မန်းဂဇက်၏ စတုတ္တခြေလှမ်း (အလှူငွေများစတင်လက်ခံနေပါပြီ)

ဒီလိုဗျ…

ပြောရမယ်ဆိုရင် ခင်ဗျားတို့လဲ သိတဲ့အတိုင်းဗျာ… ဒါဇင်ပလပ်ဆိုတဲ့အဖွဲ့ပိစိညှောင့်တောက်လေး…

လစဉ် လုပ်အားခထဲကနေပြီးတော့ တတ်စွမ်းသမျှလေးတွေဖဲ့လှူတဲ့အဖွဲ့…

လှူပြန်တော့လဲ စာသင်သားရှိပြီးရော… ဘကကျောင်းဖြစ်ရင်ပြီးရောဆို မလှူချင်တော့အရပ်လှည့်ပြီး အလှူခံပုဂ္ဂိုဟ်လေးတွေ လှူသင့်တဲ့နေရာလေးတွေကို အချိန်ပေးရှာရသပေါ့… အားလပ်ရက်လေးတွေမှာ အဆင်ပြေသူများစုပေါင်းပြီး ဒါဇင်ပလပ်ရဲ့အလုပ်လဲ လုပ်ကြရသပေါ့ဗျာ…

ဘယ်ကျောင်းလေးကဖြင့် ဘာတွေလိုနေတယ်… ဘယ်ကျောင်းလေးကဖြင့် စည်းကမ်းကောင်းလိုက်တာ… ဘယ်ကျောင်းလေးကဖြင့် အတော်လေး ချို့တည့်ရှာတယ်ပေါ့… ဘယ်ကျောင်းလေးကတော့ ဘယ်လိုပေါ့… အချက်အလက်လေးတွေစု… နောက်လကို ဘယ်ကျောင်းကိုသွားမယ်… သွားဖို့ ဘယ်လို စီစဉ်ကြမယ်ဆိုတာ တိုင်ပင်ကြနဲ့…

အဲဒီမှာ…

အခြေအနေကလဲပေး… အားတဲ့ရက်နဲ့လဲတိုက်ဆိုင်တော့ တွံတေးမြို့နယ်၊ ကွမ်းခြံကုန်းနဲ့ ကော့မှူးကားလမ်းမပေါ်မှာရှိတဲ့ မင်္ဂလာတိုက်ကျောင်းမှာရှိတဲ့ မင်္ဂလာပရဟိတကျောင်းကို မေးစမ်းရင်းနဲ့ အခြေအနေကြည့်ဖို့ရောက်သွားတယ်ဆိုပါတော့ဗျာ…

အထဲရောက်တော့ ကျောင်းအဆောက်အဦးလေးတွေကောင်းတော့ မိဘမဲ့ကလေးတွေ အနေအစားသင့်တင့်သားရယ်လို့တွေးမိလိုက်သေး…

ကျောင်းသားလေးနဲ့ စာသင်ကြောင်းဆိုင်းဘုတ်

 

ကွင်းခေါင်ခေါင်ကစာသင်ကျောင်းလေး

ကျောင်းထဲရောက်တော့ တာဝန်ရှိသူတစ်ယောက်မေးလိုက်ချိန်မှာ ကျောင်းသားပေါင်း (၁၂၁၇)ယောက်တဲ့…

တစ်နေ့ စားစရိတ် (၇)သိန်းလောက်သုံးမှ ချဉ်ရေဟင်း၊ ငါးပိရည်၊ သခွားသီးနဲ့ ထမင်းတောင် အနိုင်နိုင်ကျွေးနေရတဲ့ဘဝဆိုတော့…

ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်မှာ ကျောင်းစရိတ်၊ နေစရိတ်၊ စားစရိတ်တွေကို ဆရာတော်က အလှူခံရငွေနဲ့ ပံ့ပိုးနေရပါတယ်ဆိုတော့…

အမိအဖမဲ့ ဆင်းရဲချို့တဲ့တဲ့သူတို့လေးတွေကိုကြည့်ပြီး ကျွန်ုပ်တို့မျက်ရည်လည်ခဲ့ရတယ်ကိုးဗျ…

ကျောင်းရဲ့ဦးဆောင်သူဆရာတော်

 

အတန်းကြီးလေးတွေက အတန်းငယ်လေးတွေကို ပြန်ထိန်းမတ်ပြီး စည်းကမ်းရှိရှိနေကြတဲ့သူတို့လေးတွေရဲ့ လိုအပ်ချက်ကို ဘယ်ပုံဘယ်နည်းနဲ့များ ကျွန်တော်တို့တတွေဖြည့်ပေးနိုင်ပါ့…

တနင်္ဂနွေနေ့လဲဖြစ်ပြန်တော့ ကလေးငယ်တွေနားရက်မှာ ချို့ချို့တည့်တည့်ဆော့ကစားနေတာကိုမြင်ရတော့… ရင်ထဲမှာ ကြည်နူးရမလို…

