သဝန်လွှာ

ကာရံOctober 14, 20121min1218

လွမ်းလှပြီချစ်သူရယ်

အနမ်းတွေဝေခဲ့ဖူးတဲ့

စမ်းချောင်းလေးတစ်နေရာတောင်

အခုဆို ခမ်းချောက်နေရော့မယ်ထင်တယ်နော်……….

မေတ္တာဆိုတာကို အချစ်သဒ္ဒါနဲ့ပေါင်းရင်

မင်းရင်မှာလေ သစ္စာဆိုတဲ့စကားလေးတစ်ခွန်း ဖြစ်တည်လို့နေမလားနော်……

သံယောဇဉ်ကို အမှန်သဘောနဲ့ ပြောရင်

ငါ့ရင်မှာလဲလေ ထာဝစဉ်ဖြစ်တည်နေမှာက အချစ်စစ်တွေပေါ့………..

မငိုပါနဲ့တော့ချစ်သူရယ် လွမ်းလို့ကျတဲ့မျက်ရည်တွေကို

သက်သေအနေနဲ့မင်းပြနေရော့မယ်ဆိုရင်

ငါလေ အဝေးရပ်ကနေပြီးတော့ အရမ်းချစ်ပါတယ်လို့

ပြောခဲ့ပါရစေနော် ………….

                                                               ပိတောက်မိုး

8 comments

  • ပိတောက်မိုးရေ ….
    ကဗျာလေးက ကာရန်လေးတွေနဲ့ စပ်ပြီး
    အလွမ်းလေး ဖွဲ့သွားတာ ကောင်းလှပါတယ်ဗျား …

    အောက်ဆုံးစာသားဖြစ်တဲ့ … “ပြောခဲ့ပါရစေနော်” … မှာ ..
    “ခဲ့” … အစား .. “လိုက်” .. လို့ သုံးလိုက်ရင် ပိုပြီး အဓိပ္ပါယ် ပါသွားမလားပဲ …
    ဘာကြောင့်လဲ ဆိုတော့ ..
    ကဗျာရဲ့ flow က အဝေးကနေ လှမ်းပြောနေတဲ့ ပုံစံပြီး ဖြစ်နေလို့ပါ …

  • Thu Wai

    October 15, 2012 at 11:45 am

    ခန်ဆားဂျက် တွေ ဂို ကဗျာလေးနဲ့ ပြောင်းရေးတာ ကောင်းပါဒယ် ဆက်ပြီး ခန်ဆား နိုင်ဘာစေ

  • ရွှေ ကြည်

    October 15, 2012 at 11:55 am

    မေတ္တာဆိုတာကို အချစ်သဒ္ဒါနဲ့ပေါင်းရင်

    မင်းရင်မှာလေ သစ္စာဆိုတဲ့စကားလေးတစ်ခွန်း ဖြစ်တည်လို့နေမလားနော်……။

    ကောင်းလိုက်တဲ့စာသားလေး။

  • ငါကြားနေပါတယ် ချစ်သူ
    မင်းရင်ထဲက စကားတွေကိုပေါ့။
    ခမ်းခြောက်နေတဲ့ စမ်းချောင်းနံဘေးက
    ငါ့မျက်ရည် ရေအိုင်ငယ်လေး
    မင်းအလည်လာရင်တွေ့နိုင်ပါတယ်။
    အားမငယ်ပါဘူးကွယ်
    မေတ္တာသာ စစ်မှန်ခဲ့မယ်ဆိုရင်
    ငါတို့ဆုပ်ကိုင်ဖူးတဲ့လက်တွေ
    တစ်နေ့မှာ ခိုင်မြဲနေပါလိမ့်မယ်လို့…။

    ဆက်လက်ခံစားရေးဖွဲ့သွားပါသည်။ 🙂

      • ဒီဂျီးဒေါ် ..
        လျှာကို ရှည်တယ် ..
        ရေးချင်တာနဲ့ ရေး၊ ဖတ်လို့ ရရင် ပီးဒါဘဲကို ..
        အဟီးးး နောက်ဒါ .. :mrgreen:

        • ရပါဝူး..ခေါင်းစဉ်က မှားနေတာကို…
          အန်တီမမ နဲ့ တိုင်ပြောမှာနော် :mrgreen:

  • padauk moe

    October 15, 2012 at 5:36 pm

    ဝေဖန်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်နော်

Leave a Reply