တစ်ရွှေ့ရွှေ့ ရွှေ့လျှားနေတဲ့တိမ်

တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းငယ်

မာနပြင်းပြင်းနဲ့ စီးကျလာတဲ့ ရေတံခွန်တွေကြားမှာ

စီးမျောရင်း ငါ့ရဲ့စိတ်ကလေးကိုရွှက်လွှင့်လို့

အချစ်ဆိုတဲ့အက္ခရာကို ငါနားလည်အောင်ကြိုးစားနေမိတယ်ချစ်သူရယ်

ငါကဘဲညံ့လို့လား အချစ်ကိုနားမလည်လို့လားတော့မသိ

မျောချင်တိုင်းမျောနေခဲ့မိတာ အခုဆိုငါ့ဘေးမှာသောကတွေပေါလို့နေခဲ့ပြီလေ

ချစ်သူရယ် ငါသိပ်ချစ်တယ်ဆိုတာကို မင်းလေးတစ်ယောက်သိရင်လေ

ရိုးသားစွာငါပြောခဲ့ချင်ပါတယ် ပြောချင်တာလေးက……………

သူ့အချစ် သူ့အမုန်း သူ့အပြုံးအောက်မှာ

ငါလေချစ်တာသူ့တစ်ယောက်ထဲ

နေရောင်လရောင် ကြယ်ရောင်အောက်မှာ

ငါ့နှလုံးသား ဒူးထောက်စွာ ကျဆုံးနေဆဲပါကွယ်………..

ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..