Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း

we R oneOctober 15, 20121min1344

 လတ်တလော Facebook ရဲ ့ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမဘာတစ်လွားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာ ကောင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေရပြီး မူလအကောင့် ကိုပန်လိုချင်သူ များ အောက် ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။ အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ် ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ ့ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။ ၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။ ဒါကြောင့် Account ကို Log In ဝင်ရန် Internet Eထplorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့် ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။ ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့ ။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်ရအောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။ ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။ အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။ သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။ ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။

 

credit

blog.myanmars.net

4 comments

  • Thu Wai

    October 15, 2012 at 4:21 pm

    ဖတ်နေရင်းတန်းလန်းနဲ့ အရေးကြီး ဇယားရှိလို့ ပြန်လာခဲ့မယ်

  • thureinmaung

    October 16, 2012 at 12:46 pm

    password ရိုက်ထည့်တဲ့အချိန်မှာမြန်မာစာဖေါင့် ကိုအင်္ဂလိပ်လိုပြောင်းဖို့မေ့သွားလို့
    အပိတ်ခံရတာ (၂)ပါတ်မကတော့ဘူး
    ဖုံးနံပါတ်ပို့ပေးလဲဘာမှပြန်မလာပါဘူးအကြိမ်ကြိမ်ကျိုးစားလဲမရဘူး
    စိတ်ပေါက်ပေါက်နဲ့ verification code တောင်းတဲ့အကွက်ထဲမှာ
    FUCK YOU FACE BOOK လို့အကြိမ်တစ်ရာလောက်ရိုက်ထည့်လိုက်တယ်
    တစ်ဆိတ်ရှိပိတ်မယ် ဆိုတာချည်းဘဲ၊ သူ့မသုံးရလဲမနေနိုင်ဘူး။

  • မောင်ပေ

    October 16, 2012 at 1:45 pm

    ကျုပ်ဆိုရင် ၂၀၁ဝလောက်ကတဲက ဖရန့်ရီကွက် ဘန်းခံရတာ အခုချိန်ထိ ခဏခဏကြုံတုန်းပဲ

  • Ko out of...

    October 16, 2012 at 5:16 pm

    ကျေးဇူးဗျာကျွန်တော် facebook အကောင့် ၂ခါလောက်ပျောက်နေလို့ အသစ်ပြန်လုပ်ရတယ်..အဲဒီအတိုင်း ကြိုးစားကြည်မယ်ဗျာ…

Leave a Reply