ပိုစ့်မော်ဒန် သိုင်းလောကရဲ့ စိန်ခေါ်သံ – ၂

ムラカミOctober 16, 20121min11615

ရန်ကုန်မြို့ ၊ အင်းယားကန်ဇောင်း တွင်ဖြစ်သည်။ ဘူးသီးကြော်ရောင်းသော အကြော်သည်ဦးလေးကြီးသည် သူ၏ ဆိုင်ကို

တပည့်၂ယောက်နှင့် လွှဲထားခဲ့ပြီး မလှမ်းမကမ်းသို့ ထွက်လာခဲ့သည် ။ ထို့နောက် ဘေးဘီကို ကြည့်ကာ ခါးကြားမှ ဟန်းဖုန်းကိုထုတ်၍

ပြော ကိုဘလက် ..ဘယ်ကို လာခဲ့ရမလဲ …။ ဟုတ်ပါသည် သိုးမည်းဂိုဏ်းချုပ် လူသူတော် ဦးကြီးမိုက် ပင် ဖြစ်သည်။ ဆက်သွယ်ရေး

တာဝန်ခံ ဂိုဏ်းထောက်ချုပ် ကိုဘလက်ဆီမှ အချိန်း အချက် ဖုန်းဝင်လာခြင်းဖြစ်၏။ သူတို့ ဂိုဏ်းသည် ရှေးယခင် စိန့်တိုင်းမှ ဝူတန်း ရသေ့ဂိုဏ်း

မှ ဆင်းသက်လာကြောင်း ပြောစမှတ်ရှိပေသည်။ ဘာသာ ရေမြေ ယဉ်ကျေးမှု ကွာခြားသောကြောင့် ရသေ့မဝတ်ကြသော်လည်း လူသူတော်

များ အဖြစ် နေထိုင်ကာ အရက်သေစာ ကို အဆိပ်ကဲ့သို့ သေတပန် သက်တဆုံး ရှောင်ကြဉ်ကြလေသည်။ သူတို့ဂိုဏ်း၏ ထူးခြားချက်မှာ

အသက် ၃ဝကျော်မှ အင်တန်း ရှစ်ဗ် ဖြင့် ဂိုဏ်းဝင်ခွင့်ရပြီး အသက် ၄ဝပြည့်မှ ပါမန်းနန့် ဂိုဏ်းဝင် အဖြစ် သတ်မှတ်လေ့ရှိသည်။ ပို၍ ထူးခြားချက်

မှာ ဂိုဏ်းချုပ်လုပ်သူသည် မိမိလက်ဖြင့်သာ လုပ်ကိုင်၍ရသော လုပ်ငန်း လုပ်ရမည် ဖြစ်ပြီး ထိုလုပ်ငန်းမှ ရရှိသော ဝင်ငွေများကို ပရဟိတ

လုပ်ငန်းများတွင် ပေးလှူကြရမည်ဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းချုပ် ဦးကြီးမိုက်သည် ကြွယ်ပိုးကြွယ်ဝ ရှိပါလျက် မိမိ၏ လုပ်ငန်းများကို

သားသမီးများကို လွှဲကာ အကြော်ဆိုင် လုပ်ငန်းကို ကိုယ်တိုင် လုပ်ကိုင်ရခြင်းဖြစ်သည်။ ကျန် ဂိုဏ်းဝင်များလည်း ထိုနည်းတူစွာပင် …။

ကိုဘလက် ကိုပဲ ကြည့် ကုသိုလ်ဖြစ် သဘောနှင့် မိမိနှင့် သွေးသားလုံးဝမတော်စပ် သော သက်ကြီးရွယ်အိုများကို ဆေးခန်းပို့ပေးသည့်

ကားဆရာ တာဝန်ယူထားသည်။ အခြား ဂိုဏ်းထောက် ၁ဦးဖြစ်သူ ကိုနို မှာလည်း လုံးဝမသိသော လူငယ် များကို မိမိပိုင်ကား

ရက်ရက်ရောရော ငှားပေးခြင်းများ ။ ကို လင်းဝေ မှာ စေတနာ့ဝန်ထမ်း စာရေးခြင်းများ ကို လုပ်လေ့ရှိပါသည်။ သူတို့ ဂိုဏ်းတွင်

