ထင်းရူးရိပ်………………..

1 ထင်းရူးတောကို နေအခ
2 နေရောင်ခြည်နုနုကြားမှ အလင်းတန်းလေးများ
3 လှပသော ထင်းရူးတောနဲ့မြေနီလမ်းလေး

 

4 နံနက်ခင်းထင်းရူးတောထဲမှာလမ်းလျောက်ရတာ အေးမြမြ
5 မြေနီလမ်းပေါ်နေအခ
6 အဝေးသို့ သွားရာလမ်း
8 မဆုံးသောလမ်း
9 နေခြည်ပက်ဖျန်းထားတဲ့ ထင်းရူးတောလေး
10 ပင်ယံဖျားမှာ

 

11 ထင်းရူးတောကြားမှ နံနက်ခင်းနေခြည်
12 စိမ်းမြ လင်းလက်
13 ခရီးသွား
14 အလင်းရင့်လမ်းကလေး
15 ပြာလွင်သောကောင်းကင်အောက်မှ ထင်းရူးပင်ပျို

 

16 အလှပြိုင်
17 နေရောင်အောက်မှ ထင်းရူးရိပ်
18 ထင်းရူးပင်ရိပ်အလှတရား

19 ကွေ့ဝိုက်သောလမ်းကလေး
20 အေးငြိမ်းခြင်း

 

“ထင်းရူးရိပ်………”

 

 

ကျနော် သင်္ကြန်အပြီးအောင်ပန်းကိုရောက်တုန်းက  မြို့အပေါ်စီးကရိုက်ချင်လို့

အနောက်ဘက်တောင်ခါးပန်းကို ခြေလျင်သွားခဲ့ပါသေးတယ်။

ဒါပေမယ့် အပေါ်လဲရောက်ရော အိမ်တွေနဲ့ပိတ်နေတော့ မြင်ကွင်းမရှင်း။

တောင်ကြောရဲ့ အနောက်တောင် ဖက်အစနားမှာရှိတဲ့ တရုတ်သချင်္ိုင်းနားကို သွားတော့

ခွေးအုပ်လိုက်ကြီးကမာန်ဖီပြ နေတော့ ဆက်မသွားရဲ။

အဲဒါနဲ့ဘဲ အတော်လေးမြင့်တဲ့ အိမ်ဝရန်တာကဘဲ  အမှတ်တရရိုက်ခဲ့ရပါတယ်။

(အဲဒီပုံတောင် မတင်ရသေးဘူးထင်တာပါဘဲ)

 

ဒိတစ်ခေါက်ရောက်တော့ လမ်းလျောက်ပြီးတောင်ပေါ်တက်ဘို့ ဆုံးဖြတ်လိုက်ပါတယ်။

ပထမရက် မနက်လမ်းလျောက်ထွက်ချိန်မှာတော့ မုးိနှင်းတွေနဲ့ပိတ်ဖုံးလို့နေပါတယ်။

ကလောအထွက်ဘက်ခဏလမ်းလျောက်ပြီးပြန်လာခဲ့ပါတယ်။

နောက်နေ့ မနက်ခြောက်နာရီလောက် တည်းခိုးခန်းက ထွက်အလာ ဆိုင်ကယ် ကယ်ရီသမားလေးက

“လေးလေး ဘယ်လဲ လိုက်ပို့ပေးမယ်လေ ”လို့ပြောလာပါတယ်။

အောင်ပန်းကို အပေါ်စီးက ရိုက်ချင်တယ် ဒါပေမယ့် တောင်ဘက်က တောင်ပေါ်ကရိုက်ဘူးတယ်၊

အနောက်ဘက် ကဘဲရိုက်ချင်တယ်ပြောတာနဲ့ သူက “လွယ်မယ်တောင်”ပေါ်က နေရိုက်လို့ရတယ်ပြောပါတယ်။

အဲဒါနဲ့ သူ့ဆိုင်ကယ်နောက်ကလိုက်ခဲ့ပါတယ်။

တောင်ပေါ်အထိ သွားရင် အားလုံးကိုမြင်လို့ရနိုင်မယ်ဆိုပြီး အပေါ်ဆုံးကိုတက်လာခဲ့ပါတယ်။

