ပြာပြာလွင်လွင် တောင်ကြီးတစ်ခွင်

1 တောင်တန်းပေါ်က ပြာလွင်နေတဲ့တိမ်
2 မြို့ပေါ်ကို စီးမိုးနေတဲ့တိမ် အပြာနုနုနဲ့ မိုးတိမ်ညိုညို
3 မြို့အပြင်ဘက်က အပြာရောင် မြင်ကွင်း
4 သစ်ပင်ကြားမှ အပြာလွင်လွင်
5 တောင်ကြီးမြို့အဆင်းလမ်းမှာသာယာပြာလွင်သော
6 ဆင်တူပေမယ့် မတူတဲ့တိမ်
7 ပြာလွင်သောကောင်းကင်နဲ့ရေကန်သာ
8ပြာလွင်သောတိမ်နဲ့မီးခိုး တန်းများ
9 ပြာလွင် ဖြူလွင်
10 အဆင်းလမ်းက နေမျှော်ကြည့်လိုက်တဲ့မြင်ကွင်း

 

11 ခပ်ဆင်ဆင်လေးပါဘဲ တိမ်အနေအထားဘဲကွဲမယ်
12 တိမ်အနေအထားနည်းနည်းလေးပြောင်းတာကိုစောင့်ရိုက်လာတာပါ
13 စိတ်တွေလွင့်ထွက်သွားအောင်ကို လှနိုင်ပါပေတယ်
14မိုးတွေညိုနေပေမယ့်အောက်ခြေကတော့အပြာလွင်လွင်

 

15 လွမ်းသလိုလို
16 လွင်ပြင်ကျယ်နဲ့ကောင်းကင်ပြာ
17 တောင်ပေါ်က ပြာလွင်သောတိမ်
18 ပြာလွင်လွင်ဝေဟင်ထဲ

 

19 တိမ်တောင်ဖြူလွ ပြာလွင်လွင် ဆေးရောင်သွင်းထားသလို
20 တိမ်တောင်ပြာနု

 

“ပြာပြာလွင်လွင်တောင်ကြီးတစ်ခွင်”

 

 

တောင်ကြီးဈေးအနောက်ဖက်နားကနေပြီး အေးသာယာဘက်ကို  မြို့ပါတ်ကားနဲ့ထွက်ခဲ့ပါတယ်။.

ကားထဲကနေထိုင်ရင်းခေါင်းထွက်လို့ အဆင်းလမ်းကို တကြည့်ကြည့်နဲ့ပေါ့။

ဓါတ်ပုံရိုက်ဘို့ဘယ်နေရာကောင်းလဲလို့ရွေးရင်းပေါ့။

တောင်အဆင်းလမ်းတနေရာမှာရေတံခွန်အသေးလေးတွေ့ပေမယ့် မဆင်းမိ။

ကိုယ်တကယ်သွားချင်တဲ့နေရာက ရေတံခွန်အကြီးနှစ်ခုနဲ့နီးတဲ့နေရာကိုပါ။

အဲဒီကိုသွားမယ်ဆိုရင် စိုက်ပျုးိရေးခြံနားကို ဆင်းမှ တောင်တက်လမ်းကို ပြန်တက်လို့ရမှာပါ။

လမ်းမှာရိုက်ဘို့ကောင်းတဲ့နေရာလေးကိုစိတ်နဲ့မှတ်။

စိုက်ပျုးိရေးခြံနားကိုရောက်တော့ ကားကဆင်း။

လမ်းမှာရိုက်ဘို့တေးထားခဲ့တဲ့နေရာကို ပြန်သွားပါတယ်။

အဆင်းလမ်းကိုပြန်တက်သပေါ့။

အဲဒီလမ်းမှာ ပြာလွင်နေတဲ့ကောင်းကင်ကြီးနဲ့ ညို့မိူင်းတဲ့တောင်များရဲ့နောက်ခံပန်းချီကားတွေကိုအရအမိရိုက်ပြီး

ပြန်ဆင်းလာခဲ့ပါတယ်။

 

နောက်နေ့ နေ့လည်ခင်းတည်းခိုခန်းခေါင်မိုးကိုတက်အကြည့် တိမ်ညိုနဲ့တိမ်ပြာရောယှက်လို့

တောင်ကြီးမြို့ကြီးကို လွမ်းခြံထားတာကိုတွေ့ရပါတယ်။

နောက်စွယ်တော်စေတီရောက်ပြန်တော့လဲ ပြာလွင်တဲ့ကောင်းကင်ကိုတွေ့ရ။

ကျနော်မရောက်ခင်ရက်က တောင်ကြိးမှာမိုးမပြတ်ဘူးလို့သိရပါတယ်။

ကံကောင်းတော့ မိုးတွင်းမှာ ပြာလွင်တဲ့ကောင်းကင်အောက်က တောင်ကြီးမြို့ကို မြင်ခွင့်ရခဲ့ပါတယ်.

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှ အလှတရားများ

(23-10-2012)

 

 

6 comments

  • Khaing Khaing

    October 23, 2012 at 10:13 am

    လွတ်လပ်တဲ့သူတွေကျတော့ မြန်မာပြည်ရဲ့အလှတရားတွေကို ခံစားနေကြတာ အားကျလိုက်တာ ……

  • စိန်ဗိုက်ဗိုက်

    October 23, 2012 at 11:18 am

    အိမ်း..
    ဂလို မြင်ဂွင်းတွေ မမြင်ရတာ နှစ်ငါးဆယ်တိုင်ခဲ့ပြီ
    တစ်ကြိမ်မတော့ မစ္စပြုတ်မလေးနဲ ့ တောပတ်တောင်ပတ် ဟန်းနမွန်းထွက်ဖြစ်ဦးမှာပါလေ..

  • kyeemite

    October 23, 2012 at 11:48 am

    တောင်ကြီးရောက် လျှောင်ကီးပေါက် ခင်ဗျား…
    ဓါတ်ပုံတွေတွေ့တိုင်း မျက်ရည်ဝိုင်းနေရပါတယ်(ခရီးသွားချင်လို့)
    အားပေးလျှက်ပါ ဆရောက်ပါ….
    :hee:

  • Ma Ei

    October 23, 2012 at 3:38 pm

    တောင်ကြီးတစ်ခေါက်ပြန်လို့
    တိမ်ကြည့်ခရီး ထွက်ချင်လိုက်တာနော်…

  • လောလောဆယ် ကံကောင်းနေသေးလို့လျောက်သွားခွင့်ရနေတာ။
    ဒီပိုစ်နံမယ်ပေးတာတောင်မှားသွားတယ်
    မိူင်းညို့ညိုလို့ပေးရမှာ ပြန်ကြည့်တော့ တိမ်တွေက မိူင်းနေတယ်

  • Hnin Hnin

    October 23, 2012 at 4:49 pm

    ‘တောင်ကြီးမြို့နဲ့ တိမ်မြင့်မြင့်’ လည်း ပါသနော်….
    ပြာလွင်လွင်ပဲဖြစ်ဖြစ်၊မှိုင်းညို့ညို့ပဲဖြစ်ဖြစ် အကုန်ကြည့်ပါတယ်ဗျို့….

Leave a Reply