ဒီလိုဗျ…

ပြောရမယ်ဆိုရင် ခင်ဗျားတို့လဲ သိတဲ့အတိုင်းဗျာ… ဒါဇင်ပလပ်ဆိုတဲ့အဖွဲ့ပိစိညှောင့်တောက်လေး…

လစဉ် လုပ်အားခထဲကနေပြီးတော့ တတ်စွမ်းသမျှလေးတွေဖဲ့လှူတဲ့အဖွဲ့…

လှူပြန်တော့လဲ စာသင်သားရှိပြီးရော… ဘကကျောင်းဖြစ်ရင်ပြီးရောဆို မလှူချင်တော့အရပ်လှည့်ပြီး အလှူခံပုဂ္ဂိုဟ်လေးတွေ လှူသင့်တဲ့နေရာလေးတွေကို အချိန်ပေးရှာရသပေါ့… အားလပ်ရက်လေးတွေမှာ အဆင်ပြေသူများစုပေါင်းပြီး ဒါဇင်ပလပ်ရဲ့အလုပ်လဲ လုပ်ကြရသပေါ့ဗျာ…

ဘယ်ကျောင်းလေးကဖြင့် ဘာတွေလိုနေတယ်… ဘယ်ကျောင်းလေးကဖြင့် စည်းကမ်းကောင်းလိုက်တာ… ဘယ်ကျောင်းလေးကဖြင့် အတော်လေး ချို့တည့်ရှာတယ်ပေါ့… ဘယ်ကျောင်းလေးကတော့ ဘယ်လိုပေါ့… အချက်အလက်လေးတွေစု… နောက်လကို ဘယ်ကျောင်းကိုသွားမယ်… သွားဖို့ ဘယ်လို စီစဉ်ကြမယ်ဆိုတာ တိုင်ပင်ကြနဲ့…

အဲဒီမှာ…

အခြေအနေကလဲပေး… အားတဲ့ရက်နဲ့လဲတိုက်ဆိုင်တော့ တွံတေးမြို့နယ်၊ ကွမ်းခြံကုန်းနဲ့ ကော့မှူးကားလမ်းမပေါ်မှာရှိတဲ့ မင်္ဂလာတိုက်ကျောင်းမှာရှိတဲ့ မင်္ဂလာပရဟိတကျောင်းကို မေးစမ်းရင်းနဲ့ အခြေအနေကြည့်ဖို့ရောက်သွားတယ်ဆိုပါတော့ဗျာ…

အထဲရောက်တော့ ကျောင်းအဆောက်အဦးလေးတွေကောင်းတော့ မိဘမဲ့ကလေးတွေ အနေအစားသင့်တင့်သားရယ်လို့တွေးမိလိုက်သေး…

ကျောင်းသားလေးနဲ့ စာသင်ကြောင်းဆိုင်းဘုတ်

 

ကွင်းခေါင်ခေါင်ကစာသင်ကျောင်းလေး

ကျောင်းထဲရောက်တော့ တာဝန်ရှိသူတစ်ယောက်မေးလိုက်ချိန်မှာ ကျောင်းသားပေါင်း (၁၂၁၇)ယောက်တဲ့…

တစ်နေ့ စားစရိတ် (၇)သိန်းလောက်သုံးမှ ချဉ်ရေဟင်း၊ ငါးပိရည်၊ သခွားသီးနဲ့ ထမင်းတောင် အနိုင်နိုင်ကျွေးနေရတဲ့ဘ၀ဆိုတော့…

ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်မှာ ကျောင်းစရိတ်၊ နေစရိတ်၊ စားစရိတ်တွေကို ဆရာတော်က အလှူခံရငွေနဲ့ ပံ့ပိုးနေရပါတယ်ဆိုတော့…

အမိအဖမဲ့ ဆင်းရဲချို့တဲ့တဲ့သူတို့လေးတွေကိုကြည့်ပြီး ကျွန်ုပ်တို့မျက်ရည်လည်ခဲ့ရတယ်ကိုးဗျ…

ကျောင်းရဲ့ဦးဆောင်သူဆရာတော်

 