တောင်ပေါ်ရောက်ခါနီးမှာ က ိုရင်လေးတွေ ဆွမ်းခံကြွလာတာကိုမြင်ရပါတယ်။

အဲတော့လဲ ကိုရင်လေးတွေဆွမ်းခံလာတာကို လက်ဆော့။

အဲဒီကိုရင်လေးတွေကို အောက်ကို လှမ်းကြည့်ရင် ဘယ်နေရာက မြင်ကွင်းကောင်းသလဲမေးတဲ့အခါ ဟိုးအထက်ထိ တက်ရင်မြင်ရမယ်လို့ပြောပါတယ်။

တစ်ပါးကတော့ အပေါ်က ကျောင်းပေါ်မှာဆိုင်ကယ်ထားပြီးအောက်ဘက်ကိုဆင်းရင် မြင်ရမယ် ပြောပါတယ်။

သူတို့ကလဲ သိပ်ရေရေရာရာမသိ ကျနော်ခေါ်လာတဲ့ ကယ်ရီကောင်လေးကလဲ ဟိုဘက်ခြမ်းကနေ ထင်းခွေရင်းသာ ဒီတောင်ပေါ်တက်ဘူးတော့ ဒီဘက်လမ်းကနေ မတက်ဘူးတော့ သူလဲသိပ်မသိ။

 

အဲဒါနဲ့ တောင်ပေါ်ကျောင်းပေါ်ကို ရောက်အောင်သွား လိုက်ပါတယ်။

တောင်ပေါ်ရောက်မှ ဆိုင်ကယ်ထားပြီး  အမိူက်လှည်းနေတဲ့ ဦးဇင်းတစ်ပါးကိုဆိုင်ကယ် ခဏထားမယ်ဆိုတာပြောပြီး စောင်းတန်းအတိုင်းအောက်ကိုဆင်းလာခဲ့ပါတယ်။

