Welcome Home အဘဖော နှင့် အမျိုးသားများ၏ ကျန်းမာရေး (သတင်း)

မြစပဲရိုးOctober 13, 20121min21128

ဟိဟိ။
စိတ်ဝင်စားကြပါသလား။
တူး အင် ဝမ်း လုပ်ထားပါ။

ကျွန်မတို့ ရဲ့ ရွာသားကြီး အဘဖော တစ်ယောက် တစ်လနီးပါး ရွာကနေ ပေါ်တာဆွဲ ခံလိုက်ရတာ ဒီနေ့ဆို အိမ်ပြန်ရောက် ရောပေါ့။
ဒီတော့ ရွာကိုပြန်ရောက်လာတော့မဲ့ သူ့ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပေးပါတယ်။
မျက်နှာလိုက် တယ်လို့ လဲ မထင်ကြပါနဲ့။
သူခရီး မထွက်ခင် ဘယ်နေ့သွားပြီး ဘယ်နေ့ပြန်ရောက်မယ် ဆိုတာ တရားဝင် ကြေညာပြီး အသိပေး နှုတ်ဆက် ခဲ့တာမို့ ပြန်ရက် မှာ ကြိုဆို ပေးခြင်းပါ။

ပေါ်တာဆွဲခံ ရတဲ့ ရက်ပိုင်းတွေမှာ Gucci တွေ၊ Prada တွေ ကြားမှာ စိတ်ရောဂါ ရလာနိုင်တာ မို့ Facebook ထဲမှာ တွေ့ခဲ့တဲ့ အမျိုးသားများ ကျန်းမာရေး အတွက် အကြံပေး စာလေး ကို တင်ပေးလိုက်ပါတယ်။
ကျန်သော ပုရိသ အနွယ်ဝင် သူတော်စင် များ လဲ လိုက်နာကျင့်သုံးနိုင်ပါသည် ဗျား။
ဤကဲ့သို့ ကောင်းသော အကြံပြု ချက်များ ဖြင့် မိမိတို့ ကျန်းမာရေး ကို စောင့်ရှောက်ကြပါ လော့။

ဒီရက် အိမ်ထောင်မှု ပြု ပြသနာတွေ ကြား မှာ ထပ်ပြီး စဉ်းစား နိုင်ဖို့ အချက်လဲ ဖြစ်ပါမယ်။ 😆

 

ဒီတော့ ခရီး ရောက်မဆိုက် ဖြစ်လဲ အိမ်မှုကိစ္စလေးတွေ လုပ်လိုက်ပါလေ။
မောတယ်၊ ပန်းတယ် အမှတ်မထားပါနဲ့။
ကျန်းမာရေး အတွက်ပါ။ :kwi:

PS – ရွာပြန်အဝင်မှာ prada ကြီး တွေဝတ်ပြီး လာရင်တော့ Devil ဘဲ။
“The Devil Wears Prada” တဲ့  Meryl Streep ရဲ့ ရုပ်ရှင်။  :harr:

 

28 comments

  • ဂန္ဓာရီ ဆြာအုပ်

    October 13, 2012 at 11:37 pm

    တိန်.. အမျိ်ုးသားများကျန်မာရေးချိုလို့ အရမ်းစိတ်ဝင်စားသွားလို့ ဝင်ဖတ်လိုက်တာ.. တို့ကို တဘက်လှည့်နဲ့ ညာခိုင်းထားတဲ့စာကိုး..အရီးတို့ကတော့ . ဟွန်း.. 😛

  • ဘဘဖောဂျီးကို သားသားဂလည်း
    ဝဲလ်ကမ်းဘာဒယ် …

    အရီးက ပြောဒယ် …
    အမျိုးသားများ အိမ်မှုကိစ္စလုပ်ကိုင်ပါက
    စိတ်ဝေဒနာ ဖြစ်ပွားမှု လျော့ကျနိုင်တဲ့ …
    သို့ဂလိုဂျောင့် …
    အိမ်ထောင်သည်ဂျီးဒွေဖစ်တဲ့ မောင်ပေနဲ့ စိန်ဗိုက်တို့ သေချာဖတ်ကျ …

  • Hnin Hnin

    October 13, 2012 at 11:55 pm

    အမျိုးမသားပေမယ့် အရီးတင်တဲ့post မို့ ထွက်ကာနီးဝင်ဖတ်ကြည့်တာ…အဲဒါကို
    လက်ခံတယ်နော်..မသားပေမယ့်လည်း ကြိုက်တယ်…
    ဒါဆိုတော့ ‘မောင်တစ်မှု မယ်တစ်မှု’ ဆိုရမယ်.. :kwi:

