“အပြာရောင်ကောင်းကင်အောက်မှ တောင်ကြီးက စွယ်တော်စေတီ-၄”

1 စွယ်တော်စေတီ အဝင်ဝ
2 တိမ်တွေမိူင်းနေတဲ့ အောက်က စေတီ
3 စွယ်တော်ကိုစောင့်တဲ့ခြင်္သေ့
4ဖြူလွလွတိမ်တောင်ထု အောက်က စွယ်တော်
4 ကောင်းကင်ပြာ ပြာ စွယ်တော်စေတီက ဝါဝါ
5 အဖြူမှာအပြာစွက်
6 ရွှေရောင်ဝင်းလဲ့စေတီနဲ့ ဖြူပြာလွင်တဲ့တောင်တန်း
7 ဖူးမဝ
8 အဖြူအမဲ လက်ဆော့ကြည့်တာပါ
9 ဒါကလဲ လက်ဆော့ချက်တစ်ခု

 

10 ပိုစတာပုံစံ ရို်က်ထားတာပါ
11 အရှေ့ဘက်က ဖူးမြင်ရတာပါ
12 တိမ်အလွင့်
13 အတွင်းကဆင်းတုတော်
14 တောင်ဘက်က မတ်ရပ်ကိုယ်တော်
15 ဖူးမျော်ကန်တော့

 

16 စေတီပေါ်က တိမ်အပြေး
17 တောင်ဘက်က ဆင်းတုတော်
18 မိုးပြန်အုံ့လာတဲ့ အချိန်လေး
19 အမှတ်တရအရောင်းဆိုင်လေး
20 ကျနော်ရဲ့လက်ဆော့ တဲ့ပုံကလေးပါ

 

“အပြာရောင်ကောင်းကင်အောက်မှ တောင်ကြီးက စွယ်တော်စေတီ-၄”

 

 

ရှမ်းကပွဲလေးကြည့်ပြီးလမ်းလျောက်ပြန်လာကြတဲ့အခါ မနက်ဆယ်နာရီကျော်ကျော်လောက်ဘဲရှိပါသေးတယ်။

အစောက ရွာနေတဲ့မိုးကလဲ တိတ်ပြီးကောင်းကင်ကြီးက ကြည်လင်ပြာလဲ့။

အောင်ပန်းသွားဘို့ကလဲ နေ့လည်တစ်နာရီမှာဆိုတော့ အချိန်တွေပိုနေသေးပါတယ်။

အဲဒါနဲ့ ဘယ်သွားရင်ကောင်းမလဲစဉ်းစားလိုက်တော့ စွယ်တော်ဘုရားက စိတ်ထဲရောက်လာပါတယ်။

ဈေးတောင်ဘက်က ကားဂိတ်ကို ကားမေးကြည့်တော့ အသွားနှစ်ထောင့်ငါးရာ။

အသွားအပြန်ဆိုရင် ဘုရားဖူးတာသိပ်မကြာရင်စောင့်ပေးမယ် အသွားအပြန်ဆိုရင်ငါးထောင်လို့ပြောပါတယ်။

ငါးထောင်မနှမျောပေမယ့် စောင့်ပေးမယ်ဆိုတာက သိပ်မကြာရင် စကားခံထားတော့ စိတ်ထဲမှာမလွတ်လပ်။

တောင်ဘက် ကားဂိတ်လေးကိုဆက်လျောက်တော့ “ကားထွက်တော့မယ် တစ်ယောက်၂၀၀” ဆိုတာနဲ့

တက်လို်က်ခဲ့ပါတယ်။

စွယ်တော်စေတီနားရောက်တော့ဆင်းပြီးရင်ပြင်ပေါ်တက်ခဲ့ပါတယ်။

ရင်ပြင်တော်ပေါ်ရောက်တော့ မဒမ်ပေါက်က  ဘုရားထဲဝင်သွားပါတယ်။

မိုးရွာထားတဲ့နေ့ဖြစ်တာ့ လူရှင်းပါတယ်။

မနက်တုံးက တောင်ခိုးတွေဝေနေခဲ့တဲ့ တောင်တန်းကြီးကလဲ ကြည်လင်စိမ်းစို။

အနောက်ဖက်ကိုလည်ပြန်ကြည့်လို်က်တော့ အပြာရောင်နောက်ခံမိုးသားကြီးရှေ့မှာ

အဖြူရောင်တိမ်လိပ်တွေက လေထဲမှာလွင့်လို့။

ရွှေရောင်တောက်နေတဲ့စေတီတော်ကို ဖူးမြင်ရတာကြည်နူးစရာ။

အဲတော့လဲ ထုံးစံအတိုင်းလက်ဆော့။

နောက်တော့မှ မဒမ်ပေါက်ရှိတဲ့ စေတီတော်ထဲဝင်လို့ မတ်ရပ်ကိုယ်တော်တွေကိုရိုက်ဖြစ်ပါတယ်။

