လွှမ်းမိုးခံရတဲ့အချစ်

kaungsumyatsanOctober 14, 20121min904

ကြားဘူးနားဝ ကဗျာတစ်စ

မေတ္တာဆိုတာအလျားအနံမရှိပေမဲ့

အသွားအပြန်တော့ရှိပါတယ်တဲ့၊

ဟားတိုက်လို့ရယ်မော…

တသောသောဖြစ်ရတော့မယ်

တကယ်တော့ ခုခေတ်မှာ

မေတ္တာဆိုတာ အသွားအပြန်ထပ်တူမရှိနှိုင်ပေမဲ့

အလျားအနံရှိပါတယ်၊

ငွေများငွေနိုင် ၊မီးများမီးနိုင် ဆိုရင်

ငါနိုင်ပါရစေ၊

ရှာဖွေသမျှပေးဆပ် ၊ငွေပုံနှင့်ချိန်ဆက်လို့

ပေးလိုက်စမ်းပါ မေတ္တာတွေ ငါလိုချင်လွန်းလို့……

4 comments

  • etone

    October 14, 2012 at 1:11 am

    မေတ္တာတဲ့လား ….
    ရယ်ချင်စိတ်ကိုမျိုသိပ်
    တိတ်တဆိတ်ပြုံးမိတယ်
    ကြားရတာ
    နားဝမှာချိုသလိုနဲ့
    အားရစရာ ဘာမှမရှိ
    အချစ်ဆိုတာ နတ္တိတဲ့ :byae:

  • (မေတ္တာဆိုတာ အသွားအပြန်ထပ်တူမရှိနှိုင်ပေမဲ့

    အလျားအနံရှိပါတယ်၊

    ငွေများငွေနိုင် ၊မီးများမီးနိုင် ဆိုရင်

    ငါနိုင်ပါရစေ၊

    ရှာဖွေသမျှပေးဆပ် ၊ငွေပုံနှင့်ချိန်ဆက်လို့

    ပေးလိုက်စမ်းပါ မေတ္တာတွေ ငါလိုချင်လွန်းလို့…)

    ငွေတွေချိန်စက်ပေးလို့ကတော့ မေတ္တအစစ်တော့မရနိုင်ဘူး။
    ဟိုဟာဘဲရမယ်………………………………

  • မောင်ပေ

    October 14, 2012 at 1:39 pm

    အော်.. လွှမ်းမိုးရယ်
    ငါပြောသားပဲ
    အဲဒီ ကောင်းဆုမြတ်စံ တို ့အိမ်ရှေ ့က လက်ယားလက်ယား သွားမလုပ်ပါနဲ ့ဆို
    အခုတော့ မင်း မန်းတလေးဂေဇက် ပေါ် ရောက်လာပါရော့လား
    ဟီဟိ

  • kaungsumyatsan

    October 14, 2012 at 7:06 pm

    ငွေတွေနဲ့ချိန်ဆက်ပြီးမေတ္တာဆိုတာကိုမရနိုင်ပေမဲ့
    ငွေကြေးပြည့်စုံတဲ့သူနဲ့၊မပြည့်စုံတဲ့သူ ယှဉ်ကြစတမ်းဆိုရင်
    ပြည့်စုံတဲ့သူကိုဘဲရွေးချယ်မေတ္တာရှိလိုက်ကြတာကမြင်နေကြမို့
    မေတ္တာလို့ကြားကောင်းအောင်အမွှန်းတင်ပြီး…………………..
    (အချစ်တစ်ခုထဲနဲ့ ဘဝ မဖြစ်နိုင်တာသူသူငါငါနားလည်ပြီးအားလုံး
    Calculator ခေါက်နေကြပြီ ….ဒါဆိုရင်…….)

Leave a Reply