အထူးခြား ဆုံးမှာ အသက်အငယ်ဆုံး ဂိုဏ်းသား ကိုမတ် ဖြစ်၏ ။ အသက် ၃ဝ စွန်းရုံရှိသောကြောင့် လူသူတော် မဝတ်ရသေးဘဲ အင်တန်းမ်ရှစ်

ဖြင့် ဂိုဏ်း၏ ပြန်ကြားရေးတာဝန်များကို ရယူထားသော ဂိုဏ်းသားဖြစ်သည်။ လူသူတော် ဂိုဏ်းဆရာများ မသိသေးခြင်းမှာ သူသည် အခြားသော

ဂိုဏ်းတခုမှ ဂိုဏ်းဝင် တစ်ဦးဖြစ်နေခြင်းပင် ။ ထိုဂိုဏ်းအကြောင်းကိုတော့ ဖြင့် နောက်များကျမှ အလျင်းသင့် သလို ဖော်ပြ ပါမည်။

နောင်တချိန် ကိုမတ် သည် မည်သည့်ဂိုဏ်းကို ရွေးချယ်မလဲ ဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်း၏။ ဘောလုံးလောက ပင်လျင် အသင်း၂သင်း

စပ်တူပိုင်သော ဘောလုံးသမားများ ရှိတတ်သေးပေရာ သိုင်းလောကတွင်လည်း ဂိုဏ်း၂ဂိုဏ်းဝင်ထားသော သိုင်းသမား မရှိရဘူးဟု မပြောစကောင်း

မဟုတ်ပါလား..။

ကတုံးညီနောင်၄ဖော်နှင့် ကိုကြောင်ကြီး တို့ တိုက်ခိုက်ရန် ချိန်းဆိုသည့်ကိစ္စ ကို သူတို့ သတင်းကြားသောကြောင့် အရေးပေါ် အစည်းအဝေး

ခေါ်ရခြင်းပင် ဖြစ်တော့သည်။ ဒါ အသေးအဖွဲ ကိစ္စ မဟုတ်ပါ။ ထိုလူများသည် ကလေးများလို အပျင်းပြေရန်ဖြစ်တမ်း ကစားကြမှာ မဟုတ်သလို
ပိုစ့်မော်ဒန် သိုင်းလောကတွင် ရှေးရှေးက သိုင်းလောကများလို အားနေ တိုက်နေခိုက်နေကြမည်လဲ မဟုတ်ပေ။ အကြောင်းတခုတော့

ရှိကို ရှိရပါမည်။ထို အကြောင်းတရားသည် ပါဝင်ပတ်သတ် ဖို့ အကြောင်းပြချက် ခိုင်လုံ သည်ရှိသော် လူသူတော် ဂိုဏ်း သည် လည်း

လှုပ်ရှားမည်ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် သူတို့သည်လည်း နှစ်ပေါင်းများစွာကတည်းက သန္ဓေတည်လာသော ဂိုဏ်း မျိုးဆက်ဖြစ်ပြီး

သမာသမတ် ဂိုဏ်းဖြစ်သောကြောင့် မတရားမှုများ ရှိလာပါက လူသူတော် သိုင်း ၏ အစွမ်းအစ ကို ထုတ်ပြရပေလိမ့်မည်ပင် ဖြစ်သည်။

သူတို့သည် သူရာရည်ကို အဆိပ်လို မြွေဆိုးလို ရှောင်ကြသော လူသူတော်များ ဖြစ်သည့်အားလျှော်စွာ ကတုံးညီနောင်-၄ဖော်လိုတော့

သေတင်းကုတ်တွင် အချိန်းအချက် ပြုလုပ်ကြမည် မဟုတ်ပါ။ အသက်အရွယ် အတော်အတန်ရပြီး ညောင်းညာသော အလုပ်များ လုပ်ရသည့်

အမျိုးသားများ ဖြစ်သည့်အားလျှော်စွာ မာဆတ် တခုခုတွင် ချိန်းလိမ့်မည် ပင် ဖြစ်သည်။

 

