ကျွန်တော်..ဖတ်ခဲ့ သော../ ကျွန်တော်…ချစ်ခဲ့သော… ကဗျာ…

alinsettOctober 14, 20121min17014

မီးတောက်ရစ်သမ်

(၁)
အခုလို…

လှပအေးစက်နေတဲ့ညမှာပဲ

ငါ … ပျိုးထားတဲ့ မြနှင်းဆီဟာ…

ကြယ်တစ်ရာခြံရံပြီး ကြွေကျသွားခဲ့တယ်။

တိမ်လွှာမျဉ်းကောက်တွေကလည်း

ချစ်သူတစ်ယောက်ရဲ့ မီးအိပ်မက်မှာ

ရွှေမျက်ရည်တွေ စိုလက်လာပြီလို့

မှိုင်းညို့နေတဲ့ ကောင်းကင်ကြီးကို

တီးတိုးပြောကြားလိုက်တယ်။

`ချစ်ခြင်မေတ္တာဟာ´ …ဟာ

မှော်ဆရာတစ်ယောက်ရဲ့နိဂုံးလို

နောက်ဆုံးမှာ…

မီးခိုးလုံးများ ဖြစ်သွားရော့မလား…လို့

နှုတ်ခမ်းကိုက်ပြီး…ငါ စဉ်းစားဖူးတယ်။

လူငယ်တစ်ယောက်ကို ပြုစားဖို့

အဘယ်နတ်ဘုရားထံ

နင့်လက်တွေ ဖြန့်ကားတောင်းခံခဲ့သလဲ…

ငါ့ရာဇဝင်ခပ်ကျဲကျဲကို

ငရဲမီးထဲ တွန်းချလိုက်ချင်တယ်။

သံယောဇဉ်…ဆိုတာ

အရောဝင်လို့မကောင်းတဲ့ ခွေးကလေးပါပဲ…။

လောကဓံဦးတုန်းက…

အလွန်အကြူးသောက်ခဲ့တဲ့ အရက်တစ်ခွက်

ခုမှ…စံပယ်ရွက်ပေါ်မူးလဲ

အသည်းကွဲတယ်…ဆိုတာ

သီချင်းလေးတွေ တိုးတိုးညည်းရင်းက…

ထိရှခဲ့တဲ့… သွေးမဲ့ဒဏ်ရာတစ်ချက်ပါ…

သိုးကျောင်းသားရဲ့ ခံနိုင်ရည်နဲ့

နတ်ဘီလူးတွေရဲ့ သတိရခြင်းမျိုးက

ငါ့ကို…ဆီးမိုးထားတယ်…။

စက်ရုပ်ကို ဒူးထောက်ကျစေတဲ့
နင့်ရဲ့…မျက်ဝန်းစိမ်းလဲ့မှာ.
..

ငါ… ဘယ်လိုမှ မေ့မရတဲ့

မဟာလင်္ကာတစ်ပိုင်တစ်စ… ရှိနေလေရဲ့။

အဲဒီလိုနဲ့ပဲ….

ငါ ပြန်လည်ချည်နှောင်ခဲ့ပါ့မယ်…

ချစ်သော… ဖဲကြိုးဝါကလေးရယ်…

(လက်နက်မပါဘဲ…

စစ်ဝင်္ကပါမှာ ငါ… မတိုက်ရဲဘူး…)

ညံ့တယ်လို့ပဲ…

လက်ညှိုးထိုးပြီး ပြောလိုက်ပါတော့…။

လျှပ်စစ်မျှင်တန်းလို…

ပူလင်းပြင်းထန်လွန်းတဲ့

သူရူးတစ်ယောက်ရဲ့ ပွေ့ဖက်မှုတွေထဲ…

ခု… ရထားတို့ ဥဩဆွဲလိုက်ကြပြီ…

´ … ပြီးဆုံးသွားပါပြီ…

… အားလုံးပြီးဆုံးသွားပါပြီ…´ တဲ့။

(၂)