အတန်းကြီးလေးတွေက အတန်းငယ်လေးတွေကို ပြန်ထိန်းမတ်ပြီး စည်းကမ်းရှိရှိနေကြတဲ့သူတို့လေးတွေရဲ့ လိုအပ်ချက်ကို ဘယ်ပုံဘယ်နည်းနဲ့များ ကျွန်တော်တို့တတွေဖြည့်ပေးနိုင်ပါ့…

တနင်္ဂနွေနေ့လဲဖြစ်ပြန်တော့ ကလေးငယ်တွေနားရက်မှာ ချို့ချို့တည့်တည့်ဆော့ကစားနေတာကိုမြင်ရတော့… ရင်ထဲမှာ ကြည်နူးရမလို…

သနားရမလို… သူ့တို့ဘ၀ကို မြှင့်တင်ပေးချင်တဲ့ဆန္ဒတွေ တစ်ဖွားဖွားဖြစ်လာတယ်…

ဒါပေမယ့် တစ်ဦးတစ်ယောက်ရဲ့အင်အားနဲ့ကူညီပေးလို့မရတဲ့အနေအထားမို့… ကိုယ့်ကိုကိုယ်တောင်အားမရဖြစ်မိသေးတယ်…

သူ့တို့ဘ၀ရဲ့ပျော်စရာအချိန်အပိုင်းအခြား

ဝါးရုံးအောက်မှာ အေးအေးဆေး

ဝတ်စုံညီနှင့် နားနေသည်

ထမင်းစားကြတော့လဲ တာဝန်ကျသူအကြီးတန်းတွေက ပြင်ဆင်ပေး… အကြီးတွေက အငယ်လေးတွေကို ထိန်းရင်းနဲ့ စနစ်တကျတန်းစီ ထမင်းစားခန်းကို လာတဲ့မြင်ကွင်းဟာလဲ…

ထမင်းစားခန်းအ၀က ဆိုင်းဘုတ်

ထမင်းစားဆောင်သို့တန်းစီလာ…

ချီလေတဲ့ချီလေ..

ပန်းကန်လေးများအစီအရီ

ပလုပ်ပလောင်းနဲ့ ပြူးခါကြည့်…

မိဘမဲ့မို့ ရောက်လာတဲ့ဧည့်သည်တွေနောက်ကိုလိုက်ပြီး၊ တရင်းတနီးစကားတွေပြောရင်းက “အဖေ” လို့ နှုတ်ဖျားက ထွက်ကြလာတဲ့အသံကို ကျွန်ုပ်တို့ ဘယ်လိုအသည်းနှလုံးတွေနဲ့ ကြံကြံခံ လစ်လျူရှု့နေနိုင်ပါ့…

ကျောင်းသူအဆောင်ရှေ့ကဖိနပ်လေးများ

ကျောင်းသားကျောင်းသူတို့အတွက် ကျန်းမာရေးဆေးခန်းလေး

 

အပြန်မှာ ကျောင်းသူ၊ ကျောင်းသားလေးတွေ Good Bye ဆို နှုတ်ဆက်ကြတယ်…

လက်ပြနှုတ်ဆက်

အပြန်လမ်းမှာ ငြိမ်သက်လာကြတယ်…

လမ်းမှာ စဉ်းစားလာကြတယ်…

ကိုယ်စီ စိတ်ကူးတွေဖန်တီးဖို့ အင်အားစုလာကြတယ်…

ရန်ကုန်မြို့မြေထဲခြေနင်းတော့ အကုန်လုံးရင်ထဲကစကားတစ်ခွန်းထွက်လာတယ်…

ကျွန်ုပ်တို့ ဒါဇင်ပလပ်မွေးဖွားရာ၊ အစတည်ရာ မန္တလေးဂဇက်ကြီးက ၀ါသနာရှင်တွေ… စာဖတ်သူတွေကို ဒီအကြောင်းလေးပြောပြပြီး…

မန်းဂဇက်ရဲ့စတုတ္တမြောက်အလှူကို ဖန်တီးဖို့တီးခေါက်ကြည့်ဖို့ ဆုံးဖြတ်ကြတယ်…

ဒီမနက်ရောက်တော့ လုပ်ငန်းခွင်ကိုယ်စီပေမယ့် အတွေးထဲမှာ ကလေးတွေရဲ့မျက်နှာတွေ ကျန်နေတယ်…