ထိုသို့ တစ်ထစ်ချ တွက် လိုက်သူက မလှမ်းမကမ်းမှ နားထောင်နေသူ ကိုယ်ပျောက်သိုင်းသမား အာဂ တည်း။ တကယ်တော့

ကိုယ်ပျောက်သိုင်းသမားများသည်လည်း

ဂိုဏ်း ဟု မဆိုနိုင်စေကာမူ ကွန်မြူနတီတခု အနေဖြင့် တည်ရှိလေသည်။ သူတို့သည် ဂိုဏ်းပေါင်းစုံမှ ဂိုဏ်းစည်းကမ်းများကို ဖောက်ဖျက်

ထွက်ပြေးလာကြသူများတည်း ..။ ဒါမျိုးက အန်းတိတ် သိုင်းလောကမှာ ကတည်းက ရှိခဲ့ဖူးပါသည်။ သို့သော် ရှေးရှေးက ရှေးလူကြီး

ကိုယ်ပျောက် သိုင်းသမားများသည် ယခုလောက် ဉာဏ်ပညာ မထက်မြက်သည့်အားလျှော်စွာ ဂိုဏ်းတခုခုမှ ထွက်ပြေးခဲ့ပါက

တောထဲ တောင်ထဲ သွားရောပုန်းအောင်းရင်း သေသည်အထိ နေသွားကြရရှာ၏။ ယနေ့ခေတ် ပိုစ့်မော်ဒန် ကိုယ်ပျောက်သိုင်းဆရာများကား

ပါးနပ်ပေစွ… အသစ်ပေါ်ထွန်းလာသော အင်တာနက်တည်းဟူသော နည်းပညာကို အသုံးချကာ ဘဝတူ ကိုယ်ပျောက်ဂိုဏ်းသားများ

စုစည်း၍ မိမိတို့ တတ်ကျွမ်းသော သိုင်းပညာများ ဖလှယ်ခြင်း အသစ်ဖော်ထုတ်ခြင်း စသည်ကို တိင်းမ်ဝါ့ခ် ကောင်းကောင်းဖြင့်

အစဉ်တစိုက်လုပ်ဆောင်ကြလေသည်။ ထို့ကြောင့် သူတို့၏ ယခင် ဂိုဏ်းများမှ အလွန်ကြီးမားသော ပြစ်မှု ကျူးလွန်ခဲ့ဖူးခြင်း မရှိလျင်

သူတို့ကို ရန်မရှာရဲကြချေ။ ထို့ပြင် ခိုင်မာစွာ ရပ်တည်နိုင်မှု အတွက် အတိုင်းအတာ တခုထိလည်း လေးစား သမှု ထားကြပြန်လေသည်။

ကိုယ်ပျောက်သိုင်းသမားတို့၏ အန ္တိမ ရည်မှန်းချက်မှာ အခြား ဂိုဏ်းကြီးများနည်းတူ ဂိုဏ်းတခုအဖြစ် လူလူသူသူ ရပ်တည်နိုင်ရေးဖြစ်သည်။

ထိုအတွက် ကိုယ်ပိုင်သိုင်းပညာ ဓနအင်အားနှင့် ဂိုဏ်းဝင် အရေအတွက် လိုအပ်လေသည်။ ခုတော့ အသင်းအဖွဲ့အနေဖြင့်သာ လှုပ်ရှားရုန်းကန်

ရသေး၏။

 

မနှစ်ကဆိုလျှင် အာဂ ဆိုတာ မိုးကြိုး ဂိုဏ်းက သိုင်းသမားလေး တယောက်သာဖြစ်၏ ။ ရှေးရှေးက သိုင်းသမားတွေနဲ့ မတူတာက

သူတို့ကတော့ ဘယ်ကဘယ်လို ပိုက်ဆံတွေ ရရ နေမှန်းမသိ ..ကြည့်လိုက် ဖတ်လိုက်ရလျင် ဘယ်သူမှ အလုပ်မလုပ် တနေကုန်သိုင်းချရင်း