အရှေ့လေတွေတိုက်တုန်းက

ခါးကုန်းနေတဲ့ ငါတို့ရဲ့ မြရာပင်အိုကြီးဟာ

တုန်ယင်ချည့်နဲ့စွာ ယိမ်းထိုးနေတော့တယ်…။

ကျောင်းတော်ရဲ့စည်းအပြင်

နှောင်းရိပ်တွေ တလွင်လွင်နဲ့…

ထင်ယောင်ထင်မှား

လမ်းပေါ်မှာ ငါစဉ်းစားတာ…

နင့်အကြောင်း ခေါင်းစဉ်များစွာပါပဲ။

ထိပ်ထားရယ်…

အီဂျစ်ပြက္ခဒိန်ထဲက

မိုးတိမ်တွေရွာမယ့်နေ့

နင်နဲ့ငါ ပြန်လည်ဆုံတွေ့ကြရင်…

ဒီအကြောင်းတွေ ပြောပြချင်ပါသေးတယ်…။

ငါက… ဆပ်ပြာပူဖောင်းကို ခိုစီးပြီး

မြင့်မိုရ်တောင်ကြီးနဲ့တိုက်မိမှာ

စိုးရိမ်ရှာသူ မဟုတ်ခဲ့…

ဒါပေမယ့်

လေပွေလမ်းကြောင်းများမှာ

တုန်ဝါးဖျော့အေး

`သစ္စာ´ ကို ပဲ့တင်သံနဲ့ပဲ ပြန်ပေးနိုင်ခဲ့သူ…။

ငါ့ကိုသတ်… ငါ့ရင်ဘတ်ကိုထိုးခွဲဖောက်လှန်ကြည့်

ငါ့လက်သီးထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့…

သုညတစ်လုံးပဲ ရှိ်လိမ့်မယ်…။

ဝိုင်ယာကြိုးတွေ

`ထောင်း´ခနဲ မီးပွင့်ပြတ်တောက်ပြီး

ရုတ်ချည်း မှောင်အတိကျသွားတဲ့

`အန္ဒ´တို့ရဲ့ အိမ်အိုမှာ…

တေလေပီသစွာ… ငါနေတယ်။

တိတ်ဆိတ်…ပြာလဲ့နေတဲ့ ည…

ရေတွင်းထဲခေါင်းငုံ့ပြီး….

`……´ကို ချစ်တယ်…လို့

ဘယ်ဆီဘယ်ဝယ်…ဟစ်အော်တမ်းတနေရတာ…

ဘာကြောင့်ပါလဲ…။

`အုံ့ပုန်းချစ်´သီချင်းကို

မဆိုချင်ဘဲ ဆိုရတာ

ရွှေရည်စိမ်ထားတဲ့ လက်ပစ်ဗုံးကို

ကိုက်မြိုရသလိုပါပဲ…လို့

အက်ကွဲနေတဲ့ မယ်ဒလင်ကြီးက…

ငါ့ကို ပြောပြတယ်။

အဲဒီလိုနဲ့…

မိုးကို ဆန့်မြှောက်ထားတဲ့

မမီနိုင်သော ကမ်းလက်တွေဟာ

ဟိုး….တုန်းကလိုပဲ

ငါ့ဆီမှာ… မြေမှုန်တွေ စွန်းထင်းလျက်ပါပဲလေ….။

(၃)

`လူဆိုတာ…

လင်းဝေစိမ်းမြတဲ့ ပန်းညများစွာထက်

သရဲခြောက်ရာ ညတစ်ညကို… ပိုသတိရတတ်တယ်…´

ငါသေသွားခဲ့လို့ရှိရင်

ငါ့ရဲ့ သင်္ချိုင်းဂူမှာ…

ကြက်ခြေခတ်တစ်ခုကိုသာ

မှတ်တိုင်အဖြစ် စိုက်ပေးထားပါ။

တကယ်တော့… အဲဒါဟာ
ငါသိသမျှ လောကဓမ္မကို

အကြွင်းမဲ့ ဖော်ပြသွားခြင်းပဲ ဖြစ်လိမ့်မယ်။

ဟိုးငယ်ငယ်… ကျောင်းမပြေးတတ်ခင်တုန်းက

ခရေပွင့်ပြထားတဲ့ သင်္ချာတစ်ပုဒ်

ငါ့အပေါ် ခုန်အုပ်ပြီး

မင်နီတွေ ရဲခနဲ သုတ်သွားဖူးတယ်။

ငါ…သတ္တိကောင်းကင်မှာ…နီလွင်ထစ်ချုန်း

တစ်…နှစ်…သုံး…

အနက်ရှိုင်းဆုံး ထိုကျပစ်လိုက်တယ်။

ထူလှတယ်တော့လည်း မဟုတ်ပါဘူးလေ…

ကြောက်မက်ဖွယ်ရာ လူတွေရဲ့

မဟာဘုတ်ဗေဒင်ထဲမှာမှ

ငါကလည်း `အဓိပတိဘွား´ ဖြစ်ချင်ခဲ့တာကိုး။

မြောက်လေသွေးတိုင်း မွှေးမြတဲ့ မျက်ရည်ရနဲ့တွေ

လူငယ်တစ်ယောက်ရဲ့ လာရာလမ်းမှာ

ခုထက်ထိ သင်းပျံ့ဆွတ်ပေနေတယ်ဆိုတာ

ဘယ်သူကများ…မျှဝေခံစားခဲ့သလဲ…

အိမ်အပြန်ညများစွာမှာ…

ဘယ်သူမှ မပြောချင်တဲ့စကားတွေ ပွေ့ပိုက်

ကိုယ့်ကိုကိုယ်…`လူမိုက်´လို့ ပြန်ခေါ်ခဲ့ရတယ်။

၁၉၉၃ … ၁၉၉၄ …

ငါ့ကဗျာလေးတွေ ဆွေးမြေ့ကြေကွဲ

လမ်းဘေးအုတ်ခုံပေါ် လဲကျနေတယ်…။

နှင်းမြားတစ်လက်ရဲ့ အဆိပ်နဲ့

နိမိတ်မကောင်းတဲ့ပုံပြင်

မမြင်ဖူးသော နေ့များ.. ညများ

ပိတောက်ကိုင်းဖျားမှာ… ဝပ်တွားစုရုံး

ငါ့ကို … ချည်ထုံခဲ့တာ…

(ခု… အချိန်တိုင်အောင်… )