    အရီးရေကြုံတုန်း…အရီးကို နောက်တာလွန်သွားရင် ခွင့်လွှတ်ပေးပါလို့…ချစ်လို့
    နောက်တာပါ…အိုစာသွားမှာစိုးလို့ အတည်ထွက်ခိုင်းတာလည်း ပါပါတယ်..ဟိ..
    ပြီးတော့ စာဖတ်သူပဲလုပ်ပါရစေနော်…

  • Foreign Resident

    October 14, 2012 at 1:35 am

    အရီးလတ် ရေ ။

    မနေ့ ည ( 13th ) ၁ဝ နာရီလောက်ကမှ Sydney ပြန်ရောက်ပါတယ် ။
    ဒီနေ့ မနက် ဝင်ဝင်ချင်း အရီးလတ် ရဲ့ ကြိုဆိုတဲ့ Post ကိုတွေ့ရတာပဲ ။
    အရီးလတ် ရဲ့ ကြိုဆိုတဲ့ Post အတွက် ကျေးဇူးလဲတင် ၊ ဝမ်းလဲသာမိပါတယ် ။

    ခရီးစဉ် တစ်လျှောက်လုံး ရာသီဥတုက မျက်နှာသာပေး ခံခဲ့ရတဲ့အတွက် ၊
    ပျော်ရွှင်ဖွယ် ခရီးစဉ်ဖြစ်ခဲ့ပါတယ် ။
    ( အရမ်းတော့ ပင်ပန်းတာပေါ့လေ ၊ ပေါ်တာဆွဲ ခံရတယ် ဆိုမှတော့ 🙂 )

    ” Gucci တွေ၊ Prada တွေ ကြားမှာ စိတ်ရောဂါ ရလာနိုင်တာ မို့ ”

    အဟင့် ၊ LV တောင်ပါသေး ၊ မရူးယုံ တမယ် ပါပဲကွယ် ။
    သိပ် နှိပ်စက်တဲ့ Brand တွေပါပဲကွယ် ။

    မိန်းမ က အဘ ထက် ပိုလည်း ချမ်းသာ ၊ ပိုလည်း ဝင်ငွေ ကောင်းပေမယ့် ၊
    ဒီလို ခရီးစဉ်မျိုးမှာ ၊ သူ့ ယောက်ျားက ဝယ်ပေးတာကိုမှ လိုချင်တာတဲ့လေ ။
    အဲဒီတော့ကာ ၊ အဟင့် အဟင့် အဟင့် ၊ ပြောရင်းနှင့် ငိုချင်လာပြီ ။

    အလကားပြောတာပါကွယ် ။
    အဘ က မိန်းမကို ဒီခရီးစဉ်မှာ Branded အိတ်တွေကို
    Un-Limited ဝယ်ခွင့် Offer ပေးခဲ့ပါတယ် ။

    ( အဘ မှာ France နှင့် Italy က အိတ်တွေကိုပဲ Offer ပေးနိုင်တဲ့ ဘဝ ကိုး ၊
    Amsterdam က စိန်တွေ နှင့် Switzerland က နာရီ တွေကိုတော့ ၊
    Offer မပေးရဲတာမို့လို့ ၊ အိတ်တွေနှင့်ပဲ ကြိုကန်ထားရတာလေ ၊
    မိန်းမကို သိပ် အလိုလိုက်တာပဲ ၊ သိပ်တုံးတာပဲလို့ မထင်ကြပါနှင့် ၊
    နိုင်သလောက်လေး နှင့် ကြိုကန် ၊ ထိုးကျွေး ထားရတာ ၊ ဟီဟိ )

    ဒါပေမယ့် မိန်းမက ဆင်ဆင်ချင်ချင်ပဲ ဝယ်ခဲ့ပါတယ် ။
    အဲဒီ Branded အိတ်တွေဟာလဲ ၊ အများစု တင်ထားတာတွေဟာ ၊
    ထင်ထားသလောက် ( သိန်း ၈ဝ / ၁၀ဝ ) ဈေးမကြီးတာကို တွေ့ခဲ့ရပါတယ် ။
    နောက်များမှပဲ ၊ အသေးစိတ် ရေးပါ့မယ် ။

