Onetea Twotea

uncle gyiOctober 13, 20121min17813

0netea tw0tea

 

ဝမ်းတီးတူးတီး ဆိုပြီးအဆိုတော်မေဆွီကသီးချင်းဆို

ကိုင်ဇာကလက်ဘက်ရည်ဆိုင်သွားကြပါစို့လေဆို

အဲဒီအချိန်ကတည်းကမြန်မာနိုင်ငံမှာလက်ဘက်ရည်ဆိုင်ယဉ်ကျေးမှု

တဖြည်းဖြည်းထွန်းကားလာတာ

လက်ဘက်ရည်ဈေးကလည်းဖြေးဖြေးလေးနဲ့ငြိမ့်ငြိမ့်လေးတက်တက်လာတာ

ကုန်ကြမ်းဈေးတက်လည်းတော့သူလည်းလိုက်တက်

ကုန်ကြမ်းဈေးကျတော့သူကပြန်မဆင်းခပ်တည်တည်နဲ့

ဘယ်အစိုးရဌါနကိုမှကြောက်စရာမလို

စုူစကာဘယ်သူမှမစွပ်စွဲ

လက်ငင်းငွေချေစနစ်အကြွေးမရှိ

အလွန်ကောင်းတဲ့စီးပွါးရေးလုပ်ငန်းတခုအဖြစ်ရပ်တည်နိုင်လာပါတယ်

 

အခြားနိုင်ငံတွေမှာတော့မသိမြန်မာမှာဖြင့်မနက်မိုးလင်းလို့လက်ဘက်ရည်လေးတခွက်မှမသောက်ရရင်တခုခု

လိုနေသလိုလို စိတ်ပဲတိုချင်သလိုလို အလိုပြည့်တယ်လို့ကိုမထင်တဲ့သူတွေလူတရာမှာငါးဆယ်ကျော်ရှိမယ်

လို့ပြောရင်ကန့်ကွက်မယ့်သူရှိမယ်မထင်

ကျွန်တော်တို့လူမှုရေစီးကြောင်းအရကိုကလက်ဘက်ရည်ဆိုင်ဆိုတာမရှိမဖြစ်ဆိုသလိုဖြစ်နေတာ

အလုပ်ထဲရောက်ပြီးမကြာဖူးလက်ဘက်ရည်ဆိုင်ထိုင်ပြီးအလုပ်အကြောင်းပြောရဆိုရ

ပိုက်ဆံရှိပြီးကားပေါ်ကမဆင်းတဲ့သူလည်းလက်ဘက်ရည်ဆိုင်ထိုင်ပြီးရွှေဈေးကလေး

အိမ်မြေဈေးကလေးပြောလိုက်ရမှ

ဆိုင်ကယ်ကလေးနဲ့သွားနေတဲ့သူလည်းလက်ဘက်ရည်ဆိုင်ထိုင်ဘာလုံးပွဲအကြောင်းပြောလို်က်ရမှ

စက်ဘီးကလေးနဲ့သွားနေသူလည်းလက်ဘက်ရည်ဆိုင်ထိုင်ဆေးလိပ်ကလေးဖွာလို်က်ရမှ

နောက်ဆုံးဘာမှစီးစရာမှရှိဘစ်ကားစီးသူတွေလည်းလက်ဘက်ရည်ဆိုင်ထိုင်ကျားထိုးလိုက်ရမှ

အဲသလိုအားပေးကြလို့တလမ်းကိုလက်ဘက်ရည်ဆိုင်၃ဆိုင်၄ဆို်င်

နဲ့လက်ဘက်ရည်ဆိုင်တွေမိုးဦးကျမှိုတွေလိုဖွင့်လာလိုက်ကြတာ

စီးပါွးဖြစ်တဲ့ဆိုင်လည်းဖြစ်ပြုတ်တဲ့ဆို်င်လည်းပြုတ်နောက်ထပ်မိုးကျရွှေကိုယ်တွေကလည်းထပ်ဖွင့်ကြနဲ့

မြန်မာနိုင်ငံသူနိုင်ငံသားတွေလက်ဘက်ရည်ရေစီးကြောင်းမှာမျောပါနေကြတာ

လက်ဘက်ရည်ဆိုင်စီးပွါးရေး ရေစီးကြောင်းကြီးကလည်းအရှိန်ကောင်းကောင်းနဲ့စီးနေလိုက်တာ

အပြိုင်အဆိုင်နဲ့တကယ့်ကိုမြိုင်မြိုင်ဆို်င်ဆို်င်

လက်ဘက်ရည်ဆိုင်ရောက်လို့ဘာမှမစားရင်နေလက်ဘက်ရည်လေးတခွက်လောက်သောက်ရင်

မြို့ပေါ်ဆိုင်ဆိုအနဲဆုံးတခွက် ၂၀ဝကျပ်

အိမ်ရှင်မတွေကောအိမ်ရှင်ထီးတွေပါမကျန်လက်ဘက်ရည်တခွက် ၂၀ဝ ကျပ် ဘယ်သူမှအရေးမထား

အပြေးသောက်နေကြတာ

 