အလင်းစိမ်းတန်းတွေ ရစ်ဖွာလို့ကွယ်။

(၄)

မြို့ပြင်လမ်းကွေ့က

တွေ့ခဲ့ဖူးတဲ့ ဂျစ်ပဆီတွေလို

ဖြစ်ခဲ့သမျှကို

ရယ်ကာမောကာ ပြန်ပြောနိုင်တဲ့အကျင့်လေး

သွေးအေးအေးနဲ့ ကြိုးစားမွေးနိုင်ခဲ့ပြီ။

နာကျည်းချက်တွေ

လက်ချိုးရေနေတဲ့ လူငယ်တစ်ဦးကို

သူ့အလှည့်ကျမှ….

`မတရားဘူး´ လို့ ဘာကြောင့်ပြောချင်ကြသလဲ။

ဘာပဲဖြစ်ဖြစ်…

ကျောက်ခေတ်၊ ကြေးခေတ်

နျူကလီးယားကင်ဆာ၊ အနာဂတ်ခေတ်

အားလုံးအတွက်

သေချာတဲ့ ငါ့….ကြေညာချက်ကတော့

နင့်ကို ထာဝရ ချစ်နေမယ်ဆိုတာပါပဲ…။

ထိပ်ထားရယ်…

ဖြစ်နိုင်မယ်ဆိုရင်…

ဂန္တဝင်ပန်းပုရပိုဒ်မှာ…

နန်းသုံးအက္ခရာနဲ့ ခြယ်မှုန်း

နင့်နာမည်လေး စာသုံးလုံးကို

စီရီသီကုံးပေးချင်တယ်…။

နင့်အပေါ်ထားတဲ့ … ငါ့ရဲ့ချစ်ခြင်းမေတ္တာဟာ

မိုးပေါ်ကို ဦးမော့ပြီး

ဝင်းပစွာ လင်းမြတုန်ခါနေတဲ့

ရွှေဝါရောင်မီးတောက်မီးလျှံလိုပါပဲ…။

ကျောင်းရှေ့က စံပယ်ရုံမှာ

ဗီးနပ်စ်ရဲ့ နက္ခတ်တို့ တလက်လက်ပြာဝေမှုန်သင်း

ကျောင်းခန်းတွင်းမှာ…

လမင်းကလေး သာခဲ့ဖူးတယ်…။

ချစ်သော ကျောင်းသွားဖော်ရဲ့

ပန်းရုပ်လွှာကို မျှော်တွေးရင်း

ဆွေးလျညှိုးခွေ ဖြေမပြေသူလေး အတ္ထုပတ္တိ

မြရာပင်ကြီး သိပါတယ်။

ကမာ္ဘဦးလူတို့လည်း (ဂူနံရံမှာ)

ငယ်ကျွမ်းမျက်နှာဝေဝါး

ပညာရှိကြီးများရယ်…

ပါဠိစာလုံးတွေနဲ့

ငါ့အပေါ် မဆုံးဖြတ်ပါနဲ့ဦး…။

`ချစ်သူကိုတောင်

ချစ်တယ်လို့ မပြောရဲတဲ့ကောင်…

ရာစုတစ်ထောင်နေရစ်ခဲ့…

ထိုသို့ဖြင့် စကားမဲ့စေသတည်း´

မြရာပင်ကြီးရဲ့

ညည်းတွားသံသဲ့သဲ့ သန်းခေါင်ယံ

ငှက်ဆိုးအုပ်နဲ့အတူ

ရုတ်တရက် လန့်ပျံသွားတယ်…။

ချို့တဲ့သော ကျောင်းသားဘဝ

ဆန္ဒရဲ့ မပြေလည်မှု

အနီရောင်မှတ်တမ်းတစ်ခုနဲ့ ချစ်သူအတွက် ပန်သစ္စာ

ဪ …. ငါ့ကိုလေ….

နားလည်ပါ … နားလည်ပါ …

နားလည်စမ်းပါ…။

(၅)

အဲဒီနေ့ရက်တွေမှာ

မာန်နတ်ရဲ့ ဘယ်ဘက်လက်က

အနက်ရောင် ကျမ်းချပ်တစ်ပိုဒ်ဟာ

ငါ့ကို စီးနင်းတိုက်ခိုက်ဖို့

မြင်းကကြိုးတို့ကို ပြင်လို့ `သ´လို့ နေခဲ့ပေါ့….။

ဘာပဲပြောပြော

ရွှေနဲ့စက်ဝယ်လို့ မရတဲ့

နောက်ဆုံးကလူရဲ့ အတွေ့အကြုံမှာ….

သံမှုန်တွေ ကပ်ပါနေရဲ့

ငါ … ဘာကိုမှ မကြောက်ခဲ့ဘူး။

ဟောဒီလောကတောက်လျှောက်

`ကျောက်သင်ပုန်းပေါ်က သုညနဲ့စာရင်

ဗလာစာအုပ်ပေါ်က သုညက မြတ်တယ်´တဲ့

အဲဒီအော်သံကို ငါ ရယ်နေခဲ့တယ်…။

`မင်းကကော…ဘာလဲ´လို့

အနန္တတွေကဝိုင်းမေးတော့

၁… ၂… ၃… ၄… ၅…

ငါ … အကုန်စဉ်းစားတယ်

၆… ၇… ၈… ၉… ဝ…

တစ်ခုမှ မဟုတ်ဘူး

ငါ့အတွက် ဂဏန်းမရှိဘူး…။

သွေးနဲ့ယက်တဲ့ ကတ္တီပါစလို

နီလွရှင်းတောက်

ကြောက်ခမန်းလိလိ လှပတဲ့

နှလုံးသားက ဂီတသံစဉ်

နှင်းဆီဝိညာဉ်မှာတင်တဲ့ ကမ္မည်း

လကွယ်ညရောက်တိုင်း… ငါ ဂစ်တာတီးနေမယ်…။

ကျဆုံးတော့မယ့် စစ်သူရဲအိုက

ငယ်ဘဝက ဓားနဲ့ ချစ်သူကို

ပြင်းရှစွာ သတိရလိုက်သလိုမျိုး

နင့်ကို ငါ သတိရနေတယ်….။

ထိပ်ထားရေ…

ထိပ်ထားရေ…

ထိပ်ထားရေ…

သစ်ခုတ်သမားတွေ မရှိတဲ့တိုင်းပြည်မှာ

ငါ … လယ်သမား ဖြစ်ချင်တယ်…

နင် … ဘုရင်မ… လာမလုပ်ရဘူးနော်။

တော်တော်ကြာ

တံစဉ်တစ်လက်ရဲ့ ကျင့်ဝတ်မှာ

သန်လျက်အတွက် ပန်းခူးပေးခွင့် မပါလို့

ရွာဇနပုဒ်ရဲ့ မိုးရေထဲ

ငါ … တစ်ယောက်တည်း

မျက်ရည်ဝဲနေရပါဦးမယ်….။

ငါကလည်း ခက်တယ်…

ကဗျာတစ်ပုဒ်နဲ့

နေမဝင်အင်ပါယာ

ဘယ်ဟာယူမလဲလို့ မေးလာရင်

ဒုတိယအရာကို ငါ……ငြင်းတယ်….။

အဲဒီလိုနဲ့ပဲ

မှောက်ထားတဲ့

ငါ့ရဲ့ ကံကော်ရွက်ဖဲချပ်ကလေးတွေ

လောကကြီးကို အမျှဝေရင်း

မြေမျိုခံခဲ့ရတာ…

ကာလများစွာ… ကြာပြီကောလေ….။

(၆)

တောင်ညိုမျာပျိုတဲ့မိုးတွေ

နင့်မျက်နှာလေးကို တိုးသက်တဲ့အခါ

တောင်ပင်လယ်က ဗေဒါတွေဟာ

ဆောက်တည်ရာမရ ဖြစ်ကုန်ကြတယ်။

ဟေး… ငါပြောမယ်…

…. …. အက်ဆစ်တိမ်ခိုး…တို့

မုတ်သုန်ကို နှိုးပါ

ဒီလူဆိုးအတွက်လည်း

မိုးကြမ်းတို့ တစက်စက် ရွာပါ…။

`မထိုက်တန်သူဆိုတာ

လွင့်မျောရမှာပါပဲ…´

ခွဲခွာခြင်းဟာ…

ခရမ်းပြာကျည်ဖူးကို

အဆိပ်ချိုတွေ လိမ်းသုတ်

နှလုံးသားတည့်တည့်ဆီ

ချိန်ရွယ်မောင်းဖြုတ်လိုက်တယ်…။

သက်ပြင်းဝေဝေ

ခရေတို့ နှင်းစက်ဖားလျား

မျက်ရည်ကိုစားတဲ့

ချောက်ချားဖွယ်ရာ စကားမဲ့ည

ငါဟာ… ထက်ပိုင်းချိုးခံရတဲ့

တစ်ခြမ်းပဲ့ `လ´ပဲ့ ဖြစ်တယ်။

အိပ်မက်ထဲက ကမာ္ဘစစ်လို

အရိုးပြိုင်းပြိုင်းညနေအိုက…

မြေကို ရှိခိုး…

မြူခိုးတို့ ပျောင်းအိညွတ်တွဲ

လူငယ်ဘဝရဲ့

ညရိပ်တို့ မှုန်ဝေဝမ်းနည်းခဲ့ရတယ်။

အခင်ဆုံး မဖြစ်ခဲ့ပေမယ့်

အခင်ဆုံးတွေအကြောင်းပြောတိုင်း

သတိရမိနေကျ သူငယ်ချင်းတစ်ယောက်ဆီ

ငါ… မရောက်ရောက်အောင် သွားမယ်…။

ပြီးတော့…

ခရိုးခရိုင်… လက်ဖက်ရည်ဆိုင်လေးမှာ

ကဗျာအကြောင်း စာအကြောင်းတွေပြောရင်း

ကိုယ့်ကိုကိုယ် ပြန်လည်ဖန်ဆင်းပစ်မယ်…. ကွယ်….။

အရက်သမားက

သူတစ်ပါးကိုလွမ်းဆွတ်တာ

ရယ်စရာ မဟုတ်ပါဘူး

တစ်ရံတစ်ခါရဲ့

ပြန်မလာတဲ့သူတို့

သိကြဖို့ ကောင်းတယ်…။

လေညင်းကလေးရေ…

ငါ ချစ်မြတ်ရတဲ့ ကမာ္ဘရဲ့ ထိပ်ထားကို

သူ့ဆံနွယ်ခက်လေးတွေ

ဖွားကနဲ လွင့်ဝဲသွားရုံ

တစ်ချက်လောက် အုံ့သည်းတိုုက်ခတ်ပေးပါ…။

လေစီးထဲမှာ

ဖွာကြဲလှပနေရှာမယ့်

သူ့ရဲ့ ကေသာဆံမြကို

အဝေးကနေ… ရှိုက်မွှေးလွမ်းဆွတ်ပါရစေဦး….နော်….။

(၇)

အထီးကျန်တောင်ကို အုပ်စိုးဖို့

နတ်ပြည်က ရွာချတဲ့

ငါ့အတွက်…အညတရမိုး … ရေ

နေပါစေတော့…။

အဲဒီညဟာ

တစ်ခြမ်းပဲ့ `လ´က

အသက်ပေးပြီး ကာကွယ်ခဲ့ရတဲ့

အလံမလဲမီ `ည´….ဖြစ်တယ်။

မြက်ရိုင်းက…

မိုးကုတ်စက်ဝိုင်းကို နမ်းမရသလိုမျိုး

နေနဲ့လက…

တစ်ယောက်ကိုတစ်ယောက် မပိုင်ဆိုင်နိုင်ကြသလိုမျိုး…..

ရိုးသားစွာ…တို့ဝေးလို်က်ကြပါစို့။

ချစ်သူကို မြတ်နိုးရုံနဲ့

အရာရာကို လက်ဖြန့် မိုးစောင့်ရှောက်ချင်တဲ့လူငယ်

ခု … ချွင်းချက်နဲ့ လက်နက်ချလိုက်ပါတယ်…..။

တေလေဘဝရဲ့

ပထမဆုရ အမှားတွေကို

လွယ်အိတ်ညိုထဲထည့်ပြီး

မီးအိမ်လက်ဆွဲ…

ရာဇဝင်ထဲမှာ ခရီးဆက်ရဦးမယ်။

ထိပ်ထားရေ…

ကချေသည်တို့ရဲ့ တေးတွေနဲ့

ငြိမ်းအေးပျော်ရွှင် ထာဝစဉ် ချမ်းမြေ့စေသား…

ကောင်းသော မိုးသောက်ချိန်၌လည်း

ငြိမ်သက်တည်ကြည်စေ…

ငါ … ဆုတောင်းပေးနေမယ်…။

ပန်းခူးရင်း

သူငယ်ချင်းတွေနဲ့နေရင်း…

စကားပြောရင်း…

သီချင်းလေးတွေဆိုရင်း…

မင်း… ငါ့ကို မေ့သွားမှာပါ…။

ခုတော့… သွားတော့နော်

ငါ ချစ်မြတ်ရတဲ့ နေရောင်ခြည်တွေနဲ့ မိန်းမပျိုကို

`ဘဝ´ ဆိုတဲ့ မာယာနိုင်ငံအိုက…

စောင့်ကြိုလို့ နေရော့မယ်…

သာမညလမ်းခွဲမှာ…

ဝမ်းမနည်းသလို ငါတို့ နှုတ်ဆက်

မနက်ဖန်ခါမှာ… အောင်မြင်ပါစေ…

မနက်ဖန်ခါမှာ… အောင်မြင်ပါစေ…

မနက်ဖန်ခါတိုင်းမှာ…..အောင်မြင်ပါစေ…

ထိပ်ထားရေ……။

(တာရာမင်းဝေ)

————————————————————————————————
================================================================================================

အထက်ပါ ကဗျာရှည် ဟာ….

ကျွန်တော်..ငယ်စဉ် အသက် 18 / 19 လောက် ကတည်းက…နှစ်သက် စွဲလမ်းစွာ…

ချစ်နေမိတဲ ့ ကဗျာ..ပါ ။

အဲဒိ ကဗျာ..ဟာ…..