ထမင်းနပ်မှန်နေကြသူတွေချည်း ။ ပိုစ့်မော်ဒန် သိုင်းလောကမှာတော့ ဒါမျိုးမရချေ။ မိမိ ဘဝအတွက် မိမိ ကိုယ်တိုင် အလုပ်လုပ်ရသေး၏။

သိုင်းပညာသည် ဘဝ၏ အစိတ်အပိုင်းတခု မျှသာ ။ သိုင်းသမားလေး အာဂဟာ မိမိဘဝအတွက် အလုပ်လုပ်ရင်းကနေ ဘဝရဲ့

အခြားသော အစိတ် အပိုင်း တခုကို ရှာတွေ့သွားခဲ့၏ ။ ထိုအရာကတော့ အချစ်ပင် ဖြစ်သည်။ ထို အချစ်ကပင် သူ့ကို ကိုယ်ပျောက်သိုင်းသမား

ဘဝရောက်စေခဲ့သည်။ ဟုတ်ပါသည်။ အာဂဟာ အလုပ်ထဲမှာ နွယ်ပင် ဆိုတဲ့ မိန်းကလေး တစ်ယောက်နဲ့ လူငယ်တို့သဘာဝ မေတ္တာမျှခဲ့ကြလေသည်။

 

နောက်မှ သိလိုက်ရသည်မှာ နွယ်ပင်ဟာ နာမည်ကျော် အော်မေ့ဂိုဏ်း မှ ဆင်းသက်လာသော အပျိုကြီးဂိုဏ်း ဝင် တယောက် ဆိုတာပဲဖြစ်သည်။

တသက်လုံး တစ်ကိုယ်တည်း အပျိုကြီး လုပ်မည် စိတ်ကူးပြီး ဂိုဏ်းဝင်ပြီးကာမှ နူးညံ့တဲ့ အမိန့်တော်ကို မလွန်ဆန်နိုင်သော နွယ်ပင်တယောက်

မတိုးသာ မဆုတ်သာ အခြေအနေတည်း။ ထိုအခြေအနေတွင် အာဂ သည် ယောက်ျားပီပီ ဆုံးဖြတ်ချက်ကို ရတိပြတ် ချမှတ်လိုက်လေသည်။

သူ မိုးကြိုးဂိုဏ်း က နှုတ်ထွက်လိုက်ခြင်းတည်း ။မိုးကြိုး ဂိုဏ်းသည် နာမည်သည်သာ မိုးကြိုး ဖြစ်သော်လည်း သဘောထား အလွန်ပျော့ပြောင်းသာ

ဂိုဏ်းတခုဖြစ်ရကား အိမ်ထောင်ပြုခြင်းကို တားမြစ်မထားပေ။ သို့သော် အာဂ ယခုလို နှုတ်ထွက်ရခြင်းမှာ အပျိုကြီး ဂိုဏ်း နှင့် မိုးကြိုးဂိုဏ်းအကြား

ရန်မီးမပွားရေးအတွက် ပင်ဖြစ်သည်။ မိမိကိုယ်ကို ကိုယ်ပျောက် သိုင်းသမား အဖြစ်ခံယူကာ ချစ်သူလက်ကို ဆွဲလျက် ပျောက်ချက်သားကောင်းနေပြီ

ဖြစ်သည်။ အလားတူဖြစ်ရပ် တခုလည်း ရှိနေသေးသည်။

 

 

ဆက်ပါအုံးမည်။

 

15 comments

  • Shwe Ei

    October 16, 2012 at 9:50 am

    ဟတ်ကဲ့ နှုးဘာဂိုဏ်းချုပ်ရီးကရော ဘယ်အခန်းကအသုံးတော်ခံတလဲချင့်။ လူဂျီးတေကို အကြော်ရောင်းခိုင်းတာတော့ မကောင်းဝူးထင်ပါတယ်ချင့်။ သို့သော် အင်းယားကန်ဘောင်ရောက်ရင်တော့ သွားပီးအားပေးပါအုံးမယ်ချင့်။ သိုင်းပြိုင်ပွဲမှာတော့ ကိုကိုကြောင်ဘက်က လောင်းထားပါတယ်။ လက်သည်းချိတဲ့လူက သာမှာအမှန်ဘဲလို့ ယူဆပါတယ်။ ချစ်တောမောင်တို့ စုံတွဲအကြောင်းက မပျောချင်ဝူး…………….မပျောချင်ဝူးးးးး :harr:

