အကြမ်းဖက် တာလီဘန်ကုလားများ မြန်မာနိုင်ငံအတွင်းသို့ ဖောက်ခွဲရေးလက်နက်များနှင့်အတူ ဝင်ရောက်နေကြောင်း၊ ၎င်းတို့အင်အားမှာ ရာဂဏန်းမှ ထောင်ဂဏန်းသို့ ရောက်ရှိနေကြောင်း အမည်မဖော်လိုသူ အစိုးရအရာရှိ တဦးမှထုတ်ဖော် ပြောကြားသည်။ ဆက်လက်ပြောကြားရာတွင် ထိုတာလီဘန် ဘင်္ဂဂါလီကုလားများအား အရှေ့အလယ်ပိုင်း နိုင်ငံများမှ ငွေကြေး လက်နက် သင်တန်းများ ပေးလျက်ရှိကြောင်းနှင့် ယနေ့ဖြစ်နေသော မြန်မာပြည်မြောက်ပိုင်း စစ်ပွဲများတွင်း ၎င်းတို့က မြန်မာစစ်တပ်၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ဟန်ဆောင်ကာ နှစ်ဖက်ပဋိပက္ခကြီးထွားအောင် လုပ်ဆောင်နေကြသည်။ လတ်တလော ဖြစ်ပွားခဲ့သော ရန်ကုန် မန္တလေးမြို့ လုယက်လူသတ် မုဒိမ်းကျင့် အကြမ်းဖက်မှုများနှင့် မြိတ်မြို့တွင် လွန်ခဲ့သော နှစ်ညက ဖြစ်ပွားခဲ့သည် လူငယ်အချို့ဆိုသူ၏ ညဖက် ရပ်နားထားသည် မော်တော်ကားများအား ခဲပေါက်မှန်ခွဲမှုများ၏ လက်သည်တရားခံမှာ ထိုဘင်္ဂါလီ တာလီဘန်များဖြစ်ကြောင်း သက်သေအထောက်အထား ခိုင်လုံစွာရရှိထားပြီဆိုသည်။ ထို့ပြင်မက ၁၉၈၃ခုနှစ် အာဇာနည်ကုန်း ဗုံးဖောက်ခွဲမှုကို နောက်ကွယ်ကြိုးကိုင် ကြံစည်ခဲ့သူမှာ ၎င်းတာလီဘန်များဖြစ်ကြောင်းနှင့် မြန်မာ – မြောက်ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေး ပျက်ပြားစေရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်ရသည်။ ၂၀၀၃ခုနှစ် ဒီပဲယင်း လူသတ်ပွဲတွင်လင်း တာလီဘန် ဘင်္ဂါလီများသည် ရခိုင်ပြည်မှ စစ်ကိုင်းတိုင်းသို ဝင်ရောက်လာပြီး ဒေါ်စုယာဉ်တန်းအား လုပ်ကြံတိုက်ခိုက်ကာ ရန်ကုန်လေဆိပ်မှတဆင့် အရှေ့အလယ်ပိုင်းသို့ ထွက်ခွာသွားသည်မှာ မှန်ကန်ကြောင်း မှတ်တမ်းများအရ သိရှိရသည်။

တာလီဘန်တဦး မောင်တောမြို့ တနေရာတွင် စစ်ရေးပြစဉ်

ထို့ကြောင့် မြန်မာပြည်တွင်း နေထိုင်သူအပေါင်းအနေဖြင့် တာလီဘန်များ ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် အစိုးရမှ အရေးယူပေးရန်နှင့် စိမ့်ဝင်လာသော တာလီဘန်များအား ဖော်ထုတ်ရှင်းလင်းရန် အထူးလိုအပ်နေပါကြောင်း အသိပေးတင်ပြပါသည်။
မှတ်ချက်။ သမဒရုံးမေ့ဗွတ်မှတဆင့် ကူးယူဖော်ပြသည်။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 646 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး