လွမ်းလှပြီချစ်သူရယ်

အနမ်းတွေဝေခဲ့ဖူးတဲ့

စမ်းချောင်းလေးတစ်နေရာတောင်

အခုဆို ခမ်းချောက်နေရော့မယ်ထင်တယ်နော်……….

မေတ္တာဆိုတာကို အချစ်သဒ္ဒါနဲ့ပေါင်းရင်

မင်းရင်မှာလေ သစ္စာဆိုတဲ့စကားလေးတစ်ခွန်း ဖြစ်တည်လို့နေမလားနော်……

သံယောဇဉ်ကို အမှန်သဘောနဲ့ ပြောရင်

ငါ့ရင်မှာလဲလေ ထာဝစဉ်ဖြစ်တည်နေမှာက အချစ်စစ်တွေပေါ့………..

မငိုပါနဲ့တော့ချစ်သူရယ် လွမ်းလို့ကျတဲ့မျက်ရည်တွေကို

သက်သေအနေနဲ့မင်းပြနေရော့မယ်ဆိုရင်

ငါလေ အဝေးရပ်ကနေပြီးတော့ အရမ်းချစ်ပါတယ်လို့

ပြောခဲ့ပါရစေနော် ………….

                                                               ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..