ဆြာအုပ် နှင့် ဂန္ဓာရီခရီးမှ ဓာတ်သေများ (၇)

အရင် post ကတော့ ၂၀၀ရ ခုနှစ်က ပုဂံ သွားတုန်းရိုက်ခဲ့ တဲ့ ပုံတွေတင် ပေးထားပြီး.. အခု post တွေက ပုဂံ ပုံတွေကတော့ ၂၀၁၁ ခုနှစ် စတုတ္ထ  နဲ့ ပဉ္စမအကြိမ် မြောက်  ရောက်တုန်းက ရယ် ဆဌမအကြိမ်၂၀၁၂ စက်တင်ဘာလ မနူဟာအရုပ်ပွဲရောက် တုန်းက ရိုက်ထားတဲ့ ပုံတချို့ ဖြစ်ပါတယ်.. မနူဟာပွဲ ပုံတွေကို တင်ပြီးဖြစ်လို့ မကြည့်ရသေးသူများ ဒီမှာ ကြည့်နိုင်ပါတယ်.. ဆြာအုပ်တို့သွားလေရာ မိုးလိုက်လို့ရွာ ဆိုတာမှန်ချက်ကတော့ အဲဒီ သုံးခါက်လုံး မိုးနဲ့ ့တိုးပါတယ်..နောက်ဆုံး အခေါက်မှာလဲမိုးဖွဲဖွဲနဲ့ နေထွက်ကမရ.. နောက်နေ့ကျတော့လဲ တစ်မနက်လုံး မိုးအုံ့တာနက် တော်ပါပြီ ဆို ထပ်မနေပဲ ပြန်လာ.. ပြန်ရောက်တော့ ပုဂံက ဆရာသမား တစ်ယောက်က ဆက်တယ်..ခင်ဗျားတို့ ပြန်သွားပြီးမှ တိမ်တွေ အရမ်းလှတယ်တဲ့ ကံဇာတာကိုက အဲလို ကောင်းတယ်ဗျ..

၃ ခေါက်လုံးက ပုံတွေကို စုပြီးတင်လိုက်ပါတယ်.. နေထွက်ပုံတွေက ရှားရှားပါးပါးရ ထားလိုက်တဲ့ ပုံလေးတွေ ဖြစ်ပါတယ်.. မီးငြိမ်းကုန်းက အခုတက်လို့မရတော့တာကြောင့် နောက်တစ်ကြိမ် ဒီလိုပုံတွေ မရနိုင်တော့ပါဘူး.. ပုဂံပုံတွေကတော့ ဘယ်သူ ဘယ်ကင်မလာနဲ့ ပဲ ရိုက်ရိုက် အမြဲလှနေတုန်းပါပဲ..

မီးညိမ်းကုန်းဘုရားပေါ်ကမြင်ရတဲ့ နံက်ခင်း (December 2011)
မီးညိမ်းကုန်းဘုရားပေါ်ကမြင်ရတဲ့ နံက်ခင်း နဲ့ မီးပုံးပျံ (December 2011) နဲနဲလက်ဆော့ထားတယ်

 

မီးညိမ်းကုန်းဘုရားပေါ်ကမြင်ရတဲ့ နံက်ခင်း နဲ့ မီးပုံးပျံ (December 2011)
မီးညိမ်းကုန်းဘုရားပေါ်ကမြင်ရတဲ့ နံက်ခင်း (December 2011)
ရွှေဆံတော်ဘုရားပေါ်ကမြင်ရတဲ့ နံက်ခင်း (September 2012)
ရွှေဆံတော်ဘုရားပေါ်ကမြင်ရတဲ့ အာနန္ဒာညရှုခင်း(September 2012)
အာနန္ဒာ  (September 2012)
ရွှေဆံတော်ဘုရား (September 2012)
စူလာမဏိ (September 2012)
ဓမ္မရံကြီး (September 2012)
ယာခင်းသာ
ပြဿဒါးဘုရားပေါ်က နေဝင်ချိန် (September 2012)

