ငါတို့မှာလဲ အဘိုးရှိတယ်

ဦးသုOctober 15, 20121min20319

တစ်ခါက မြို့တစ်မြို့မှတစ်မြို့ အထမ်းနဲ့ လည်ပြီး ဦးထုုပ်ရောင်းသူတစ်ဦး
လမ်းခုလတ်မှာ သစ်ပင်ကြီးအောက် အနားယူရင်းအိပ်ပျော်သွားတယ်။
ပြန်နိုုးလာတော ့သူ့ရဲ ့ ဦးထုပ်တွေ ပျောက်နေလို့ လိုက်ကြည် ့တော ့
သစ်ပင်ပေါ်က မျောက်တွေက တစ်လုုံးစီယူထားတာတွေ ့ရတော ့
ဘာလုပ်ရမှန်းမသိဖြစ်ပြီး စိတ်ညစ်လိုု ့သူဆောင်းထားတဲ့ ဦးထုပ်ကိုု

ချွတ်လိုုက်တာ သစ်ပေါ်မျောက်တွေလဲ လိုက်ချွတ်တယ် ။ သူပြန်ဆောင်းရင်လဲ
လိုက်ဆောင်းတယ်။ ဒီမှာတင် သူသတိထားမိပြီး သူဆောင်းထားတဲ ့
ဦးထုပ်ကိုုမြေပြင်ကိုချလိုက်တော ့မျောက်တွေအားလုုံးလဲ လိုက်ချတယ်။
ဒီတော ့မှသူ ့ရဲ ့ဦးထုပ်တွေကိုု ပြန်ကောက်ပြီးခရီးဆက်ခဲ့တယ်။
ဒီလိုနဲ့ နှစ်ပေါင်းအတော်ကြာပြီးထိုုသူရဲ့မြေးလက်ထက်ထိဒီအလုုပ်နဲ့ဘဲ
အသက်ဆက်မွေးခဲ့တယ် ။ သူ ့မြေးကိုုသူ့ရဲ့အတွေ့အကြုံတွေလဲပြောထားတယ် ။
မြေးအလှည့်ရောက်တော့လဲ အထက်မှာဆိုုခဲ့တဲ့အတိုုင်း ထပ်ဖြစ်တယ်လေ။
ဒီတော့အဘိုုးပြောထားတဲ့အတိုုင်းလိုက်လုပ်တော ့မျောက်တွေလဲသူလုပ်သလိုု
လိုုက်ပြီးလုုပ်ကြတယ်။ နောက်ဆုုံးကျတော့မှဆောင်းထားတဲ့ဦးထုပ်ကိုုပစ်ချလိုက်တော ့မှ
သစ်ပင်မှာကွယ်ပြီးစောင့်နေတဲ့မျောက်တစ်ကောင်က သူပစ်ချလိုုက်တဲ့
ဦးထုုပ်ကိုပြေးကောက်လိုက်ပြီး စကားတစ်ခွန်းပြောလိုက်တာက

“ ငါတို ့မှာလဲအဘိုးရှိတယ် ” တဲ့

19 comments

  • etone

    October 15, 2012 at 12:23 pm

    အဟီးးးးးးးးးး ရယ်ရတယ် …. :harr:
    ကိုThu Waiရေ …. သူတို့ အဘိုးတွေတိုင်းက တာဝန်ကျေပြီး … လက်ဆင့်ကမ်း သင်ပေးသွားတယ် … တချို့ တချို့တွေကျတော့လည်း … ဆရာစား ချန်လွန်းလို့ နောင်လာ နောက်သားတွေခေတ်မှာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ …. မလုပ်တတ်မကိုင်တတ်ဖြစ်နေရရှာတယ် …. ဟီး :mrgreen:

  • Thu Wai

    October 15, 2012 at 12:32 pm

    ဒေါ်အိတုံး ရေ အဘိုးတွေဘာတွေရှိသေးရင်မေးစရာရှိတာမေးထားနော်

  • တကယ်ဆို ဦးထုပ်သည်အဘိုးက အိပ်မပျော်ခင်မှာ ဦးထုပ်တွေကို မျောက်တွေမခိုးအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာ သင်ပေးခဲ့သင့်တာ… ခိုးရာလက်က ပြန်လုတာထက်စာရင်ပေါ့….

    • Thu Wai

      October 15, 2012 at 1:16 pm

      အော် ဟာသ ပါဆိုမှ သူကလဲ တစ်မျိုး အတည်ပေါက်နဲ့လာမစားနဲ့နော်

      • တိဝူးလေ… ပို့စ်တွေထဲမှာက ဟာသလိုလိုနဲ့ သဘောတရားလေးတွေ ထည့်ထားတတ်တော့ ကိုယ်က ဟာသထင်ရင် ဟာသမဟုတ်လိုက် ဆိုတော့ အဲ့လိုပဲ ထင်တာပေါ့.. ဟာသဆိုတော့လည်းပြုံးသွားပါတယ်ရှင်… :kwi:

  • အံစာမျောက်ဂျီးဂဒေါ့ ခုလို အော်လိက်ဒယ်ဒဲ့ …
    နာ့မှာ ..
    မောင်ပေနဲ့ စိန်ဗိုက် ချိဒယ် ….
    :kwi:

  • ကိုခင်ခ

    October 15, 2012 at 1:32 pm

    အော် ဟာသ ပါဆိုဘဲ ဒါဆိုထင်မြင်ယူဆချက်တွေ မမန့်တော့ဘူး ကိုသုဝေရေ။
    ပြုံးမိပြီး သွားပြီ။

  • ရွှေ ကြည်

    October 15, 2012 at 2:21 pm

    မိရွှေကြည်မှာ အဘရှိတယ် (အရင်က) :byae:

    ရယ်မောသွားပါတယ်ကိုသုဝေရေ။

  • jullies cezer

    October 15, 2012 at 2:53 pm

    ဒါဆို လူကမျောက်ကဆင်းသက်လာတာ ဟုတ်နေပြီပေါ့ လူထက်က မျောက်ကပိုသိနေတယ်ဆိုတော့ 😀

  • မောင်ပေ

    October 15, 2012 at 4:40 pm

    ကျုပ်မှာတော့ အဘိုးအရင်း အဖွားအရင်းတွေ မရှိကြတော့ဘူး

  • ကြောင်ဝတုတ်

    October 15, 2012 at 4:48 pm

    ရယ်စရာဆိုတော့ ရယ်စရာလိုပဲတွေးဖတ်ပါတယ်… ဒါပေမယ့် နောက်ကွယ်ကအနှစ်သာရကိုတော့ဖြင့်… ဖုန်းကွယ်မရနိုင်ပေဘူး…
    မျောက်ဟုပင်ဆိုစေကာမူ… အဘိုးလက်ထက်က အမှားတစ်ခုကို၊ တနည်းအားဖြင့် သမိုင်းရဲ့အမှားတစ်ခုကို သိပြီးပြင်နိုင်ရင်…
    တိုးတက်မှုကို ဖြစ်စေတယ်… အဲဒီတော့ မျောက်ကို ချီးကျူးပါတယ်…
    ဦးထုပ်ရောင်းသူကိုတော့ဖြင့် အတိတ်ကရွှေထီးဆောင်းခဲ့တာတွေကို သတိရပြီးတိုးတက်အောင်မကြိုးစားခဲ့သူလို့ပြောချင်ပါတယ်…
    အဘိုးသင်ပေးခဲ့တဲ့နည်းလမ်းကို ပိုတိုးတက်အောင် မဆောင်ရွက်နို်င်တဲ့အတွက် သမိုင်းပေးတာဝန်မကျေသူလို့ ခံစားရကြောင်း…

    ကျောင်းသင်ခန်းစာတွေကို အဲလိုဝေဖန်ဖူးသူတစ်ယောက်-
    ကြောင်ဝတုတ်

    • အရီးခင်လတ်

      October 15, 2012 at 5:32 pm

      ကြောင်ဝလေး ရေ ဒီ မှတ်ချက်လေး အတွက် ဦးညွတ် သွားပါတယ်ဟေ့။ :hee:
      သမိုင်း ဆိုတာ သင်ခန်းစာယူဖို့။
      အသေအချာပါဘဲ။
      နောက် တစ်ခု ချီးခြောက်ရေနူးဖို့လဲ မဟုတ်။ 😆

    • Guest

      October 16, 2012 at 11:27 pm

      မျောက်လည်းတော်သလို ဦးထုပ်ရောင်းတဲ့ လူလည်း မဆိုးပါဘူးဗျ.. ခုရောင်းနေတာက ဂျော်ဒါးနိုး၊ နိုက်ခ်၊ အက်ဒီးဒက်စ် ဦးထုပ်တွေလေ.. ဟုတ်တယ်နော် ဦးသုဝေ.. 😀

  • padonmar

    October 16, 2012 at 7:17 am

    ကြောင်ဝတုတ်ပြောတဲ့အတိုင်းပါဗျို့(အပါးခိုတာ)
    Who move my cheese ?တောင် သတိရမိတယ်။

    • လယ်ထွန်Z

      October 16, 2012 at 7:32 am

      အိုင် မုဗ် ယွာ ချိစ့်
      http://www.amazon.co.jp/Moved-Your-Cheese-Darrel-Bristow-Bovey/dp/1843301652
      ခိခိ

      ပျောချင်ပါဝူးဂျာ ..သဂျီးတို့ဆီက လူလည်ရီးတေ တော်ကီ ကောင်းပုံများ…
      သများတို့လို ငတိတေများ မျက်ချိကို လည် … လို့ …

      :kwi:

  • ကြောင်ကြီး

    October 16, 2012 at 9:51 am

    အဖိုး
    ပုဆိုး
    ကတိုး
    မရိုး
    တံပိုး
    အကျိုး
    နွားသိုး
    သူခိုး..။

  • Mobile

    December 12, 2012 at 5:08 pm

    သင်ခန်းစာ ယူမိပါတယ်။
    လူတိုင်းမှာ အဖိုးရှိတာ မှန်ပေမယ့်
    အခုလို ပညာပေးခဲ့တဲ့ အဖိုးရှိဖို့ လိုအပ်ပါကြောင်း ………

Leave a Reply