  • ကြောင်ဝတုတ်

    October 16, 2012 at 10:40 am

    ဟိဟိ….
    ဒီစုံတွဲကတော့ ဘယ်ဇာတ်လမ်းမှာပဲပါပါ… အချစ်စစ်မို့ ခယောင်းလမ်းလျှောက်ရသည်ချည်းဖြစ်နေတော့တာပဲ…ဟိဟိ

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • Khaing Khaing

    October 16, 2012 at 1:06 pm

    ဖတ် … သွား … ပါ… တယ် …. (ပျင်းတွဲသောလေသံဖြင့်) …

    နောက် … ထပ် …တင် …. မယ့် .. ပို့စ်.. အ.. သစ်.. တွေ..ကို..လည်း..စောင့်..မျှော်.. ဖတ်.. ရှု..နေ..ပါ.. ကြောင်း …………

  • လောလောဆယ်တော့ ဖတ်နေပါတယ်… (တ သတ် ဖြင့် ရေးထားပါသည်။)
    နောက်အခန်းတွေဖတ်ပီးရင် ဆက်မန့်ပါမယ်… 🙂

  • နွယ်ပင်

    October 16, 2012 at 1:54 pm

    ဒီမှာ အူးဂီ ပြောရက်လေခြင်းလူကိုများ အပျိုကြီးဂိုဏ်းဝင်တဲ့ …..
    ဟိဟိ အဲဒီဂိုဏ်းမဝင်ခင်ကတည်းက ကိုယ်ပျောက်သိုင်းသမားလေးနဲ့
    ချစ်ကြိုက်နေတာ မသိပဲနဲ့များ…. ဟွန့် ပျောချင်ဘူး ပျောချင်ဘူး ပျောကို မပျောချင်တော့ဘူး ဂယ်ပဲ .. :harr:

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    October 16, 2012 at 2:50 pm

    ချပါဒေါ့ဗျို့
    မချရင် ကိုယ်တိုင်ဝင်ချရလိမ့်မယ်
    ချခြင်နေပြီ ( သိုင်း )

  • မိုးသောက်ချိန်

    October 16, 2012 at 4:28 pm

    တား တို့က ခရေးတွေချိုတော့
    ချတာပဲ ကြိုက်တယ်
    မြန်မြန်ချတဲ့အခန်း ရေးပါ
    စောင့်ဖတ်နေပါတယ်ဂျ …. 😆

  • သစ် တည်

    October 16, 2012 at 10:03 pm

    သိုုင်းလောက ဂေါင်းဆောင် က ဘယ်သုူလဲ….?

  • marblecommet

    October 16, 2012 at 11:06 pm

    ကျုပ်လို လေဆန်ကစားတဲ့ ရွှေပျံလွှား
    အဆင့်လွန် သိုင်းပညာရှင်ဆိုတာ ….
    ဖိုးမောင်ကဗျာကိုရွတ်ပြီးဒေါ့လည်း…
    လူသတ်လို့ရဒယ်ဆိုတာ မှတ်ထားကြ…..

  • etone

    October 17, 2012 at 10:49 am

    ဂီစိန်မတို့ မွှေချက်က ….. စိတ်ပုတီးကိုင်နေတဲ့ ဦးမိုက်ကြီးတောင် အကြော်ရောင်းရတဲ့ ဘွပါလားနော် ။
    အာဂနဲ့ နွယ်ပင်ကလည်း … ဇာတ်လမ်းတိုင်းမှာပဲ ခိုးပြေးနေရတာပဲ…….. ဟိဟိ ….. ခိုးရာလိုက်လျှင် … မြန်မာ့သိုင်းလောကမှာ ဂုဏ်မချိဘူးတဲ့နော် … ခွိခွိ :harr:

    အန်းနီးဝေးးးးးး မနွယ်ပင်ရေ … သတင်းဦးလေးရထားလို့ … congratulation ပါ .. ။ :kwi:

    • နွယ်ပင်

      October 17, 2012 at 11:45 am

      ဒေါ်တုန် လုပ်ပြီ ဘာသတင်းဦးရထားတာတုန်း …
      ကိုယ်ကိုတိုင်တောင် အဲ့သတင်းဆိုတာ ဘာမှန်းသိဝူး …
      သူများတွေ ယုန်ထင်ကြောင်ထင်ဖြစ်ကုန်ပြီ …. ပြောချမ်းးးးးးးးးးးးဘာာာာာာာာာာာာ

      • လယ်ထွန်Z

        October 17, 2012 at 12:02 pm

        အင်းလေကွယ် ..ခုလို မတေဂျာဘဲ ရေးတာတော့ မီကောင်းပါဝူး

        ဧကန်န ကမတ်မွေးနေ့တုန်းကချစ်တောမောင် အိပ်ကပ်ထဲပါတဲ့

        ၁။ နွားနို့-၅လီတာ။
        ၂။ ဖီးကြမ်း-၁ခိုင်။
        ၄။ ပျားရည် ၁ပုလင်း။
        ၅။ အေဘီစီ စတောက် ၁ဖာ။
        ၆။ ကြက်ဥ ၁ကတ်။
        ၇။ မုန်ညင်းဆီ ၁လုံး။
        ၈။ ရုံးပတီသီး အတောင့် ၅၀။
        ၉။ ဂျင်ဆင်းမြစ် ၂တုံး။
        ၁၀။ အလမ်းမ် နာရီ တစ်လုံး။

        စတဲ့ ဈေးစာရင်းကို မြင်ယုံလောက်နဲ့ ဂလို အတိအကျရီး
        စွပ်စွဲ မရေးစေချင်ပါဂျောင်းးးးးးး။

        • မိုးတိမ်

          October 17, 2012 at 4:53 pm

          အဲဂဒါတွေကဘာအတွက်လဲဟင်
          ဘယ်ဂလိုနေရာတွေမှာ သုံးသလဲဗျ။စမ်းကြည့်ချင်ရို ့
          ဟေဟေ့ နာတို့ ကိုယ်ပျောက်သိုင်းသမားတွေလဲ အားရှိချင်လို့ပါ။
          သိုင်းဂိုဏ်းချုပ်ကြီး ဦးခိုင်ကတော့ ကျုပ်ကိုတင်းနေပြီ။
          သူ့ကို ဝက်ဆီလက်နက်ပုန်းနဲ့ ပစ်ပြီး သုံးထပ်သားတိုက်ကွက်ဒါဏ်ခံရလို့တဲ့။

  • MaMa

    October 17, 2012 at 4:19 pm

    နူးဘာဂိုဏ်းချုပ်ကြီးက မယက ဂိုဏ်းထောင်ပြီး ဂိုဏ်းချုပ်လုပ်ချင်နေလို့ အစဖော်နေတာဖြစ်မယ်။ :kwi:

  • သိုးမည်းဂိုဏ်းချုပ် လူသူတော် ဦးကြီးမိုက် ခမျာမလဲ
    ခုတလော ပိုစ့်မော်ဒန် သိုင်းလောက ဂဇက်ရွာကြီးတွင်
    ဘွဲ့ထူး ဂုဏ်ထူးတွေခေတ်စားနေ၍ လူရာဝင်ရန်အတွက်
    မိမိရဖူးခဲ့ပြီး ဘေးချိတ်ထားခဲ့သောဘွဲ့များကို ချောင်ကြို
    ချောင်ကြားမကျန် ရှာကြံတတ်၍ လူလုံးပြထွက်ခဲ့ရပေပြီ…
    သို့တမူကား…ဂိုဏ်းချုပ်ပီပီ ဂိုဏ်းစည်းကမ်းဖြစ်သော“အရက်သေစာ ကို အဆိပ်ကဲ့သို့ သေတပန် သက်တဆုံး ရှောင်ကြဉ်ကြရသည့်အတိုင်း” မသောက်မူပဲ
    မျို၍သာချနေမိသည်တမုံ့……..ဂေ့..
    :kwi: :harr:

Leave a Reply