 

မြစေတီက မြင်းကပါသူယွန်းသည်မလေး
ရုံးကအဖွဲ့နဲ့ သွားတုန်းက
ပုဂံသူ၊ ပုသိမ်ထီးနဲ့ ဓမ္မရံကြီင်္း

 

map of Bagan

သွားချင်ကြတယ်ဆိုရင် ဇန်နဝါရီ လ မှာ အာနန္ဒာ ဘုရားပွဲ ရှိပါတယ်.. အရမ်းစည်ကားပါတယ်.. အနော်လည်း တစ်ခါမှ မရာက်ဘူသေးလို့ သွားဖြစ်မယ် ထင်ပါတယ်..

27 comments

  • Khaing Khaing

    November 8, 2012 at 12:58 pm

    ဆြာအုပ်ရဲ့ ဓာတ်ပုံလက်ရာတွေက သေသေသပ်သပ်နဲ့ အရမ်းကြည့်လု့ိကောင်းတယ် … အလှထုတ်ထားတဲ့ ပို့စ်ကဒ်လေးတွေကို ကြည့်နေရသလိုပါပဲ ……….

  • kyeemite

    November 8, 2012 at 2:22 pm

    ပုံတွေကတော့ ပြောစရာမလိုအောင်ရှယ်တွေပဲဗျာ..
    အဲထဲကမှ နေရောင်တွေ တိမ်ကြားက ယိုပေါက်ကျနေတဲ့ ပုံကို
    အကြိုက်ဆုံးပါပဲ…

    • ဂန္ဓာရီ ဆြာအုပ်

      November 9, 2012 at 8:50 am

      အော် ကိုကြီးမိုက် ကြီးက ယိုတာကို ကြိုက်တာကိုး 😛

  • candle .

    November 8, 2012 at 8:41 pm

    ပုံအားလုံးအရမ်းအသက်ဝင်လွန်းလို ့နံပါတ်တစ်ပုံလေးက ဘုရားကိုဖူးရင်း ဘာကိုလွမ်းမိမှန်းမသိ..


  • ရွှေဆံတော်ဘုရားပေါ်ကမြင်ရတဲ့ နံက်ခင်း (September 2012)

    အိုက်ပုံဂ တကယ့်ပုံလားဗျ …
    တဂယ့်ပုံဆိုရင်တော့ တဂယ်ဂို လန်းလှတယ်ဗျာ ..

    ဒါနဲ့ စကားမစပ် ..
    အာနန္ဒာ ဘုရားပွဲ သွားဖြစ်ရင် ခေါ်မလား ..
    ဖရီး လိုက်ပေးပါ့မယ် ..
    ခြေကြွခဒွေ .. ဘာဒွေ .. ညာဒွေ .. ပေးစရာ လိုဘာဘူး .. :mrgreen:
    (နစ်နာ နေအုံးမယ် ..)

    • ဂန္ဓာရီ ဆြာအုပ်

      November 9, 2012 at 8:49 am

      ရတာပေါ့ မဟာဘာဂျာရယ်.. ခေါ်မှာပေါ့သွားရင်
      ဖရီးခေါ်မယ် .. စရိတ်ကလေးပဲပေး ..ဟိ

  • Mလုလင်

    November 9, 2012 at 9:00 am

    ဖွက်ထားတဲ့ ပုံတွေ … တင် ပေးပါဦးဗျို ့ …။

    • ဂန္ဓာရီ ဆြာအုပ်

      November 9, 2012 at 2:20 pm

      ဖွက်မထားပါဘူးဗျာ.. ကြွားချင်လွန်းလို့ 😛

  • Khaing Zar Win

    November 9, 2012 at 9:08 am

    ပုံတွေက အလှထုတ် ပို့(စ)ကတ်ထက် ပိုမိုက်တယ်။
    ပုဂံက ပိုခမ်းနားသွားတယ်နော်။ ဒီဇင်ဘာပုံတွေက လွမ်းစရာကောင်းတယ်။
    စက်တင်ဘာ ပထမပုံကို အကြိုက်ဆုံးပဲ။