သနားရမလို… သူ့တို့ဘဝကို မြှင့်တင်ပေးချင်တဲ့ဆန္ဒတွေ တစ်ဖွားဖွားဖြစ်လာတယ်…

ဒါပေမယ့် တစ်ဦးတစ်ယောက်ရဲ့အင်အားနဲ့ကူညီပေးလို့မရတဲ့အနေအထားမို့… ကိုယ့်ကိုကိုယ်တောင်အားမရဖြစ်မိသေးတယ်…

သူ့တို့ဘဝရဲ့ပျော်စရာအချိန်အပိုင်းအခြား
ဝါးရုံးအောက်မှာ အေးအေးဆေး

ဝတ်စုံညီနှင့် နားနေသည်

ထမင်းစားကြတော့လဲ တာဝန်ကျသူအကြီးတန်းတွေက ပြင်ဆင်ပေး… အကြီးတွေက အငယ်လေးတွေကို ထိန်းရင်းနဲ့ စနစ်တကျတန်းစီ ထမင်းစားခန်းကို လာတဲ့မြင်ကွင်းဟာလဲ…

ထမင်းစားခန်းအဝက ဆိုင်းဘုတ်
ထမင်းစားဆောင်သို့တန်းစီလာ…
ချီလေတဲ့ချီလေ..
ပန်းကန်လေးများအစီအရီ
ပလုပ်ပလောင်းနဲ့ ပြူးခါကြည့်…

မိဘမဲ့မို့ ရောက်လာတဲ့ဧည့်သည်တွေနောက်ကိုလိုက်ပြီး၊ တရင်းတနီးစကားတွေပြောရင်းက “အဖေ” လို့ နှုတ်ဖျားက ထွက်ကြလာတဲ့အသံကို ကျွန်ုပ်တို့ ဘယ်လိုအသည်းနှလုံးတွေနဲ့ ကြံကြံခံ လစ်လျူရှု့နေနိုင်ပါ့…

ကျောင်းသူအဆောင်ရှေ့ကဖိနပ်လေးများ
ကျောင်းသားကျောင်းသူတို့အတွက် ကျန်းမာရေးဆေးခန်းလေး

 

အပြန်မှာ ကျောင်းသူ၊ ကျောင်းသားလေးတွေ Good Bye ဆို နှုတ်ဆက်ကြတယ်…

လက်ပြနှုတ်ဆက်

အပြန်လမ်းမှာ ငြိမ်သက်လာကြတယ်…

လမ်းမှာ စဉ်းစားလာကြတယ်…

ကိုယ်စီ စိတ်ကူးတွေဖန်တီးဖို့ အင်အားစုလာကြတယ်…

ရန်ကုန်မြို့မြေထဲခြေနင်းတော့ အကုန်လုံးရင်ထဲကစကားတစ်ခွန်းထွက်လာတယ်…

ကျွန်ုပ်တို့ ဒါဇင်ပလပ်မွေးဖွားရာ၊ အစတည်ရာ မန္တလေးဂဇက်ကြီးက ဝါသနာရှင်တွေ… စာဖတ်သူတွေကို ဒီအကြောင်းလေးပြောပြပြီး…

မန်းဂဇက်ရဲ့စတုတ္တမြောက်အလှူကို ဖန်တီးဖို့တီးခေါက်ကြည့်ဖို့ ဆုံးဖြတ်ကြတယ်…

ဒီမနက်ရောက်တော့ လုပ်ငန်းခွင်ကိုယ်စီပေမယ့် အတွေးထဲမှာ ကလေးတွေရဲ့မျက်နှာတွေ ကျန်နေတယ်…

ခေါင်းထဲမှာ သူတို့အတွက်လိုအပ်ချက်ကို ဖြည့်ပေးချင်တဲ့ စိတ်ဆန္ဒတွေစီးဆင်းနေတယ်…

နောက်ဆုံး တိုင်ပင်အားထားရတဲ့ အန်တီပဒုမ္မာကို ဖွင့်ပြောမိတယ်… အန်တီက လုပ်ပါသားရယ်… အန်တီကူညီနိုင်တာကူညီပါ့မယ်ဆိုတော့

ကျွန်ုပ်တို့ အတိုင်းမသိဝမ်းသာရတယ်…

လူငယ်တွေကို နားလည်ပြီးချစ်ခင်တဲ့ လေးမိုက် (ဦးကြီးမိုက်) နဲ့ လေးပေါက်တို့ကို ပြောပြတော့ လေးမိုက်က ပါဝင်ရန်အသင့်နဲ့ လေးပေါက်ကတော့ အထက်မြန်မာပြည်ဘက်က အလှူငွေကောက်ခံရေးကို တာဝန်ယူပေးပါ့မယ့်အကြောင်း ဝမ်းမြောက်ဝမ်းသာပြောလာတော့…

အန်တီပဒုမ္မာ၊ လေးမိုက် နှင့် လေးပေါက်တို့ကဲ့သို့ အခြားသောရွာ့လူကြီးမင်းများအားလုံးကိုလဲ လက်လှမ်းမီသလောက်အကြောင်းကြား အကြံဉာဏ်များ တောင်းခံပြီးနောက်…