 

ကျွန်တော်တို့ငယ်စဉ်ကအိမ်နီးချင်ကလေးတယောက်ရှိတယ်

လက်ဘက်ရည်သောက်ရမယ်ဆိုထမင်းမစားပဲနေလည်းရတယ်ဆိုတဲ့အထဲက

သူ့အကိုနဲ့ကျွန်တော်တို့နဲ့က ကစားဖက်အဲဒီကလေးကလမ်းလျှောက်တတ်ကတည်းကလက်ဘက်ရည်ဆို်င်က်ို

မနက်မိုးလင်းပြီဆိုဂျိုင့်ဆွဲပြီးလက်ဘက်ရည်ဝယ်သောက်တာ နေ့လည်ဆိုတခါ ညဆိုတခါ

သူ့အိမ်ကလည်းနားအေးပြီးတာပဲဆိုပြီနေ့တိုင်းဝယ်တိုက်တာလူပျိုပေါက်လည်းဖြစ်ရော

ဗိုက်အောင့်အောင့်ပြီးဆေးခန်းသွားသွားပြရရောအစာအိမ်ဖြစ်နေပြီမြန်မာလိုဆိုလေထတာ

ပါစပ်အရသာတခုကိုအလိုလို်က်လို်က်တာ

ပါသွားပြီတသက်လုံးလေရောဂါကြီးသေရာပါ

 

အဲသလိုပါးစပ်အရသာနဲ့ရောဂါကိုလဲံပြီးမြန်မာမှာလက်ဘက်ရည်သာသောက်နေကြတာ

ကိုယ့်ကျမ်းမာရေးအတွက်အစာအဟာရကိုတော့ဘယ်သူမှဂရုမစိုက်

ပိုက်ဆံရှိသူကောမရှိသူပါနေ့တိုင်းထမင်းသာစားတယ်ဘယ်လိုအဟာရဖြစ်အောင်စားသောက်ရမယ်ဆိုတဲ့

အသိကလေးတွေကအတော်ဝေးေနေတာကိုဝမ်းနည်းဖွယ်မြင်တွေ့နေရပါတယ်

 

မြန်မာမှာဟင်ချက်ရင်ဆီမပါမပြီး

နောက်ဆုံးဘာဟင်းမှမပါလည်းထမင်းဆီစမ်းပြီးစားတဲ့လူမျိုး

လက်ဘက်ရည်တခွက်ကိုအရသာခံပြီးနေ့တိုင်သောက်နေတဲ့အိမ်တွေကိုယ်နေ့တိုင်းချက်ပြုတ်စား

တဲ့အခါပါတဲ့ဆီကိုကောင်းတယ်မကောင်းဘယ်သူမှမစစ်ဆေး

ဝယ်စားနိုင်တဲ့အခြေအနေရှိတဲ့တော်ရုံစီးပွါးရေးပြေလည်တဲ့အိမ်တွေလည်း

နှမ်းဆီသန့်ပဲဆီသန့်ကဈေးကြီးတယ်ဈေးနည်းတဲ့ဆီဝယ်သုံးမယ်ဆိုတဲ့လူတွေအများကြီးဖြစ်နေတာ

ကျမ်းမာရေးအသိမရှိတာစိတ်မကောင်းစရာ

ကြာလာတော့နိုင်ငံနဲ့ချီပြီးရောဂါတွေဖြစ်ကုန်ကြတာလုပ်နိုင်သူတွေရောဂါရတော့နိုင်ငံလည်းကုန်ထုတ်စွမ်းအား

လျော့ ရောဂါဖြစ်သူမိသားစုတွေလည်းအိမ်စီးပါွးရေးထိခိုက်

 

မြန်မာမှာဟိုးယခင်ကကိုယ့်နိုင်ငံကထွက်တဲ့ပဲဆီနှမ်းဆီမွှေးမွှေလေးတွေစားနေရာကစားအုန်းဆီဆိုတဲ့ဆီ

တွေဈေးကွက်လိုအပ်တယ်ဆိုပြီးနိုင်ငံတော်ကတင်သွင်းခွင့်ပြုရာကမြန်မာမှာစားအုန်းဆီဆိုတဲ့ဆီဈေးကွက်ကြီး

တခုဖြစ်လာပါတယ်တင်သွင်းခွင့်ကလည်းကန့်သတ်ထားတော့

တင်သွင်းသူတွေလည်းအကျိုးအမြတ်အတော်ဖြစ်ထွန်း

သွားတာမြန်မာမှာနံပါတ်ချိတ်နိုင်အောင်ပါပဲ

တင်သွင်းခွင့်ပြုစဉ်တုန်းကဘယ်လိုအရည်အသွေးမျိုးတင်သွင်းရမယ်ဆိုတာဘယ်ပြည်သူမှမသိပေမဲ့