  • blackchaw

    November 9, 2012 at 10:24 am

    ဓါတ်ပုံလေးတွေကတော့ ရှယ်ပဲဗျာ…။
    ကောင်းလိုက်တဲ့ ရိုက်ချက်တွေ…။
    :mrgreen:

  • ကင်မရာ လက်နဲ့ထိပြီးမှ ပုဂံကို မရောက်ဖြစ်သေးဘူး။
    အားကျရင်းနဲ့ မနာလို တောင်ဖြစ်လာပြီနော်

    • ဂန္ဓာရီ ဆြာအုပ်

      November 9, 2012 at 2:26 pm

      ဒီဇင်ဘာ နောက်ဆုံးပါတ် မန်းလေးလာမယ်ကိုပေါက်.. ဒါ့ပုံအသင်းနဲ့

  • ဂန္ဓာရီ ဆြာအုပ်

    November 9, 2012 at 2:24 pm

    ကျေးဂျူး ပါဂျို့
    ကောင်းတယ်ပြောခံရလို့ ပါးစပ်နားရွက်တက်ချိတ်နေပြီး မနောပီတိ ဂွမ်းဆီထိ နေပါကြောင်း
    နောက်လဲ ဆက်အားပေးပါအုံး ဂျို့
    ဪ တောင်ကြီးမီးပုံးပျံပွဲ သွားမလို့ဗျို့. ဘယ်သူတွေရှိမလဲ

    • Ma Ei

      November 9, 2012 at 2:52 pm

      မီးပုံးပျံပွဲ ပုံတွေတင်ပေးဘို့ ကြိုတင်ပြီး
      ဘွတ်ကင်တင် ပါတယ်နော်…

      • ဂန္ဓာရီ ဆြာအုပ်

        November 9, 2012 at 3:25 pm

        ဒီဘွတ်ကင်ကတော့ လွယ်သဗျို့.. အနော်ကတော့ အပြန်အတွက် ဘွတ်ကင်တင်နေတာ မရသေးဘူး.. ပြဿနာ.. တောင်ကြီးမှာ တောင်တင်တော့မှပဲ..

        • Ma Ei

          November 9, 2012 at 4:07 pm

          ဘယ်နေ့ အပြန်လဲ
          လိုအပ်ရင် ပြောပါ…
          နဲနဲ ကူညီနိုင်တာမို့ပါ…

  • အင်္ဂ ါZ

    November 9, 2012 at 2:35 pm

    ခုတလော အောက်ဒိုးမထွက်နိုင်ပါဝူးဆိုမှ…ဒါ့ပုံရိုက်ချင်အောင် သိပ်လုပ်တာပဲ…

    အားပေးသွားတယ် ဆြာသမားရေ … ကျနော် ပုဂံကိုမရိုက်ဖူးလို့ တအားရိုက်ချင်တာရယ်..

    အင်း … နက်ဖန် တော့ ရေတံခွန်သွားရိုက်မဗျ….

    http://myanmargazette.net/wp-content/uploads/2012/04/51.jpg

    တခါက ကျနော်တင်ဖူးရဲ့…
    သည်တခါတော့
    ရော်ရွက်ဝါတွေနဲ့ ..ဟီး…

    :harr:

    • ဂန္ဓာရီ ဆြာအုပ်

      November 9, 2012 at 2:44 pm

      မိုက်တယ်ဗျို့ ဘယ်မှာလဲဗျ.. ND ပါလား
      ရိုက်ချင်တယ်ရေတံခွန်.. ဟိုတစ်ခေါက်က ပြင်ဦးလွင်သွားတုန်းကတော့ ရိုက်ကြည့်တာပဲ.. ဒါပေမယ့် ဖယ်တာမပါတော့ အဆင် မပြေပါဘူး