ကျွန်ုပ်တို့ အင်အားတွေပိုရှိလာတယ်…

ဒီကလေးတွေရဲ့စားဝတ်နေရေးအတွက်… တစ်ရက်စာပဲဖြစ်ဖြစ်… တစ်နှပ်စာပဲဖြစ်ဖြစ်…

ရနိုင်သလောက်စုပေါင်းပြီး မန်းဂဇက်ရဲ့စတုတ္တအလှူခြေလှမ်းကို လှမ်းချင်တယ်… အဲဒီအတွက် ဒါဇင်ပလက်အဖွဲ့သားတွေကလဲ…

အရိုးကျေကျေ… အရည်ခမ်းခမ်းကျရာ တာဝန်ကိုယူမယ်လို့ သနိ္တာန်ချထားတယ်…

ဒီကလေးတွေအတွက် ကူညီကြစေချင်ပါတယ်…

ဒီကလေးတွေအတွက် ရိုင်းပင်ကြစေချင်ပါတယ်…

သူတို့ အနာဂတ်အတွက် တစ်ရက်အသက်ဆက်နိုင်ဖို့ အားထုတ်ကြစေချင်ပါတယ်…

ကျွန်ုပ်တို့ သွေးတစ်စက်ဟာ သူတို့အတွက် တစ်နာရီအသက်ဆက်ဖို့ အင်အားဖြစ်ရင်တောင် ကျွန်ုပ်တို့ဂဇက်အဖွဲ့သားများ သူတို့ဆက်လှမ်းနိုင်အောင်

ကူညီကြစေချင်ပါတယ်…

 

အလှူငွေကောက်ခံပေးကြမည့်သူများ-

အောက်မြန်မာပြည်

(၁) သူရဇော်၊ ဝ၉၄၂၀၀၆၉၅၀၂

(၂) ဖက်တီးကက်၊ ဝ၉၅၁၈၀၆၃၁

(၃) Etone၊ ဝ၉၇၃၁၄၄၄၂၁

(၄) ရွှေတိုက်စိုး၊ ဝ၉၇၃၁၁၄၃၂၂

အထက်မြန်မာပြည်

(၁) ကိုပေါက် (မန္တလေး)၊ ဝ၉၆၈၀၅၃၉၆

အလှူငွေစာရင်းပြုစုကြသူများ

(၁) နွယ်ပင်၊
(၂) ချာတူးလန်

အလှူငွေထိန်းသိမ်းသူ
(၁) Rose Minn (ခ) မမအုံ

အလှူငွေများ စတင်ထည့်ဝင်နိုင်ပြီဖြစ်ကြောင်း… သတင်းကောင်းပါးအပ်ပါတယ်…

 

ခင်မင်လျက်-

ကြောင်ဝတုတ်

111 comments

  • thihayarzar

    October 20, 2012 at 12:29 am

    ဒီတစ်ခေါက်တော့ လှူဖြစ်အောင်လှူမယ်ဗျာ … အရင်ခေါက်တွေက ဂေဇက်နဲ့ အတူတူ မလှူဖြစ်ခဲ့ဘူး .. အခုလို လှူဒါန်းရတာကို ကြည်နူးတယ် ….. တက်နိုင်လို့ အဆင်ပြေရင် ဦးပေါက်ပြောတဲ့ ဂေဇက် တွေ့ဆုံပွဲဆိုတာ ဘယ်တော့လဲ အလှူက ဘယ်တော့လဲ နောက်ဆုံးရက်တော့ပြောဦးလေ …. ဦးပေါက်ကိုတော့ မတွေ့ချင်လည်း တွေ့ရတော့မယ် ထင်တယ် .. ရေစက်ထင်ပါ့ဗျာ …. အားလုံးကို လေးစားစွာဖြင့် ……….

  • ကိုသင်း

    October 20, 2012 at 2:42 am

    ဂေဇက်အတွက် လိုရာသုံးဖို ့အလှုူငွေ လက်ခံပေးနိုင်တဲ့
    အထိုင်ရုံးခန်းလေးတွေ ရန်ကုန် နဲ ့မန်းတလေး မှာဖွင့်ရင်
    ပိုကောင်းမလား မသိဘူး၊ရွာသူ ရွာသားတွေလည်း ဆုံလို ့
    ရတာပေါ့၊အလှူငွေထည့်ဖို ့တကူးတကချိန်းနေစရာ မလိုဘူးပေါ့

  • Foreign Resident

    October 20, 2012 at 5:21 am

    ကို ကြောင်ဝတုတ် ရေ ။
    အဘ လည်း လှူပါ့မယ်ကွယ် ။
    ဘယ်နေ့ နောက်ဆုံး တုန်း ။
    ရက် ကို ဦးပါတို့နှင့် ညှိကြည့်ပါအုန်း ။

  • ရွာစားကျော်

    October 20, 2012 at 11:35 am

    ရွာထဲ မရောက်ဖြစ်အောင် လမ်းများနေလို့ ကွန်မင့် နောက်ကျသွားပါတယ်…
    ကိုယ်တိုင်လည်း တတ်နိုင်သလောက် ထည့်ဝင်ပါမည်..
    နေပြည်တော်မှာ လုပ်အားလိုပါက 0943017069 သို့ ဆက်သွယ်နိုင်ပါတယ်
    ကိုယ်စွမ်းရှိသလောက် လုပ်အားလည်း လှူပါမည် …… ဩီဝတ္တဏပါဠီဇမ္ဗူ့လောကပါလမဟာအဂ္ဂကြောင်ဝတုတ်ခင်ဗျား…..
    ဟူးးးး
    ရွာထဲမှာလည်း ဘွဲ့တံဆိပ်တော်ရတွေ အတော် ခေတ်စားနေပါလား ဟရို့

  • mayjuly

    October 20, 2012 at 1:24 pm

    အလှူငွေ ထည့်ဝင်ခြင်းနောက်ဆုံးရက်လေး သိချင်ပါတယ်ချင့် ..

  • Onyx

    October 21, 2012 at 11:27 am

    အဲဒီကျောင်းကို တစ်ယောက်သော သူခေါ်သွားလို့ တစ်ခါတော့ ရောက်ဘူးပါတယ်။ ကားငှားပြီးသွားရင် ပိုအဆင်ပြေနိုင်ပါတယ် …..။ အလှူငွေ လည်းထည့်မယ် လိုက်ဖြစ်အောင်လဲ ကြိုးစားကြည့်ပါမယ် ခင်ဗျာ။

    • ဩီဝတ္တဏပါဠီဇမ္ဗူ့လောကပါလမဟာအဂ္ဂကြောင်ဝတုတ်

      October 22, 2012 at 8:59 am

      အစ်ကိုရေ…
      ကားငှားသွားမယ်ဆိုတဲ့အကြောင်းပြောလို့ ကျွန်တော်တစ်ခုပြောချင်ပါတယ်…
      ကျွန်တော်တို့ သွားဖု့ိကားစီစဉ်ပေးမှာပါ… ခရီးစရိတ်အခမဲ့ဖြစ်အောင်ကျွန်တော်တို့တာဝန်ယူပါတယ်…
      အလှူနီးတော့မှ လိုက်မယ့်လူစာရင်းသေချာလုပ်ပြီးတော့ ကားစီစဉ်ပြီးရင် အကြောင်းပြန်ပါ့မယ်…
      လိုက်ပါဖို့လဲ ကြိုဆိုပါတယ်ဗျာ…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • weiwei

    October 22, 2012 at 10:47 am

    တတ်နိုင်သလောက် အလှူငွေ ထည့်ဝင်ပါ့မယ် …
    အချိန်လိုသေးတယ်ဆိုတော့ နီးမှပဲ အလှူငွေထည့်တော့မယ် …

    • ဩီဝတ္တဏပါဠီဇမ္ဗူ့လောကပါလမဟာအဂ္ဂကြောင်ဝတုတ်

      October 22, 2012 at 11:30 am

      ပါဝင်အားဖြည့်တဲ့အတွက်ကျေးဇူးတင်ပါတယ် မဝေရေ…
      အလှူကို လိုက်ခဲ့ဖို့လဲ ဖိတ်ခေါ်ပါတယ်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • မောင်သုည

    October 23, 2012 at 11:38 pm

    ဘယ်လလောက် သွားလှူကြမလဲဟင်…ရွာကို ပြန်ရောက်မယ့်လ ထဲဆိုရင်တော့လိုက်ပါချင်တယ်။အလှူငွေကတော့ ပါဝင်လှူတန်းဖို့အတွက်အသင့်ပါပဲဗျို့…သာဓုပါဗျာ…

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      October 24, 2012 at 9:00 am

      ဟုတ်ကဲ့ပါ ကိုသုညရေ…
      သွားမယ့်ရက်ကိုတော့ အကြမ်းဖျဉ်းအားဖြင့် ၂၀၁၃ခုနှစ် ဇန်နဝါရီလ (၆)ရက်၊ တနင်္ဂနွေနေ့ကို သတ်မှတ်ထားပါတယ်…
      အချိန်အရမ်းကြာသွားမှာလဲစိုးရိမ်တာကြောင့် တိုင်ပင်နေဆဲပါ…
      အတိအကျတော့ ထပ်မံကြေငြာပေးပါ့မယ်ဗျာ…
      အသွားအပြန်ခရီးကအစ အပူအပင်မရှိအောင်စီစဉ်ပေးထားမှာမို့…
      အခြေအနေပေးရင်လိုက်ဖြစ်အောင်လိုက်ခဲ့စေချင်ပါတယ်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • kaung kin pyar

    October 24, 2012 at 11:32 am

    Jan: 6 ရက်နေ့ဆိုရင်တော့ ကောင်းကင်ပြာ မွေးနေ့ပဲ…။ ဘယ်နေ့ပဲသွားသွား လိုက်ချင်ပါတယ်…။ ဖြစ်နိုင်ရင်တော့ အားလုံးပါနိုင်အောင် အားလပ်ရက် တနင်္ဂနွေနေ့တစ်ရက်ရက်ကိုပဲ သွားရင် ပိုအဆင်ပြေမယ် ထင်ပါတယ်…။ သွားခါနီးမှာ အင်ဖောင်းပါဦးလို့……….

    • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

      October 24, 2012 at 12:46 pm

      ဟာ .. ရွာထဲမှာ Jan born တွေ …. လတ်တလောသိထားတာ…. တစ်ယောက် ၊ နှစ်ယောက် ၊ သုံးယောက် .လေးယောက် … ဟိ … ။ :hee:

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      October 24, 2012 at 1:14 pm

      ဒါဆို လိုက်ပါမည့်သူများအားလုံးကို မွေးနေ့အထိန်းအမှတ်ဘယ်မှာကျွေးမယ်ဆိုပြီး ကြေငြာလိုက်ပါလား…
      အကုန်လုံး ဝမ်းသာရအောင်လေ…ဟိဟိ
      လိုက်ခဲ့ဖို့လည်း ဖိတ်ခေါ်ပါတယ်…ကောင်းကင်ပြာရေ…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

      • kaung kin pyar

        October 25, 2012 at 12:19 pm

        ဲJanuary Born တွေ အကုန်စုပြီး နေ့လည်စာဖြစ်ဖြစ်၊ ညစာဖြစ်ဖြစ် ကျွေးမယ်လေ…။ နေ့လည်စာကတော့ အဲ့ကျောင်းက ကျွေးလိမ့်မယ်…။ အားနာပေမယ့် မစားဘူးပြောရင်တော့ မျက်နှာမကောင်းကြဘူး…။ ထမင်းနည်းနည်း(မက) ကြမ်းပေမယ့် ပြုံးပြီး စားပြနိုင်ရင်တော့ သူတို့စိတ်ချမ်းသာရော….။ ဆရာမတွေရှိတယ်လေ…။ ဘာပဲဖြစ်ဖြစ်ပါ…။ Jan: Born တွေ စုပြီး မွေးနေ့ကျွေးဆိုရင် တစ်တပ်တစ်အားက ပါဝင်ဖို့အသင့်ပါပဲ။ ရွာသူားတွေကများတော့ လက်ဆောင်တွေမနိုင်မှာပဲ စိတ်ပူတယ်..။ အာာာဟိ….။

  • မန်းလေးဂေဇက် စတုတ္ထအကြိမ်အလှူငွေစာရင်း (24-10-2012မှ…………………….)
    စဉ် နေ့စွဲ အလှူရှင်အမည် သင့်ငွေ(ကျပ်) စုစုပေါင်းကောက်ခံရငွေပေါင်း
    1 24/10/2012 Fall Guy 50000 50000 ပထမဆုံးလှူဒါန်းသူဖြစ်ပါသည်။

    (ကောက်ခံရပြီးတိုင်း စာရင်းတက်ပေးပါမည်။
    အမည်မပါဝင်ပါက အကြောင်းကြားစေလိုပါသည်)
    ကိုပေါက်(မန္တလေး)

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      October 24, 2012 at 1:15 pm

      လေးပေါက်ရေ…
      ကျွန်တော်တို့ရဲ့ အကောင့်ဒန့်တွေက စာရင်းသွင်းထားပြီးဖြစ်ကြောင်းပါ…
      ကူညီတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်…
      ပါဝင်လှူဒါန်းတဲ့ ကိုဖောဂိုင်းကိုလဲ ကျေးဇူးအထူးပါဗျာ…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow

    October 24, 2012 at 1:02 pm

    ၂၀၁၃ ဇန်နဝါရီ (၆)ရက်ဆိုတော့ လိုသေးတယ်နော် အများကြီး…
    အီတုံးကို ဆက်သွယ်လိုက်ပါမယ်..

  • Hnin Hnin

    October 24, 2012 at 2:57 pm

    ရက်စောနေသေးလို့….
    ချိန်ထားတာကတော့ နောက်လ ၉ရက် သောကြာနေ့မှာ သွားလှူခိုင်းဖို့
    ရည်ရွယ်ထားပါတယ်…လှူချင်တဲ့သူ အလှူမှာပါဝင်ဖို့လည်း ဆွယ်ကြည့်ပါအုံးမယ်။

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      October 24, 2012 at 3:18 pm

      မနှင်းနှင်းရေ…
      အပြင်ကဖြစ်နေရင်လဲ ကြိုဆိုပါတယ်…
      အလှူအတွက် အားတက်သရောကူညီပေးတဲ့အတွက်လဲ ကျေးဇူးအထူးပါဗျာ…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

      • Hnin Hnin

        October 25, 2012 at 5:52 pm

        ကိုကြောင်ဝရေ….
        လှူတာကတော့ နှင်းနှင်းကတော့ သေချာပါတယ်…ခုပြောထားတဲ့ ရက်၊လ
        နောက်နှစ်မှာ အသက်ရှိနေသေးရင်လည်း မေမေ့အတွက် လှူအုံးမှာပါ…
        မနေ့က သဒ္ဓါပေါက်ပြီး ရေးလိုက်တာ မရှင်းဘူးဖြစ်သွားတယ်…

        ဆွယ်ကြည့်မယ်ဆိုတာ မိသားစုဝင်ကိုပဲ ပြောတာပါ….
        အပြင်လူတော့ တစ်ခါမှ အလှူမခံဖူးတော့ မပြောတတ်လို့ပါ…
        မနေ့ကတော့စပြီး တစ်ယောက်တော့ ဒီက ကိုကြောင်ဝ ရေးထားတဲ့ဟာ
        တွေကူးပြီးမှတ်၊ မန့်ထဲပါတာတွေ မှတ်သွားပြီး ဆွယ်ထားပါတယ်.. း) …
        အလှူခံတဲ့သူရဲ့ စကားပြောစွမ်းရည်ကလည်း လိုသေးတော့ အလှူငွေတွေ
        ရရှိပါစေလို့ ဆုတောင်းပေးနေပါတယ်…

  • kyeemite

    October 24, 2012 at 3:14 pm

    တစ်ခုတွေးမိတယ် ကြောင်ဝတုတ်ရေ…
    ဒီလိုအလှူခံကျွေးနေရတာရယ်၊ ကျောင်းသူားလူဦးရေ
    များတာရယ်နဲ့ဆို ရေရှည်ရပ်တည်ဖို့
    တော်တော်ရင်လေးစရာကောင်းတယ်ဗျာ…
    ဆရာတော်အနေနဲ့ အစိုးရ လူမှု့ ဝန်ထမ်းဋ္ဌာနကို
    အကျိုးအကြောင်းလျှောက်ထားရင် အစိုးရအနေနဲ့
    သူလုပ်ရမဲ့အလုပ်ကို စေတနာနဲ့ မနိုင်မနင်းဝင်ထမ်းနေတဲ့
    ဆရာတော်ရဲ့ကျောင်းအတွက် အထောက်အပံ့ အချို့များရနိုင်မလား
    တွေးမိနေလို့ပါဗျာ…ရနိုင်မရနိုင်တော့ မပြောတတ်ဘူးဗျ…
    သိသူတွေရှိရင်ဝင်ဆွေးနွေးပေးကြပါအုံး…

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      October 25, 2012 at 1:09 pm

      အဲဒီအကြောင်းတော့ လေးမိုက်ရေ…
      ကျွန်တော်မသိရိုးအမှန်ပါ…
      လူတစ်ထောင်ရဲ့စရိတ်ကိုပဲ တတ်စွမ်းသမျှလုပ်ပေးမလားလို့…
      နေ့စဉ် စားသောက်စရိတ်… ကလေးများကျောင်းစရိတ်က မသက်သာတဲ့အနေအထားမို့…
      ကျွန်တော် မေးမြန်းစုံစမ်းကြည့်ပါဦးမယ်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

    • kaung kin pyar

      October 25, 2012 at 2:06 pm

      One More လို ရွာသားတွေစုပြီး ရန်ပုံငွေလေး လုပ်ပေးနိုင်မယ်ဆိုရင်တော့ ကျောင်းအတွက် သဲတစ်ပွင့်လောက်တော့ ဖြစ်မယ်ထင်ပါတယ်ရှင်….။

  • padonmar

    October 25, 2012 at 12:05 am

    ကလေးတွေကို တစ်နေ့စာကျွေးတဲ့အပြင် အသိပညာပေးနိုင်တဲ့ ဟောပြောပွဲလေးတွေ လုပ်ပေးနိုင်ရင်ပိုကောင်းပါမယ်။
    2000 group က လုပ်တဲ့ ယဉ်ကကျေးလိမ္မာသင်တန်းတွေမှာဆိုရင် ကလေးတွေကို ကစားပေးတယ်(team work နားလည်အောင်)
    ကျန်းမာရေးအခြေခံတွေပြောပြတယ်။
    ပတ်ဝန်းကျင်ထိန်းသိမ်းရေးအခြေခံ(ကြွပ်ကြွပ်အိတ်လိုမျိုး၊အမှိုက် စနစ်တကျပစ်ဖို့လိုမျိုး)
    တစ်ချိန်ပြောပြီးရင် တစ်ခါ ကစားနည်းတစ်ခု ကြားဝင်တယ်။
    တစ်နေ့လုံးပြီးရင် ပြောပြထားတာတွေ ဘယ်လောက်နားလည်သလဲ ပြိုင်ပွဲလေးလုပ်ပြီး ဆုချတယ်။
    ကလေးတွေကို ပြောရဲဖြေရဲ မေးရဲအောင် ထပြောတဲ့သူတိုင်းကို ဘောပင်၊လော်လီပေါ့ စသည်ဆုချတယ်။

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      October 25, 2012 at 1:11 pm

      အဲဒီတော့… အန်တီပဒုမ္မာကိုပဲ အကူအညီဆက်တောင်းရင်ကောင်းမလားပဲ…
      အားတော့နာပါတယ် အန်တီရယ်…
      ကျန်းမာရေးပညာပေးတို့ ဘာတို့လုပ်မလားဟင်… ကားကတော့ အယောက်(၅၀)စီးလောက်စီစဉ်မှာမို့…
      ဟောပြောပေးမယ့်လူ ၃ယောက်လောက်ပိုတင်လာတာအပန်းမကြီးဘူးထင်ပါတယ်…
      အကြံလေးများ ပေးကြပါဦး…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • Ma Ei

    October 25, 2012 at 3:58 pm

    ကြောင်ဝတုတ်ရေ…
    Comment ရေးရင်း ရှည်သွားတာနဲ့
    Post အဖြစ်တင်လို့ အားဖြည့် လိုက်ပါတယ်…
    အမည်တပ်ထားလို့ ခွင့်ပြုပါနော်…
    အလှူငွေထည့်ဝင်ဘို့ဆက်သွယ်လိုက်ပါမယ်နော်…

  • Mobile

    October 26, 2012 at 12:34 am

    အင်မတန်မှ မွန်မြတ်လှတဲ့ အစီအစဉ်နဲ့ အလုပ်တွေပါဗျာ
    ရွာသူ ရွာသားများအားလုံးကို ကြိုဆိုပါတယ် ကျနော်လဲ ဆက်သွယ်ပြီးအလျှူငွေ
    တက်စွမ်းသလောက်တော့ပါဝင်မှာပါ အချိန်ရမယ်ဆိုရင်တော့ ပွဲလုပ်တဲ့နေ့မှာလာခဲ့ပါမယ်
    လူငယ်တွေအတွက် စိတ်ဓာတ်မြင့်တင်ရေးနဲ့ အသိပညာဗဟုသုတ မြင့်တင်ဖို့အတွက်
    စာပေဟောပြောပွဲလေးထည့်ပေးရင် သင်တော်လိမ့်မယ်လို ယူဆမိပါတယ်။
    စာပေဟောပြောတာကို အသစ်အဆန်းလေးဖြစ်သွားအောင် စာရေးစရာတွေကိုမခေါ်ပဲနဲ့
    ကျနော်တို့ ရွာသူ ရွာသားများထဲကပဲ ဟောတက်ပြောတက်တဲ့သူတွေက ပြောပေးမယ်ဆိုရင်
    ပိုကောင်းလိမ့်မယ်လို့ စိတ်ကူးမိပါကြောင်း။
    ပွဲလုပ်မယ့်ရက်နဲ့ အစီအစဉ်များကို အတိအကျ ဖော်ပြပေးစေလိုပါတယ်။
    ကဲရွာသူရွာသားများအားလုံး ဆုံတွေကြရတာပေါ့ဗျာ။

  • Khaing Zar Win

    October 26, 2012 at 7:18 pm

    ခြင်္သေ့ကျွန်းက လှူချင်ရင်ရော ဘယ်မှာ လှူရမတုန်းရှင့်??? 🙂

    • amatmin

      October 27, 2012 at 10:35 am

      မခိုင်ဇာရေ..
      အရင်အလှူတွေတုန်းက ဆင်ကာပူရကနေ …
      ရန်ကုန်ကငွေလွှဲတွေကို ပို့်ပေးရင် ကျနော်တို့ သွားထုတ်ပေးခဲ့ပါတယ်ဗျ..
      အကယ်၍ မခိုင်ဇာလည်း အလှူငွေလွှဲဖြစ်တာ့မယ်ဆိုရင်..
      ပို့ပေးရမယ့် မှတ်ပုံတင် နံပါတ်ကို မေးလ်နဲ့ ပို့ပေးလိုက်ပါ့မယ်..
      ဒါနဲ့ ဘဏ်တွေကနေ တဆင့်လည်း ရဘီထင်သလား လို့.. (အထင်) 🙂

      • ဦး ဂျစ်

        October 27, 2012 at 11:39 am

        amatmin ခင်ဗျား….
        ဟိုတခေါက်ကလို အလှုူငွေ သွားယူပေးနိုုင်ပါသလား …
        နယ် ရောက် နေတာမို့ ပါ ….။

        • amatmin

          October 27, 2012 at 1:12 pm

          ကိုဂျစ်ပစီရေ..
          အဆင်ပြေပါတယ် ဗျ..
          ဖုန်းနံပါတ်လေးနဲ့ လိပ်စာလေးပြန်ပေးရင် အကို အဆင်ပြေမဲ့နေ့
          သွားယူလိုက်ပါ့မယ်..