အောက်ရောက်တဲ့အခါ ထင်းရူးတောထဲကို နံနက်ခင်းနေရောင် အခ လှပသောအလင်းတန်းများကို

တွေ့မြင်ရပါတော့တယ်။

စောင်းတန်းအုတ်လှေကားအဆုံးမြေနီလမ်းလေးကတော့ ဟိုး တောင်ဘက်ထိ မျက်စေ့တစ်ဆုံး။

ဒါပေမယ့် အောက်ဆက်ဆင်းဘို့လမ်းမရှိတော့ပါဘူး။

ဒါနဲ့ဘဲခြုံတွေကိုတိုးပြီး လမ်းမရှိတဲ့လမ်းကနေအောက်ဖက်ကိုဆင်းလာပါတယ်။

ဒီလိုအေးတဲ့ဒေသမို့လို့လဲ တောတိုးရဲတာပါ။

အေးတဲ့ဒေသမှာ မြွေအန္တရာယ်မရှိနိုင်လို့ပါ။

ဗဟုသုတ ကြားဘူးတာလေးပြောရရင် မြွေနဲ့ဖားအဆိပ်ပြင်းပုံက ပြောင်းပြန်ပါတဲ့။

မြွေဆိပ်ကတော့ ရာသီဥတုပူလေလေ ပြင်းလေလေဖြစ်ပြီး အေးရင်တော့ အားပျော့

ဖားဆိပ်ကတော့ အေးလေးပြင်းလေပါဘဲတဲ့။

ဒါကလဲ သူများပြောတကြားဘူးတာပါ။

လက်တွေ့တော့မြွေရောဖားရောအကိုက်မခံရဘူးတော့ မှန်မမှန်မသိပါဘူး။

အဖော်ကောင်လေးက နောက်မှာကျန်နေခဲ့လို့စောင့်ရင်းဓါတ်ပုံရိုက်နေပါတယ်။

ကောင်လေးလာတော့ ခါးလေးထောက်ထားတာမြင်လို့ မေးတော့မှ တင်ပဆုံရိုးလျောထားတာ

သိပ်မကြာသေးဘူးလို့ပြောလိုက်မှ အားနာသွားမိပါတယ်။

ဒါနဲ့ဘဲသူ့ကိုအပေါ်မှာစောင့်ခိုင်းပြီးအောက်ကိုဆက်ဆင်းပါတယ်။

နှင်းတွေကျထားတော့ မြက်ပင်တွေကိုစိုစိုစွတ်စွတ်။

စီးထားတာက သားရေကွင်းထိုးဖိနပ်ဆိုတော့ လမ်းလျောက်ရတာ အတော်လေးခက်ပါတယ်။

အောက်ကိုအတော်လေးဆင်းမိပေမယ့် တောမရှင်းတော့အောက်ကိုမမြင်ရ။

မြောက်ဘက်တောင်ကျေပေါ်မှာတော့ ဆောက်လက်စအဆောက်အဦးတစ်ခု။

အဲဒီနေရာကဆိုရင်အတော်လေးမြင်ကွင်းရှင်းမယ်လို့ယူဆတော့ အဲဒီဘက်ကို

တောလမ်းကဘဲကူးမယ်ဆိုပြီးမြောက်ဘက်ကိုပြန်သွားလိုက်ပါတယ်။

အတော်လေးသွားမိမှ တောင်က နှစ်ခြမ်းကွဲနေတာကိုသိလိုက်ရပါတယ်။

ဟိုဘက်ကိုသွားမယ်ဆိုရင် တောင်အောက်ပြန်ဆင်းပြီးမှသွားရမယ်ဆိုတော့ စိတ်လျော့ပြီးတောင်ပေါ်ပြန်တက်ခဲ့ပါတယ်။

ပေါင်းပင်မြက်ပင်တွေကြားကပြန်တက်ရတာ အတော်လေးပင်ပန်းပါတယ်။

လူကဝ ဖိနပ်က နှင်းကြောင်ချော် အောက်ခံမြေသားကပျော့စိစိ ဆိုတော့

မြက်ပင်သစ်ပင်တွေဆွဲ ဆွဲပြီးတက်ရပါတယ်။

ဒါတောင် မှ တက်ရတဲ့တောင်က သိပ်လည်း  မမတ်လို့ တက်နို်င်တာပါ။

ဒါနဲ့ဘဲကောင်လေးကို ဆိုင်ကယ်နဲ့အောက်လမ်းဆုံကစောင့်လိုက့်ဘို့မှာပြီး

ကျနော်ကတော့ လမ်းလျောက်ရင်း ထင်းရူးပင်ပေါက်လေးတွေကို လက်ဆော့ရင်းဆင်းလာပါတယ်။

လမ်းဆုံရောက်တော့ ဆိုင်ကယ်ပေါ်တက် တောင်ကအတော်လေးမတ်တော့ စက်မနိုှးဘဲ လှိမ့်ဆင်းလာခဲ့ကြပါတယ်။

ကျနော်ကတော့ လက်ဆော့လို့ကောင်းမယ့်နေရာလေးကိုကျီးကြည့်ကြောင်ကြည့်နဲ့လိုက်။

တစ်နေရာအရောက်မှာတော့ လမ်းအနောက်ဘက်ခြမ်းမှာ ကျယ်ပြန့်တဲ့မြင်ကွင်းအတွေ့မှာ

ဆိုက်ကယ်ရပ်။

ကောင်လေးကိုထားခဲ့ပြီး အနောက်တောင်ဘက် တောလမ်းကိုဆင်းခဲ့ပါတယ်။

ပြာလွင်သောကောင်းကင်အောက်မှာ ထင်းရူးပင်ပေါက်တွေ။

ဟိုအဝေးမှာစေတီနဲ့တောင်တန်း။

တောင်စောင်းအဆုံးထိဆင်းသွားလိုက်မှာ ကောက်ကောက်ကွေ့ကွေ့နဲ့လမ်းကလေး။

ကလောဘက်ကိုသွားတဲ့လမ်းကလေးကိုလှပစွာတွေ့ရ။

အားရပါးရလက်ဆော့ အပြီးကြည့်လိုက်တော့ မနက် 7နာရီမတ်တင်း။

ဒါနဲ့ဘဲ ကောင်လေးကိုခေါ်ပြီးပြန်ဆင်းလာပါတယ်။

အဆင်းနားမှာရောက်တော့ ညောင်ပင်ကြီးအောက်မှာ တံမျက်စီးလှည်းနေတဲ့ကိုရင်နဲ့ အလင်းရိပ်တွေ

