***တစ္ဆေအိပ်မက်များနှင့်***

maung khinminOctober 13, 20121min833

***တစ္ဆေအိပ်မက်များနှင့်…***

 

 

 

အသက်ရှင်ခြင်းမှာ  လာကပ်ငြိတဲ့
ဒဏ်ရာက  ကိုယ်ရောင်ဖျောက် တိတ်တဆိတ်
နှစ်အစိတ် ကျော်   အိပ်မောကျ
မျက်လှည့်ပြသလို  မယုံကြည်နိုင်ခြင်းတွေ ကို …
ယုံကြည်လက်ခံခဲ့ရပေါ့ …၊

ခုမှ ထက ရက်လေရော့သလား
ဇာတ်ဆရာ အလိုအတိုင်း   မျက်ရည်ဝိုင်းဝိုင်းလည်
ဘုရားသခင် ရဲ့ ကယ်တင်ခြင်းတပ်ဦးမှာ
ငါ .. ရူးသွားဖို ့ ဆုတောင်းမိ ..၊

ဘာမသိ ညာမသိနဲ ့ ….
အရှိတရားကို လက်မခံချင်ခဲ့
ဟိုလူ ့ပြ  ဒီလူ ့ပြ  သံသယနဲ ့ ငါလေ
ကြေငြာ မကမ်းပါနှင့်
အသင့်အနေအထား မရောက်သေး
ဒဏ်ရာကို ပိုးလိုမွေးထားမိမှန်း ကြောင်အမ်းအမ်း ဖြစ်လို ့
ငါ့မှာ  နက်ဖြန်တိုင်း  ကို အရှုံးပေးရတော့မလို ….
ခန္ဓာအိုဟောင်း မှာ ယင်တလောင်းနဲ ့ ကောင်ပါ …၊

ဘယ်က မောင်းမောင်း   ညာကမောင်းမောင်း
ဇရာတံတား ကို ကပ်ပါးကောင်တွေ တင်လို ့ ….
အနာတွေက  ရင်ဘတ်အပြည့် …..
သေမယ့်နေ ့ဆီ   အရောက်  တောက်လျှောက်ပါပဲကွယ်
ဘယ်မလဲ …. သေမင်း
မောင်ချောနွယ် ရဲ့ သေခြင်း ….
ရထားတစ်စီး ကတစ်စီး ပြောင်းစီးသလိုတဲ့
လေယာဉ်တစ်စီး ကတစ်စီး ပြောင်းစီးသလိုတဲ့ ….
ခရီးဆိုတာ   အပိုပစ္စည်း သယ်ယူခွင့်မရှိ ဗလာအတိပြီးလို ့
ယုံကြည်မှု နဲ ့  နောက်အိမ်အသစ်မှာ ….
လူဖြစ်ခွင့် ရချင်သေးရဲ့ ….၊

ကိုချောနွယ် စောင့်နေပါ
ကြည်အေး စောင့်နေပါ
မောင်ခိုင်မာ စောင့်နေပါ
သျှပ်မှုးကျော် လဲ စောင့်နေပါ ….
ကျွန်တော် အရောက်လာခဲ့ မပေါ့
အဲဒီ ရထားကြီးပေါ်မှာ …..
အနော်မာ တစ်ဘက်ကမ်းကို မျှော်မှန်းလို ့
ကဗျာမျိုးစေ့တွေ  ရဲရဲပျိုး ….
ကျွန်တော် …………..
အိပ်မက်ဆိုးက လန် ့နိုးပါရစေ
အိပ်မက်ဆိုးက လန် ့နိုးပါရစေ
အိပ်မက်ဆိုးက  လန် ့နိုးပါရစေတော့ …။။

မောင်ခင်မင်(ကျွန်းချောင်း)

၁၂.၁၀.၂၀၁၂

3 comments

  • Mobile

    October 13, 2012 at 10:28 am

    !ဪခေါင်းစဉ်ကိုဖတ်ကြည့်မိတော့ ဝတ္ထုတိုများလားဆိုပြီး စိတ်ဝင်စားသွားပါတယ်
    ဒါပေမယ့်ကဗျာတစ်ပုဒ်ဖြစ်နေပါရော့လား အမှန်အတိုင်းဝန်ခံရမယ်ဆိုရင်
    ကဗျာအဖွဲ့အနွဲ့ အသုံးအနှုံးများ ရေးသားထားမှုကိုမနှစ်သက်ဘူးဗျ။
    ဒါကဘေးကနေဝေဖန်တာပါ ကိုယ့်အကြိုတ်နဲ့မကိုက်လို့လည်းနေချင်နေပါလိမ့်မယ်
    ဒီထက်ကောင်းမွန်တဲ့ စာတွေရေးသားနိုင်စေဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

  • မောင်ပေ

    October 13, 2012 at 1:06 pm

    ကိုထူးအိမ်သင်ကတော့ “ တစ္ဆေအနမ်း ” လို ့ဆိုခဲ့တာကို နားထောင်ခဲ့တယ်
    အခု ဆြာခင် က “ တစ္ဆေအိပ်မက်များ ” ကို ဖတ်ရတယ်

  • ကြည်အေး စောင့်နေပါ……………..
    ညကြီးမင်းကြီး ထပြီးထိုင်နေတဲ့ ကြည်အေးဆိုရင်တော့ အမေရိက ကစောင့်နေလိမ့်မယ်

Leave a Reply