ဆရာတာရာမင်းဝေရဲ ့

သိုးဆောင်းဂစ်တာ တစ်လက်ရဲ ့ မှတ်တမ်းဆိုတဲ ့…

စာအုပ်ကလေးထဲ..မှာ.. ရှေ ့ဆုံးစာမျက်နှာတွေ…မှာ..ပါဝင်တဲ ့ ကဗျာပါ ။

အင်မတန်လည်း..နာမည် ကျော်ကြားခဲ့ပါတယ် ။

ကျွန်တော်…. အလင်းဆက်..ရယ်လို ့….

စာတွေ……………ရေးချင် လာဖို ့….

တွန်းအားပေးခဲ ့တဲ ့..အချက် တွေ.ထဲမှာ….

အဲဒီ ကဗျာကို… ဖတ်ခဲ ့/ မှတ်ခဲ ့ / ချစ်မြတ်နိုးခဲ့ခြင်း …လည်း..တစ်ခု အပါအဝင်….။

————————————-

ဒီ ကဗျာကို… ဖတ်ပြီးချိန် မှာ… ပထမဆုံးတွေးမိတာက….

ကျွန်တော်လည်း..ဒီလို ကဗျာ..စာသားတွေ…

ရေးချင်တယ် ။

ရေးနိုင်အောင် ကြိူးစားမယ် ။

တွေးမိတဲ ့ အတိုင်းလည်း..ရေးကြည့်ပါတယ် ။

ဒါပေမယ့်..ရေးမိတိုင်းလည်း… ထပ် တွေးမိတာက….

ကိုယ် ့ လက် ..ကိုယ် ခုတ်ဖြတ်…လိုက်ချင်တယ်…. ဆိုတာပါပဲ..။

=======================================

အဲးဒ်ီနောက်ပိုင်း…..

အခု..ကာလတွေ..ထဲမှာ…

ကျွန်တော်..ကဗျာ …တော်တော်လေး.. ရေးခဲပါတယ် ။

ရေးးထားတဲ ့ ကဗျာတွေ ကိုလည်း…ချ..မပြ ဖြစ်တာ..ကြာပါပြီ ။

ဟိုတလောကတော့…….

ရတီမဂ္ဂဇင်းတိုက်ဆီကို။။။

ကဗျာ နှစ်ပုဒ် ပို ့ခဲ့ပါသေးတယ် ။

ဒီနေ ့အထိ..နှစ်လ ကြာပြိးတဲ ့ အထိ…. ဘာသံ မှ မကြားရဘူး ။

ကျွန်တော့် အောင်မြင်မှု က… အဲဒီလို…ပါ ။

====================================================================

ကျွန်တော် နဲ ့ ခင်မင်ရတဲ ့……

စာပေ ထုတ်ေရေး လုပ်ငန်း….လုပ်နေသူ..စာပေမိတ်ဆွေ တစ်ယောက်က…..

ကိုသူရ…ကဗျာတွေ..ရေးပြီး..စုထားဗျာ…။

အပုဒ် နှစ်ဆယ်..ကျော်လောက် ရရင်.. အရှုံး.ခံပြိး..ကို ထုတ်ပေးမယ်..တဲ ့……။

သူ…က တကယ် အတည်ပြောတာပါ ။

သူက..စာပေ အနုပညာ ကို..တကယ်ချစ်တဲ ့ စာပေသမားပါပဲ. ။

သူ ….အရှုံး.ခံပြီး.ထုတ်ပေးမယ်…. ဆိုတာတောင်….

ကျွန်တော့်ဘက်က…

ရေးထားပြီးသား…. 5 ပုဒ် / 6 ပုဒ် လောက်က လွဲ..ရင်….

ထပ်လည်း..မရေးဖြစ်… / မရေးနိုင်တော့ပါဘူး ။

ဒီတော့….

ကျွန်တော်…ဟာ….

ကဗျာတွေကို…. ချစ်တယ် ။

သိူ ့သော်..ကဗျာတွေ… ဖန်တီးနိုင်မှု..အား… အလွန်…နည်းပါးနေပါတယ် ။

ကဗျာတွေကု် ချစ်လို ့….

ကဗျာတွေ ……ဖတ်ပါတယ် ။

ဖတ် ခြင်း နဲ ့.. ချစ်မြတ်နိုးခြင်း…ကြားမှာပဲ…

ကျွန်တော်..တည်ရှိ နေပါတယ် ။

=====================================================================================

ကျွန်တော်… .. ဒီ မီးတောက်ရစ်သမ်…ကဗျာလေးကို..ချစ်နေတာကို…

တစ်ယောက်ယောက် သိသွားပါတယ် ။

အဲဒီ တစ်ယောက်ယောက်ဟာ…..

ကျွန်တော်နဲ ့… ခင်မင် ရင်းနှီး သူ လည်းမဟုတ် …။

ကျွန်တော် နဲ ့ တစ်ခါမှ လည်း..စကားတောင် မပြောဖူးတဲ ့… လုံးဝ မသိတဲ ့ တခြားသူ တစ်ယောက်ပါ ။

အဲဒီ SYS TUX ဆိုသူ…က (လူုငယ်လေး.. တစ်ယောက် ထင်ပါတယ် ။ )

18 . 9 .2012 မှာ ကျရောက်တဲ ့

ကျွန်တော့်ရဲ ့ 25 နှစ်မြောက် မွေးနေ ့မှာ….