တွေ့တော့ ဆင်းလို့လက်အဆော့ အပြီးမှာမြောက်ဘက်ခြမ်းကိုလှမ်းအကြည့်

အားပါးးးးးးးးးးးးးးးးးးးးးကျနော်ရိုက်ချင်လို့လိုက်ရှာနေတဲ့အောင်ပန်းမြို့ကို အပေါ်စီးကမြင်ရတဲ့မြင်ကွင်းကို တွေ့လိုက်ရတော့ ကောင်လေးကို စောင့်ခိုင်းပြီးအပြေးအလွှားဆင်းခဲ့ပါတော့တယ်။

 

 

ကိုပေါက်လမ်းသလားနေသည်

တောင်ကြီး အောက်တိုဘာ

(15-10-2012)

 

 

 

 

26 comments

  • water-melon

    October 25, 2012 at 10:35 am

    အော် မြေနီ
    လွမ်းပြီဆွေးပြီ
    ထင်းရှူးရိပ်မှာ ထိုင်ခါ
    တစ်ယောက်ထဲဆွေး တစ်ကိုယ်ထဲတွေးခဲ့ရတဲ့ နေ့တွေများနေပြီ
    မိုက်တယ် လေးပေါက်ရေ

  • weiwei

    October 25, 2012 at 10:58 am

    ကိုပေါက်ရေ .. ခေါင်းစဉ်မှာ စာလုံးပေါင်းသတ်ပုံမှားနေတယ်နော် …
    မိုးရာသီကုန်ပြီဆိုတော့ ခရီးသွားချင်စိတ်တွေ ဖြစ်နေချိန်မှာ ကိုပေါက်ဓါတ်ပုံတွေကြည့်ရတာ ခရီးသွားချင်စိတ်ကို ပိုဆွပေးသလိုဖြစ်နေတယ် …

      • kai

        October 25, 2012 at 12:28 pm

        အဲဒီမြန်မာပြည်အနောက်ကမ်းက အကြောင်းတွေတင်ရင် ဝက်ဘ်ဆိုက်ကို တိုက်ခိုက်တာ တွဲတွဲပါလာပါတယ်။
        အဲဒီတိုက်ခိုက်မှုကြောင့် ဝင်ရအရမ်းခက်နေတာပါ။
        အဲဒါကြောင့်..
        အခုလို Hot နေချိန်မှာ အဲဒီလိုပို့စ်တွေမတင်ဖို့ ရွာသူားများကို အသိပေးလိုပါကြောင်း..

        • စိတ်ချပါကိုခိုင်ရေ
          အဲလိုလေး သတိပေးထားတာကောင်းပါတယ်။
          ကျနော်က တော့ လွတ်လွတ်ကင်းကင်းလေးတွေလဲတင်ပါတယ်။.
          ကျနော်နဲ့ဆက်စပ်နေသူတွေကိုလဲ မတင်ဘို့ နားချပေးပါမယ်။
          ဒီဆိုက်ကြီးရေရှည်တည့်တန့်စေချင်ပါကြောင်း

  • Ma Ei

    October 25, 2012 at 11:04 am

    ထင်းရှူးရိပ် အေးမြသလို
    ပင်စည်ရဲ့ အပွေးကွက်တွေကလဲ အရမ်းလှတာ
    အပင်ကြီးလေ ပိုလှလေပါဘဲ…