တင်သွင်းလာတဲ့ဆီတွေအရည်အသွေးမမှီဖူးဆိုတာတော့နားလည်သူတွေပြောလို့သိခဲ့ရပါတယ်

စားအုန်းဆီတွေတင်သွင်းစဉ်ကလက်မောင်းတန်းပြီးအကျိုးအကြောင်းပြကန့်ကွက်သူတွေလည်း

ဘယ်လိုအကြောင်းကြောင့်မသိဘာမှပြောသံမကြားရ

စားအုန်းဆီစတင်ဝင်ရောက်စဉ်ကစားအုန်းဆီကောင်းပါတယ်လို့ပြောတဲ့ပညာတတ်အုပ်စုနဲ့

စားအုန်းဆီမကောင်းပါဖူးပြောတဲ့ပညာတတ်အုပ်စု ၂စုဆောင်းပါးတွေရေးလိုက်ကြတာ

နောက်ပိုင်းမကောင်းဖူးပြောတဲ့အသံတွေတိတ်သွားပါတယ်

စာရေးသူလေ့လာသလောက်စားအုန်းဆီထုတ်လုပ်မှုမှာ

ဝယ်သူဈေးပေးနိုင်တဲ့အပေါ်မူတည်ပြီးဆီကိုသန့်စင်တဲ့နေရာမှာကွာခြားသွားတာပါ

စားအုန်းဆီမကောင်းမဟုတ်ကောင်းပါတယ် ကောင်းသလားဆိုတော့မကောင်းပါဖူး

စားအုန်းဆီကောင်းပါတယ်ဆိုတာတကယ်သန့်စင်ထားတဲ့ဆီကောင်းပါတယ်

ဘယ်အထိကောင်းသလဲဆ ိုစံတွေနဲ့မှဆိုတဲ့အနောက်ကိုသွားတဲ့စားအုန်းဆီဆိုတာသပ်သပ်ရှိပါတယ်

အဲဒီဆီတွေကိုအနောက်ကစာချုပ်ထားတာအာရှကိုမရောင်းနိုင်အောင်ပါပဲ

အဲဒီဆီတွေကကောင်းပါတယ်

စားအုန်းဆီမကောင်းဖူးဆိုတာဈေးနိမ့်လုပ်ထားတဲ့ဆီတွေပါသန့်စင်မှုရာခိုင်နှုံးနည်းတာပေါ့လေ

မြန်မာကိုစားအုန်ဆီစဝင်တာနယ်စပ်ဒေသများကပါ ပုံးလေးတွေနဲ့ အဲဒီဆီများကအဆင့်တခုရှိပါတယ်

နောက်ကုပဏီတွေဖွဲ့ပြ၊ီးသွင်းကြတဲ့အခါမေဇင်ပေပါတွေသွင်းလာကြပါတယ်

အဲဒီဆီတွေလည်းအတိုင်းအတာတခုအထိကောင်းပါသေးတယ်

နောက်ပိုင်းကန်ဆီဆိုပြီးဆီတင်သဘောင်္ကြီးတွေနဲ့တင်လာပြီးရန်ကုန်ဆိပ်ကမ်းရောက်တော့ပန့်တွေနဲ့မောင်းပြီး

ဆီကန်ကြီးတွေထဲထည့်တဲ့ခေတ်ရောက်လာပါတယ်

အဲဒီအချိန်ကလည်းမေဇင်ဆီကိုမမှီသော်လည်းသူ့အထွာနဲ့သူစားလို့ဖြစ်ပါသေးတယ်

နောက်စီးပါွးရေးလုပ်ငန်းကြီးတခုကိုတဦးတည်းမုူပိုင်ပေးသွင်းလိုက်တဲ့အခါအမြတ်အစွန်းနဲလိုနဲ့တူပါတယ်

ဈေးနည်းတဲ့စားအုန်းဆီတွေသွင်းလာတာနှစ်ပေါင်းအတော်ကြာကြာမြန်မာတနိုင်ငံလုံးအဲဒီဆီတွေကိုစားလာကြပါတယ်

အရည်အသွေးထိမ်းတယ်စစ်တယ်ဆိုတာရှိမရှိတော့မသိဖူးပေါ့ဗျာ

အဲဒီအချိန်တုန်းကပညာရှင်တွေပြောချက်အရနောက်

အနှစ်၂ဝ နေရင်မြန်မာမှာနှလုံးရောဂါသမားတွေအသဲအဆီဖုံးသူတွေများလာမယ်ဆိုတာ

အခုဆေးရုံတွေမှာဘယ်လိုလူနာတွေများနေတယ်ဆိုတာကလက်တွေ့ဖြစ်ပါလိမ့်မယ်

 