ခေါင်းထဲမှာ သူတို့အတွက်လိုအပ်ချက်ကို ဖြည့်ပေးချင်တဲ့ စိတ်ဆန္ဒတွေစီးဆင်းနေတယ်…

နောက်ဆုံး တိုင်ပင်အားထားရတဲ့ အန်တီပဒုမ္မာကို ဖွင့်ပြောမိတယ်… အန်တီက လုပ်ပါသားရယ်… အန်တီကူညီနိုင်တာကူညီပါ့မယ်ဆိုတော့

ကျွန်ုပ်တို့ အတိုင်းမသိဝမ်းသာရတယ်…

လူငယ်တွေကို နားလည်ပြီးချစ်ခင်တဲ့ လေးမိုက် (ဦးကြီးမိုက်) နဲ့ လေးပေါက်တို့ကို ပြောပြတော့ လေးမိုက်က ပါဝင်ရန်အသင့်နဲ့ လေးပေါက်ကတော့ အထက်မြန်မာပြည်ဘက်က အလှူငွေကောက်ခံရေးကို တာဝန်ယူပေးပါ့မယ့်အကြောင်း ၀မ်းမြောက်ဝမ်းသာပြောလာတော့…

အန်တီပဒုမ္မာ၊ လေးမိုက် နှင့် လေးပေါက်တို့ကဲ့သို့ အခြားသောရွာ့လူကြီးမင်းများအားလုံးကိုလဲ လက်လှမ်းမီသလောက်အကြောင်းကြား အကြံဥာဏ်များ တောင်းခံပြီးနောက်…

ကျွန်ုပ်တို့ အင်အားတွေပိုရှိလာတယ်…

ဒီကလေးတွေရဲ့စားဝတ်နေရေးအတွက်… တစ်ရက်စာပဲဖြစ်ဖြစ်… တစ်နှပ်စာပဲဖြစ်ဖြစ်…

ရနိုင်သလောက်စုပေါင်းပြီး မန်းဂဇက်ရဲ့စတုတ္တအလှူခြေလှမ်းကို လှမ်းချင်တယ်… အဲဒီအတွက် ဒါဇင်ပလက်အဖွဲ့သားတွေကလဲ…

အရိုးကျေကျေ… အရည်ခမ်းခမ်းကျရာ တာဝန်ကိုယူမယ်လို့ သန္တိာန်ချထားတယ်…

ဒီကလေးတွေအတွက် ကူညီကြစေချင်ပါတယ်…

ဒီကလေးတွေအတွက် ရိုင်းပင်ကြစေချင်ပါတယ်…

သူတို့ အနာဂတ်အတွက် တစ်ရက်အသက်ဆက်နိုင်ဖို့ အားထုတ်ကြစေချင်ပါတယ်…

ကျွန်ုပ်တို့ သွေးတစ်စက်ဟာ သူတို့အတွက် တစ်နာရီအသက်ဆက်ဖို့ အင်အားဖြစ်ရင်တောင် ကျွန်ုပ်တို့ဂဇက်အဖွဲ့သားများ သူတို့ဆက်လှမ်းနိုင်အောင်

ကူညီကြစေချင်ပါတယ်…

 

အလှူငွေကောက်ခံပေးကြမည့်သူများ-

အောက်မြန်မာပြည်

(၁) သူရဇော်၊ ၀၉၄၂၀၀၆၉၅၀၂

(၂) ဖက်တီးကက်၊ ၀၉၅၁၈၀၆၃၁

(၃) Etone၊ ၀၉၇၃၁၄၄၄၂၁

(၄) ရွှေတိုက်စိုး၊ ၀၉၇၃၁၁၄၃၂၂

အထက်မြန်မာပြည်

(၁) ကိုပေါက် (မန္တလေး)၊ ၀၉၆၈၀၅၃၉၆

အလှူငွေစာရင်းပြုစုကြသူများ

(၁) နွယ်ပင်၊
(၂) ချာတူးလန်

အလှူငွေထိန်းသိမ်းသူ
(၁) Rose Minn (ခ) မမအုံ

အလှူငွေများ စတင်ထည့်ဝင်နိုင်ပြီဖြစ်ကြောင်း… သတင်းကောင်းပါးအပ်ပါတယ်…

 

ခင်မင်လျက်-

ကြောင်ဝတုတ်

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...