***လောကဓံတာလမ်း ထက် ကသင်္ခ ါရကားစုတ်***

maung khinminOctober 15, 20121min1042

***လောကဓံတာလမ်းထက်က သင်္ခ ါရကားစုတ်***

အိမ်ထောင်ရေး ကုမ္ပဏီထုတ်
မွဲစုတ်စုတ် အရောင်နဲ ့ ရောင်းတန်းမဝင်တဲ့
ကားတစ်စင်း ဟာ …
ကျွန်တော် ဖြစ်ခဲ့တယ်တဲ့ လား ၊

ခုနှစ်ဆယ့်ငါး မော်ဒယ်(လ်) ကားလေ
ဥက္ကဌ စွန် ့ခွာသွားတော့ ….
ကားလေးခမျာ  ငါးနှစ်သား စွန်းစွန်း အရွယ်
မျက်စိသူငယ်  နားသူငယ် အများအလယ်မှာ
ကားလေး လမ်းထက်စမ်းသပ် မောင်းနှင်ဖို ့
စောသေးစ ကာလ ၊

အတွင်းရေးမှုးမလေး ရဲ့  ညှစ်အားနဲ ့
ဒေဝါလီ မခံရရေး ….
အဲဒီ့ …..  ကုမ္ပဏီလေး ကိုပေါ့
ငွေမဲ့ ကြေးမဲ့ ခမျာ
ယဲ့ယဲ့ လှုပ်လှုပ် မြုပ်မြုပ် ဆယ်ဆယ် ရယ်ပါ ၊

အားမာန်တွေ ကြွယ်ခဲ့တဲ့ ….
ကျွန်တော့် အတွင်းရေးမှုး မလေး ပေါ့
သူမရဲ့  တည့်မတ်ပေးမှု နဲ ့
လောကဓံ ကြမ်းကြမ်း အဝေးပြေး လမ်းထက် …
မီးနီ များစွာ ကိုလဲ  ဖြတ်ခဲ့ရ
လမ်းတား တွေလဲ   ကွေ ့ဝိုက် ရှောင်တိမ်း ..
အကြိမ်းအမောင်း   အတိမ်းအစောင်း  များစွာဖြင့်
အသိန်းအသောင်း သော  ကားများရဲ့ ကြား
ကျွန်တော်က အင်ဂျင်ကျ နေတဲ့  ကားတစ်စင်းလေ
သူ ့သက်ပြင်း  မီးခိုးများက အလိပ်လိုက် အတန်းလိုက်
အူအူ မှိုင်းမှိုင်း ရယ် ၊

လမ်းပြောင်းပြန် လဲ မောင်းလို မောင်း
ကွန်တိန်နာ ကြီးတွေရဲ့  အနိုင်ကျင့်ခြင်းအောက်
ကျွန်တော့်ကား လေး  …..
တိမ်းလိုက် မှောက်လိုက်
ခါးကဖြတ်တိုက် တာလဲ ခံရဘူးပြီ …
ခေါင်းချင်းဆိုင် ဝင်အဆောင့် မှာလဲ  ကြေမွပြီးပြီ
အို ….. ဒီ ဘော်ဒီကြီးကို လေ
တစ်စင်းလုံးမှာ လေ ပတ်တီးရာ ဗရပွ
သင်္ခ ါရ ဆိုတဲ ့  …
ဒီကားလေး ခမျာလေ ၊

သူ ့ရင်ဘတ်ကြီး ထဲ  …
နှလုံးသား အင်ဂျင်ဟတ်တက်ကွဲ ကြီးထည့်လို ့
ခဏခဏ အမောဖောက် တတ်လာခဲ့ ပြီလား
ပန်းကုန် ကျွတ်ပေါက်  ဖရိန်ကောက်ကောက်ကြီး နဲ ့
အလျားလိုက် ကတ္တရာအနက်စင်းကြီး ပေါ်က
ဆီစား နှုန်းကြမ်းကြမ်း လာတဲ့ ကား
ဘယ်နား ဘယ်လို ထိုးရပ်သွားမယ် မသိ
ပျမ်းမျှ ခန် ့မှန်း သက်တမ်းက  အာမခံအတိ အကျမရှိ
လက်တစ်ကွေး  လက်တစ်ဆန် ့ မှာ ….
အင်ဂျင် ရပ်လား  ရပ်သွားနိုင် ရဲ့ …၊

ဘာလိုလိုနဲ ့ ….
မိုင်တိုင် ၃၈ ရောက်ဖို ့  ဖာလုံအနည်းငယ်အလို
သူ ့အရေပြား မှိုင်းအိုအို မှာ
ဇရာဆေးရောင်တွေ
အဖတ်လိုက် အက်ကွဲ ဖောင်းကြွ
ခုပဲ     ကြွကျတော့မယ့် အတိုင်း …
ရင်ဘတ်ထဲ ကလီစာတွေ  တစ်ဟွတ်ဟွတ်
တစ်ဖွတ်ဖွတ်
ဟော … ဘောနက် ဖုံးဖွင့်
ကြည့်စမ်း
ထောင့်ကိုးရာ ခုနှစ်ဆယ့်ငါး  မော်ဒယ်(လ်) ကားမှာ
တောင်တတ်လမ်းတွေ များလွန်းခဲ့ရဲ့
လောကဓံ အထုအထောင်း ခံလွန်းခဲ့ရဲ့
အင်ဂျင် အဟောင်းကြီးလေ ….
အဲဒီ့   ခန္ဓာ ဘော်ဒီကြီး နဲ ့ကားလေ
သူ ့ကလီစာတွေ    ဆားဗစ်(စ်) လုပ်ဖို ့  (ဘော်ဒီမပါ)
မိုင်တိုင် ၃၈ နားအနီး ……
ကျွန်တော် တိုးတိုးလေး ငြီးမိပေါ့ ။။။

မောင်ခင်မင်(ကျွန်းချောင်း)

၁၅.၁၀.၂၀၁၂

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

2 comments

  • မောင်ပေ

    October 15, 2012 at 10:00 pm

    မိုက်တယ်ဗျာ
    ကဗျာဆရာတွေထဲမှာ ကားစီးနိုင်တဲ့လူဆိုတာ နဲနဲလေးပဲ ရှိတာကလား

    • maung khinmin

      October 15, 2012 at 10:34 pm

      မှားတယ်ဆြာပေ

      ကျွန်တော်ဟာကဗျာဆရာမဖြစ်သေးးသလို

      ကားစီးနိုင်တဲ့သူတစ်ယောက်လဲ မဟုတ်ရပါကြောင်း

      ကဗျာချစ်သူသက်သက်မျှသာ

      ခိုင်းနှိုင်းမှုဝတ်ရုံခြုံ နိမိတ်ပုံတစ်ခုမျှဖြင့်

      လက်ကစားမိပါကြောင်း

      ကျွန်တော့အမာခံ ပရိတ်သတ်ဆြာပေတစ်ယောက်

      ချီးမြှောက်မှုကို သွားရေကျမိပါကြောင်း

      ဆြာပေတစ်ယောက် မာပါစေကြောင်း

      ခင်မင်လျက်……

      မောင်ခင်မင်(ကျွန်းချောင်း)

Leave a Reply