အိမ်တအိမ်ဆီစားသုံးမှုပျှမ်းမျှတလ ၃ ပိသာလို့သတ်မှတ်ပါမယ်

ပဲဆီအကောင်းစားနဲ့စားအုန်းဆီဈေးကွာဟမှု ကစားအုန်းဆီတင်သွင်းဈေးပေါ်လိုက်ပြီး

၁ ပိသာ ၁၅၀ဝနဲ့၂၅၀ဝထိရှိပါမယ်

ပျှမ်းမျှ ၁ပိသာ ၂၀၀ဝကျပ်ဈေးကွာတယ်လို့အကြမ်းသတ်မှတ်နိုင်ပါမယ်

ဒါကြောင့်တလကိုပဲဆီအကောင်းစားစားသုံးတဲ့အိမ်မှာစားအုန်းဆီစားတာနဲ့

တလကိုငွေ၆၀၀ဝကျပ်ပိုကုန်ပါမယ်

ပိုကုန်တဲ့ငွေ၆၀၀ဝကိုအိမ်ရှိလူတဦးတည်းကတနေ့လက်ဘက်ရည်တခွက်လေျာ့သောက်လိုက်ရင်

အိမ်ရဲ့ကုန်ကျစရိတ်ပိုမကုန်တော့ပါဖူး

ဒါပေမဲ့ဆီကိုသာဈေးနည်း စားအုန်းဆီဝယ်စားမယ်လက်ဘက်ရည်မသောက်ပဲမနေဆိုသူတွေများနေတာ

ကျမ်းမာရေးအသိတွေနည်းနေသေးလို့ဖြစ်ပါတယ်

လူဆိုတာအသက်ရှင်ရပ်တည်ဖို့အတွက်အစာစားရပါတယ်

စားတဲ့အစာမှာဆီကအဓိကနေရာကပါဝင်ပါတယ်

ဘာဖြစ်လို့ဆိုစားတဲ့ဆီမကောင်းရင်မသန့်ရင်ဖြစ်လာနိုင်တဲ့ရောဂါတွေဆိုတာ

သိကြတဲ့အတိုင်းပထမသွေးကြောကျဉ်းမယ်

နောက်အသဲအဆီဖုံးမယ် နောက်နှလုံးသွေးကြောကျဉ်းမယ်

အသဲနဲ့နှလုံးဖြစ်ပြီဆိုကတည်းကနောက်ဆက်တွဲသွေးတိုးဆီးချိုဆိုတာကပ်ပါလာတာပါ

ဆန်မကောင်းတာစားလို့ကြမ်းချင်ကြမ်းမယ် မာချင်မာမယ်

ဘယ်သွေးကြောဘယ်အသဲကိုမှမဖျက်ဆီးပါဖူး

ဲဆီမကောင်းရင်တော့ကိုယ်တွင်းကလီစာတွေကိုဝိုင်းကြီးပတ်ပတ်ဒူဝေဝေ

လုပ်ပြီးလှည့်လည်ဖျက်ဆီးပါလိမ့်မယ်

ကျွှန်တော်နဲ့သိတဲ့ပတ်ဝန်းကျင်ကလူတွေကိုတွက်ချက်ဟောပြောပြတော့အကုန်လက်ခံပြီး

ဆီကိုပြောင်းသုံးကြတာကိုတွေ့ရပါတယ်

ဒါကြောင့်မန်းလေးဂေဇက်ပရိတ်သတ်တွေလည်းဒီနေ့ကစလို့

လက်ဘက်ရည်တခွက်လျော့သောက်ကြပြီးကိုယ်ကိုယ်တိုင်နဲ့ကိုယ့်မိသားစုကျမ်းမာရေးကို

စတင်တည်ဆောက်လိုက်ကြရအောင်လားဗျာ

ဂေဇက်အဖွဲ့သားအားလုံးအစာနဲ့ဘေးချင့်တွေးလို့ကိုယ့်တမိသားစုလုံးရဲ့

ကျန်းမာရေးတည်ဆောက်နိုင်ကြပါစေဗျာ

 

 

 

 

 

 