    အိမ်အလုပ်တွေကတော့ ၊ ဘယ်က စ ကိုင်ရမယ် မှန်းတောင် ၊ မသိတော့ပါဘူး ။
    လောလောဆယ် ၊ ပင်ပန်းတာပဲ သိတယ် ။

    • pooch

      October 14, 2012 at 3:08 pm

      အဲ့ဒီ branded များအကြောင်းကို မျှော်နေပါတယ် အဘဖော :mrgreen:

    • Khaing Khaing

      October 15, 2012 at 3:38 pm

      အဘတို့လို လူတွေကတော့ မိန်းမကို ဘလန်းလေးတွေနဲ့ မျက်နှာလုပ်နိုင်တာပေ့ါလေ … အိမ်က ကုန်းပတ်တိုက် ပဲ့ကိုင်ရှင်ကတော့ ဘလန်းလေးသာ ပူဆာလိုက်ရင် တလစာပြောင်သွားမှာ … အားကျလိုက်တာ အဘရယ် ….

    • ကြောင်ဝတုတ်

      October 15, 2012 at 5:10 pm

      ဟုတ်တယ်အဘရေ…
      မိန်းမဆိုတာ ကိုယ်ပိုင်ဝင်ငွေဘယ်လောက်ရှိရှိယောင်္ကျားဝယ်ပေးတာကို ဂုဏ်ယူစွာလိုချင်တဲ့အမျိုးမဟုတ်လား…
      မနေ့က တွံတေးသွားတော့လေ… ကျွန်တော့်မိန်းမက ရာဝင်အိုးတစ်လုံးဝယ်ပေးပါဆို ပူဇာနေလို့… ဈေးထဲက
      စကောတွေ၊ ဇကာတွေပဲ လိုချင်သလောက် Unlimited Offer ပေးလိုက်ရတယ်…

      ဘဝတူ-
      ကြောင်ဝတုတ်

  • ဦးဦးပါလေရာ

    October 14, 2012 at 1:44 am

    Welcome to MG ကိုဖေါရိန်းရေ-
    ဒီခရီးကနေ ပိုစ့်တွေအများကြီးထွက်လာမယ်လို့ မျှော်လင့်ထားပါတယ်။

  • kai

    October 14, 2012 at 2:52 am

    FR ကိုဝဲလ်ကမ်းရင်း.. ခရီးစဉ်အပေါ်.. စိတ်ထဲတသက်တာစွဲသွားတာလေး.. ရေးတင်ပေးပါဦးလို့တောင်းဆိုရင်း..

    အရီးလတ်ရဲ့.. အပေါ်ကသတင်းစာသတင်း မူရင်းလိုက်ရှာရတာလေး တင်ပေးလိုက်တယ်..
    မြန်မာပြည်က..
    .. ရှေးကတည်းက.. “ဘာသာပြန်သူတွေစိတ်တိုင်းကျညွှန်းရေးတဲ့အထဲ.. နစ်နေခဲ့ရတာမို့.. ” မူရင်းလေးတွေ.. သတိထားယှဉ်တွေးနိုင်အောင် တင်ပေးခြင်းဖြစ်ပါကြောင်း..

    Men Who Dodge Chores Are More Likely to Have Mental Issues
    Husbands and boyfriends take note: men who don’t do their fair share of the housework are more likely to suffer from psychological conditions, according to a new study.
    By Christine Hsu | Sep 21, 2012 04:00 PM EDT
    Read more at http://www.medicaldaily.com/articles/12268/20120921/men-who-dodge-chores-more-mental-issues.htm#pfr3YEfQUHvvCCOH.99

    ဒါလေးလဲယှဉ်ဖတ်စေချင်ကြောင်း.. ၂ခုစလုံးက.. ယူမီယာတက္ကသိုလ်ရဲ့ လေ့လာချက်များဖြစ်ပါကြောင်း..။
    http://www.medicaldaily.com/articles/12268/20120921/men-who-dodge-chores-more-mental-issues.htm
    So basically, a woman isn’t as bothered by doing most of the scrubbing, vacuuming, dusting, etc.—if she has an emotionally supportive man by her side.

    But I’m guessing it doesn’t hurt if he can scrub a toilet, too.

