စိမ်းစိမ်းစိုစို………………………….တောင်ကြီးမြို့ကမြင်ကွင်းများ

1စိမ်းနေတဲ့နွယ်တွေနဲ့ အလှဆင်
2 စိမ်းရောင်စို ဆိုတာ ဒါမျိုးနေမှာနော်

 

3 တွဲရရွဲ………………ကျဆင်း
4 စိမ်းညို့သော တောအုပ်ကလေးကနေချောင်းအကြည့်
5 စိမ်းစိုလွင်လွင်
6 အစိမ်းစိုစို……………………ကြည်လင်ပေသကို
7 သိပ်မကွဲပြားပေမယ် သေချာကြည့်ရင် မတူဘူးလေ
8 အစိမ်းရောင်ကို ကြည့်မဝလက်ဆော့မဝ
9 စိမ်းဝါနှော…………………..
10 အစိမ်းရောင်တောင်ထွဋ်
12 စိမ်းလန်းသောလမ်းကလေး
13 စိမ်းမြသော သစ်တောနဲ့ပြာလွင်သော တောင်တန်း
14 အစိမ်းရောင်များကို ကျော်လွန်၍
15 ကျနော်စိတ်ကို ညွတ်နူးစေသော ပုံကလေးပါ

 

“စိမ်းစိမ်းစိုစို တောင်ကြီးမြိုတစ်ခွင်”

 

 

ခါတိုင်းတောင်ကြီးကို ညကားနဲ့သွားတော့ မနက်မိုးတိုးမှောင်တောင်မှာရောက်လေ့ရှိပါတယ်။

အဲတော့လမ်းက စိမ်းစိုတဲ့မြင်ကွင်းတွေကို မမြင်ဘူးတာများပါတယ်။

ဒီတစ်ခေါက်လမ်းမှာကားဘီးပေါက်တော့ တောင်ကြီးအတက်လမ်းရဲ့စိမ်းလန်းပုံတွေမြင်ရပါတယ်။

ရေတံခွန်ကိုလဲတွေ့ခဲ့ရသပေါ့။

အဲဒါနဲ့နောက်နေ့ မှာတော့ စိမ်းမြစိုလွင်နေတဲ့တောင်ကြီးမြင်ကွင်းလေးတွေကို လက်ဆော့ခဲ့သမျှပို့ပေးလိုက်ပါတယ်၊။

 

ကိုပေါက်လမ်းသလားနေသည်

တောင်ကြီးအောက်တိုဘာ 5

13-10-2012

 

 

8 comments

  • Hnin Hnin

    October 22, 2012 at 3:10 pm

    နွယ်တွေကျနေတာ လှလိုက်တာနော်…စိမ်းစိုပြီးတော့ လူကို လန်းဆန်းသွားတာပဲ…..
    အစိမ်းရောင် တောင်ထွဋ်မှာ နေကွက်လေးကျနေတာလည်း လှပါ့…..

    ပုံ ၁၂ က ဘယ်နားလည်းမသိနော်..ကိုပေါက်..မြို့ထဲကားလမ်းနဲ့ဆိုတော့ တိုက်ပေါ်
    တက်ရိုက်ထားတာလား၊ တောင်ကုန်းပေါ်ကလား…သစ်ပင်ပေါ်တော့ တက်မရိုက်
    နဲ့နော်…သတိ…သစ်ပင်ပေါ်တက်ရင် ဟိုအကောင်ဆို ပြုတ်ကျမှာ မဟုတ်ဘူး….
    ကိုပေါက်ဆို ပြုတ်ကျမှာ.. 😛

    • မယ်နှင်းရေ
      အဲဒီပုံလေးက စွယ်တော်စေတီပေါ်ကနေ အောက်က လမ်းကလေးကို ရိုက်ထားတာပါ။
      စိတ်ချ ကိုပေါက်ကလဲ သစ်ပင်တက်ရဲပါဘူး။
      တိုက်ခေါင်မိုးအစွန်တို့ ဝရန်တာအစွန်တို့လောက်သာ တက်ရဲတာအေ့။

      • Hnin Hnin

        October 23, 2012 at 4:05 pm

        ဒါကြောင့် အဲဒီနေရာလေးကို ရင်းနှီးသလို ခံစားနေရခဲ့ရတာ..
        အဖြေကလည်း မပေါ်နိုင်တာနဲ့ လေးပေါက် လှမ်းထောက်ရတာ…..
        အဲဒီနေရာလေးက နှင်းနှင်းနဲ့ မမေ့နိုင်စရာ တောင်ကြီးသားလေးနဲ့
        အဖြစ်အပျက်လေး အစပျိုးခဲ့တဲ့ နေရာလေးပါ…..

        ပြောရင်းနဲ့တောင် လွမ်းလာပြီ……..ဇာတ်လမ်းလေးက ဒီလို….
        အဲ့နေရာလေးမှာ ရပ်ထားတဲ့ ဘုရားဖူးကားပေါ်ကို ရေစိုမှာစိုးလို့
        အလုအယက် ပြေးတက်ကာမှ ကောင်လေးတစ်ယောက် အပြေးအလွှား
        လေးရောက်လာပြီး ရေလာလောင်းတာပါ…ရေလောင်းတဲ့ပုံလေးကလည်း
        ခုထိမမေ့နိုင်စရာပါ…. ရေပုံးလိုက် ခေါင်းပေါ်လောင်းချသွားတာပါ..ဟီး..
        တစ်ကယ်တော့ ဘေးနားက အပြေးအလွှားဖြတ်သွားတဲ့ကားပေါ်က
        ကောင်လေးက လှမ်းပက်ချလိုက်လို့ ‘ကေပျက်၊အနေခက်’ ဖြစ်သွားရတဲ့
        နေရာဗျ.. :mrgreen: …ဒါက ‘a girl thing’ လေ..ဟိ..သိတယ်မလား…
        အဲ့ချိန်တုန်းက ဖြစ်သွားမယ့် ရုပ်ကြီးကိုသာမှန်းကြည့်.. 😀 ဪ..ညီအစ်မ
        အပျိုတစ်သိုက်မှာ ကိုယ့်ပဲကွက်ပြီး ရေသန့်ဘူး မိလိုက်၊ ရေမသန့်ပုံး မိလိုက်နဲ့
        ဆိုတော့ တောင်ကြီးသားတွေကို ဘဝင်ခိုက်စရာ အတော်ဖြစ်သွားခဲ့ရပါတယ်… ‘အသားချူချူ၊တောင်ကြီးသူ’ နဲ့တူလို့လည်း ထင်ပါ့…. :mrgreen:

        • ပင်စိမ်းသီးပိုးထိုးတဲ့ကောင်တွေနဲ့ နှင်းနှင်းဆုံလိုက်ရတာပေါ့

  • we R one

    October 22, 2012 at 6:04 pm

    ရှမ်းပြည်ဘက်ကို အရမ်းသွားချင်နေပါတယ် ရှိုမှာ ဒီပို့စ်ကို ဝင်ဖတ်ဖြစ်အောင် ဖတ်လိုက်တေးတယ်…။ ဓါတ်ပုံတွေ အတွက် ကျေးဇူးပါ ရှင့်

  • မောင်ပေ

    October 22, 2012 at 8:08 pm

    တောင်ကြီးသူမ ရအောင်ပိုးခဲ့လားဗျို ့..
    ဟီဟိ
    လောလောဆယ်တော့ စိမ်းစိမ်းနဲ ့တွေ ့ဆုံခြင်းပေါ့

Leave a Reply