13 comments

  • မောင်ပေ

    October 13, 2012 at 9:55 am

    မင်္ဂလာပါ အန်ကယ်ကြီးရေ
    မောင်ပေ လုပ်တဲ့အလုပ်ထဲမှာ ဈေးရောင်းခြင်း ဆိုတာလဲ ပါပါရဲ့
    နေ့စဉ် ဈေးဝယ်များနဲ့ထိပ်တိုက်ရောင်းချခဲ့ရာမှာ
    မြန်မာလူမျိုးအများဆုံးနဲ့တွေ့ခဲ့ပါတယ်
    ကြာတော့ ဘာကိုသိလာရသလဲဆိုတော့
    မြန်မာတွေများပါတယ် ဈေးဝယ်ပြီဆိုရင် ပစ်စီးက အကောင်းစားလိုချင်တယ် ဈေးကြ သူခိုးဈေးပဲပေးချင်တယ်
    မောင်ပေ ရောင်းတဲ့ပစ်စီးက ပထမတန်းစား အကောင်းဆုံး ဆိုတာမျိုးတွေပေါ့
    ဆိုတော့က ဈေးနှုန်းမှာ ပုံမှန်ထက်တော့ နဲနဲပိုတာပေါ့
    ဝယ်နေကြသိတဲ့လူအနဲစုကတော့ ကိုယ်မှကိုယ်ပဲပေါ့
    ရံဖန်ရံခါ လာတဲ့လူများကြတော့
    ၅၀၀/၁၀၀ဝကွာရတာ ပစ်စီးမတူလို့ အသုံးခံတဲ့နေရာမှာလဲ တော်တော်လေးကွာတဲ့အကြောင်း အာပေါက်မတတ်ရှင်းပြရပါတယ်
    ကိုယ်ကသေချာရှင်းပြ ပစ်စီးကိုသေချာပြတာကို နားလည်သွားသူတွေရှိသလို
    ဈေးပိုတာကိုပဲ အပြစ်ပြောသွားသူတွေလဲရှိတာပေါ့
    အဲဒီမှာ ဘာကိုစဉ်းစားမိသလဲဆိုတော့
    ဈေးနှုန်းကွာတယ်ဆိုတာ အလွန်ဆုံးရှိ ထမင်းတစ်နှပ်ဖိုးပေါ့
    ကိုယ်ပြန်ရမှာက ထမင်းတစ်လဖိုး ဆိုတာကို သိသိနဲ့ အချောင်နှိုက်ချင်ကြတာပါါလားလို့။
    ကွန်မင့်က ပိုစ့်နဲ့သိပ်မဆိုင်တာကို ခွင့်လွှတ်ပါဗျို့
    ဈေးရောင်းရင်း စာဖတ်ရင်း ပေါ်လာတာကို မန့်ခဲ့ပါတယ်

    • ကြောင်ကြီး

      October 13, 2012 at 10:11 am

      ကျုပ်ကတော့ ပစ္စည်းအသစ်လေးဆို ကောင်းကောင်း မကောင်းကောင်း ဈေးကြီးပေး သုံးလိုက်တာပဲ၊ ကောင်းဖို့ထက် မဟောင်းဖို့က သာအရေးကြီးတယ် မဟုတ်လား ကပေရေ။ နင့်ပစ်စီးနဲ့ ငါပြောတဲ့ပစ္စည်း တူနိုင်ရိုးလား…..။ ကွိ ကွိ ကွိ :kwi:

  • Mobile

    October 13, 2012 at 11:12 am

    အန်ကယ်ကြီးရေ စကားမစပ် အရင်ဆုံးတစ်ခုလောက်မေးပါရစေဗျာ
    အန်ကြီးမှာ တူမချောချောလေး တွေဘယ်နှယောက်လောက်ရှိလဲဗျ
    အန်ကယ်ကြီးလို့ခေါ်ရတာ ပြည်စုံသွားအောင်လို့ပါ
    အခုရေးထားတဲ့ပို့ကိုတော့ သဘောတွေ့မိတယ်ဗျာ ကျန်းမာရေး စီးပွားရေးပေါ့
    အထက်ကကိုပေပြောခဲ့တဲ့အတိုင်ပဲဗျာ မြန်မာလူမျိုးတွေကလဲ အခက်သားဗျ
    ပစ္စည်းတစ်ခုရဲ့အရည်အသွေးကို အဓီကမထား ဈေးနှုန်းကိုသာ အဓီကထားတက်ကြတယ်ဗျ
    ဒါကလည်း ငွေးရေးကြေးရေးမတက်နိုင်တဲ့လူတွေများလို့လား ထင်ရပေမယ် တကယ်တက်နိုင်တဲ့လူ
    တော်တော်များကလည်း ဒီအတိုင်းပဲဗျာ ဒါ့ကြောင့် ဈေးရောင်းချင်တယ်ဆိုရင်
    သူများထက်ဈေးနှုန်းနည်းနိုင်သမျှ နည်းတဲ့ပစ္စည်းတွေတင်ရောင်း ရောင်းကောင်းတာပဲ
    ဈေးနှုန်းမြင့်တာတွေ တော်တော်များများ တင်ထားမယ်ဆိုရင်တော့ ရောင်းကောင်းခဲ့သည့်တိုင်အောင်
    ဈေးနှုန်းနည်းတာတွေလောက်တော့ ရောင်းမကောင်းနိုင်ဘူးဗျ ဒါကြောင့် စားသုံးသူများဖက်ကသာ
    ပစ္စည်းကောင်းကို တန်ရာတန်ကြေးပေးပြီး ဝယ်ယူကြမည်ဆိုပါက ရောင်းချသူများအနေနဲ့ကတော့
    ပစ္စည်းကောင်း များကိုရောင်းချပေးရန်အတွက် အသင့်ရှိနေကြမယ်လို့ထင်ပါတယ်
    လူတွေအနေနဲ့ကတော့ မိမိအပါအဝင် မပြင်ဆင်နိုင်ကြတဲ အရာတွေတော်တော်များများ
    လူတိုင်မှာရှိကြမှာပါ အမှာအမှန်စဉ်းစားလို့ တရားသဏ္ဍာန်ခွဲခြားပြီး ပြင်ဆင်တော်မူနိုင်ကြမယ်ဆိုရင်တော့
    မိမိ တစ်ဦးတစ်ယောက်မှစ၍ မိသားစု ပတ်ဝန်းကျင် နိုင်ငံနဲ့လူမျိုးဟာ တစတစ
    တိုးတက်အောင်မြင်လာလိမ့်မယ်လို့ ထင်မြင်မိပါတယ်။