  • uncle gyi

    October 14, 2012 at 10:05 am

    မြန်မာမှာကယောကျာ်းကအိမ်မှုဝိုင်းလုပ်ရင်ကိုအဆင့်နိမ့်သလေဘာလေးနဲ့
    ဟိုးအရင်ကအိမ်ထောင်ဦးစီးကတနေကုန်လုပ်ရင်တအိမ်လုံးထိုင်စားလို့ရတယ်လေ
    ဒါကြောင့်အိမ်ထောင်ဦးစီးကိုဘာမှအိမ်မှုမလုပ်ခု်ိင်းကြတာ
    အခုကတအိမ်လုံးလူကုန်လုပ်နေကြတာ
    ဘယ်သူ့အလုပ်ဆိုပြီးခွဲထားတာတော့မသင့်တော်တော့ဖူးပေါ့နော်

  • ဆူး

    October 14, 2012 at 10:13 am

    Welcome ကြိုဆိုပါတယ်။
    ခရီးစဉ် အတွေ့အကြုံ လေးတွေ အဘဖော ရဲ့ အတွေ့အကြုံလေးတွေ အပြောလေးတွေ ရွာပြန် လက်ဆောင် အနေနဲ့ ဖတ်ချင်ပါသေးတယ်။

  • စိန်ဗိုက်ဗိုက်

    October 14, 2012 at 11:53 am

    ရွာအပြန်လက်ဆောင်အနေနဲ ့ ကြာဇံနဲ ့ တာဇံ ချက်ကြွေးမယ်ပြောဒယ်..
    ဟုတ်လား အဘ

  • Thu Wai

    October 14, 2012 at 12:48 pm

    ရ ဒေး ဂျာနယ်မှာ ပါတာကတော့ အမျိုးသားများသည် အမျိုးသမီးရင်သားကို ၁ဝ မိနစ်ခန့် တစ်နေ့ ကြည့်ရုံမျှဖြင့် နှလုံးရောဂါမဖြစ်နိုင် ဆိုပြီးဖတ်လိုက်ရတယ် ဖတ်ပြီးပြီးချင်းနှလုံးရောဂါမဖြစ်အောင် အချိန်မှီကာကွယ်ရမယ်ဆိုတဲ့ အသိတရားလဲ ဝင်လာတယ်

  • ကိုလတ်ရာ အမောဖြေပါစေအုံး
    ပေါ်တာ ထပ်တုံးက ဘယ်လောက်ပင်ပန်းလာတယ်မသိဘဲနဲ့
    အိမ်အလုပ်တွေတန်းခိုင်းနေတာ
    မခိုင်းဘဲလုပ် နေလား တောင်မသိဘူး နော်

  • Crystalline

    October 14, 2012 at 5:14 pm

    ကျန်းမာပျော်ရွှင်စွာပြန်လာတယ်ဆိုတော့ဝမ်းသာစရာပါ.. ခရီးသွားဆောင်းပါးရှည်ကြီးကို ဓါတ်ပုံဝေဝေဆာဆာနဲ့ ကြည့်ချင်ပါသေးတယ်..

  • မောင်ပေ

    October 14, 2012 at 9:44 pm

    ဘောစိရဲ ့ခရီးသွားမှတ်တမ်းကိုလဲ မျှော်ရမယ်
    အရီးလတ် ပြောသလိုလဲ လုပ်ရမယ်

    • Khaing Khaing

      October 15, 2012 at 3:47 pm

      တော့ … ကပေ … အပေါ်ကစာကြောင်းကတော့ ဖြစ်နိုင်ချေရှိပေမယ့် … အောက်ကစာလေးက လူအထင်ကြီးအောင်မရေးပါနဲ့အေ ….. ရွာပတ်ပြီး အပျိုငမ်းနေတဲ့သူ ဂေါ်မစွံ ထိပ်ပြောင်ကြီးကများ ….

  • padonmar

    October 14, 2012 at 11:40 pm

    ကဲကဲ ပြန်ရောက်ပြီဆိုလည်း ရွာထဲမြန်မြန်ဝင်နော် ၊
    ခေတ်တွေ နောက်ကျကုန်မယ်။
    ရံပုံငွေပွဲတွေလည်း အလီလီကပြီးသွားပြီ၊
    ဒါထက် ဆုပေးပွဲ အမီ ပြန်လာမယ်မလား။ဘယ်ရက် ရောက်မယ်ခန့်မှန်းခြေလေးပြောပါအုံး။

  • Shwe Phyu

    October 15, 2012 at 10:08 am

    အရီးခင်လတ်ရေ..

