သိပ်ပြီးရှေးမကျသလို

ခေတ်ကိုလည်း အလွန်ပါဘူးချစ်သူရယ်

ယဉ်တစ်ကိုယ် အပြုံးလေးတွေက

မောင့်ရင်ကို စွဲငြိစေခဲ့တာ

အခုဆို နှလုံးသားလေးက

အမြစ်တွယ် ကြီးထွားလာပြီလေ

ရိုးရိုးလေးနေတက်တဲ့ အမှုအကျင့်က

မောင့်အတွက်တော့ ကာရံညလေးတွေပေါ့

ရိုးသားတဲ့ ခွန်းတုံ့စကားလုံးလေးတွေက

မုသားတစ်လုံးမှ ပါမလာတာ

ချစ်သူရဲ့ နှုတ်ခမ်းက ပိတ်ပင်ထားပေးတယ်နော်

မျက်ဝန်းဝိုင်းဝိုင်းလေးတွေက ငြို့ချက်အပြည့်နဲ့

ထွက်ခွာမရအောင် ဆွဲဆောင်မှုကိုတော့

မောင်လေ ချီးကျူးမိပါရဲ့

ထွက်သွားချင်တာမဟုတ်ပါဘူး ချစ်သူရယ်

ရုန်းထွက်လို့ မရတာပါ

ငြို့ချက်တွေအောက်မှာ ပြုံးပြုံးလေး ခေါင်းညိမ့်ရင်း

ချစ်သူပြောတဲ့ အိပ်ရာဝင် ချစ်စကားလေးတွေကို

နားဆင်ခွင့်လေး ပေးလှည့်ပါတော့နော်…………

ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..