  • အန်ကယ်ဂျီးရေ
    သိတာလေးဝင်ပွားရရင်
    ဆီအုန်းအပင်အသီးရဲ့
    အခွံကထွက်တဲ့ ဆီက လူစားလို့ရပါသတဲ့
    အစေ့ကထွက်တဲ့အဆီက ဆပ်ပြာချက်တာလို ကုန်ကြမ်းသုံးရပါသတဲ့
    အလွယ်လေးပါ အခု မြန်မာပြည်ကိုသွင်းတဲ့ စားအုန်းဆီတွေက
    အခွံဆီလား အစေ့ဆီလား လို့ သုတေသနလုပ်လိုက်ပေါ့
    အလွယ်လေးပါ
    ဒါပေမယ့် နှာစေးနေတဲ့ ယုန်ကလေးတွေများသထက်များလာပါတယ်

  • pazflor

    October 13, 2012 at 2:11 pm

    ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဒီဆောင်းပါးလေး သတင်းစာ(သို့) ဂျာနယ်တစ်ခုခု ကိုပို့ပေးလိုက်မယ်ဆိုရင် လူအများအတွက် စဉ်းစားစရာလေးတွေရပြီး အတွေးပွားနိုင်မည်ဟုထင်ပါတယ်ခင်ဗျ။

  • uncle gyi

    October 13, 2012 at 5:13 pm

    မောင်ပေရေမောင်ဝင်မန်းလို်က်တာတလွဲမဖြစ်ပါဖူး
    အန်ကယ်ဖြစ်စေချင်တဲ့အသ်ိကိုဆင့်ပွားပေးလိုက်တာပါပဲဒီလိုပဲဖြစ်စေချင်တာပါ

    ကိုကြောင်ရေဒီနေ့ပဲနာရေးတခုလိုက်ပို့ခဲ့တယ်ကားသမားလေ
    သိတယ်ဟုတ်ဘာရောဂါဆိုတာ
    အမျိုးထဲကတယောက်လည်းရောဂါရမှာစိုးလို့တဲ့သန့်သန့်လေးတဦးတည်းမူပိုင်တဲ့
    သူလည်းလေရှောသွားပြိီ
    သတိတော့ထားပေါ့ကွယ်
    သစ်တယ်ဆိုတို်င်းမယုံနဲ့

  • အလင်းဆက်

    October 13, 2012 at 8:33 pm

    သိပ် ရေးသင်းတဲ ့ပိုစ်ပဲ.. ဗျို ့။

    ဗယာကြော်ပါ..။
    ဆီ သန့်သန့်နဲ ့ပေါ..နော် ။
    :kwi:

  • အလင်းဆက်

    October 13, 2012 at 8:33 pm

    သိပ် ရေးသင့်တဲ ့ပိုစ်ပဲ.. ဗျို ့။

    ဗယာကြော်ပါ..။
    ဆီ သန့်သန့်နဲ ့ပေါ..နော် ။
    :kwi:

  • uncle gyi

    October 13, 2012 at 9:17 pm

    မိုဘိုင်းရေအန်ကယ်ကြီးလို့သာအပြေးခေါ်လိုက်တော့
    တူမချောရှိပ
    မောင့်စကားမြေဝယ်မကျနားထောင်စေရမယ်
    ထားရာနေစေရာသွားဆူပူရင်လည်းဘာမှပြန်မပြောစေရတာဝန်အပြည့်ယူတယ်

    အဲဒါပြောချင်တာ
    ဈေးဝယ်ကအမြဲဈေးသက်သာတာလိုချင်တာ
    ရောင်းတဲ့သူကသူ့ထက်ငါလျော့နိုင်အောင်လုပ်ကြရင်းပစ္စည်းတွေမမှန်တော့ဝယ်သူပဲနစ်နာတာ
    အချို့ရောင်းသူတွေကလည်းကိုယ်ကြိုက်ဈေးရပြီးတာတောင်ပစ္စည်းမှန်မပေးကြဖူး
    ဈေးဝယ်ကဈေးလျော့ပေးလို့ဈေးရောင်းသူကရောင်းသာအောင်လုပ်ရင်းနဲ့ဒီသံသရာလည်တာလား
    ဈေးရောင်းသူကစလို့ဈေးဝယ်တွေကဈေးပေါတဲ့ဆီဝယ်ကြရင်း
    မောင်ပေတို့ မောင်ရင်တို့ပြောသလိုကျန်တဲ့ဈေးသည်တွေကလိုက်ရောင်းကြရင်းဒီသံသရာလည်
    တာလား
    ဒီစက်ဝိုင်းကိုဘယ်လိုဖြတ်ရပ

  • kai

    October 14, 2012 at 12:40 am

    လက်ဖက်ရည်ကတော့ ကျုပ်ဆို.. ကျောင်းသားဘဝက.. တရက် ၉ခွက်ပုံမှန်သောက်ခဲ့တာ..
    ဆိုတော့..
    လူဒုက္ခပေးလားဆိုတော့.. အခုထိတော့မသေသေးဘူး.. :kwi:
    လဖက်ရည်က.. ကော်ဖီထက်တော့.. ကျမ်းမာရေးအတွက်ကောင်းတယ်တော့… သေချာပါတယ်..
    တရက်.. ၂ခွက်၃ခွက်.. ဘာမှမဖြစ်လောက်ဘူးထင်တာပါပဲ..
    ပြောရရင်.. မြန်မာပြည်ဆိုင်ကလက်ဖက်ရည်ခွက်ကလေးတွေက.. ပိစိကလေးတွေ..
    ၄-၅ခွက်တောင် ဘာမှမဖြစ်လောက်ပါဘူး..
    လောလောဆယ်.. တိုင်းပြည်ကဆင်းရဲနေတော့ကာ… လူတွေငွေအပိုမသုံးစေချင်ရင်…
    အစိုးရက.. လဖက်ရည်ဆိုင်တွေကို.. အခွန်ရာခိုင်နှုံးတိုးကောက်လိုက်ဖို့သင့်တယ်တော့..ထင်မိတယ်..။

    ဆီကတော့..
    ဗိုလ်ချုပ်အောင်ဆန်းလည်း မြန်မာတွေဆီသုံးများတယ်ပြောခဲ့ဖူးတယ်..။
    တကယ်လက်တွေ့ ..အင်ပို့စာရင်းကြည့်ရင်လည်း..ဆီက..ထိပ်တန်းရောက်နေတာမို့..
    မြန်မာဟာ..ကမ္ဘာမှာဆီအစားဆုံးလူမျိုးဖြစ်လောက်ပါတယ်..
    ဆီက..ဘာဆီဖြစ်ဖြစ်.. ကျမ်းမာရေးအတွက်..ရေရှည်မှာထိလောက်ပါတယ်..

    ကျုပ်လည်း.. တလောကကိုလက်စတော သွားစစ်တာ.. ဆီနဲ့ပါတ်သက်တဲ့ကိုလက်စတောက.. တက်နေသတဲ့..
    ဆရာဝန်က..ဆီစာတွေ လျှော့စားခိုင်းပါတယ်..
    ဆိုတော့..
    မြန်မာပြည်မှာ…ကျမ်းမာရေးစောင့်ရှောက်မှု့ မြှင့်လိုက်မှ.. လူတွေကိုယ့်ကျမ်းမာရေးနဲ့တိုင်းပြီး.. ဆီစားလျှော့လာမယ်ထင်ပါကြောင်း..
    ကြားထဲမတော့..
    စားသုံးဆီအပေါ်..အခွန်ရာခိုင်နှုံးတိုးမြှင့်ကောက်လိုက်ယုံပဲထင်ကြောင်း…

  • uncle gyi

    October 14, 2012 at 9:46 am

    ကိုပေါက်ရေ
    စားအုန်းဆီကိုအခွံတွေအသားတွေမေးနေစရာမလိုပါဖူး
    သူ့မှာဆီသန့်မှုကိုသတ်မှတ်ချက်ရှိပြိီးသားပါ
    ဂရိတ် ၁ ကနေသတ်မှတ်လိုက်တာ၁ဝအထိကိုတော့ကျွန်တော်သိပါတယ်
    ၁ ကအနောက်ကိုသွားတဲ့ဆီပါ
    အခုလောလောဆယ်မြန်မာမှာသွင်းနေတာ ကဂရိတ် ၈ ပါ
    အဲဒီ ၈ကိုပဲစားသုံးရန်မသင့်ဆိုပြီးအခုပြောတဲ့ပညာရှင်အဖွဲ့တွေကပြောနေပါတယ်
    ဟိုတုန်းကတဦးတည်းမုုူပိုင်သွင်းစဉ်ကာလကဘယ်အဆင့်သွင်းမလဲမှန်းကြည့်ပေါ့ဗျာ
    ခက်တာကရောက်လာတဲ့ဆီတွေကိုသွင်းခွင့်ပြုစဉ်ကာလကသတ်မှတ်ပေးလိုက်တဲ့
    ဂရိတ်ပြည့်မှီမမှီစစ်ဆေးတဲ့အဖွဲ့တွေကမှန်မှန်ကန်ကန်စစ်ဆေးဖို့အရေးအကြီးဆုံးပါ