      • အင်္ဂ ါZ

        November 9, 2012 at 2:47 pm

        ၁၁-၁၆မမ ဗျ ND မပါဝူး
        အပေါက်အကျဉ်းဆုံးချရိုက်ရတာပေါ့..
        မိုးအုံ့နေတုန်းမို့ပါ..
        ဒီတခါတော့ ဂရက် ၄ လောက် ထိုးမလားလို့..
        http://www.kintetsu.co.jp/spot/spot_info/spot0000244.html

  • Shwe Ei

    November 9, 2012 at 3:51 pm

    ပြသဒါးဘုရားပေါ်ကနေဝင်ချိန်လေး ကော်ပီကူးသွားဘာဒယ်ချင့်။
    အလွမ်းပျေကျိရအောင်လို့ အဟင့် :byae:

    • ဂန္ဓာရီ ဆြာအုပ်

      November 9, 2012 at 5:01 pm

      ရလဲ့ အလွမ်းပြေဆိုပါလား.. ဘီတုကိုလဲ..

  • စူဠာမဏိ နဲ့ ယွန်းသူ ပုံလေးကို ကြိုက်တယ်ရှင့်…
    တကယ့်ကို လက်ရာမြောက်တဲ့ပုံတွေကို ဖန်တီးနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်ရှင်…

    ခင်တဲ့
    လုံမလေး

  • ညလေး

    November 9, 2012 at 4:17 pm

    အဟင့်ဟင့်…..လွမ်းတာာာာ………
    ပြီးတော့…..ပုံတွေက……အူးးးးးးးးးး
    အားကြီးမိုက်၏………တစ်ခါမှမစဉ်းစားဖူးတဲ……ဒေါင့်ကရိုက်ထားတာခြည်းပဲ…

  • MaMa

    November 9, 2012 at 4:27 pm

    ဂန္ဓာရီဆြာရဲ့ ဒဏ္ဍာရီမြောက် ပုံလေးတွေကို အားကျနှစ်သက်သွားပါကြောင်းးးးးးးးးးးး

  • pooch

    November 9, 2012 at 7:59 pm

    ဘယ်အချိန်ကြည့်ကြည့် ဘယ်နှစ်ခါ ကြည့်ကြည့် ဘယ်လိုပဲ ရိုက်ရိုက် အမြဲဆန်းသစ်ပြီး လှနေတာပုဂံပါ။

    တိမ်တွေကြားက နေခြည်တွေ ဖြာကျနေတဲ့ ပုံကို အကြိုက်ဆုံးပဲ ။

  • မောင်ပေ

    November 9, 2012 at 8:23 pm

    ဆြာအုပ်ရေ
    လေ့လာမှုအားနဲတယ်လို ့ပဲ ပြောပြော
    သည်လို ပုံတွေ ၊ သည်လို ရိုက်ချက်တွေကို အရင်က မတွေ ့ဖူးဘူးဗျို ့
    အရမ်းလန်းတယ်ဗျာ
    အားလုံးကို ကြိုက်တယ်ဗျို ့

  • nozomi

    November 9, 2012 at 8:39 pm

    လူတိုင်းက လှ တယ် ပြောလို့
    မလှဘူး ပြောရအောင် လိုက်ကြည့်တာ တစ်ပုံမှ မတွေ့
    ပုံ အားလုံးကို သဘောကျတယ်
    ပုံလေးတွေက လှ တယ်လို့ ပြောရုံနဲ့ အား ကမရ
    ဒိထက်လဲ ပို မပြောတတ်
    တကယ် မိုက် တယ် ဗျာ

    ( ရုံးက ကောင်မလေး ဘာတွေ ဆု တောင်း နေတာပါလိမ့်…)

Leave a Reply