သေခြင်းတရား (ရေးဘော်ရဲဘော် မောင်ဝံသသို့) – မောင်စွမ်းရည်

kaiOctober 12, 20121min15014

14 comments

  • မောင်ပေ

    October 12, 2012 at 9:01 am

    ငါသည် မြင့်မြတ်သောလူသားဖြစ်သည်
    ငါသည် တတ်နိုင်သမျှ ရပ်ကွက် မြို့ရွာ နိုင်ငံ ကမ်ဘာ့အကျိုးအတွက် လုပ်ဆောင်မည်
    သေမင်းသည် ငါ့အရိပ်ပင် ဖြစ်ပေငြား နောက်ဆုံးအချိန်ထိအောင် ကြရာဇါတ်ရုပ်ကို ပီပြင်စေရမည်

  • surmi

    October 12, 2012 at 9:17 am

    သင်းမေ သင်းမေ
    ဒင်းတော်တော်မွှေပါ ့
    ငါ ့မလဲကြောက်လိုက်ရ
    သဂျီးကတော ့ပြောသား
    နောက်ဘဝမစဉ်းစားနဲ ့တဲ ့
    ပျော်ပျော်နေသေခဲ
    ခတ်ရဲရဲတွေးလိုက်စမ်း
    လတ်ဗီးဂတ်စ်ကိုဘဲ လှမ်းခဲ ့တော ့မယ်
    ဘယ်လိုလဲ ……သဂျီးမင်း
    သင်းမေနဲ ့ အတူတူသွားရဲလား းးးးးးး
    :harr:

  • kyeemite

    October 12, 2012 at 9:41 am

    ဆရာမောင်ဝံသ စင်္ကာပူသွားပြီးဆေးစစ်တော့
    အဆုပ်ကင်ဆာဖြစ်နေပြီလို့အတည်ပြုကြောင်း
    နဲ့ ဆေးဝါးကုသမှု့စတင်ခံယူနေပြီဖြစ်ကြောင်း
    ပြီးခဲ့တဲ့အပါတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ
    သူကိုယ်တိုင် ဆောင်းပါးရေးထားတာဖတ်လိုက်ရပါတယ်…
    စိတ်မကောင်းဖြစ်မိပါတယ်…
    ဆရာမောင်ဝံသ ရောဂါသက်သာပါစေ…

  • စိန်ဗိုက်ဗိုက်

    October 12, 2012 at 11:08 am

    ဖြစ်ပြီးရင် ပျက်သတဲ့
    ရှင်သန်နေသမျှ သေဆုံးနေမှာပဲ..အနိစ္စထဲမှာ အကြီးဆုံး အနိစ္စ
    ကမ္ဘာကြီးတောင် တစ်နေ ့ပျက်မှာကို
    ပုစိညှောင့်တောင့် နေရတဲ့ အချိန်လေးမှာ စားမာန်ခုတ်ကြ..သတ်ကြ.ဖြတ်ကြ ကျော်ကြ..ခွကြ
    အို..အသင်လောက ဆိတ်ပျက်စရာကြီးပါလား..
    ဘီအီးပုလင်းပိုက်ပြီး တောထွက်တာပဲ အေးချမ်းပါတယ်လေး..

  • သေမင်း လာချိန်တဲ့အချိန် လာပါစေ ..
    အားလုံးကို ခဝါချထားတဲ့ ကျုပ်အတွက်
    ပြုံးပြုံးလေးနဲ့ အသက်ထွက်သွားနိုင်ရဲ့ ….

    • ကိုခင်ခ

      October 12, 2012 at 1:16 pm

      အဲဒါပေါ့ သေတာတောင်အပြုံးလေးနဲ့ သေပန်းပွင့်တယ်ဆိုတာပေါ့
      မဟာရာဇာ အံစာတုံးရေ။ ( နောက်ချင်စိတ်လေးနဲ့ရေးမိတာပါနော်)

  • Khaing Khaing

    October 12, 2012 at 1:23 pm

    သင်လိုလူက … လူသာသေမည် နံမည်မသေ
    သူကြီးလိုလူ လူသာရှင်မည် နံမည်သေနေ …….

    အဲဒါ သူများသေခိုင်းတာမဟုတ်ဘူးနော် … သူကြီးရဲ့ ရွာသူရွာသားတွေ သူကြီးကို တချိန်လုံး ပို့စ်တွေထဲမှာ သတ်နေတာ ……..

  • MaMa

    October 12, 2012 at 1:56 pm

    ဆရာမောင်ဝံသရေးထားတဲ့ အားနာခဲ့ကြောင်း မပြောလိုသေးပါ ဆိုတဲ့ ဆောင်းပါးလေး
    ဖတ်ပြီး ဆရာ့ကို အားပေးချင်နေတာ အခုမောင်စွမ်းရည်ရဲ့စာကို ဖတ်ရတော့ ကျေနပ်သွားမိတယ်။

    မသေမီကြား၊ အမှားအလွဲ
    နည်းသသောသူ၊
    မသေမီကြား၊ အများအရေး
    ဦးစားပေးသူ။

    လေးစားပါတယ် ဆရာမောင်ဝံသ။
    လေးစားပါတယ် ဆရာမောင်စွမ်းရည်။

    ဆောင်းပါးမဖတ်ရသေးသူတွေအတွက် လင့်ခ်ထည့်ပေးလိုက်ပါတယ်။
    https://www.facebook.com/thepeoplesage