မေးနေ ့ လက်ဆောင် အဖြစ်..ပို ့ပေး ခဲ့တာပါ ။

သူ က…. ကျွန်တော် ကို ့ ခင်မင် မိလို ့ပါ တဲ ့။

ဘယ်လို က ဘယ်လို ခင်သလဲ… ဆိုတော့….

ဂေဇက် မှာ…. စာ လာဖတ်ရင်း……

ကျွန်တော့် မွေး နေ ့ အဖြစ်.. ပို ့စ်လေးတွေ.ကို…တင်ထားတာတွေ ့ပြီး… ့….


ခင်မင် မိသွားလို ့….

ဒီလို..ကဗျာ လက်ဆောင်လေး… ပို ့ပေးလိုက်တာပါတဲ ့ ။

သူက..ဂေဖက်မှာ..စာ လာဖတ်ပေမယ့်…..

ဂေဇက်ရွာသားတစ်ယောက် မဟုတ်ပါဘူး…လို ့လည်း…. ပြောထားပါတယ် ။

ကျွန်တော့် မေးလ်..ထဲကို…

တကူးတက… လက်ဆောင် လေး..ပို ့ပေးလို ့…

ကျေးဇူးပါနော် ။

ကျွန်တော်..တကယ် ချစ်ခဲ့ရတဲ ့…..ကဗျာမို ့လည်း….

အမှတ်တရ..ဖြစ်ပါတယ် ။

အခု အမှတ်တရ… အဖြစ်… ပြန်လည်…… ပြီး…

ရွာ ထဲမှာ… မှတ်တမ်းတင်လိုက်ပါပြီ။

=============================================================================

ဒီ ကဗျာကို..ရွာထဲက…

မိတ်ဆွေ တစ်ယောက်ယောက်..တင်ပြ ပြီးသား.. ဖော်ပြ ခံစား ပြိးသား…ဖြစ်နေရင်တော့….

တိုက်ဆိုင်မှု အတွက်… ကျွန်တော် ့ကို နားလည် ပေးပါနော် ။

——————-

အခု….

ကျွန်တော်ရယ်..ကဗျာ.ရယ်….

အကြောင်း… နည်းနည်းပြောခဲ့ပါပြီ ။

အခွင့်သာ တဲ ့အခါ…..

များများ..ထပ်ပြောချင်ပါသေးတယ်…။

===========================================================

ကျွန်တော်..ချစ်သော….

စာချစ်သူများ..အားလုံးကို…

ခင်မင်လေးစားစွာ..ဖြင့်

အလင်းဆက်

alinsett.art@gmail.com

14 comments

  • အလင်းဆက်

    October 14, 2012 at 9:16 pm

    ဒါက… ဆရာမ ဝင့်ပြု့းမြင့်က… ကျွန်တော့်ကို ပေးတဲ ့လက်ဆောင်ပါ ။
    http://myanmargazette.net/148810/creative-writing/poetry-songs

    ဒါက မမရွှေကြည် ရဲ ့လက်ဆောင်
    http://myanmargazette.net/149025/creative-writing

    ဒါက မိုးမင်းသား ရဲ ့ လက်ဆောင်
    http://myanmargazette.net/149026/entertainment

    ဒါက ကျွန်တော်က ပေးတဲ ့ လက်ဆောင်…
    http://myanmargazette.net/149122/arts-humanities

    အဲဒီလို..လက်ဆောင်တွေ ကို.. တွေ ့သွားးပြီး..

    ကျွန်တော့်ကို ….ခင်မင် မိလိ ု့..ဆိုပြီး… ပို ့ပေးလိုက်တဲ ့ လက်ဆောင်လေးက…
    အခု..လို ့ ပိုစ်လေး တစ်ပုဒ် ဖြစ်လာတာပါ ။
    SYS TUX ရေ…
    ကျေးဇူး..ထာဝရ..ပါနော့ ။

    ကျွန်တော့်အမှတ်တရ ကို..ခံစား ပေးကြသော…

    ကျွန်တော် ချစ်သော…

    စာချစ်သူ../ ရွာသူ ရွာသားများ…အားလုံးကို…

    ခင်မင်လေးစားစွာ….ကျေးဇူးတင်လျက်ပါ…လို ့ ။

  • ညံ့တယ်လို့ပဲ ပြောပြော
    ရှော်တယ်လို့ပဲ ဆိုဆို ….
    ကျနော် ဆရာတာရာမင်းဝေရဲ့ အခုကဗျာ “မီးတောက်ရစ်တမ်” ကို ခုမှပဲ ဖတ်ဖူးတော့တယ် …
    အရင်ကတော့ နာမည်ပဲ ကြားခဲ့ဖူးတာပါ …
    ကဗျာအတွက် ကျေးဇူးပါ ညီငယ်လင်းဆက်ရေ …
    ကဗျာကို သေချာဖတ်ပြီး အဓိပ္ပါယ် ဖော်ကြည့်ရဦးမယ်ကွ ….