  • Khaing Zar Win

    October 25, 2012 at 11:49 am

    ကိုကြီးပေါက်၊ ဓာတ်ပုံတွေမြင်ခါစက ကလောအဝင်က ထင်းရှူးတောလေးလားလို့မှတ်သွားတယ်။ မြေနီနဲ့ ထင်းရှူးလမ်းလေးလေ။
    မြို့အဝင် ကားမှန်ချလိုက်ရင် ဝင်လာတဲ့ ထင်းရှူးပင်နံ့လေးကို သတိရတယ်။
    ခု ရှိသေးလား။
    အဲ့တုန်း က ထင်းရှူးသီး အကြီးကြီးတွေ ရွေးကောက်ပြီး လက်သည်းနီရောင်စုံနဲ့ အလှချယ်တမ်းကစားကြတယ်။ …
    🙂

  • ကလောအဝင်က အေပရယ်လ သွားတုန်းက တင်ပြီးဗျ။
    ဒီတစ်ခေါက်တော့ ကလောကိုမြို့မြောက်ဘက်ခြမ်းက ရိုက်ထားတာ တင်ထားပါသေးတယ်။
    ဒါက အောင်ပန်းလွယ်မယ်တောင်ပေါ်က ရိုက်လာတာပါ

  • ဘဲဥ

    October 25, 2012 at 1:15 pm

    သများလည်း လွတ်လွတ်ကင်းကင်းပဲတင်တော့မယ်
    ဟိုဘက်က ကလိမ်စေ့ငြမ်းဆင်လုပ်ဇာတ်ခင်းပြနေတော့ မခံချင်တာနဲ့ တင်လိုက်တာပါဗျာ

  • ဥဥရေ
    သူလမ်းသူလျောက် ကိုယ့်လမ်းကိုယ်လျောက် ကိုယ်ယုံကြည်ရာ ကိုယ်လုပ်တာအကောင်းဆုံးပါ။
    ငဲ့ကြည့်နေရင် လမ်းစောင်းပါတယ်။
    ိကိုယ်သွားရာလမ်းဘဲတည့်တည့်ကြည့်စေချင်ပါတယ်။
    (သများလည်း လွတ်လွတ်ကင်းကင်းပဲတင်တော့မယ်)
    အတွက်ကျေးဇူးတင်ပါ၏

  • ကိုခိုင်ကို အကောင်းဆုံးကော်မင်းပေးလိုက်ရတဲ့အကြောင်းကတော့
    ကျနော်ရေးတဲ့ပိုစ်နဲ့ ကိုခိုင်ရေးတာလဲ မသက်ဆိုင်တဲ့ အကြောင်းအရာပေမယ့်
    ဒီစာကလေးကို ို ရွာသူရွာသားအားလုံးဖတ်မိစေချင်လို့ပါ.

  • အေးအိုအိုအိပ်
    တေးဆိုလို့သိပ်
    တေးဆိုလို့သိပ်တာတောင်မအိပ်ရင်
    ဆွဲဆိတ်ထည့်လိုက်မှာ
    အိပ်
    မြန်မြန်အိပ်

  • Hnin Hnin

    October 25, 2012 at 4:46 pm

    ခွေးအုပ်လိုက်ကြီး မာန်ဖီပြနေတော့ လေးပေါက်ကလည်း ပြန်ပြီး…. :mrgreen:
    …လက်ဖျစ်တီးခေါ်လိုက်လို့ပါ…ကန်တော့နော်..နောက်တာ…

    လေးပေါက်ရဲ့ ထင်းရှုးပင်တွေ တအားလှတယ်…နောက်ဆုံးပုံလေးကို အကြိုက်ဆုံး..
    ဘေးနားက ခုံရှည်လေးမှီပြီး ဆွိပြောသလို ထင်းရှုးနံ့ရှုရင်း သဘာဝအလှတရားတွေ
    ငေးကြည့်နေလို့ရတာပေါ့နော်..အဲ့ဒါ ဘယ်နားလဲ..လေးပေါက်..

    နောက်ပြီး ထင်းရှုးပင်တွေက ဘာလို့ထန်းပင်တွေလို ထိပ်စုပဲ ဖြစ်နေရတာလဲ..
    ကိုင်းတွေကြွေကုန်တာလား၊ခုတ်ပစ်လိုက်လို့လား?