  • kai

    October 13, 2012 at 5:28 am

    သုံးကျိတ်ထဲက တယောက်

    ဆိုင်းစုမှသည်
    မန်ဟိုင်းဆီ
    ဧရာဝတီ၊ ယန်စီမြစ်ဖျား
    ငန်းရိုင်းများရဲ ့ ခရီးရှည်။

    သမိုင်းတွေက
    သမိုင်းကိုပဲ ရေးခဲ့မယ်၊
    သမိုင်းတွေက
    သမိုင်းကိုပဲ သင်ခဲ့မယ်၊
    သမိုင်းတွေက
    သမိုင်းကိုပဲ ဆုံးဖြတ်မယ်၊
    သမိုင်းတွေက
    သူရဲကောင်းတွေ မွေးဖွားတယ်။

    လူတယောက်ရဲ ့
    သမိုင်းထုပ္ပတ်၊ ဖြတ်လမ်းမရှိခဲ့ပါချေ။

    သေငယ်ဇောနဲ့
    တမ်းတမြောလွင့်
    ဖူးခွင့်မကြုံ၊ ရွှေတိဂုံကို ကျောခိုင်း၍။

    ဒီကနေ ့ မနက်
    အရှေ ့ဆီမှာ
    ဆည်းဆာ နီလွင့်ခဲ့ပြီကော။

    (အဘဗိုလ်ချုပ်ကျော်ဖော သို ့)

    မောင်လွမ်းဏီ
    ၁ဝ – ၁ဝ – ၂၀၁၂

    • သူကြီး ….
      သူရဲကောင်း သုံးယောက်နှင့် ခရီးသည် … ဆိုတဲ့
      ကဗျာလေးလည်း သင်ခဲ့၊ ဖတ်ခဲ့ဖူးတယ် ခင်ဗျ …
      ခုတော့ အစဖော်လို့ မရဘူးဖြစ်နေတယ်ဗျာ … 🙄
      တော်တော် ကောင်းတဲ့ ကဗျာလေးပဲ …

      • kai

        October 13, 2012 at 7:27 am

        သူရဲကောင်းသုံးယောက်နှင့် ခရီးသည်– ငွေတာရီ

        စုံရိပ်မြိုင်ဆွယ်၊ ကနာ္တလယ်
        အိုဘယ် ယောက်ျား-ခရီးသွား။
        ဖော်လည်း မဆွယ်၊ တကိုယ်ငယ်
        အိုဘယ် လူသား-ကြောက်ဖူးလား။
        ဤသို့မေးသော်
        ရွှင်အေးကြည်သာ၊ ပြုံးမျက်နှာဖြင့်
        “အို ဘာကိုထောက်-ကြောက်ရမလဲ
        တကွ ဖော်ညှိ၊ ‘သတ္တိ’ရှိပြီ
        ချစ်သည့် သဟာ၊ ‘ဇွဲ’ လည်းပါ၍
        မကွာ ထပ်လောင်း၊ ငယ်ကပေါင်းသည့်
        ဆွေကောင်း ‘လုံ့လ’ ၊ တူတကွတည့်
        ဘေးကတူယှဉ်၊ ပါခဲ့လျှင်သော်
        ငါ့တွင်သေချာ၊ အောင်ဖို့ရာတည့် ”တဲ့။
        ယောက်ျား ငါကိုယ်၊ မြွက်ဟ,ဆို
        ဖော်မလိုဘဲ တကိုယ်ထဲ။
        တော်ပေ့လူမော်၊ ပွဲတိုင်းကျော်
        သုံးဖော်ဆွေလဲ၊ တူယှဉ်တွဲသည်
        အောင်မြဲမုချ၊ အောင်မည်ပ။ ။
        ………………………………………….

        • ကျေးဇူးကမ္ဘာပါ သူကြီးခင်ဗျာ ..
          ဒီကဗျာလေးက အရမ်းကောင်းတယ်ဗျ ..
          ကျနော်ကြိုက်တဲ့ ကဗျာတစ်ပုဒ်ပဲ ..
          ခုတော့ သူကြီးကျေးဇူးနဲ့ ပြန်မှတ်မိသွားပြီဗျို့ ..
          သိမ်းထားလိုက်ဦးမှ …

  • maung khinmin

    October 13, 2012 at 10:11 am

    သေခြင်း ရှင်ခြင်း
    ဘယ်သင်း ဘယ်လို
    အို စာဆိုတို ့
    ငါတို ့တိုင်းပြည်
    ခေတ်မမှီ သမျှ
    နှမြောတသ
    ထွက်ခွါကြပြန်
    သူ ့မူသူ ့ဟန်
    သူ ့နိုင်ငံတွက်
    တတ်သည့်ဘက်မှ
    မင်စွက်ကလောင်
    ခေါင်းထောင်ပြန်ထ
    အားမာန်ကြွစေ
    စာပေလက်နက်
    ခံယူချက်ဖြင့်
    အသက်စွန် ့သွား
    ဘယ်လောက်များပြီ
    မရေနိုင်တော့
    သေမင်းလက်ဝယ်
    လွှဲဖယ်မရ
    ဘဝနိဂုံး
    ပြုံးလျက်သာ ။။။

  • ကြောင်ကြီး

    October 13, 2012 at 10:37 am

    သေခြင်းတရား
    ထွေခင်းကစား
    ရေမြင်းအလား
    လေညှင်းမနား
    နေမင်းဖလား
    စေထင်းအား
    ငွေသင်းစပါး
    ကွေကွင်းနား..။

Leave a Reply