    pazflor ရေ
    သတင်းစာထဲရေးဖို့တော့ပိုကြိုးစားလိုက်ပါအုန်းမယ်
    အခုတော့ကိိုယ့်အမျိုးတွေကိုအရင်တင်ပြလိုက်တာပါ

    ကိုခိုင်ရေ
    ဘာပြောပြောမသက်၄ဝကျော်လာရင်အချိုလျော့စားသင့်တာအမှန်မို့
    လက်ဘက်ရည်လည်းလျော့သောက်သင့်သပေါ့
    နောက်မို့ဆီးချိုဆိုတာကြီးကစောင့်နေတာ
    မြန်မာမှလက်ဘက်ရည်သောက်တာကကိုခိုင်သိတဲ့အတိုင်း
    ကျောက်ပန်တောင်းတို့မိုင်ကုန်တို့ဆိုတော့
    စက်ဝိုင်းဖြတ်ဖို့ကိုခိုင်ပြောသွားတဲ့နည်းလေးကကောင်းတော့ကောင်းတယ်
    မျက်စိစပ်တယ်
    ဆိုလိုတာကဝိုင်းပြီးမေတ္တပို့ကြမှာဗျ

  • padonmar

    October 28, 2012 at 12:36 am

    uncle gyi
    လက်ဖက်ရည်က ဟို ကော်ဖီဆိုင်တွေထက်တော့ ဈေးသက်သာသေးတာ အမှန်ပဲ။
    တစ်ခွက် (ရန်ကုန်မှာတော့ ၂၅၀-၃၀ဝ ) ကုန်ရင် စကားဝိုင်းတစ်ခု အပေးအယူတစ်ခု လုပ်လို့ရတော့ တော်တော်နဲ့တော့ ပျောက်မယ်မထင်ဘူး။
    စားအုန်းဆီ ရဲ့ Cloud Point ခေါ်မယ်ထင်ပါတယ်။
    တစ်ချိန်ကတော့ Cloud point နိမ့်တဲ့ ပိုကြည် ပိုကောင်းတဲ့ဆီ သွင်းမိရင် မဟာ ကပ်စတန်များက ရစ်ပါတယ်။
    မျှတတဲ့ ယှဉ်ပြိုင်မှုမပေးခဲ့တဲ့ မဝေးသေးသော ကာလကပါ။
    အခုထိလည်း ………….

  • uncle gyi

    October 31, 2012 at 10:49 pm

    ဟုတ်ပါတယ်ပဒုမ္မာရေ
    စားအုန်းဆီရဲ့သတ်မှတ်ချက်ကိုCloud pointလို့ခေါ်ကြပါတယ်
    ကျွန်တော်အရေးမှားသွားတာပါ
    ကျွန်တော်ဆိုလိုတာကလက်ဘက်ရည်ဆိုင်စကားဝိုင်းကို
    ပျောက်စေချင်တာမဟုတ်ပါဖူး
    လက်ဘက်ရည်တခွက်လျော့သောက်ပြီးမီးဖိုချောင်စရိတ်အပိုမကုန်ပဲ
    အိမ်ရဲ့ကျမ်းမာရေးကိုမြှင့်တင်လို့ရကြောင်ပါ
    ကပ်စတန်မျာကတော့သိတဲ့အတိုင်း
    ကုန်းလမ်းမှာလည်းကားအစီးလိုက်မှောင်ခိုချရင်
    ဘာမှမရှာပဲလမ်းဆုံးကိုမြန်မြန်ရောက်ပါတယ်
    ဂျူတီနဲ့ဆိုပြီးတင်းတင်းမောင်းတဲ့ကားသမားတော့သေပြီသာမှတ်
    တကားလုံးချရှာပလိုက်တာပေးအလုပ်သမားခ
    ပျက်လိုက်တဲ့ကုန်ဖိုးလျော်ပေတော့ကုန်သည်ကို
    နောက်ဆုံးဘယ်ကားသမားမှမမာရဲပဲ
    သူတို့ကိုပေးလို့ရအောင်မှောင်ခိုတင်ကြမှအဆင်ချောတော့တာကိုး

Leave a Reply