  • ခွေးတစ်ကောင်ထဲသာဆိုရင်လက်ဖျောက်တီးလဲရတယ်
    ခဲနဲ့ထုလည်းရတယ်
    အုပ်စုလိုက်ကြတော့သူတို့ဘာသာစကားလဲမပေါက်တော့ ညှိမရလောက်ဘူး

    • Hnin Hnin

      October 26, 2012 at 8:41 am

      ဟုတ်သားနော်…လေးပေါက်က သေချာစဉ်းစားပြီးပြောတော့လည်း…နှင်းနှင်းက
      စိတ်ကူးထဲ တွေ့ရာချရေးလိုက်တာ(စိတ်ဆိုးမှာစိုးလို့ ဖော့ရေးတာလည်းပါ ;)..)
      ကန်တော့နော်….

      လေးပေါက်ဆီက မြွေဆိပ်၊ဖားဆိပ် သုတရတယ်ဆိုတော့ နှင်းနှင်းကလည်း
      ဇာတ်လမ်းလေးနဲ့ပါ ပြန် share မယ်….

      များသောအားဖြင့် ခွေးက ကိုယ့်ကိုကိုက်တော့မယ်ဆိုရင် အဲ့ဒီခွေးနဲ့လူနဲ့
      အရင်ဆုံး eye contact ယူရတယ်..ပြီးမှ ကိုက်တာက လာတာ….

      လူဆိုတာကလည်း ခွေးက ကိုက်တော့မယ့် အမူအရာပြတာ သို့ မာန်ဖီ..ဂီး..ဂဲ..
      လုပ်နေပြီဆိုရင်ကို လန့်ရင်လန့်၊ မလန့်ရင် ထွက်ပြေးဖို့ တာစူနေတတ်တာ
      လေ…ခွေးမကိုက်အောင် လုပ်တာကတော့ ခွေးကို လုံးဝကြောက်တဲ့အမူအရာ
      မပြဘဲ သူစိမ်းစိမ်းကြည့်နေသလိုမျိုး ကိုယ်ကစူးစူးရဲရဲပြန်စိုက်ကြည့်ပြီး eye contact
      ယူပြီး တချိန်ထဲ လက်မကိုကျန် လက်ချောင်းတွေအောက်ထားဆုပ်ပြီး တချိန်ထဲ
      ခြေတစ်ဖက်ဆောင့်ပြီး ခွေးကို တူရူကြည့်ပြီး လက်ကိုဆန့်ထုတ် ပစ်လိုက်ရတယ်..
      ပုံနဲ့ ဖတ်ဖူးတာလေ…နောက်တစ်နည်းရှိသေးတယ်…မမှတ်မိတော့လို့..အဲဒါကို
      ခွေးမကိုက်အောင် ‘အဟန့်’ လုပ်တဲ့နည်းတဲ့…

      ခွေးဆိုတာက ကိုယ်ကကြောက်တဲ့အမူအရာပြလေ..ကိုက်လေပဲတဲ့..
      တစ်ဖက်ကတွေးရင်လည်း မကြောက်တဲ့အမူအရာပြရင် အကိုက်ခံရဖို့ ရာနှုန်း
      နည်းတယ် ထင်တယ်…’အဟန့်’ နည်းကတော့ တစ်ကောင်ထဲဆို အလုပ်ဖြစ်
      ကောင်းဖြစ်မယ်…အကောင်များရင်တော့ ကိုယ်ပဲ ခုန်အုပ်ခံရမယ်ထင်တယ် း)

      ငယ်တုန်းက နယ်အမျိုးတွေဆီသွားတော့ ဘီး(စက်ဘီး)နင်းရတာပျော်လို့ဆိုပြီး
      လမ်းလျှောက်နေရင်းနဲ့ အစ်မတွေနောက်မှာချန်ထားခဲ့ပြီး တစ်ယောက်ထဲ
      ရှေ့ကချွန်ပြီး လသာသာမှာ ဘီးနင်းသွားတာ ရှေ့ကခြံက ခွေးတွေ ထွက်ထွက်
      ဆွဲတတ်လို့ သူတို့ကိုစောင့်ဖို့မမကတော့ သတိပေးသေးတယ်။

