆာမိ ရေ
    ခရီးထွက်ရင်း သတင်းတွေလဲ အများကြီးရလာပါစေ။
    ကျွန်မ စစ်တမ်း ရဲ့ ရည်ရွယ်ချက်က လဲ သိန်းပေါင်းချီပြီး ရှိနေတဲ့ စာဖတ်သူများ အတွက် ရွာမှာ ရှိပြီး သူများ ပြန်လည် သက်ဝင်လာစေချင်တာ ပါဘဲရှင်။
    အသစ်တွေလဲ တိုး ကိုယ့်မူလ လက်ဟောင်းကြီးများ လဲ ပြန်လည် ရှင်သန် လာမယ် ဆိုရင်ဖြင့် သား ရွှေအိုးထမ်း တဲ့ ကိန်းပါဘဲ။
    ဘာအကြောင်း နဲ့ဘဲ ခရီးသွားသွား စိတ်ချမ်းသာပျော်ရွှင်မှု ရပါစေလို့ ဆုတောင်းလိုက်ပါတယ်။
    :hee:

  • ဟေ့လူဂျီး ဥဆာမိ ..
    ခညား ခရီးထွက်မလို့ဆို ..
    ခရီးက ပြန်လာရင် ကျုပ်တို့အတွက် လောင်ဆက်တွေ ယူခဲ့ဖို့ မေ့နဲ့ဦး …
    လမ်းခရီး သာယာ ဖြောင့်ဖြူးပါစေကြောင်းလည်း ဆုတောင်းပေးဘာဒယ် ..

Leave a Reply