        • စောင့် ကြည့်သူ

          October 28, 2012 at 6:56 pm

          ဦးဂျစ် နဲ့ အတူ အလှုူငွေ ထည့်ပါမယ် ၊

  • Thu Wai

    October 27, 2012 at 10:15 am

    ကိုကြောင်ဝတုတ် ရေ လောလော ဆယ် သီတင်းကျွတ်ပိတ်ရက်ခရီးတွေထွက်နေလို့ ပါ အလှူငွေဘယ်နေ့နောက်ဆုံးထည့်ရမှာလဲ သိချင်လို့ပါ

  • ဒိပိုစ်လေးကို ဖေစ်ဘုတ်က
    1 ကျနော်စာမျက်နှာ
    2 ဓါတ်ပုံဝါသနာရှင်များ
    3 လူမူ့ဘဝနှင့် သဘာဝပုံရိပ်များ
    4 ရှမ်းပြည်နယ် ဓါတ်ပုံဝါသနာရှင်များ
    5 မန္တလေးသတင်းပုံရိပ်များ
    6ခွေးချစ်သူများအသင်း
    7မြန်မာသံလေးတွေနားထောင်ကြမယ်
    8မြန်မာဂန္တဝင်သီချင်းချစ်သူများ
    9ကမ္ဘာ့ အနုပညာပိသုကာများအဖွဲ့
    10မြန်မာ့အနုပညာချစ်သူများ
    အစရှိတဲ့ အဖွဲ့များမှာ ကိုပေါက်က သံချောင်းခေါက်ပြီးပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

  • မမလေး

    October 27, 2012 at 4:18 pm

    အလှူငွေအပြင် တစ်ခြားဘာများ လှူဒါန်းလို့ရပါသေးလဲ သိချင်ပါတယ် … စိတ်ဝင်စားလို့ပါ

  • same kyaw

    October 28, 2012 at 1:25 pm

    ကိုပေါက် မန္တလေး ကြေညာတာ ကို မြန်မာသံလေးများနာထောင်မယ် မှ သိရပါသည်။လှုပါမည်။မလေးရှား မှ ဘယ်ကိုပို့ပေးမလဲဆိုတာ မြန်မာသံ လေးများနားထောင်ကြမယ် မှာ ကျေညာ ပေးစေလိုပါသည်။

  • padonmar

    October 28, 2012 at 10:39 pm

    Natalie Nwe Linn Htet က သူ့မွေးနေ့ အလှူအဖြစ် ကလေးတွေအတွက် US $100 လှူ ထားပါတယ်။
    နောက်တစ်ကြိမ်တွေ့ရင် ကျပ်နဲ့ ပြောင်းပြီး ပေးပါမယ။်

  • အခုလောလောဆယ် အလှူငွေ လက်ခံရရှိထားသူများကတော့ ရန်ကုန်မှ
    ကိုဖက်ကတ် 100,000
    ဦးဘလက်ချော 50,000
    ဦးပါလေရာ 50,000
    အန်တီပဒုမ္မာ 100,000
    ဘုရင့်နောင် အလှူရှင်များ 100,000
     ဦးနေးချား 10,000
    အန်တီမမ 30,000

    မန်းလေးမှ
    အစ်မ ပုချ် 30,000
    Fall Guy 50,000

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      November 5, 2012 at 11:05 am

      စနေနေ့က ကိုရဲရင်လှိုင်လှူဒါန်းသော ၈၄၄၀ဝ ကျပ်ကိုလက်ခံရရှိပါကြောင်း…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • ကဲ ဖက်ဖက်ရေ မလေးရှားကတဲ့ဗျား
    ဘယ်လို လက်ခံရမယ်ဆိုတာလေး စီစဉ်ပေးလိုက်ပါအုံးနော်

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      November 5, 2012 at 11:31 am

      ကျေးဇူးတင်ပါတယ်လေးပေါက်ရေ…

      မြန်မာနိုင်ငံပြင်ပကနေ လှူဒါန်းလိုတဲ့သူများ ထုံးစံအတိုင်းဟွန်ဒီနဲ့လွှဲပေးနိုင်ပါတယ်…
      ကျွန်တော်သွားထုတ်ပေးပါ့မယ်…
      နာမည်နဲ့ မှတ်ပုံတင်အမှတ်ကို တင်ပေးလိုက်ပါ့မယ်နော်…

      သော်ဇေယျာ
      ၁၄/ဟသတ (နိုင်) ဝ၄၄၂၀၄
      ဖုန်း – ဝ၉၅၁၈၀၆၃၁

      သုံးပြီး ဟွန်ဒီလွှဲပေးပါ…
      သွားရောက်ထုတ်ယူပေးပါ့မယ်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • မန်းလေးဂေဇက် စတုတ္ထအကြိမ်အလှူငွေစာရင်း (24-10-2012မှ5-11-2012ထိ)
    စဉ် နေ့စွဲ အလှူရှင်အမည် သင့်ငွေ(ကျပ်) စုစုပေါင်းကောက်ခံရငွေပေါင်း
    1 24/10/2012 Fall Gyu 50000 70000 ပထမဆုံးလှူဒါန်းသူဖြစ်ပါသည်။
    2 04/11/2012 uncle gyi 20000

Leave a Reply