      တစ်ကယ်ပဲ အဲ့ခြံရှေ့လည်းရောက်ရော ခွေးသုံးကောင်တောင် ခြံထဲကဟောင်ပြီး
      ပြေးထွက်လာတာ…ဘီးနင်းနေရင်းတန်းလန်း ငါတော့ ခြေသလုံးသားတော့ ပဲ့ပါပြီ
      ဆိုပြီးတော့လန့်သွားတယ်..ဒါပေမယ့် လန့်တဲ့စိတ်ကိုဖျောက်ပြီး ခြေထောက်နား
      လိုက်ဟပ်မလိုလုပ်၊ ဟောင်နေတဲ့ ခွေးသုံးကောင်ကို နင်းနေရင်းနဲ့ ရသလောက်
      တင်းပြီး လှမ်းဟပ်နေတာ ပြန်ကန်ပစ်တာ…ဘီးရပ်လိုက်တာနဲ့ အသားပဲ့ပါမှာစိုးလို့
      (နော့မေမေငယ်က လှေကားလှမ်းအတက် ခွေးကလှမ်းဆွဲတာ အသားပါပဲ့ပါသွားလို့
      အသားကမတက်တော့ဘဲ အဖြူအဆီပြင်အချိုင့်ကြီးအကြီးကြီးလိုပဲ ကျန်ခဲ့တာ မြင်ဖူး
      ထားလို့လေ)..သူတို့ကိုမကြောက်ဘဲ ပြန်ခံချလို့လား..တိုက်ဆိုင်တာလားတော့
      မသိဘူး…ပြေးလာတုန်းက သူတို့အမူအရာ၊ဟောင်သံတွေက ကြောက်စရာပေမယ့်
      အသံတွေလျော့ပြီး အမူအရာပါ လျော့သွားတယ်..တစ်ကယ်လည်း မကိုက်တော့ဘူး..
      ဟိုဘက်ဒီဘက် လေး၊ငါးချက်လောက် ကန်ပြီးတော့မှ အိမ်ရှင်က ခြံထဲကနေလှမ်းခေါ်
      လိုက်တော့မှ ပြန်ပြေးဝင်သွားတာ….
      ဘီးမပါရင်တော့…ဟီး..နှင်းနှင်းလည်း လုံးနေအောင်ပြေးမိမှာ သေချာတယ်….
      Sky Net ကလာတဲ့ နှင်းနှင်းကြည့်နေကျ ဟို Dog Trainer ဆို ဘယ်လောက်
      ဆိုးတဲ့ခွေးဖြစ်ဖြစ် သူ့စတွေ့တာနဲ့ ဘာမှတောင် မပြော၊ မtrain ရသေးဘူး
      ခွေးတွေက ဝပ်ပြီး အမြီးကိုကုပ်နေတာပဲ….အဲ့လူကို အရမ်းချီးကျူးတယ်…

      နှင်းနှင်းမေမေ ပြောလေ့ရှိတာက နှင်းနှင်းတို့ ခွေးတွေ အစာတွေခွံ့ကျွေး၊
      ဂရုတစိုက်တွေလုပ်နေပြီဆိုရင်…
      ‘အင်း..အင်း..ဘဝနားနီးတဲ့သူတွေက ဒီလိုပဲ’ တဲ့… အာာာဝု(မှန်၏) :mrgreen:

      • မယ်နှင်းနဲ့ကျနော်ကတော့ခွေးဋီကာ ချဲ့မိနေပြီ။
        ခွေးမျက်လုံး အတွင်းပိုင်းက သံဇကာကွက်လိုဘဲတဲ့
        သူကလှုပ်ယှားနေရမှ မြင်ရတာတဲ့။
        ရပ်နေရင် သူက မသိတော့ဘူးပြောတာဘဲ။
        ဒါကြောင့်လူကြီးတွေက ခွေးရှေ့ ပြေးရူးပြေးရူးမလုပ်နဲ့ပြောတာဘဲ။
        ခွေးကိုက်မှာမကြောက်ဘူး ခွေးရူးကာကွယ်ဆေး ထိုးရင်ချက်ကို 14လုံးတိတိထိုးခံရမှာကြောက်တာ။
        အခုခေတ်တော့ အဲလောက်မထိုးရတော့ဘူးပြောတာဘဲအေ့။
        ဘာဖြစ်ဖြစ်ခွေးကိုက်ခံရမှာအကြောက်ဆုံး။
        အချို့ကတော့ ကံနိမ့်မှာ အကိုက်ခံရတယ်ပြောကြတာဘဲ။
        တစ်ခါမှတော့ အကိုက်မခံဘူးသေးဘူးအေ့

        • Hnin Hnin

          October 26, 2012 at 9:47 am

          အဲ့လို အဟန့်လုပ်ပြီးအရပ် မှာ ရပ်သွားပေမယ့် အဟန့်မလုပ်ခင်မှာ လှုပ်လိုက်တယ်လေ..လေးပေါက်ရဲ့….အဲ့မှာ ခွေးမကိုက်ချင်လည်း
          မကိုက်နိုင်တော့ဘူးလေ…သိတော့ဘူး…လေးပေါက် ပြောတော့လည်း ဟုတ်သလိုလို…တော်ကြာ…လှုပ်နေတာ မြင်လို့ကိုက်ချင်နေကာမှ အဟန့်ထလုပ်လိုက်လို့ ပိုကိုက်ချင်စရာလည်းဖြစ်သွားနိုင်တယ်နော်….
          သိတော့ဘူးဗျ…ဤတွင် အုံးစားစရာ ခွေးကိစ္စပြီး၏.. း)

  • မောင်ပေ

    October 25, 2012 at 9:27 pm

    ထင်းရှူးရိပ်
    မပျင်းဘူးကြိတ်
    သတင်းထူးနိပ်
    ဖျင်းနှူးကိတ်
    မင်းမူးတိတ်

  • တိတ်တိတ်နေပါ မူးရင်
    အကိတ်ကြိုက်ရင်တော့နူးပါ
    အဖျင်းအတင်း သတင်းထူးရင် ငါ့လာပြောပါ
    ကြိတ်ကြိတ်ကြံဘို့ ပျင်းတယ်ဆိုရင်
    ထင်းရူးရိပ်မှာ တစ်ရေးအိပ်ပါ။

  • padonmar

    October 26, 2012 at 4:07 am

    ကိုပေါက်ရေ
    ခက်ခက်ခဲခဲ လက်ဆော့
    ခက်ခက်ခဲခဲ ရွာထဲဝင်
    ခက်ခက်ခဲခဲ ဖတ်နေကြရပါလား။
    ဒီလို အဖြစ်တွေ ရပ်ချင်ပြီ။

  • MaMa

    October 26, 2012 at 8:32 am

    ထင်းရူးရိပ်လေး သဘောကျတယ်။
    လက်ဆော့ထားတာလည်း မျိုးစုံပဲ။
    :hee:

  • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

    October 26, 2012 at 11:32 am

    လေးလေးရေ .. ထင်ရူးပင်ဆိုတာ အဲ့လိုကြီးလား … အတော်လည်း ရှည်မယ့်ပုံပဲနော် .. စိမ်းလည်း စိမ်းတယ် .. ။ သမီးကတော့ ထင်ရူးနဲ့ ပတ်သတ်လျှင် .. သစ်သီးထည့်တဲ့ ထင်းရှူးပုံန ဲ ့ .. မီးမွှေးတဲ့ ထင်းရူးဆီပဲ မြင်ဖူးတာမို့ .. အပင်လိုက်မြင်ရတော့ .. တအံ့တဩနဲ့ …. :mrgreen:

  • ထင်းရူးတောနားရောက်ရင် သင်းပျံ့တဲ့ရနံ့လေးတွေရသလို
    ထင်းရူးပန်းကို ပန်ရင်လဲ အရမ်းလှတယ်လို့ပြောကြတာဘဲ

Leave a Reply