    Cooking is relaxing ဆိုတာ No doubt ပါ… များသောအားဖြင့်မြန်မာယောက်ကျားတွေအနေနဲ့ ချက်ပြုတ်တယ်ဆိုတာ မိန်းမအလုပ်ဘဲလို့ထင်ကြတာ..ဒါပေမယ့် 10 most famous chefs ထဲ့မှာ မိန်းမက ၃ ယောက်ဘဲရှိတာ..

    ယောက်ကျားတွေအနေနဲ့ မချက်တက်လို့ရှိရင်တောင် ထွေရာလေးပါးလေးတွေပြောပြီးမီးဖိုချောင်ထဲ့မှာကူုညီလို့ရတယ်…

  • အရီးရေ…
    သမီးကတော့ ယောက်ျားနဲ့မိန်းမ အိမ်အလုပ်မှာရော၊ စီးပွားရေးမှာရော sharing လုပ်ရင် ကောင်းမယ်ထင်တယ်.. 🙂
    (မိန်းမကျ ပိုက်ဆံကူရှာခိုင်းပြီး သူတို့က အိမ်အလုပ်ဝင်မလုပ်တာ ကြည့်မရလို့. :kwi: )

  • လယ်ထွန်Z

    October 15, 2012 at 10:36 am

    ပေါ်တာကပြန်လာသူကို ခရီးဦးရောက်မစိုက်
    မီးဖိုထဲ ဆွဲသွင်းနေတော့သကိုး ….

    ဒါတွေဖတ်မိတိုင်း မိန်းမမရှိတဲ့ သုခ ဆိုတာ ဘာလဲလို့
    နားလည်လည် လာသလိုပဲ …

    ဒုက္ခ…

    လိုချင်နေတာက ခက်တာ
    အဟိ…

    • kai

      October 15, 2012 at 2:55 pm

      မိန်းမရှိတဲ့..သုခ… နင်မှမသိတာကွယ်..
      အနည်းဆုံးတော့..
      ရုံးကပြန်လာရင်.. မီးမှောင်ထဲ.. ခလုပ်လေးစမ်း.. “ချလောက်”ဆိုဖွင့်စရာမလိုဘူးလေ..

      御飯 と おふろ それとも わ た し?
      ဒါမျိုးလေးမေးချင်..မေးနေမှာပေါ့..

      အာဟိ.. :kwi:

  • Ma Ei

    October 15, 2012 at 3:33 pm

    အဘဖော ပေါ်တာဆွဲခံရတယ်သိတုန်းကပြန်လာရင်
    ရွာအတွက် လက်ဆောင် ( ဓါတ်ပုံတွေ နဲ့ Post ) ရတော့မယ် ဆိုပြီး
    အပြန်ကိုမျှော်ပေမဲ့ အမည်တပ်လို့ ကြိုဆိုတဲ့ Post ကိုတွေ့မှ
    အဘဖော ပြန်လာတော့မှပါလားလို့ သတိရမိခဲ့ပါတယ်…
    မလတ်ရေ…တစ်ကယ်ချီူးကျူးပါတယ်…
    :chit:

  • Khaing Khaing

    October 15, 2012 at 3:43 pm

    အဘရေ … ပျော်ရွှင်စရာခရီးလေးက ပြန်လာတဲ့အတွက် ပျော်ရွှင်စွာနဲ့ကြိုဆိုပါတယ် …
    ဘာလက်ဆောင်မှလည်း မပေးဘူး … အွန်း …

    အရီးရေ … အရီးပြောတဲ့နည်းလေးကို သမီးလေ FB မှာတွေ့လို သူများတွေကိုရှယ်ထားတာ … ဦးခင်ခဆို သမီးရဲ့နည်းလေးကို သဘောကျပြီး လေ့လာမှတ်သားလိုက်လုပ်တာ အခုဆို တော်တော်လေး ကျန်းမာရေး ဒေါင်ဒေါင်မြည်နေပီအရီးရဲ့ …. သူကပြောသေးတယ် (ငါကြိုက်လို့ပါကွာ) တဲ့လေ … ခစ်ခစ် …

    • ကိုခင်ခ

      October 15, 2012 at 4:15 pm

      မမခိုင်ကတော့ ရှန်ပိန်အဖုံးဖွင့်သလိုဘဲ ဖွင့်ချလိုက်ပဟ။ အဝေးကြီးထိရောက်ရောဗျာ။
      တယ်လည်း အားပြင်းသကိုး။

Leave a Reply