အရင် post ကတော့ ၂၀၀၇ ခုနှစ်က ပုဂံ သွားတုန်းရိုက်ခဲ့ တဲ့ ပုံတွေတင် ပေးထားပြီး.. အခု post တွေက ပုဂံ ပုံတွေကတော့ ၂၀၁၁ ခုနှစ် စတုတ္ထ  နဲ့ ပဉ္စမအကြိမ် မြောက်  ရောက်တုန်းက ရယ် ဆဌမအကြိမ်၂၀၁၂ စက်တင်ဘာလ မနူဟာအရုပ်ပွဲရောက် တုန်းက ရိုက်ထားတဲ့ ပုံတချို့ ဖြစ်ပါတယ်.. မနူဟာပွဲ ပုံတွေကို တင်ပြီးဖြစ်လို့ မကြည့်ရသေးသူများ ဒီမှာ ကြည့်နိုင်ပါတယ်.. ဆြာအုပ်တို့သွားလေရာ မိုးလိုက်လို့ရွာ ဆိုတာမှန်ချက်ကတော့ အဲဒီ သုံးခါက်လုံး မိုးနဲ့ တိုးပါတယ်..နောက်ဆုံး အခေါက်မှာလဲမိုးဖွဲဖွဲနဲ့ နေထွက်ကမရ.. နောက်နေ့ကျတော့လဲ တစ်မနက်လုံး မိုးအုံ့တာနက် တော်ပါပြီ ဆို ထပ်မနေပဲ ပြန်လာ.. ပြန်ရောက်တော့ ပုဂံက ဆရာသမား တစ်ယောက်က ဆက်တယ်..ခင်ဗျားတို့ ပြန်သွားပြီးမှ တိမ်တွေ အရမ်းလှတယ်တဲ့ ကံဇာတာကိုက အဲလို ကောင်းတယ်ဗျ..

၃ ခေါက်လုံးက ပုံတွေကို စုပြီးတင်လိုက်ပါတယ်.. နေထွက်ပုံတွေက ရှားရှားပါးပါးရ ထားလိုက်တဲ့ ပုံလေးတွေ ဖြစ်ပါတယ်.. မီးငြိမ်းကုန်းက အခုတက်လို့မရတော့တာကြောင့် နောက်တစ်ကြိမ် ဒီလိုပုံတွေ မရနိုင်တော့ပါဘူး.. ပုဂံပုံတွေကတော့ ဘယ်သူ ဘယ်ကင်မလာနဲ့ ပဲ ရိုက်ရိုက် အမြဲလှနေတုန်းပါပဲ..

မီးညိမ်းကုန်းဘုရားပေါ်ကမြင်ရတဲ့ နံက်ခင်း (December 2011)

မီးညိမ်းကုန်းဘုရားပေါ်ကမြင်ရတဲ့ နံက်ခင်း နဲ့ မီးပုံးပျံ (December 2011) နဲနဲလက်ဆော့ထားတယ်

 

မီးညိမ်းကုန်းဘုရားပေါ်ကမြင်ရတဲ့ နံက်ခင်း နဲ့ မီးပုံးပျံ (December 2011)

မီးညိမ်းကုန်းဘုရားပေါ်ကမြင်ရတဲ့ နံက်ခင်း (December 2011)

ရွှေဆံတော်ဘုရားပေါ်ကမြင်ရတဲ့ နံက်ခင်း (September 2012)

ရွှေဆံတော်ဘုရားပေါ်ကမြင်ရတဲ့ အာနန္ဒာညရှုခင်း(September 2012)

အာနန္ဒာ  (September 2012)

ရွှေဆံတော်ဘုရား (September 2012)

စူလာမဏိ (September 2012)

ဓမ္မရံကြီး (September 2012)

ယာခင်းသာ

ပြဿဒါးဘုရားပေါ်က နေ၀င်ချိန် (September 2012)

 

မြစေတီက မြင်းကပါသူယွန်းသည်မလေး

ရုံးကအဖွဲ့နဲ့ သွားတုန်းက

ပုဂံသူ၊ ပုသိမ်ထီးနဲ့ ဓမ္မရံကြီင်္း

 

map of Bagan

သွားချင်ကြတယ်ဆိုရင် ဇန်န၀ါရီ လ မှာ အာနန္ဒာ ဘုရားပွဲ ရှိပါတယ်.. အရမ်းစည်ကားပါတယ်.. အနော်လည်း တစ်ခါမှ မရာက်ဘူသေးလို့ သွားဖြစ်မယ် ထင်ပါတယ်..

About ဂန္ဓာရီ ဆြာအုပ်

has written 78 post in this Website..

ဓာတ်ပုံရိုက်သည်။ မတောက်တခေါက် နှင့် မသိနားမလည်သူများ တွေ့လျှင် ဆရာကြီးလုပ်တတ်သည်.. အကြွားသန်သည်။ အမြှောက်ကြိုက်သည်။ အခြောက်တော့ မကြိုက်။ ဘီယာ ၃ ခွက်လောက်ဆိုလျှင် မူးသည့် အတွက် အကုန်အကျ သက်သာသော သောက်ဖော်သောက်ဖက် ဖြစ်ကြောင်း အာမခံသည်။(အခုနဲနဲတက်သွားပီ)