    ဒါနဲ့ စကားမစပ် …
    ဒို့ရွာထဲမှာလည်း ကျားရော၊ မရော ကဗျာကို ချစ်တဲ့လူတွေ ရှိတယ် ..
    ဒီလူတွေ ပေါင်းပြီး ကဗျာစာအုပ်လေး တစ်အုပ်လောက်များ လုပ်လိုက်ရင် ကောင်းမလားလို့ …

  • စိန်ဗိုက်ဗိုက်

    October 15, 2012 at 10:59 am

    ကဗျာတွေကိုလဲ ခြစ်တယ်
    မစ်စ် အင်ထနေချင်နယ်မလေးကိုလဲဂြစ်တယ်..
    အူးဆတ်ကိုလဲ ဂျစ်တယ်.ဘီအီးကိုလဲ ဂျစ်တယ်..ခြစ်လို ့ရသမျှ အကုန်ခြစ်မယ်
    :harr:

  • ကိုခင်ခ

    October 15, 2012 at 1:36 pm

    ကိုစိန်ဗိုက်ဗိုက်ရေ ဒါဆို အုန်းသီးကိုလည်း ခြစ်မှာဘဲလား?

    • စိန်ဗိုက်ဗိုက်

      October 15, 2012 at 2:22 pm

      အုန်းသီးကိုခြစ်မယ် အုန်းရေကို ညှစ်မယ်..ဇွိစ်..ဇွိစ်..

  • အလင်းဆက်

    October 15, 2012 at 8:59 pm

    ဦးဦး အံစာေ၇…
    ရွာထဲက ကဗျာချစ်သူ တွေ.စုပြီး..
    ကဗျာ စာအုပ်ကလေး..ထုတ် လိုက်ရရင် အတိုင်းထက်အလွန်..ပျော်စရာ../ ရင်ခုန်စရာ.ပေါ့ဗျာ ။

    အဲဒီ အစီအစဉ်လေး… အောကင်အထည် ဖော် ကြရအောင်ဗျ ။
    :kwi:
    =========================

    စိန်ဗိုက်ရေ….
    အူးဆက်ကိုတော့… မဂျစ်ပါနဲ ့ဥိးကွယ်…

    ခြစ်တုဝေ လေးနဲ ့… ကိစ္စ က..မပြတ်သေးလို ့ပါ ။
    ဟိဟိ ။
    :kwi:
    ==========================

    ကိုခင်ခရေ…
    စိန်ဗို်က်ကြိးက…
    ဘာကြီးပဲ… လာလာ ချစ်နေမယ့်ပုံဗျ ။

    ဘီအီးကိုချစ်တာတော့….
    တားတားနဲ ့တူသဗျ ။

    ==================
    :kwi:

  • မောင်ပေ

    October 15, 2012 at 9:38 pm

    အလင်းဆက် က
    ကဗျာ့ ကို ချစ်တာကို
    စစ်တပ် ဆိုတဲ့ တစ်ယောက် က သိသွားတယ် ဆိုပါတော့ကွယ်

  • အလင်းဆက်

    October 15, 2012 at 9:40 pm

    ဟင်….

    အဲဒါ… စစ်တပ်…လား ။

    အဟီး…

    ကြောက်ချာကြီး….

    ဟိဟီး ။

    တားတားက အနုပညာသမားလေးပါနော် ။
    ဒါကြောင့်ကဗျာကိုချစ်တာပေါ့ ၊

    နော ့ဗျာ

    :kwi:

  • ကြောင်ကြီး

    October 16, 2012 at 10:20 am

    ကဗျာ
    တဏှာ
    အဝှာ
    သမာ္ဘ
    တခါ
    မကြာ
    ဗလာ
    ဆန်ကာ..။

  • အလင်းဆက်

    October 16, 2012 at 6:38 pm

    ရလဲ ့…။

    ဦးကြောင် ရဲ ့ နှစ်လုံးပြူး…ကဗျာကလည်း…

    တယ်ဆိုပါလား ။

    ဥိးကြောင်…

    ဖတ်ရှု ခံစားပေး..လို ့ကျေးကျေး…။

    :kwi:

  • padauk moe

    October 21, 2012 at 8:43 pm

    ကဗျာလေးလန်းတယ်ကွာ သူသူရေ

  • အလင်းဆက်

    October 21, 2012 at 8:48 pm

    ဟဲ ့ပလုပ်တုတ် ။

    ဘယ်လို ကြီးခေါ်တာလဲ… ဟဲ ့ ။

    နာ ့နာမည် ရင်းကိုူ… ဘယ်လို တိတာလဲ

    :buu:

  • padauk moe

    October 21, 2012 at 8:50 pm

    ဟုတ်ပါပြီတဲ့ရှင်

Leave a Reply