***တစ္ဆေအိပ်မက်များနှင့်…***

 

 

 

အသက်ရှင်ခြင်းမှာ  လာကပ်ငြိတဲ့
ဒဏ်ရာက  ကိုယ်ရောင်ဖျောက် တိတ်တဆိတ်
နှစ်အစိတ် ကျော်   အိပ်မောကျ
မျက်လှည့်ပြသလို  မယုံကြည်နိုင်ခြင်းတွေ ကို …
ယုံကြည်လက်ခံခဲ့ရပေါ့ …၊

ခုမှ ထက ရက်လေရော့သလား
ဇာတ်ဆရာ အလိုအတိုင်း   မျက်ရည်ဝိုင်းဝိုင်းလည်
ဘုရားသခင် ရဲ့ ကယ်တင်ခြင်းတပ်ဦးမှာ
ငါ .. ရူးသွားဖို့  ဆုတောင်းမိ ..၊

ဘာမသိ ညာမသိနဲ့  ….
အရှိတရားကို လက်မခံချင်ခဲ့
ဟိုလူ့ ပြ  ဒီလူ့ ပြ  သံသယနဲ့  ငါလေ
ကြေငြာ မကမ်းပါနှင့်
အသင့်အနေအထား မရောက်သေး
ဒဏ်ရာကို ပိုးလိုမွေးထားမိမှန်း ကြောင်အမ်းအမ်း ဖြစ်လို့ 
ငါ့မှာ  နက်ဖြန်တိုင်း  ကို အရှုံးပေးရတော့မလို ….
ခန္ဓာအိုဟောင်း မှာ ယင်တလောင်းနဲ့  ကောင်ပါ …၊

ဘယ်က မောင်းမောင်း   ညာကမောင်းမောင်း
ဇရာတံတား ကို ကပ်ပါးကောင်တွေ တင်လို့  ….
အနာတွေက  ရင်ဘတ်အပြည့် …..
သေမယ့်နေ့ ဆီ   အရောက်  တောက်လျှောက်ပါပဲကွယ်
ဘယ်မလဲ …. သေမင်း
မောင်ချောနွယ် ရဲ့ သေခြင်း ….
ရထားတစ်စီး ကတစ်စီး ပြောင်းစီးသလိုတဲ့
လေယာဉ်တစ်စီး ကတစ်စီး ပြောင်းစီးသလိုတဲ့ ….
ခရီးဆိုတာ   အပိုပစ္စည်း သယ်ယူခွင့်မရှိ ဗလာအတိပြီးလို့ 
ယုံကြည်မှု နဲ့   နောက်အိမ်အသစ်မှာ ….
လူဖြစ်ခွင့် ရချင်သေးရဲ့ ….၊

ကိုချောနွယ် စောင့်နေပါ
ကြည်အေး စောင့်နေပါ
မောင်ခိုင်မာ စောင့်နေပါ
သျှပ်မှုးကျော် လဲ စောင့်နေပါ ….
ကျွန်တော် အရောက်လာခဲ့ မပေါ့
အဲဒီ ရထားကြီးပေါ်မှာ …..
အနော်မာ တစ်ဘက်ကမ်းကို မျှော်မှန်းလို့ 
ကဗျာမျိုးစေ့တွေ  ရဲရဲပျိုး ….
ကျွန်တော် …………..
အိပ်မက်ဆိုးက လန့် နိုးပါရစေ
အိပ်မက်ဆိုးက လန့် နိုးပါရစေ
အိပ်မက်ဆိုးက  လန့် နိုးပါရစေတော့ …။။

မောင်ခင်မင်(ကျွန်းချောင်း)

၁၂.၁၀.၂၀၁၂

About maung khinmin

maung khinmin has written 85 post in this Website..