ကဲ ဘုရားဖူးလိုက်ကြပါအုံးနော်။

 

ကိုပေါက်လမ်းသလားနေသည်

တောင်ကြီးအောက်တိုဘာ ၄

12-10-21

 

 

9 comments

  • aemoshu

    October 21, 2012 at 1:22 pm

    အားပေးသွားပါတယ်လေးပေါက်ရေ။ ၆၊ ၉၊ ၁၂ ကို တော့ အကြိုက်ဆုံးပါပဲ။

  • အမှတ်လေးဆိုတဲ့အတိုင်း
    ဒီစွယ်တော်စေတီတော်ကို လေးကြိမ်မြောက် မှတ်တမ်းတင်ခြင်းပါဘဲဗျာ

  • garuda

    October 21, 2012 at 2:56 pm

    ဆရာပေါက် အားထုတ်မှုကြောင့် ဖူးခွင့်ရတယ်။ ကျေးဇူးပါ။

  • မောင်ပေ

    October 21, 2012 at 8:23 pm

    သာဓု သာဓု သာဓု ပါဗျား
    နောင်ထပ်လဲ ဓါတ်ပုံရိုက်ချင်သောနေရာများသို ့ ထပ်မံခရီးသွားခွင့်ကြုံပါစေ

  • candle .

    October 21, 2012 at 8:45 pm

    ကြည်ညိုလိုက်တာ ကိုပေါက်ရေ..
    အင်း..ဒါလည်း သာသနာပြုခြင်းတစ်မျိုးပါဘဲနော်..
    သာဓု ပါရှင်..

  • Hnin Hnin

    October 22, 2012 at 1:27 am

    ဘုရားတွေကို သေချာတစ်ဝကြည့်ပြီးဖူးသွားပါတယ်….လေးပေါက်ရေ…
    ပြောင်းလဲမှုလေးတွေလည်း တွေ့တယ်…..ကျေးဇူးပါနော်….

    ၂၀၀၉ နှင်းနှင်းတို့သွားတုန်းက မျက်မြင်ကိုယ်တွေ့ဖူးခဲ့ရတာတောင် ဒီပုံတွေလို
    သေချာကြည့်မဖူးခဲ့ရဘူး..သင်္ကြန်တွင်းမို့ ရေပက်တော့ ရေစိုမှာစိုးလို့ ရေသန့်ဘူးကို
    ရှောင်ပြေးနေရတာနဲ့ရယ်၊ ဘုရားရင်ပြင်တော်မှာ လူတွေကလည်းများ၊ဆိုင်ကယ်တွေပါ
    တစ်ဝူးဝူးနဲ့တက်လာပြီး ပျားပန်းခတ်ဖြစ်နေတာနဲ့ရယ် …မြန်မြန်ဆန်ဆန်ကန်တော့
    ခြုံကြည့်ပြီး ပြန်ဆင်းလာခဲ့ရတာလေ…….

  • အရီးခင်လတ်

    October 22, 2012 at 3:09 am

    အဖြူအမဲ မမြင်ရတာ ကြာတော့ အဖြူအမဲ ပုံ ပြန်တွေ့ရတာ သဘောကျပါတယ်၊
    ဒါပေမဲ့ တိမ်တွေပြာနေတာကို လဲ ကြိုက်ပါတယ်။
    တောင်ကြီး မှာ စွယ်တော်စေတီ ရှိတာ မသိခဲ့တာလား။ နောက်မှ တည်တာလားမသိ။
    မဖူးဖြစ်ခဲ့ဘူး။
    ကျေးဇူးအကြီးကြီးပါဗျား။

  • ကိုလတ်ကြီးရေ
    အခုနောက်ပိုင်းမှတည်ထားတာလို့သိရပါတယ်။
    အဖြူအမဲကတော့ ထုံးစံအတိုင်း ကိုပေါက်ကလက်ဆော့ကြည့်တာ။
    အပြင်မှာလဲ တကယ့်ကိုကြည်ညိုစရာကောင်းပါ၏။

  • weiwei

    October 22, 2012 at 10:43 am

    တောင်ကြီးကို မရောက်တာတောင်ကြာပြီ … ၁ဝ နှစ်လောက်တောင်ရှိပြီထင်တာပဲ ..
    တောင်ကြီးစွယ်တော်စေတီကို အခုမှ ဖူးမြင်ဖူးလို့ ကျေးဇူးပါ ကိုပေါက်ရေ ….

Leave a Reply